Match Report Premier League

ဟာဗတ်ဇ် ခြေစွမ်းပြမှုနဲ့ အဲဗာတန်ကို အနိုင်ယူပြီး အဆင့်လေးကို ထိန်းသိမ်းတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲအတွက် ခံစစ်မှာ ဇူးမားနဲ့ အလွန်ဆိုကို အပြောင်းအလဲအဖြစ် ထည့်သွင်းလာခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းကို တောင်ပံတိုက်စစ်မှာ သုံးခဲ့သလို ကွန်တေနဲ့ မေဆန်မောင့်ကိုတော့ အနားပေးခဲ့ပြီး တီမို ဗာနာနဲ့ ဟာဗတ်ဇ်ကို ဂျာမန်သားချင်း တွဲပြီး နည်းပြ တူဟယ်လ်က ပွဲထုတ်လာခဲ့ပါတယ်။

အဲဗာတန်ဘက်က ဟားမက်စ် ရိုဒရီးရက်ဇ် ပါဝင်လာခြင်းမရှိဘဲ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ၃-၅-၂ ကစားကွက်ကို အသုံးပြုလာခဲ့ပြီး ရစ်ချာလစ်ဆန်နဲ့ ကဲလ်ဗတ်-လူဝင်တို့နဲ့ ချဲလ်ဆီးခံစစ်ကို တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ ပြင်ဆင်လာခဲ့သလို အန်ဆယ်လော့တီအနေနဲ့ ခံစစ်ကိုတော့ ပိုမိုဦးစားပေးခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျော်ဂျင်ညိုက Volley ကန်သွင်းရာမှာ တိုင်ဘေးက ထွက်သွားခဲ့ပြီး အီတလီကွင်းလယ်လူအနေနဲ့ တည်ကန်ဘောတွေမှာ သူ့အတွက် အဝေးကန်ချက်တွေနဲ့ ကြိုးစားခွင့်ရအောင် စောင့်ဆိုင်းနေခဲ့တာကိုလည်း တွေ့ရပါတယ်။

မေဆန်မောင့်ကို အနားပေးထားခဲ့တဲ့ ကွင်းလယ်က အရင်ပွဲတွေလောက် အချိတ်အဆက်မမိတာကို တွေ့ရပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အိုဒွိုင်းရဲ့ ပေးပို့မှုကနေ အလွန်ဆိုက အပိုင်ဖန်တီးပေးခဲ့ရာမှာ ဟာဗတ်ဇ်တစ်ယောက် ပိတ်သွင်းပုံ မမှန်ခဲ့လို့ သူကိုယ်တိုင် ဂိုးရရမယ့်အစား အဲဗာတန်နောက်ခံလူ ဂေါ့ဖရီနဲ့ထိပြီး Own Goal ပဲဖြစ်သွားခဲ့တာပါ။

ညာခြမ်းက တီမို ဗာနာရဲ့ လှုပ်အားကြောင့် ပထမပိုင်းမှာ ဟာဗတ်ဇ်နဲ့ အလွန်ဆိုတို့ နေရာလွတ်တွေနဲ့ ကန်ခွင့်တွေ ထပ်ရခဲ့သေးပေမယ့် အဲဗာတန်နောက်တန်းနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးထပ်မရခဲ့ဘဲ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ အလွန်ဆိုရဲ့ ဖရီးကစ်က ဂိုးတိုင်အပေါ်ထောင့်နဲ့ ကပ်လွဲခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာ အထောင်တိုက်စစ်မှူးလို ကစားနေတဲ့ ဟာဗတ်ဇ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လက်မောင်းရင်းနဲ့ ဘောလုံးကို ထိန်းသိမ်းခဲ့တယ်ဆိုပြီး ဒိုင်ရော VAR ကပါ ဂိုးမပေးခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။

၅၉ မိနစ်မှာ ဟဒ်ဆန်-အိုဒွိုင်းရဲ့ ဘယ်ခြမ်းက ကန်ချက် ဘားကျော်သွားခဲ့ပြီး ၆၄ မိနစ်မှာတော့ အဲဗာတန်ခံစစ် Channel ကြားက ပါးပါးနပ်နပ် ဘောလုံးထိုးပေးပြီး တိုက်စစ်ဆင်လာတဲ့ ချဲလ်ဆီးရဲ့ ထိုးဖောက်မှုကနေ ဟာဗတ်ဇ်ကို ဧရိယာထဲမှာ ပစ်ခ်ဖို့ဒ် ဆွဲလှဲမိလို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။

ဒီပင်နယ်တီကိုတော့ ဂိုးပေါက်ပျောက်နေတဲ့ တီမို ဗာနာကို ပေးကန်မလားလို့ ချဲလ်ဆီးပရိသတ်တွေ မျှော်လင့်ခဲ့ရသေးပေမယ့် ကန်နေကျ ဂျော်ဂျင်ညိုကပဲ တာဝန်ယူ ကန်သွင်းခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်ကတော့ သူခုန်လိုက်ပြီး ပြန်အကျမှာ မှားယွင်းတဲ့ဘက်ကို ရွေးချယ်ခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေ ဒုတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဟဒ်ဆန်-အိုဒွိုင်းအစား မေဆန်မောင့်၊ ကိုဗာချစ်အစား ကွန်တေတို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် မိနစ် ၈၀ မှာ လျှပ်တစ်ပြက် ကန်ပို့တဲ့ ဖရီးကစ်ကနေ တီမို ဗာနာက နောက်ခံလူ ဂေါ့ဖရီကို ကျော်ဖြတ်ပြီး ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကိုပဲ ကန်ခဲ့မိလို့ သူ့အတွက် သွင်းဂိုးနဲ့ ချဲလ်ဆီးတို့ တတိယဂိုးနဲ့ ဝေးခဲ့ရပါတယ်။

မိနစ် ၉၀ မှာတော့ ဂျာမန်တိုက်စစ်မှူးအစား ပူလီရှစ်ချ် ဝင်ကစားခဲ့ပြီး ပွဲချိန်အပြည့်မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးတို့ အောင်ပွဲခံနိုင်ခဲ့သလို ပီအက်စ်ဂျီနည်းပြဟောင်းချင်း တွေ့ဆုံမှုမှာ တူဟယ်လ်အနေနဲ့ အန်ဆယ်လော့တီကို ရလဒ်ရော ကစားကွက်ပါ အသာစီးရယူနိုင်ခဲ့ပြီး စာမေးပွဲတစ်ခုကို ဂုဏ်ထူးနဲ့ အောင်ခဲ့သလို အဆင့် ၄ နေရာကိုလည်း ဝက်စ်ဟမ်းထက် တစ်ပွဲပိုကစားပြီး ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲအတြက္ ခံစစ္မွာ ဇူးမားနဲ႔ အလြန္ဆိုကို အေျပာင္းအလဲအျဖစ္ ထည့္သြင္းလာခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းကို ေတာင္ပံတိုက္စစ္မွာ သုံးခဲ့သလို ကြန္ေတနဲ႔ ေမဆန္ေမာင့္ကိုေတာ့ အနားေပးခဲ့ၿပီး တီမို ဗာနာနဲ႔ ဟာဗတ္ဇ္ကို ဂ်ာမန္သားခ်င္း တြဲၿပီး နည္းျပ တူဟယ္လ္က ပြဲထုတ္လာခဲ့ပါတယ္။

အဲဗာတန္ဘက္က ဟားမက္စ္ ႐ိုဒရီးရက္ဇ္ ပါဝင္လာျခင္းမရွိဘဲ ဒဏ္ရာေၾကာင့္ အနားယူေနရခ်ိန္မွာ ၃-၅-၂ ကစားကြက္ကို အသုံးျပဳလာခဲ့ၿပီး ရစ္ခ်ာလစ္ဆန္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔နဲ႔ ခ်ဲလ္ဆီးခံစစ္ကို တန္ျပန္တိုက္စစ္ဆင္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့သလို အန္ဆယ္ေလာ့တီအေနနဲ႔ ခံစစ္ကိုေတာ့ ပိုမိုဦးစားေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေဂ်ာ္ဂ်င္ညိဳက Volley ကန္သြင္းရာမွာ တိုင္ေဘးက ထြက္သြားခဲ့ၿပီး အီတလီကြင္းလယ္လူအေနနဲ႔ တည္ကန္ေဘာေတြမွာ သူ႔အတြက္ အေဝးကန္ခ်က္ေတြနဲ႔ ႀကိဳးစားခြင့္ရေအာင္ ေစာင့္ဆိုင္းေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ေမဆန္ေမာင့္ကို အနားေပးထားခဲ့တဲ့ ကြင္းလယ္က အရင္ပြဲေတြေလာက္ အခ်ိတ္အဆက္မမိတာကို ေတြ႕ရၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးရခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အိုဒြိဳင္းရဲ႕ ေပးပို႔မႈကေန အလြန္ဆိုက အပိုင္ဖန္တီးေပးခဲ့ရာမွာ ဟာဗတ္ဇ္တစ္ေယာက္ ပိတ္သြင္းပုံ မမွန္ခဲ့လို႔ သူကိုယ္တိုင္ ဂိုးရရမယ့္အစား အဲဗာတန္ေနာက္ခံလူ ေဂါ့ဖရီနဲ႔ထိၿပီး Own Goal ပဲျဖစ္သြားခဲ့တာပါ။

ညာျခမ္းက တီမို ဗာနာရဲ႕ လႈပ္အားေၾကာင့္ ပထမပိုင္းမွာ ဟာဗတ္ဇ္နဲ႔ အလြန္ဆိုတို႔ ေနရာလြတ္ေတြနဲ႔ ကန္ခြင့္ေတြ ထပ္ရခဲ့ေသးေပမယ့္ အဲဗာတန္ေနာက္တန္းနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာ အလြန္ဆိုရဲ႕ ဖရီးကစ္က ဂိုးတိုင္အေပၚေထာင့္နဲ႔ ကပ္လြဲခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာ အေထာင္တိုက္စစ္မႉးလို ကစားေနတဲ့ ဟာဗတ္ဇ္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လက္ေမာင္းရင္းနဲ႔ ေဘာလုံးကို ထိန္းသိမ္းခဲ့တယ္ဆိုၿပီး ဒိုင္ေရာ VAR ကပါ ဂိုးမေပးခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရပါတယ္။

၅၉ မိနစ္မွာ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ဘယ္ျခမ္းက ကန္ခ်က္ ဘားေက်ာ္သြားခဲ့ၿပီး ၆၄ မိနစ္မွာေတာ့ အဲဗာတန္ခံစစ္ Channel ၾကားက ပါးပါးနပ္နပ္ ေဘာလုံးထိုးေပးၿပီး တိုက္စစ္ဆင္လာတဲ့ ခ်ဲလ္ဆီးရဲ႕ ထိုးေဖာက္မႈကေန ဟာဗတ္ဇ္ကို ဧရိယာထဲမွာ ပစ္ခ္ဖို႔ဒ္ ဆြဲလွဲမိလို႔ ပင္နယ္တီ ေပးခဲ့ရပါတယ္။

ဒီပင္နယ္တီကိုေတာ့ ဂိုးေပါက္ေပ်ာက္ေနတဲ့ တီမို ဗာနာကို ေပးကန္မလားလို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ရေသးေပမယ့္ ကန္ေနက် ေဂ်ာ္ဂ်င္ညိဳကပဲ တာဝန္ယူ ကန္သြင္းခဲ့ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္ကေတာ့ သူခုန္လိုက္ၿပီး ျပန္အက်မွာ မွားယြင္းတဲ့ဘက္ကို ေ႐ြးခ်ယ္ခဲ့လို႔ မကာကြယ္ႏိုင္ခဲ့ဘဲ အိမ္ရွင္ေတြ ဒုတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္းအစား ေမဆန္ေမာင့္၊ ကိုဗာခ်စ္အစား ကြန္ေတတို႔ ဝင္ေရာက္ကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၈၀ မွာ လွ်ပ္တစ္ျပက္ ကန္ပို႔တဲ့ ဖရီးကစ္ကေန တီမို ဗာနာက ေနာက္ခံလူ ေဂါ့ဖရီကို ေက်ာ္ျဖတ္ၿပီး ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ကိုပဲ ကန္ခဲ့မိလို႔ သူ႔အတြက္ သြင္းဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ တတိယဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

မိနစ္ ၉၀ မွာေတာ့ ဂ်ာမန္တိုက္စစ္မႉးအစား ပူလီရွစ္ခ်္ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ပီအက္စ္ဂ်ီနည္းျပေဟာင္းခ်င္း ေတြ႕ဆုံမႈမွာ တူဟယ္လ္အေနနဲ႔ အန္ဆယ္ေလာ့တီကို ရလဒ္ေရာ ကစားကြက္ပါ အသာစီးရယူႏိုင္ခဲ့ၿပီး စာေမးပြဲတစ္ခုကို ဂုဏ္ထူးနဲ႔ ေအာင္ခဲ့သလို အဆင့္ ၄ ေနရာကိုလည္း ဝက္စ္ဟမ္းထက္ တစ္ပြဲပိုကစားၿပီး ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.