Analysis Premier League

ချဲလ်ဆီးအသင်းမှာ မန်ဒီရှိလျက်နဲ့ ဂိုးသမားသစ် ထပ်ရှာတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား

ချဲလ်ဆီးအသင်းမှာ ရေဘဝဲ ဝင်စားသလားလို့ ပရိသတ်တွေက နောက်ပြောင်နေခဲ့ကြတဲ့ ဂိုးသမား အေဒူယာ မန်ဒီ ရှိနေလျက်နဲ့ လက်ရှိမှာ အေစီမီလန်ရဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူဖို့လုပ်နေတာဟာ အနည်းငယ်တော့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီး ဒါကို အားပေးသူ ဝက်ဘ်ဆိုက်တစ်ခုက သုံးသပ်သွားခဲ့ပါတယ်။

လက်ရှိချဲလ်ဆီးအသင်းမှာ မန်ဒီကို ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားပြီး ဒုတိယနေရာမှာတော့ ကီပါ အာရီဇာဘာလာဂါက နည်းပြရဲ့ မျက်နှာသာပေးမှုကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးပမ်းဆဲအချိန်မှာပါ။ နည်းပြဟောင်း လမ်းပတ်ရဲ့ ဒုတိယရာသီမှာ နာမည်ပျက်ခဲ့တဲ့ စပိန်သားဟာ သူ့ရဲ့ ကစားသမားဘဝကို ကိုယ်တိုင်ကယ်တင်ဖို့ ကြိုးစားပေမယ့် ပရိသတ်တွေကတော့ ယုံကြည်စိတ်ချနိုင်ခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။

မန်ဒီကတော့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ဖြစ်ပြီး ဒီရာသီမှာ ပွဲစဉ် ၄ မှာမှ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲစဉ် ၅ မှာတော့ ဒဏ်ရာအနည်းငယ် ရှိတာကြောင့် အနားပေးခံခဲ့ရသလို တူဟယ်လ်လက်ထက်မှာ ကီပါကို တစ်ပွဲပေးဖမ်းခဲ့ပြီး စုစုပေါင်း ၂၂ ပွဲ ကစားထားခဲ့ပြီးချိန်မှာ Clean Sheet ၁၂ ပွဲ ရယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပရီးမီးယားလိဂ်ကို လာခဲ့တဲ့ Profile အရ ဖြတ်သန်းခဲ့တဲ့ ကစားသမားဘဝဟာ ဦးစားပေး နံပါတ်တစ်ဂိုးသမားအဖြစ် အထင်ကြီးဖို့ ခက်ခဲတဲ့ အနေအထားဖြစ်နေပြီး ဒါဟာ သူ့ရဲ့ ဥရောပထိပ်တန်းလိဂ် ကစားခွင့်မှာ တတိယရာသီသာ ရှိသေးတာကြောင့် ကျွမ်းကျင်သူတွေကတော့ ဒွန်နာရမ်မာကို ခေါ်ခဲ့ရင် မဆန်းဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

အသက် ၁၆ နှစ်နဲ့ ၂၄၂ ရက်အရွယ်မှာ ဥရောပရဲ့ အမြင့်မားဆုံးလိဂ်တစ်ခုမှာ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဒွန်နာရမ်မာဟာ လက်ရှိမှာ အေစီမီလန် အသင်းနဲ့ ၆ ရာသီ ကစားခဲ့ပြီး လူတွေ နှာခေါင်းရှုံ့ကြတဲ့ Farmer’s League လို့ ခေါ်တဲ့ ပြင်သစ်လိဂ်မှာ သုံးရာသီသာ ကစားဖူးသေးတဲ့ မန်ဒီနဲ့ယှဉ်ရင် ဂုဏ်သိက္ခာနဲ့ ဖြတ်သန်းမှုက တော်တော်လေး ကွာဟနေတာကြောင့် သူ့ကို မန်စီးတီး၊ ပီအက်စ်ဂျီတို့နဲ့အပြိုင်ခေါ်ဖို့ ချဲလ်ဆီးက စိတ်ဝင်စားနေတာဟာ ဖြစ်သင့်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ဒီနဲ့အတူ လုံးဝစိတ်ချရတဲ့ ဂိုးသမားဌာနကို ပီတာချက်ရဲ့ လမ်းညွှန်မှုနဲ့အတူ ဖွဲ့စည်းနိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက လက်စွမ်းတွေကြောင့် တော်တော်လေး နာမည်ပျက်သွားတဲ့ ကီပါကိုတော့ လာလီဂါကို ဝယ်ယူစဉ်က ပေါင် ၇၂ သန်းရဲ့ သုံးပုံတစ်ပုံလောက် ရရှိရင် ပြန်ပို့နိုင်ခြေလည်း ရှိနေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ မော်ဒန်ဘောလုံးမှာ မရှိမဖြစ်လိုအပ်နေတဲ့ ဘောလုံးဖြန့်ဝေမှု အရည်အသွေးနဲ့ ဂိုးသမားနှစ်ဦးကို ပိုင်ဆိုင်သွားနိုင်ဖို့ ရည်ရွယ်ထားမယ်လို့လည်း သုံးသပ်ရပြီး ဒီအပိုင်းမှာ အနည်းငယ် အမှားများတတ်လေ့ရှိတဲ့ ကီပါကို ရှင်းထုတ်သွားဖို့ပဲ ရှိနေတာကြောင့် မန်ဒီအပါအဝင် ဂိုးသမားကောင်းနှစ်ဦး ရှိလျက်နဲ့ ဒွန်နာရမ်မာကို ခေါ်ယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အမြော်အမြင်ရှိတဲ့ လုပ်ရပ်လို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းမွာ ေရဘဝဲ ဝင္စားသလားလို႔ ပရိသတ္ေတြက ေနာက္ေျပာင္ေနခဲ့ၾကတဲ့ ဂိုးသမား ေအဒူယာ မန္ဒီ ရွိေနလ်က္နဲ႔ လက္ရွိမွာ ေအစီမီလန္ရဲ႕ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူဖို႔လုပ္ေနတာဟာ အနည္းငယ္ေတာ့ ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ၿပီး ဒါကို အားေပးသူ ဝက္ဘ္ဆိုက္တစ္ခုက သုံးသပ္သြားခဲ့ပါတယ္။

လက္ရွိခ်ဲလ္ဆီးအသင္းမွာ မန္ဒီကို ဦးစားေပးဂိုးသမားအျဖစ္ သတ္မွတ္ထားၿပီး ဒုတိယေနရာမွာေတာ့ ကီပါ အာရီဇာဘာလာဂါက နည္းျပရဲ႕ မ်က္ႏွာသာေပးမႈကို ျပန္လည္ရရွိႏိုင္ဖို႔ ႀကိဳးပမ္းဆဲအခ်ိန္မွာပါ။ နည္းျပေဟာင္း လမ္းပတ္ရဲ႕ ဒုတိယရာသီမွာ နာမည္ပ်က္ခဲ့တဲ့ စပိန္သားဟာ သူ႔ရဲ႕ ကစားသမားဘဝကို ကိုယ္တိုင္ကယ္တင္ဖို႔ ႀကိဳးစားေပမယ့္ ပရိသတ္ေတြကေတာ့ ယုံၾကည္စိတ္ခ်ႏိုင္ျခင္း မရွိေသးတာကိုလည္း ေတြ႕ရပါတယ္။

မန္ဒီကေတာ့ ပရီးမီးယားလိဂ္မွာ ပြဲထြက္ျဖစ္ၿပီး ဒီရာသီမွာ ပြဲစဥ္ ၄ မွာမွ စတင္ပြဲထြက္ခြင့္ရခဲ့ၿပီး ပြဲစဥ္ ၅ မွာေတာ့ ဒဏ္ရာအနည္းငယ္ ရွိတာေၾကာင့္ အနားေပးခံခဲ့ရသလို တူဟယ္လ္လက္ထက္မွာ ကီပါကို တစ္ပြဲေပးဖမ္းခဲ့ၿပီး စုစုေပါင္း ၂၂ ပြဲ ကစားထားခဲ့ၿပီးခ်ိန္မွာ Clean Sheet ၁၂ ပြဲ ရယူထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ပရီးမီးယားလိဂ္ကို လာခဲ့တဲ့ Profile အရ ျဖတ္သန္းခဲ့တဲ့ ကစားသမားဘဝဟာ ဦးစားေပး နံပါတ္တစ္ဂိုးသမားအျဖစ္ အထင္ႀကီးဖို႔ ခက္ခဲတဲ့ အေနအထားျဖစ္ေနၿပီး ဒါဟာ သူ႔ရဲ႕ ဥေရာပထိပ္တန္းလိဂ္ ကစားခြင့္မွာ တတိယရာသီသာ ရွိေသးတာေၾကာင့္ ကြၽမ္းက်င္သူေတြကေတာ့ ဒြန္နာရမ္မာကို ေခၚခဲ့ရင္ မဆန္းဘူးလို႔ သုံးသပ္ခဲ့ၾကပါတယ္။

အသက္ ၁၆ ႏွစ္နဲ႔ ၂၄၂ ရက္အ႐ြယ္မွာ ဥေရာပရဲ႕ အျမင့္မားဆုံးလိဂ္တစ္ခုမွာ စတင္ပြဲထြက္ခြင့္ရခဲ့တဲ့ ဒြန္နာရမ္မာဟာ လက္ရွိမွာ ေအစီမီလန္ အသင္းနဲ႔ ၆ ရာသီ ကစားခဲ့ၿပီး လူေတြ ႏွာေခါင္းရႈံ႕ၾကတဲ့ Farmer’s League လို႔ ေခၚတဲ့ ျပင္သစ္လိဂ္မွာ သုံးရာသီသာ ကစားဖူးေသးတဲ့ မန္ဒီနဲ႔ယွဥ္ရင္ ဂုဏ္သိကၡာနဲ႔ ျဖတ္သန္းမႈက ေတာ္ေတာ္ေလး ကြာဟေနတာေၾကာင့္ သူ႔ကို မန္စီးတီး၊ ပီအက္စ္ဂ်ီတို႔နဲ႔အၿပိဳင္ေခၚဖို႔ ခ်ဲလ္ဆီးက စိတ္ဝင္စားေနတာဟာ ျဖစ္သင့္တဲ့ ကိစၥလည္းျဖစ္ပါတယ္။

သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ မန္ဒီနဲ႔အတူ လုံးဝစိတ္ခ်ရတဲ့ ဂိုးသမားဌာနကို ပီတာခ်က္ရဲ႕ လမ္းၫႊန္မႈနဲ႔အတူ ဖြဲ႕စည္းႏိုင္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက လက္စြမ္းေတြေၾကာင့္ ေတာ္ေတာ္ေလး နာမည္ပ်က္သြားတဲ့ ကီပါကိုေတာ့ လာလီဂါကို ဝယ္ယူစဥ္က ေပါင္ ၇၂ သန္းရဲ႕ သုံးပုံတစ္ပုံေလာက္ ရရွိရင္ ျပန္ပို႔ႏိုင္ေျခလည္း ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေမာ္ဒန္ေဘာလုံးမွာ မရွိမျဖစ္လိုအပ္ေနတဲ့ ေဘာလုံးျဖန႔္ေဝမႈ အရည္အေသြးနဲ႔ ဂိုးသမားႏွစ္ဦးကို ပိုင္ဆိုင္သြားႏိုင္ဖို႔ ရည္႐ြယ္ထားမယ္လို႔လည္း သုံးသပ္ရၿပီး ဒီအပိုင္းမွာ အနည္းငယ္ အမွားမ်ားတတ္ေလ့ရွိတဲ့ ကီပါကို ရွင္းထုတ္သြားဖို႔ပဲ ရွိေနတာေၾကာင့္ မန္ဒီအပါအဝင္ ဂိုးသမားေကာင္းႏွစ္ဦး ရွိလ်က္နဲ႔ ဒြန္နာရမ္မာကို ေခၚယူမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ဟာ အေျမာ္အျမင္ရွိတဲ့ လုပ္ရပ္လို႔ပဲ သုံးသပ္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.