Premier League

VAR ကြောင့် နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဘဝရောက်ခဲ့ရပြီး အာဆင်နယ် ဘယ်လောက်ထိ နစ်နာခဲ့ပြီလဲ ?

ယခုဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းအနေနဲ့ နည်းပြသစ် အာတီတာနဲ့ အထိုင်မကျချိန် ၊အသင်းရဲ့ အဓိက နာမည်ကြီးကစားသမားဖြစ်ခဲ့တဲ့ အိုဇေးလ်လို ကစားသမားတွေနဲ့ ပတ်သတ်ပြီး အသင်းအတွင်းပြသနာတွေ ကြုံနေရချိန်မှာ ပရီးမီယားလိဂ်က ကျင့်သုံးနေတဲ့ VAR စနစ်ကြောင့် ဒိုင်တွေဆီက ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရရှိရမှာကို မရရှိပဲ မမျှတတဲ့ အာဆင်နယ်အသင်းအတွက် နစ်နာစေမယ့် လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကိုသာ ရရှိခဲ့ပါတယ်။

အဲလို မမျှတတဲ့ ဆုံးဖြတ်မှုတွေ ရရှိခဲ့တဲ့ ပရီးမီယားလိဂ်ပွဲအရည်အတွက် ၁၀ ပွဲထိ အနည်းဆုံးရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာတော့ အဆိုးရွားဆုံး တဖက်သတ်ဆန်ဆန် ဖိနှိပ်ခံရကာ ပယ်နယ်တီ ရရှိရမှာ မရရှိတဲ့အတွက် VAR နဲ့ ဒိုင်တွေကြောင့် အာဆင်နယ်အသင်းတွက် တန်ဖိုးရှိတဲ့ အမှတ်တွေ ဆုံးရှုံးခဲ့ရဲပြီး ယူရိုပါဝင်ခွင့်တောင် မသေချာတော့ပဲ ဝင်ငွေ ဒေါ်လာသန်းချီလည်း ဆုံးရှုံးရတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် VARနဲ့ ဒိုင်တွေကြောင့် နစ်နာတဲ့ပွဲတွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖြစ်ပါတယ်။

လက်စတာနဲ့ အဝေးကွင်းပွဲမှာ ချာကာဟာ ဂိုးသမားရဲ့ မြင်ကွင်းကို ပိတ်ဆို့ပြီး နေရာယူထားတယ်လို့ ဆုံးဖြတ်ခံခဲ့ရပြီး အာဆင်နယ်ရဲ့ဂိုးကို ခွင့်မပြုခဲ့ပါဘူး။ တကယ်တမ်းမှာ ချာကာရဲ့နေရာဟာ ဂိုးသမားရဲ့မြင်ကွင်းကို ကွယ်ထားခြင်း မရှိသလို သူဟာ ဘောလုံးကို ထိဖို့ အားထုတ်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ပွဲအပြီးမှာ အာဆင်နယ်က ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားခဲ့တယ်။

လီဗာပူးလ်နဲ့ အဝေးကွင်းပွဲစဥ်မှာလည်း အာဆင်နယ်ဟာ VAR ရဲ့ မမျှတမှုကို ထပ်မံခံစားခဲ့ရတယ်။ ပွဲချိန်အစောပိုင်းမှာ မာနေးဟာ တီယာနီရဲ့ မျက်နှာကို တံတောင်နဲ့ တွက္ခဲ့ပေမယ့် VAR က ပြန်လှည့်မကြည့်ခဲ့ပါဘူး။ လီဗာပူးလ်ကပဲ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တယ်။

မန်စီးတီးနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း VAR က အာဆင်နယ်ရဲ့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးကို ပြန်လည်စစ်ဆေးဖို့ လျစ်လျုရှုခဲ့တယ်။ ထောင့်ကန်ဘောကို ရှင်းထုတ်ရာမှာ ဝေါလ်ကာရဲ့ ခုန်တက်နေတဲ့ ခြေထောက်ဟာ တိုက်စစ်ဆင်တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့ အနီးကို ရောက်နေတာပါ။ မန်စီးတီးက ၁ ဂိုး ဂိုးမရှိ အနိုင်ရခဲ့တယ်။

ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ အိမ်ကွင်းပွဲစဥ်မှာလည်း တကြိမ်၊ ဆန်ဒါ ဘာဂါဟာ အူဘာမီယန်းရဲ့ ညို့သကျည်းကို နင်းချခဲ့ပေမယ့် VAR နဲ့ပြန်ကြည့်စဥ်မှာ အဝါကတ်သာ ပြသခဲ့တယ်။ အာဆင်နယ်ကတော့ ဒီပွဲကိုအနိုင်ရခဲ့တယ်။

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ဂိုးမရှိသရေပွဲမှာလည်း ပွဲချိန်နောက်ဆုံးမိနစ်ပိုင်းမှာ အူဘာမီယန်းရဲ့ ကန်ချက်ကို လီယမ် ကူးပါးက လက်ကို မူမမှန်အနေအထားနဲ့ ဆန့်ပြီး ကာခဲ့ပေမယ့် VAR ပြန်လည်စစ်ဆေးရာမှာတော့ ပင်နယ်တီသတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့လို့ အာဆင်နယ်အသင်း နစ်နာခဲ့ရပြန်တယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဂိုးမရှိသရေပွဲစဥ်မှာလည်း ဘရူနိုဖာနန်ဒက်စ်ဟာ ချာကာရဲ့ ဖနောင့်ကြောကို အနောက်ကနေ နင်းခဲ့ပေမယ့် VAR က ပြန်တောင် မစစ်ဆေးပေးခဲ့ပါဘူး။ ဘရူနိုသာ အရေးယူခံရရင် အာဆင်နယ်ရဲ့ ရလဒ်က တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။

ဝုဗ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဥ်မှာလည်း အရှိန်နဲ့ ဆွဲဝင်လာတဲ့ ဝီလီယန္ ဂျိုဆေးရဲ့ခြေထောက်နဲ့ ဒေးဗစ်လူးဝစ်ဇ်ရဲ့ ဒူးက ပြောပလောက်စရာမရှိတဲ့ ထိမှန်မှုကို အာဆင်နယ်အသင်းက ဒေးဗစ်လူးဝစ်ဇ် အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ပင်နယ်တီပေးခဲ့ရပါတယ်။

အက်စတန်ဗီလာနဲ့ အဝေးကွင်းပွဲစဥ်မှာလည်း အာဆင်နယ်ဟာ VAR ရဲ့ မမျှတမှုကို ၂ ကြိမ်တိတိ ခံခဲ့ရတယ်။ ပထမအကြိမ်မှာ ဆာကာကို အက်စတန်ဗီလာရဲ့ last Defender ဖြစ်တဲ့ ကွန်ဆာက ဆွဲလှဲခဲ့လို့ ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြခဲ့လို့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်ကြည့်ရှုပြီးနောက်မှာတော့ အနီကတ်ကို​ ပယ်ဖျက်ကာ အဝါကတ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲခဲ့လို့ အာဆင်နယ်အသင်း နစ်နာခဲ့ရတာပါ။

ဒုတိယအကြိမ်မှာ ဂိုးသမား မာတီနက်ဇ်က လာကာဇက်ကို အက်စတန်ဗီလာဧရိယာထဲမှာ အလွ​တ်သဘော ဆွဲလှဲချခဲ့ပေမယ့် VAR က ဒီဖြစ်ရပ်ကို ပြန်တောင်မကြည့်ခဲ့ဘူး။ အာဆင်နယ်ဟာ ရသင့်တဲ့အခွင့်အရေးတွေကို မရသလို မမျှတမှုကို ခါးစည်းခံရပြီး ပွဲအပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

နောက်ဆုံးဖြစ်ရပ်အနေနဲ့ ပြီးခဲ့တဲ့ဘန်လေနဲ့ တဂိုးစီသရေကျတဲ့ပွဲစဥ်မှာ နစ်ကလပ်စ် ပေပေရဲ့ နောက်ခံလူ အဲရစ် ပီတာကို ကျော်ဖြတ်မှုမှာ ​ဘောလုံးကို လက်နဲ့ အတားဆီးခံလိုက်ရပါတယ်။ လက်မောင်းနဲ့မဟုတ်ဘဲ လက်စစ်စစ်နဲ့ထိခဲ့တာပါ။ VAR က ဒါကို ပြန်လည်စစ်ဆေးခဲ့ပေမယ့် အာဆင်နယ်ကို ပင်နယ်တီပေးဖို့ ထပ်မံမျက်ကွယ်ပြုခဲ့တယ်။ ပွဲအပြီးမှာ အာဆင်နယ်ဟာ သရေရလဒ်နဲ့ အိမ်ပြန်ခဲ့ရတယ်။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယခုေဘာလုံးရာသီမွာေတာ့ အာဆင္နယ္အသင္းအေနနဲ႔ နည္းျပသစ္ အာတီတာနဲ႔ အထိုင္မက်ခ်ိန္ ၊အသင္းရဲ႕ အဓိက နာမည္ႀကီးကစားသမားျဖစ္ခဲ့တဲ့ အိုေဇးလ္လို ကစားသမားေတြနဲ႔ ပတ္သတ္ၿပီး အသင္းအတြင္းျပသနာေတြ ႀကဳံေနရခ်ိန္မွာ ပရီးမီယားလိဂ္က က်င့္သုံးေနတဲ့ VAR စနစ္ေၾကာင့္ ဒိုင္ေတြဆီက ပိုမွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ရရွိရမွာကို မရရွိပဲ မမွ်တတဲ့ အာဆင္နယ္အသင္းအတြက္ နစ္နာေစမယ့္ လြဲမွားတဲ့ ဆုံးျဖတ္ခ်က္ေတြကိုသာ ရရွိခဲ့ပါတယ္။

အဲလို မမွ်တတဲ့ ဆုံးျဖတ္မႈေတြ ရရွိခဲ့တဲ့ ပရီးမီယားလိဂ္ပြဲအရည္အတြက္ ၁၀ ပြဲထိ အနည္းဆုံးရွိခဲ့ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ဘန္ေလနဲ႔ ပြဲမွာေတာ့ အဆိုး႐ြားဆုံး တဖက္သတ္ဆန္ဆန္ ဖိႏွိပ္ခံရကာ ပယ္နယ္တီ ရရွိရမွာ မရရွိတဲ့အတြက္ VAR နဲ႔ ဒိုင္ေတြေၾကာင့္ အာဆင္နယ္အသင္းတြက္ တန္ဖိုးရွိတဲ့ အမွတ္ေတြ ဆုံးရႈံးခဲ့ရဲၿပီး ယူ႐ိုပါဝင္ခြင့္ေတာင္ မေသခ်ာေတာ့ပဲ ဝင္ေငြ ေဒၚလာသန္းခ်ီလည္း ဆုံးရႈံးရေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ VARနဲ႔ ဒိုင္ေတြေၾကာင့္ နစ္နာတဲ့ပြဲေတြထဲက ထင္ရွားတဲ့ အျဖစ္အပ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ျဖစ္ပါတယ္။

လက္စတာနဲ႔ အေဝးကြင္းပြဲမွာ ခ်ာကာဟာ ဂိုးသမားရဲ႕ ျမင္ကြင္းကို ပိတ္ဆို႔ၿပီး ေနရာယူထားတယ္လို႔ ဆုံးျဖတ္ခံခဲ့ရၿပီး အာဆင္နယ္ရဲ႕ဂိုးကို ခြင့္မျပဳခဲ့ပါဘူး။ တကယ္တမ္းမွာ ခ်ာကာရဲ႕ေနရာဟာ ဂိုးသမားရဲ႕ျမင္ကြင္းကို ကြယ္ထားျခင္း မရွိသလို သူဟာ ေဘာလုံးကို ထိဖို႔ အားထုတ္ခဲ့ျခင္းလည္း မရွိခဲ့ပါဘူး။ ပြဲအၿပီးမွာ အာဆင္နယ္က ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးသြားခဲ့တယ္။

လီဗာပူးလ္နဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း အာဆင္နယ္ဟာ VAR ရဲ႕ မမွ်တမႈကို ထပ္မံခံစားခဲ့ရတယ္။ ပြဲခ်ိန္အေစာပိုင္းမွာ မာေနးဟာ တီယာနီရဲ႕ မ်က္ႏွာကို တံေတာင္နဲ႔ တြကၡဲ့ေပမယ့္ VAR က ျပန္လွည့္မၾကည့္ခဲ့ပါဘူး။ လီဗာပူးလ္ကပဲ ၃ ဂိုး ၁ ဂိုးနဲ႔ ႏိုင္သြားခဲ့တယ္။

မန္စီးတီးနဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း VAR က အာဆင္နယ္ရဲ႕ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးကို ျပန္လည္စစ္ေဆးဖို႔ လ်စ္လ်ဳရႈခဲ့တယ္။ ေထာင့္ကန္ေဘာကို ရွင္းထုတ္ရာမွာ ေဝါလ္ကာရဲ႕ ခုန္တက္ေနတဲ့ ေျခေထာက္ဟာ တိုက္စစ္ဆင္တဲ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္ရဲ႕ အနီးကို ေရာက္ေနတာပါ။ မန္စီးတီးက ၁ ဂိုး ဂိုးမရွိ အႏိုင္ရခဲ့တယ္။

ရွက္ဖီးလ္ယူႏိုက္တက္အသင္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာလည္း တႀကိမ္၊ ဆန္ဒါ ဘာဂါဟာ အူဘာမီယန္းရဲ႕ ညိဳ႕သက်ည္းကို နင္းခ်ခဲ့ေပမယ့္ VAR နဲ႔ျပန္ၾကည့္စဥ္မွာ အဝါကတ္သာ ျပသခဲ့တယ္။ အာဆင္နယ္ကေတာ့ ဒီပြဲကိုအႏိုင္ရခဲ့တယ္။

လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ဂိုးမရွိသေရပြဲမွာလည္း ပြဲခ်ိန္ေနာက္ဆုံးမိနစ္ပိုင္းမွာ အူဘာမီယန္းရဲ႕ ကန္ခ်က္ကို လီယမ္ ကူးပါးက လက္ကို မူမမွန္အေနအထားနဲ႔ ဆန္႔ၿပီး ကာခဲ့ေပမယ့္ VAR ျပန္လည္စစ္ေဆးရာမွာေတာ့ ပင္နယ္တီသတ္မွတ္ေပးခဲ့ျခင္း မရွိခဲ့လို႔ အာဆင္နယ္အသင္း နစ္နာခဲ့ရျပန္တယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ဂိုးမရွိသေရပြဲစဥ္မွာလည္း ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ခ်ာကာရဲ႕ ဖေနာင့္ေၾကာကို အေနာက္ကေန နင္းခဲ့ေပမယ့္ VAR က ျပန္ေတာင္ မစစ္ေဆးေပးခဲ့ပါဘူး။ ဘ႐ူႏိုသာ အေရးယူခံရရင္ အာဆင္နယ္ရဲ႕ ရလဒ္က တမ်ိဳးတဖုံ ေျပာင္းလဲသြားႏိုင္ပါတယ္။

ဝုဗ္ကို ၂ ဂိုး ၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာလည္း အရွိန္နဲ႔ ဆြဲဝင္လာတဲ့ ဝီလီယႏ္ ဂ်ိဳေဆးရဲ႕ေျခေထာက္နဲ႔ ေဒးဗစ္လူးဝစ္ဇ္ရဲ႕ ဒူးက ေျပာပေလာက္စရာမရွိတဲ့ ထိမွန္မႈကို အာဆင္နယ္အသင္းက ေဒးဗစ္လူးဝစ္ဇ္ အနီကတ္နဲ႔ အထုတ္ခံခဲ့ရၿပီး ပင္နယ္တီေပးခဲ့ရပါတယ္။

အက္စတန္ဗီလာနဲ႔ အေဝးကြင္းပြဲစဥ္မွာလည္း အာဆင္နယ္ဟာ VAR ရဲ႕ မမွ်တမႈကို ၂ ႀကိမ္တိတိ ခံခဲ့ရတယ္။ ပထမအႀကိမ္မွာ ဆာကာကို အက္စတန္ဗီလာရဲ႕ last Defender ျဖစ္တဲ့ ကြန္ဆာက ဆြဲလွဲခဲ့လို႔ ကြင္းလယ္ဒိုင္က တိုက္႐ိုက္အနီကတ္ျပခဲ့လို႔ ဆုံးျဖတ္ခ်က္က မွန္ကန္ခဲ့ေပမယ့္ VAR နဲ႔ ျပန္လည္ၾကည့္ရႈၿပီးေနာက္မွာေတာ့ အနီကတ္ကို​ ပယ္ဖ်က္ကာ အဝါကတ္ျပစ္ဒဏ္အျဖစ္ ေျပာင္းလဲခဲ့လို႔ အာဆင္နယ္အသင္း နစ္နာခဲ့ရတာပါ။

ဒုတိယအႀကိမ္မွာ ဂိုးသမား မာတီနက္ဇ္က လာကာဇက္ကို အက္စတန္ဗီလာဧရိယာထဲမွာ အလြ​တ္သေဘာ ဆြဲလွဲခ်ခဲ့ေပမယ့္ VAR က ဒီျဖစ္ရပ္ကို ျပန္ေတာင္မၾကည့္ခဲ့ဘူး။ အာဆင္နယ္ဟာ ရသင့္တဲ့အခြင့္အေရးေတြကို မရသလို မမွ်တမႈကို ခါးစည္းခံရၿပီး ပြဲအၿပီးမွာ ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ျပန္ပါတယ္။

ေနာက္ဆုံးျဖစ္ရပ္အေနနဲ႔ ၿပီးခဲ့တဲ့ဘန္ေလနဲ႔ တဂိုးစီသေရက်တဲ့ပြဲစဥ္မွာ နစ္ကလပ္စ္ ေပေပရဲ႕ ေနာက္ခံလူ အဲရစ္ ပီတာကို ေက်ာ္ျဖတ္မႈမွာ ​ေဘာလုံးကို လက္နဲ႔ အတားဆီးခံလိုက္ရပါတယ္။ လက္ေမာင္းနဲ႔မဟုတ္ဘဲ လက္စစ္စစ္နဲ႔ထိခဲ့တာပါ။ VAR က ဒါကို ျပန္လည္စစ္ေဆးခဲ့ေပမယ့္ အာဆင္နယ္ကို ပင္နယ္တီေပးဖို႔ ထပ္မံမ်က္ကြယ္ျပဳခဲ့တယ္။ ပြဲအၿပီးမွာ အာဆင္နယ္ဟာ သေရရလဒ္နဲ႔ အိမ္ျပန္ခဲ့ရတယ္။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.