Analysis Premier League

မန်ချက်စတာဒါဘီမှာ မန်စီးတီး ဘာလို့ ရှုံးတာလဲ – သုံးသပ်ချက် ၅ ချက်

မန်ချက်စတာဒါဘီမှာ အားလုံးက နိုင်မယ်လို့ ခန့်မှန်းထားတဲ့ အိမ်ရှင် မန်စီးတီးတို့အနေနဲ့ မန်ယူနိုက်တက်ရဲ့ အလဲထိုးတာတွေကို ဘာကြောင့် ခံခဲ့ရသလဲဆိုတာကို ပွဲအပြီးမှာ သုံးသပ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ Sports A2Z Page က အမြင်လေးကို ပရိသတ်တွေနဲ့ တူမတူ ဖော်ပြပေးလိုက်ပါတယ်။ ဘာဖြစ်လို့ ရှုံးတာလဲဆိုတဲ့အတွက် မန်စီးတီးတစ်သင်းတည်းအကြောင်းပဲ ပြောမှာပါ။

၁။ ပထမဂိုးနဲ့ ဂျေဆူးစ်
ပွဲစလို့ ၃၅ စက္ကန့်မှာ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ခံစစ်ဇုန်ထဲကို ဘာသွားလုပ်တာလဲဆိုတာကို နားမလည်နိုင်တာပါ။ ဦးဆောင်နေချိန်မှာ တစ်ဖက်အသင်းက ဖိလွန်းလို့ ဆင်းကူရတယ်ဆိုရင်လည်း ထားပါ၊ တစ်မိနစ်တောင် မပြည့်သေးချိန်မှာ ကြိုးစားတယ်လို့ ပြချင်တာလား မသိဘဲ တကယ်တမ်း ကစားချိန်မှာလည်း ဂိုးရှေ့မှာထက် တစ်ကွင်းလုံး လိုက်ကစားနေတတ်တဲ့ ဘရာဇီးလ်သားဟာ ကလေးတွေ ငယ်ငယ်က တစ်ကွင်းလုံး လိုက်ကန်တတ်ပုံမျိုးကိုပဲ အမှတ်ရစေပါတယ်။ ပွဲစစချင်းမှာ ဦးချိုးခံလိုက်ရတယ်ဆိုတာ နည်းနည်းနောနော အကုသိုလ်ဝင်တာ မဟုတ်ပါဘူး။

၂။ အရဲကိုးတဲ့ ပက်ပ်နဲ့ ဒုတိယဂိုး
မန်စီးတီးအသင်းရဲ့ အကောင်းဆုံးကစားကွက်နဲ့ ကွင်းလယ်စိုးမိုးပုံမှာ ကန်ဆယ်လိုဟာ ဘယ်ခြမ်းကနေ ကွင်းတွင်းကို ဝင်ပြီး ညာခြမ်းနဲ့ အလယ်ကို ချိတ်ဆက်ကူပေးနေတဲ့ တောင်ပံသမားနဲ့ ကွင်းလယ်သမားတွေဆီ အနီးဘော၊ အဝေးဘောတွေ ပေးပို့ကစားတဲ့အပြင် ခံစစ်ကိုလည်း ငြိမ်အောင် ကူညီနိုင်တာပါ။ ကန်ဆယ်လို ညာမှာ ကစားရင် ဘယ်ခြမ်းက ဘယ်သူကစားကစား သူ့လို မငြိမ်တာကြောင့် စီးတီးတို့ ရုန်းကန်ရချိန်မှာ ကွင်းလယ်ကလည်း လုပ်အားနှုန်းနည်းပြီး ဒါကြောင့်လည်း လုခ်ရှောရဲ့ ဂိုးက Pressing မဝင်ဘဲ လွတ်ထွက်သွားခဲ့တာပါ။

၃။ မာရက်ဇ်+ဒီဘရိုင်းနားအတွဲအဖက်
ညာတောင်ပံမှာ ပျော့ပြီး ခံစစ်ကို မကူနိုင်သလို ကွင်းလယ်ကို မချိတ်ဆက်နိုင်ဘဲ Lone Striker ဆိုတာမျိုး Lone Winger ကစားတဲ့ မာရက်ဇ်အနေနဲ့ သူများတွေလောက် အသင်းနဲ့ မတွဲဖက်တတ်သူပါ။ သူ့နဲ့ ကွင်းလယ်ကြားမှာ ချောမွေ့ဖို့ ဒီနေရာမှာ ဘာနာဒို ဆေးလ်ဗားက အဓိက ချိတ်ဆက် ပေးရပြီး သူကိုယ်တိုင်လည်း တောင်ပံအဖြစ် ကစားတတ်ပါတယ်။ ဒီဘရိုင်းနား ပါဝင်လာချိန်မှာတော့ သူ့အနေနဲ့ တိုက်စစ်ကို သွားဖို့နဲ့ ဘောလုံးဖြန့်ဖို့ပဲ ကြိုးစားနေချိန်မှာ လူကိုယ်တိုင် ရောက်လာမှု အားနည်းတာက အသင်းကစားကွက်ကို ရုန်းကန်ရစေခဲ့ပါတယ်။

၄။ ဒီဘရိုင်းနားမြစ်ဖျား
စတုတ္ထအချက်ကတော့ ဒီဘရိုင်းနားက မြစ်ဖျားခံတာပါ။ သူပြန်လာတာနဲ့ အသင်းရဲ့ ရလဒ်တွေက ကျဉ်းမြောင်းလာခဲ့သလို ကျစ်လျစ်တယ် ဆိုတဲ့ ခံစစ်က တဖြည်းဖြည်း ဂိုးတွေ ပေးလာခဲ့ရပါတယ်။ အဓိကကတော့ သူမပါနိုင်ချိန်မှာ ဖန်တီးမှု၊ ကစားအားနဲ့ အသင်းကို ကျားကန်ထားကြတဲ့ ဘာနာဒို+ဂွန်ဒိုးဝမ်+ရိုဒရီတို့ ကွင်းလယ်က လူညီပြီး ဖိုဒန်ပါ ပါလာရင် ကြောက်စရာ လုပ်အားနှုန်းကို မြင်ရသလို တိုက်စစ်မှူး မပါရင် ၆ ယောက်စု ကစားပုံက ပိုကောင်းပါတယ်။ ဂျေဆူးစ်ကိုပါ ထည့်ပြီး ကွင်းလယ်မှာ တစ်ယောက်လျော့သွားတဲ အချိန်မှာ ဒီဘရိုင်းနားက လုပ်အားနှုန်း မကောင်းသလို ဂိုးတွေ ရနေတဲ့ ဂွန်ဒိုးဝမ်ပါ ခွင်ပျောက်သွားခဲ့ပါတယ်။

၅။ လူစားလဲမှုအားနည်းခြင်း
အသင်းရဲ့ နိုင်ပွဲဆက်မှတ်တမ်းမှာ ဘာနာဒို မပါရင် ဘယ်လောက်ရုန်းကန်ရလဲဆိုတာ ပွဲကြည့်နေကျ စီးတီးပရိသတ်တိုင်း သိမှာပါ။ ပထမပိုင်းမှာ မှားထားတဲ့ ဂွါဒီယိုလာအနေနဲ့ ဒီအမှားကို ပြင်မလားဆိုတာ စောင့်ခဲ့ပေမယ့် ကန်ဆယ်လိုကို ဝေါ်လ်ကာနဲ့ လဲတာက အသင်းကို ပြောင်းလဲမယ့် Tactical Tweak မဟုတ်တာကြောင့် ကစားကွက်ရိုးရိုးကြီးနဲ့ပဲ ရှေ့ဆက်ခဲ့ရတာဖြစ်သလို ဒုတိယပိုင်းမှာ ကန်ဆယ်လိုကို ဘယ်ခြမ်းပို့ ဇင်ချန်ကိုအစား ဝေါ်လ်ကာကိုထည့်၊ မာရက်ဇ်အစား ဘာနာဒိုကိုလဲပြီး ဖိုဒန်+ဒီဘရိုင်းနား+ဘာနာဒို+ဂွန်ဒိုးဝမ်တို့ရဲ့ ကွင်းလယ်အတွဲကို မြင်ချင်တဲ့ စီးတီးပရိသတ်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ဒီအချက်တွေကတော့ မန်ချက်စတာဒါဘီမှာ ဂွါဒီယိုလာနဲ့ စီးတီးတို့ ရှုံးဖို့ လုံလောက်တဲ့ အချက်တွေဖြစ်ပြီး အပိုတစ်ချက်အနေနဲ့တော့ လက်ထောက်နည်းပြရဲ့ လူဟောင်း အာတီတာလို အားမကိုးရတာကို ထည့်ပေါင်းပေးနိုင်သလို အမှားတွေကနေ မှန်အောင် မပြောင်းလဲနိုင်ခဲ့တဲ့ စီတီဇင်တွေအတွက် ညက ၂၁ ပွဲဆက် နိုင်ပွဲစံချိန် ရပ်တန့်ခဲ့ရမှုဟာတော့ နှမြောစရာဖြစ်ခဲ့ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာဒါဘီမွာ အားလုံးက ႏိုင္မယ္လို႔ ခန႔္မွန္းထားတဲ့ အိမ္ရွင္ မန္စီးတီးတို႔အေနနဲ႔ မန္ယူႏိုက္တက္ရဲ႕ အလဲထိုးတာေတြကို ဘာေၾကာင့္ ခံခဲ့ရသလဲဆိုတာကို ပြဲအၿပီးမွာ သုံးသပ္ျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ Sports A2Z Page က အျမင္ေလးကို ပရိသတ္ေတြနဲ႔ တူမတူ ေဖာ္ျပေပးလိုက္ပါတယ္။ ဘာျဖစ္လို႔ ရႈံးတာလဲဆိုတဲ့အတြက္ မန္စီးတီးတစ္သင္းတည္းအေၾကာင္းပဲ ေျပာမွာပါ။

၁။ ပထမဂိုးနဲ႔ ေဂ်ဆူးစ္
ပြဲစလို႔ ၃၅ စကၠန႔္မွာ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ ခံစစ္ဇုန္ထဲကို ဘာသြားလုပ္တာလဲဆိုတာကို နားမလည္ႏိုင္တာပါ။ ဦးေဆာင္ေနခ်ိန္မွာ တစ္ဖက္အသင္းက ဖိလြန္းလို႔ ဆင္းကူရတယ္ဆိုရင္လည္း ထားပါ၊ တစ္မိနစ္ေတာင္ မျပည့္ေသးခ်ိန္မွာ ႀကိဳးစားတယ္လို႔ ျပခ်င္တာလား မသိဘဲ တကယ္တမ္း ကစားခ်ိန္မွာလည္း ဂိုးေရွ႕မွာထက္ တစ္ကြင္းလုံး လိုက္ကစားေနတတ္တဲ့ ဘရာဇီးလ္သားဟာ ကေလးေတြ ငယ္ငယ္က တစ္ကြင္းလုံး လိုက္ကန္တတ္ပုံမ်ိဳးကိုပဲ အမွတ္ရေစပါတယ္။ ပြဲစစခ်င္းမွာ ဦးခ်ိဳးခံလိုက္ရတယ္ဆိုတာ နည္းနည္းေနာေနာ အကုသိုလ္ဝင္တာ မဟုတ္ပါဘူး။

၂။ အရဲကိုးတဲ့ ပက္ပ္နဲ႔ ဒုတိယဂိုး
မန္စီးတီးအသင္းရဲ႕ အေကာင္းဆုံးကစားကြက္နဲ႔ ကြင္းလယ္စိုးမိုးပုံမွာ ကန္ဆယ္လိုဟာ ဘယ္ျခမ္းကေန ကြင္းတြင္းကို ဝင္ၿပီး ညာျခမ္းနဲ႔ အလယ္ကို ခ်ိတ္ဆက္ကူေပးေနတဲ့ ေတာင္ပံသမားနဲ႔ ကြင္းလယ္သမားေတြဆီ အနီးေဘာ၊ အေဝးေဘာေတြ ေပးပို႔ကစားတဲ့အျပင္ ခံစစ္ကိုလည္း ၿငိမ္ေအာင္ ကူညီႏိုင္တာပါ။ ကန္ဆယ္လို ညာမွာ ကစားရင္ ဘယ္ျခမ္းက ဘယ္သူကစားကစား သူ႔လို မၿငိမ္တာေၾကာင့္ စီးတီးတို႔ ႐ုန္းကန္ရခ်ိန္မွာ ကြင္းလယ္ကလည္း လုပ္အားႏႈန္းနည္းၿပီး ဒါေၾကာင့္လည္း လုခ္ေရွာရဲ႕ ဂိုးက Pressing မဝင္ဘဲ လြတ္ထြက္သြားခဲ့တာပါ။

၃။ မာရက္ဇ္+ဒီဘ႐ိုင္းနားအတြဲအဖက္
ညာေတာင္ပံမွာ ေပ်ာ့ၿပီး ခံစစ္ကို မကူႏိုင္သလို ကြင္းလယ္ကို မခ်ိတ္ဆက္ႏိုင္ဘဲ Lone Striker ဆိုတာမ်ိဳး Lone Winger ကစားတဲ့ မာရက္ဇ္အေနနဲ႔ သူမ်ားေတြေလာက္ အသင္းနဲ႔ မတြဲဖက္တတ္သူပါ။ သူ႔နဲ႔ ကြင္းလယ္ၾကားမွာ ေခ်ာေမြ႕ဖို႔ ဒီေနရာမွာ ဘာနာဒို ေဆးလ္ဗားက အဓိက ခ်ိတ္ဆက္ ေပးရၿပီး သူကိုယ္တိုင္လည္း ေတာင္ပံအျဖစ္ ကစားတတ္ပါတယ္။ ဒီဘ႐ိုင္းနား ပါဝင္လာခ်ိန္မွာေတာ့ သူ႔အေနနဲ႔ တိုက္စစ္ကို သြားဖို႔နဲ႔ ေဘာလုံးျဖန႔္ဖို႔ပဲ ႀကိဳးစားေနခ်ိန္မွာ လူကိုယ္တိုင္ ေရာက္လာမႈ အားနည္းတာက အသင္းကစားကြက္ကို ႐ုန္းကန္ရေစခဲ့ပါတယ္။

၄။ ဒီဘ႐ိုင္းနားျမစ္ဖ်ား
စတုတၳအခ်က္ကေတာ့ ဒီဘ႐ိုင္းနားက ျမစ္ဖ်ားခံတာပါ။ သူျပန္လာတာနဲ႔ အသင္းရဲ႕ ရလဒ္ေတြက က်ဥ္းေျမာင္းလာခဲ့သလို က်စ္လ်စ္တယ္ ဆိုတဲ့ ခံစစ္က တျဖည္းျဖည္း ဂိုးေတြ ေပးလာခဲ့ရပါတယ္။ အဓိကကေတာ့ သူမပါႏိုင္ခ်ိန္မွာ ဖန္တီးမႈ၊ ကစားအားနဲ႔ အသင္းကို က်ားကန္ထားၾကတဲ့ ဘာနာဒို+ဂြန္ဒိုးဝမ္+႐ိုဒရီတို႔ ကြင္းလယ္က လူညီၿပီး ဖိုဒန္ပါ ပါလာရင္ ေၾကာက္စရာ လုပ္အားႏႈန္းကို ျမင္ရသလို တိုက္စစ္မႉး မပါရင္ ၆ ေယာက္စု ကစားပုံက ပိုေကာင္းပါတယ္။ ေဂ်ဆူးစ္ကိုပါ ထည့္ၿပီး ကြင္းလယ္မွာ တစ္ေယာက္ေလ်ာ့သြားတဲ အခ်ိန္မွာ ဒီဘ႐ိုင္းနားက လုပ္အားႏႈန္း မေကာင္းသလို ဂိုးေတြ ရေနတဲ့ ဂြန္ဒိုးဝမ္ပါ ခြင္ေပ်ာက္သြားခဲ့ပါတယ္။

၅။ လူစားလဲမႈအားနည္းျခင္း
အသင္းရဲ႕ ႏိုင္ပြဲဆက္မွတ္တမ္းမွာ ဘာနာဒို မပါရင္ ဘယ္ေလာက္႐ုန္းကန္ရလဲဆိုတာ ပြဲၾကည့္ေနက် စီးတီးပရိသတ္တိုင္း သိမွာပါ။ ပထမပိုင္းမွာ မွားထားတဲ့ ဂြါဒီယိုလာအေနနဲ႔ ဒီအမွားကို ျပင္မလားဆိုတာ ေစာင့္ခဲ့ေပမယ့္ ကန္ဆယ္လိုကို ေဝၚလ္ကာနဲ႔ လဲတာက အသင္းကို ေျပာင္းလဲမယ့္ Tactical Tweak မဟုတ္တာေၾကာင့္ ကစားကြက္႐ိုး႐ိုးႀကီးနဲ႔ပဲ ေရွ႕ဆက္ခဲ့ရတာျဖစ္သလို ဒုတိယပိုင္းမွာ ကန္ဆယ္လိုကို ဘယ္ျခမ္းပို႔ ဇင္ခ်န္ကိုအစား ေဝၚလ္ကာကိုထည့္၊ မာရက္ဇ္အစား ဘာနာဒိုကိုလဲၿပီး ဖိုဒန္+ဒီဘ႐ိုင္းနား+ဘာနာဒို+ဂြန္ဒိုးဝမ္တို႔ရဲ႕ ကြင္းလယ္အတြဲကို ျမင္ခ်င္တဲ့ စီးတီးပရိသတ္ေတြ စိတ္ပ်က္ခဲ့ရပါတယ္။

ဒီအခ်က္ေတြကေတာ့ မန္ခ်က္စတာဒါဘီမွာ ဂြါဒီယိုလာနဲ႔ စီးတီးတို႔ ရႈံးဖို႔ လုံေလာက္တဲ့ အခ်က္ေတြျဖစ္ၿပီး အပိုတစ္ခ်က္အေနနဲ႔ေတာ့ လက္ေထာက္နည္းျပရဲ႕ လူေဟာင္း အာတီတာလို အားမကိုးရတာကို ထည့္ေပါင္းေပးႏိုင္သလို အမွားေတြကေန မွန္ေအာင္ မေျပာင္းလဲႏိုင္ခဲ့တဲ့ စီတီဇင္ေတြအတြက္ ညက ၂၁ ပြဲဆက္ ႏိုင္ပြဲစံခ်ိန္ ရပ္တန႔္ခဲ့ရမႈဟာေတာ့ ႏွေျမာစရာျဖစ္ခဲ့ပါေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.