Premier League

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ချစ်စနိုးနဲ့ စနောက်လိုက်တဲ့ ဘိုင်လီ

မန်ချက်စတာဒါဘီမှာ ထိရောက်တဲ့ ကစားဟန်နဲ့အတူ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ အသင်းခေါင်းဆေင် ဟာရီ မက်ဂွိုင်းယားက ဒီနိုင်ပွဲဟာ ပရိသတ်တွေအတွက်ပါပဲလို့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပို့စ်တင်ခဲ့ပြီး အသင်းဖော် နောက်ခံလူ အဲရစ် ဘိုင်လီရဲ့ စနောက်ခြင်းကို ခံခဲ့ရပါတယ်။

ကျွမ်းကျင်သူတွေအားလုံးရဲ့ အောက်သင်းလို့ တွက်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ပွဲချိန် ၃၅ စက္ကန့်မှာပဲ ထိုက်ထိုက်တန်တန် ပင်နယ်တီ ရခဲ့ပြီး ဒါကို ဘရူနို ဖာနန်ဒက်စ်က ကန်သွင်းယူနိုင်ခဲ့ချိန်မှာ တစ်ပွဲလုံးအတွက် မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်ပိုင်းကလည်း ကျစ်လစ်တဲ့ ကစားဟန်နဲ့အတူ အဓိက ကျခဲ့ပါတယ်။

နှစ်ဂိုး-ဂိုးမရှိနဲ့ ပွဲအပြီးမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဟာ သူ့ရဲ့ ဆာမတ် ဘပ်စ်ဘီ၊ ဆာအဲလက်စ် ဖာဂူဆန်တို့ရဲ့ နည်းစနစ်တွေနဲ့ အနိုင်ယူမယ်ဆိုတဲ့ စကားကို တည်နိုင်ခဲ့ချိန်မှာ နောက်ခံလူတွေကလည်း ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး မက်ဂွိုင်းယားကတော့ ဒါဘီပွဲကို အားပေးနေကျ ပရိသတ်တွေကို မမေ့မလျော့ စကားပြောကြားခဲ့တာပါ။

ဒါကို အပျော်လွန်နေတဲ့ ဘိုင်လီကတော့ ချစ်စနိုး စနောက်သွားခဲ့ပြီး “ထိပ်တန်း စွမ်းဆောင်ရည်ပါပဲ ကပ္ပတိန်… ခင်ဗျား ခေါင်းကတော့ ကြီးကို ကြီးတာပါ”လို့ ဦးဆောင်နိုင်စွမ်း၊ ဉာဏ်စွမ်းကို ရည်ရွယ်တာဖြစ်နိုင်သလို အပြင်မှာ တကယ်လည်း ခေါင်းကြီးလို့ လက်စတာအသင်းဖော်တွေက Slab Head လို့ အခေါ်ခံရတဲ့ မက်ဂွိုင်းယားကို ကျီစယ်သွားခဲ့တာလည်းဖြစ်ပါတယ်။

အင်တာဂရမ်ပို့စ်လေးတစ်ခုကနေ မန်ချက်စတာယူနိုက်တက်ကစားသမားတွေရဲ့ ပရိသတ်ကို လေးစားမှု၊ ပျော်ရွှင်မှုနဲ့ အချင်းချင်း ချစ်ခင်ရင်းနှီးမှုတွေကို တွေ့မြင်နိုင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ရော ကပ္ပတိန်ကို စနောက်ခဲ့တဲ့ ဘိုင်လီရဲ့ အရေးအသားကို ဘယ်လိုခံစားမိသလဲဆိုတာ ပြောကြည့်ကြရအောင်လားဗျာ…။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာဒါဘီမွာ ထိေရာက္တဲ့ ကစားဟန္နဲ႔အတူ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းကို အႏိုင္ယူခဲ့တဲ့ ပြဲအၿပီးမွာ အသင္းေခါင္းေဆင္ ဟာရီ မက္ဂြိဳင္းယားက ဒီႏိုင္ပြဲဟာ ပရိသတ္ေတြအတြက္ပါပဲလို႔ သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္ကေန ပို႔စ္တင္ခဲ့ၿပီး အသင္းေဖာ္ ေနာက္ခံလူ အဲရစ္ ဘိုင္လီရဲ႕ စေနာက္ျခင္းကို ခံခဲ့ရပါတယ္။

ကြၽမ္းက်င္သူေတြအားလုံးရဲ႕ ေအာက္သင္းလို႔ တြက္ထားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ပြဲခ်ိန္ ၃၅ စကၠန႔္မွာပဲ ထိုက္ထိုက္တန္တန္ ပင္နယ္တီ ရခဲ့ၿပီး ဒါကို ဘ႐ူႏို ဖာနန္ဒက္စ္က ကန္သြင္းယူႏိုင္ခဲ့ခ်ိန္မွာ တစ္ပြဲလုံးအတြက္ မက္ဂြိဳင္းယားဦးေဆာင္တဲ့ ခံစစ္ပိုင္းကလည္း က်စ္လစ္တဲ့ ကစားဟန္နဲ႔အတူ အဓိက က်ခဲ့ပါတယ္။

ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲအၿပီးမွာ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားဟာ သူ႔ရဲ႕ ဆာမတ္ ဘပ္စ္ဘီ၊ ဆာအဲလက္စ္ ဖာဂူဆန္တို႔ရဲ႕ နည္းစနစ္ေတြနဲ႔ အႏိုင္ယူမယ္ဆိုတဲ့ စကားကို တည္ႏိုင္ခဲ့ခ်ိန္မွာ ေနာက္ခံလူေတြကလည္း ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကၿပီး မက္ဂြိဳင္းယားကေတာ့ ဒါဘီပြဲကို အားေပးေနက် ပရိသတ္ေတြကို မေမ့မေလ်ာ့ စကားေျပာၾကားခဲ့တာပါ။

ဒါကို အေပ်ာ္လြန္ေနတဲ့ ဘိုင္လီကေတာ့ ခ်စ္စႏိုး စေနာက္သြားခဲ့ၿပီး “ထိပ္တန္း စြမ္းေဆာင္ရည္ပါပဲ ကပၸတိန္… ခင္ဗ်ား ေခါင္းကေတာ့ ႀကီးကို ႀကီးတာပါ”လို႔ ဦးေဆာင္ႏိုင္စြမ္း၊ ဉာဏ္စြမ္းကို ရည္႐ြယ္တာျဖစ္ႏိုင္သလို အျပင္မွာ တကယ္လည္း ေခါင္းႀကီးလို႔ လက္စတာအသင္းေဖာ္ေတြက Slab Head လို႔ အေခၚခံရတဲ့ မက္ဂြိဳင္းယားကို က်ီစယ္သြားခဲ့တာလည္းျဖစ္ပါတယ္။

အင္တာဂရမ္ပို႔စ္ေလးတစ္ခုကေန မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ ပရိသတ္ကို ေလးစားမႈ၊ ေပ်ာ္႐ႊင္မႈနဲ႔ အခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးမႈေတြကို ေတြ႕ျမင္ႏိုင္ခဲ့ၿပီး ပရိသတ္ေတြအေနနဲ႔ေရာ ကပၸတိန္ကို စေနာက္ခဲ့တဲ့ ဘိုင္လီရဲ႕ အေရးအသားကို ဘယ္လိုခံစားမိသလဲဆိုတာ ေျပာၾကည့္ၾကရေအာင္လားဗ်ာ…။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.