Premier League

မန်စီးတီး 0:2 မန်ချက်စတာယူနိုက်တက် ပွဲအပြီး ထမင်းလုံးစီရင်း မှတ်မှတ်ရရ ထုတ်နှုတ်ပြောစရာ ၇ ချက်

စံချိန်မဲ့သွားတဲ့ ဂွာဒီယိုလာ
ခြေစွမ်းကောင်းတွေကို ဆက်တိုက်ပြပြီး ၂၁ ပွဲဆက် အနိုင်ချည်းသီးသန့်ကစားလာခဲ့တဲ့ မန်စီးတီးက ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာက ရည်မှန်းချက်ကြီးကြီးထားတဲ့ ဂွာဒီယိုလာအတွက် အထိနာခဲ့ပါတယ်။ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ နိုင်ပွဲဆက်အများဆုံးစံချိန်ကို တင်ချိတ်ဖို့ မန်စီးတီးအသင်းကို တောက်လျှောက်ဆွဲတင်လာပြီး ၂၅ ပွဲပြည့်ရင် ဂွာဒီယိုလာ လက်မထောင်နိုင်မယ့်အရေးကနေ ကင်းကွာသွားခဲ့တယ်။ ယူနိုက်တက်က ဒါကိုကျိုးပျက်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။ ရပ်တန့်မရလောက်အောင် ခြေစွမ်းထိုးတက်နေချိန်မှာ မန်စီးတီးတို့ ရင်နာခဲ့ရတယ်။ ဒီပွဲမှာ အသင်းရဲ့ခြေစွမ်းဟာ မျှော်လင့်ထားသလောက် ထက်မြက်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ခဲ့ရတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသက်ဝဝရှုနိုင်သွားတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မန်ချက်စတာဒါဘီပွဲစဉ်က သေရေးရှင်ရေးပွဲစဉ်ဆိုရင်လည်း မမှားပါဘူး။ အနိုင်ကန်ဖို့ကလွဲရင် ရွေးစရာမရှိတဲ့ အခြေအနေပါ။ အကြောင်းကတော့ အဆင့် ၅ နေရာက အဲဗာတန်အသင်းကို ၈ မှတ်ဖြတ်တောက်ထားနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာအတွက် သင်္ချာနည်းအရ ပိုစိတ်ချရပါတယ်။ ယူနိုက်တက်တို့ ဒါကိုလုပ်နိုင်ခဲ့တယ်။ ယူနိုက်တက်ကို ၁၄ မှတ်ဖြတ်ထားတဲ့ မန်စီးတီးအသင်းက အနိုင်၊ အရှုံး မရွေး အမှတ်ပေးဇယားထိပ် ပိုနေမြဲကျားနေမြဲဖြစ်လို့ ကိုယ့်နေရာကိုယ်ဆုပ်ကိုင်ဖို့ အမှတ်ပိုပြီး လိုအပ်နေတဲ့ ယူနိုက်တက်က လိုအပ်တဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်ခဲ့တယ်။ မန်ချက်စတာဒါဘီပွဲကို အနီရောင်လွှမ်းခဲ့တဲ့ ယူနိုက်တက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ယုံကြည်ချက်မြင့်တက်သွားခဲ့စေတာဖြစ်လို့ ဒီအရှိန်နဲ့ ရာသီလက်ကျန်မှာ ဘာတွေလုပ်ပြဦးမလဲ ဆက်လက်စောင့်ကြည့်ချင်စရာပါ။

ယူနိုက်တက်ကျိန်စာမိနေဆဲ စတာလင်
အကြောင်းကတော့ မန်စီးတီး တိုက်စစ်မှူး စတာလင်က အသင်းကြီး၊ အသင်းငယ်မရွေး အသင်းတိုင်းနီးပါးကို ဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူထားပေမယ့် ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်းမှာတော့ ရေမြွေလိုဖြစ်ပြီး သူ့ရဲ့ခြေစွမ်းက ယူနိုက်တက်ကျိန်စာမိနေသလို မြင်ခဲ့ရတယ်။ ယူနိုက်တက်အသင်းနဲ့ ပြိုင်ပွဲစုံ ၂၃ ပွဲထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ လက်ရှိအချိန်အထိ တဂိုးမှ မသွင်းယူနိုင်ခဲ့ခြင်းက ထူးခြားတဲ့အကြောင်းအရင်းတရပ်ဖြစ်နေတယ်။ ဒီပွဲမှာလည်း သူဟာ ဝမ်ဘစ်ဆာကာရဲ့ အိပ်ကပ်ထဲမှာ ပိတ်မိနေခဲ့တယ်လို့သာ စိတ်မသက်မသာစွာ ဆိုရမှာပါ။

နိဗ္ဗာန်ဘုံကို ရောက်လာတဲ့ လုခ်ရှော
ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ တောက်လျှောက် အဝေဖန်ခံခဲ့ရတဲ့ ယူနိုက်တက်ဘယ်အစွန်လူ လုခ်ရှောက ပရိသတ်မျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး မပြသနိုင်လို့ ဘောလုံးဝေဖန်သူတွေရဲ့ အကြိမ်ကြိမ်ထိုးနှက်မှုကို ခံခဲ့ရတယ်။ အင်္ဂလန်ရဲ့ အကောင်းဆုံး နောက်ခံအစွန်လူစာရင်းထဲကိုပေါက်ဖို့ သက်သေပြစရာတွေ ရှိနေသေးတယ်လို့ ထောက်ပြခံခဲ့ရတယ်။ ဒီရာသီမှာတော့ လုခ်ရှောက ဒါတွေကိုကျော်ဖြတ်လာခဲ့တယ်။ နိဗ္ဗာန်ဘုံကို ရောက်နေတဲ့အလား ယုံကြည်ချက်အပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ယူနိုက်တက်အသင်းအတွက် ထိထိရောက်ရောက် ကစားနေတယ်။ သူ့ရဲ့ ဒီရာသီခြေစွမ်းက ကြွေတက်လွန်းနေတာက ကစားသမားဘဝတလျှောက် အကောင်းဆုံးခြေစွမ်းအဖြစ် အညွှန်းခံထားရတယ်။ ခံစစ်ကို အလုံခြုံဆုံးဖြစ်စေသလို တိုက်စစ်ကိုလိုက်ပါပြီး ပြိုင်ဘက်အသင်းကို ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်တယ်။ အောင်မြင်တယ်။ အသင်းကိုဟန်ချက်ညီစေတယ်။ ယူနိုက်တက်ရဲ့ ဒုတိယဦးဆောင်ဂိုးကို သူသွင်းယူသွားပုံက မန်စီးတီးကို ငိုက်ကျသွားစေခဲ့တယ်။ လက်ခုပ်တီးချီးကျူးချင်စရာကောင်းခဲ့တယ်။

ပရီးမီးယားလိဂ်ဖလား မန်စီးတီးလက်ထဲက လုယူဖို့ ယူနိုက်တက် စဉ်းစားနေလား?
ဒီပွဲအပြီးမှာ မန်စီးတီးအသင်းက အမှတ်ပေးဇယားထိပ်ကနေ ဆက်လက်ဦးဆောင်နေပြီး အဆင့် ၂ နေရာက ယူနိုက်တက်ကို ၁၁ မှတ်ဖြတ်ထားတယ်။ ကစားရမယ့် လက်ကျန်ပွဲက ၁၀ ပွဲကျန်တယ်။ ဘာမဆိုဖြစ်သွားနိုင်တဲ့ ဘောလုံးလောကရဲ့အစဉ်အလာက ရှိနေလို့ ယူနိုက်တက်ပရိသတ်တွေအတွက် မျှော်လင့်စရာဖြစ်နေတယ်။ ပွဲစဉ်ဇယားမှာတော့ မန်စီးတီးက လက်ကျန် ၁၀ ပွဲမှာ ကြီး ၆ ခြောက်ကြီးထဲက ၁ သင်းနဲ့သာ တွေ့ဆုံဖို့ ရှိတော့တယ်။ မန်စီးတီးဘက်ကကြည့်ရင်တော့ ဒီလိုအနေအထားမျိုးမှာ ခြေချော်သွားဖို့ဆိုတာက မဖြစ်နိုင်လွန်းလောက်အောင် အလှမ်းကွာတယ်လို့ ဆိုရမယ်။ မန်စီးတီးအနေနဲ့ ချန်ပီယံစိတ်ကြီးဝင်ပြီး ပေါ့ပေါ့တန်တန် ကစားသွားမယ်ဆိုရင်တော့ ဂွာဒီယိုလာအခက် ယူနိုက်တက်အချက်ဖြစ်လာနိုင်ပါတယ်။

ဒဏ်ရာရသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်
ပွဲချိန် ၇၃ မိနစ်မှာ ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ဒဏ်ရာကြောင့်ထွက်ခွာခဲ့ရတယ်။ မန်စီးတီးကို အပြိုင်လိုက်ပြီး ဖိအားပေးဖို့ ကြိုးစားလာနိုင်ခြေရှိနေတဲ့ ယူနိုက်တက်အတွက် ထိုးနှက်ချက်တခုဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမယ်။ ဆိုးလ်ရှားရဲ့ အဆိုအရတော့ ယူနိုက်တက်ပရိသတ်အတွက် ခေတ္တစိတ်သက်သာရစေခဲ့တယ်။ ဒဏ်ရာကို စစ်ဆေးမှုမပြုလုပ်ရသေးပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဘဲ အသေးစားထိခိုက်မှုသာဖြစ်ပါစေလို့ မျှော်လင့်ထားကြောင်း ပွဲအပြီးမှာဆိုခဲ့တယ်။ ယူနိုက်တက်မှာ ဒဏ်ရာလူစာရင်း အတော်လေးမြင့်တက်လာတာက သတိထားစရာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ရှိဥရောပထိပ်သီးလိဂ် ၅ ခုမှာ အဝေးကွင်းရှုံးပွဲမရှိတဲ့ တသင်းတည်းသောအသင်းဖြစ်လာတယ်။

ယူနိုက်တက်ရဲ့ မှတ်မှတ်သားသား စံချိန်မှတ်တမ်း
ယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီးမှာ ဦးဆောင်ထားနိုင်တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀၃ အထိကို ရှုံးပွဲမရှိဘူးလို့ သိရတယ်။ ပထမပိုင်းနိုင်တဲ့ပွဲတိုင်းမှာ ၉၁ ပွဲနိုင်ပြီး ၁၂ ပွဲကို ပွဲအပြီးမှာ သရေကျထားတယ်။ ဒါကအံ့ချီးလောက်တဲ့ မှတ်တမ်းမျိုးဖြစ်နေတယ်။ နောက်တချက်က ဆိုးလ်ရှားက ယူနိုက်တက်အသင်းသမိုင်းမှာ မန်စီးတီးကို အဝေးကွင်း ၃ ပွဲဆက် နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စံခ်ိန္မဲ့သြားတဲ့ ဂြာဒီယိုလာ
ေျခစြမ္းေကာင္းေတြကို ဆက္တိုက္ျပၿပီး ၂၁ ပြဲဆက္ အႏိုင္ခ်ည္းသီးသန႔္ကစားလာခဲ့တဲ့ မန္စီးတီးက ယူႏိုက္တက္ကို အေရးနိမ့္ခဲ့တာက ရည္မွန္းခ်က္ႀကီးႀကီးထားတဲ့ ဂြာဒီယိုလာအတြက္ အထိနာခဲ့ပါတယ္။ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ႏိုင္ပြဲဆက္အမ်ားဆုံးစံခ်ိန္ကို တင္ခ်ိတ္ဖို႔ မန္စီးတီးအသင္းကို ေတာက္ေလွ်ာက္ဆြဲတင္လာၿပီး ၂၅ ပြဲျပည့္ရင္ ဂြာဒီယိုလာ လက္မေထာင္ႏိုင္မယ့္အေရးကေန ကင္းကြာသြားခဲ့တယ္။ ယူႏိုက္တက္က ဒါကိုက်ိဳးပ်က္သြားေစခဲ့တယ္လို႔ ဆိုရမွာပါ။ ရပ္တန႔္မရေလာက္ေအာင္ ေျခစြမ္းထိုးတက္ေနခ်ိန္မွာ မန္စီးတီးတို႔ ရင္နာခဲ့ရတယ္။ ဒီပြဲမွာ အသင္းရဲ႕ေျခစြမ္းဟာ ေမွ်ာ္လင့္ထားသေလာက္ ထက္ျမက္ခဲ့ျခင္းမရွိတာကိုလည္း ေတြ႕ခဲ့ရတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အသက္ဝဝရႈႏိုင္သြားတဲ့ ယူႏိုက္တက္
ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မန္ခ်က္စတာဒါဘီပြဲစဥ္က ေသေရးရွင္ေရးပြဲစဥ္ဆိုရင္လည္း မမွားပါဘူး။ အႏိုင္ကန္ဖို႔ကလြဲရင္ ေ႐ြးစရာမရွိတဲ့ အေျခအေနပါ။ အေၾကာင္းကေတာ့ အဆင့္ ၅ ေနရာက အဲဗာတန္အသင္းကို ၈ မွတ္ျဖတ္ေတာက္ထားႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တေနရာစာအတြက္ သခ်ၤာနည္းအရ ပိုစိတ္ခ်ရပါတယ္။ ယူႏိုက္တက္တို႔ ဒါကိုလုပ္ႏိုင္ခဲ့တယ္။ ယူႏိုက္တက္ကို ၁၄ မွတ္ျဖတ္ထားတဲ့ မန္စီးတီးအသင္းက အႏိုင္၊ အရႈံး မေ႐ြး အမွတ္ေပးဇယားထိပ္ ပိုေနၿမဲက်ားေနၿမဲျဖစ္လို႔ ကိုယ့္ေနရာကိုယ္ဆုပ္ကိုင္ဖို႔ အမွတ္ပိုၿပီး လိုအပ္ေနတဲ့ ယူႏိုက္တက္က လိုအပ္တဲ့အတိုင္း ျဖစ္ေအာင္လုပ္ႏိုင္ခဲ့တယ္။ မန္ခ်က္စတာဒါဘီပြဲကို အနီေရာင္လႊမ္းခဲ့တဲ့ ယူႏိုက္တက္က စိတ္ဓာတ္ပိုင္းဆိုင္ရာအရ ယုံၾကည္ခ်က္ျမင့္တက္သြားခဲ့ေစတာျဖစ္လို႔ ဒီအရွိန္နဲ႔ ရာသီလက္က်န္မွာ ဘာေတြလုပ္ျပဦးမလဲ ဆက္လက္ေစာင့္ၾကည့္ခ်င္စရာပါ။

ယူႏိုက္တက္က်ိန္စာမိေနဆဲ စတာလင္
အေၾကာင္းကေတာ့ မန္စီးတီး တိုက္စစ္မႉး စတာလင္က အသင္းႀကီး၊ အသင္းငယ္မေ႐ြး အသင္းတိုင္းနီးပါးကို ဂိုးေတြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ သြင္းယူထားေပမယ့္ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံတိုင္းမွာေတာ့ ေရေႁမြလိုျဖစ္ၿပီး သူ႔ရဲ႕ေျခစြမ္းက ယူႏိုက္တက္က်ိန္စာမိေနသလို ျမင္ခဲ့ရတယ္။ ယူႏိုက္တက္အသင္းနဲ႔ ၿပိဳင္ပြဲစုံ ၂၃ ပြဲထိပ္တိုက္ေတြ႕ဆုံခဲ့ရာမွာ လက္ရွိအခ်ိန္အထိ တဂိုးမွ မသြင္းယူႏိုင္ခဲ့ျခင္းက ထူးျခားတဲ့အေၾကာင္းအရင္းတရပ္ျဖစ္ေနတယ္။ ဒီပြဲမွာလည္း သူဟာ ဝမ္ဘစ္ဆာကာရဲ႕ အိပ္ကပ္ထဲမွာ ပိတ္မိေနခဲ့တယ္လို႔သာ စိတ္မသက္မသာစြာ ဆိုရမွာပါ။

နိဗၺာန္ဘုံကို ေရာက္လာတဲ့ လုခ္ေရွာ
ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ေတာက္ေလွ်ာက္ အေဝဖန္ခံခဲ့ရတဲ့ ယူႏိုက္တက္ဘယ္အစြန္လူ လုခ္ေရွာက ပရိသတ္ေမွ်ာ္လင့္ခ်က္နဲ႔ ကိုက္ညီတဲ့ ေျခစြမ္းမ်ိဳး မျပသႏိုင္လို႔ ေဘာလုံးေဝဖန္သူေတြရဲ႕ အႀကိမ္ႀကိမ္ထိုးႏွက္မႈကို ခံခဲ့ရတယ္။ အဂၤလန္ရဲ႕ အေကာင္းဆုံး ေနာက္ခံအစြန္လူစာရင္းထဲကိုေပါက္ဖို႔ သက္ေသျပစရာေတြ ရွိေနေသးတယ္လို႔ ေထာက္ျပခံခဲ့ရတယ္။ ဒီရာသီမွာေတာ့ လုခ္ေရွာက ဒါေတြကိုေက်ာ္ျဖတ္လာခဲ့တယ္။ နိဗၺာန္ဘုံကို ေရာက္ေနတဲ့အလား ယုံၾကည္ခ်က္အျပည့္နဲ႔ တည္တည္ၿငိမ္ၿငိမ္ပဲ ယူႏိုက္တက္အသင္းအတြက္ ထိထိေရာက္ေရာက္ ကစားေနတယ္။ သူ႔ရဲ႕ ဒီရာသီေျခစြမ္းက ေႂကြတက္လြန္းေနတာက ကစားသမားဘဝတေလွ်ာက္ အေကာင္းဆုံးေျခစြမ္းအျဖစ္ အၫႊန္းခံထားရတယ္။ ခံစစ္ကို အလုံၿခဳံဆုံးျဖစ္ေစသလို တိုက္စစ္ကိုလိုက္ပါၿပီး ၿပိဳင္ဘက္အသင္းကို ၿခိမ္းေျခာက္မႈေတြ အႀကိမ္ႀကိမ္ ျပဳလုပ္တယ္။ ေအာင္ျမင္တယ္။ အသင္းကိုဟန္ခ်က္ညီေစတယ္။ ယူႏိုက္တက္ရဲ႕ ဒုတိယဦးေဆာင္ဂိုးကို သူသြင္းယူသြားပုံက မန္စီးတီးကို ငိုက္က်သြားေစခဲ့တယ္။ လက္ခုပ္တီးခ်ီးက်ဴးခ်င္စရာေကာင္းခဲ့တယ္။

ပရီးမီးယားလိဂ္ဖလား မန္စီးတီးလက္ထဲက လုယူဖို႔ ယူႏိုက္တက္ စဥ္းစားေနလား?
ဒီပြဲအၿပီးမွာ မန္စီးတီးအသင္းက အမွတ္ေပးဇယားထိပ္ကေန ဆက္လက္ဦးေဆာင္ေနၿပီး အဆင့္ ၂ ေနရာက ယူႏိုက္တက္ကို ၁၁ မွတ္ျဖတ္ထားတယ္။ ကစားရမယ့္ လက္က်န္ပြဲက ၁၀ ပြဲက်န္တယ္။ ဘာမဆိုျဖစ္သြားႏိုင္တဲ့ ေဘာလုံးေလာကရဲ႕အစဥ္အလာက ရွိေနလို႔ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္စရာျဖစ္ေနတယ္။ ပြဲစဥ္ဇယားမွာေတာ့ မန္စီးတီးက လက္က်န္ ၁၀ ပြဲမွာ ႀကီး ၆ ေျခာက္ႀကီးထဲက ၁ သင္းနဲ႔သာ ေတြ႕ဆုံဖို႔ ရွိေတာ့တယ္။ မန္စီးတီးဘက္ကၾကည့္ရင္ေတာ့ ဒီလိုအေနအထားမ်ိဳးမွာ ေျခေခ်ာ္သြားဖို႔ဆိုတာက မျဖစ္ႏိုင္လြန္းေလာက္ေအာင္ အလွမ္းကြာတယ္လို႔ ဆိုရမယ္။ မန္စီးတီးအေနနဲ႔ ခ်န္ပီယံစိတ္ႀကီးဝင္ၿပီး ေပါ့ေပါ့တန္တန္ ကစားသြားမယ္ဆိုရင္ေတာ့ ဂြာဒီယိုလာအခက္ ယူႏိုက္တက္အခ်က္ျဖစ္လာႏိုင္ပါတယ္။

ဒဏ္ရာရသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ပြဲခ်ိန္ ၇၃ မိနစ္မွာ ယူႏိုက္တက္အသင္းရဲ႕ အားထားရတဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ဒဏ္ရာေၾကာင့္ထြက္ခြာခဲ့ရတယ္။ မန္စီးတီးကို အၿပိဳင္လိုက္ၿပီး ဖိအားေပးဖို႔ ႀကိဳးစားလာႏိုင္ေျခရွိေနတဲ့ ယူႏိုက္တက္အတြက္ ထိုးႏွက္ခ်က္တခုျဖစ္လာမလားဆိုတာေတာ့ ေစာင့္ၾကည့္ရမယ္။ ဆိုးလ္ရွားရဲ႕ အဆိုအရေတာ့ ယူႏိုက္တက္ပရိသတ္အတြက္ ေခတၱစိတ္သက္သာရေစခဲ့တယ္။ ဒဏ္ရာကို စစ္ေဆးမႈမျပဳလုပ္ရေသးေပမယ့္ ျပင္းထန္တဲ့ ဒဏ္ရာမဟုတ္ဘဲ အေသးစားထိခိုက္မႈသာျဖစ္ပါေစလို႔ ေမွ်ာ္လင့္ထားေၾကာင္း ပြဲအၿပီးမွာဆိုခဲ့တယ္။ ယူႏိုက္တက္မွာ ဒဏ္ရာလူစာရင္း အေတာ္ေလးျမင့္တက္လာတာက သတိထားစရာပါ။ ဒါ့အျပင္ ယူႏိုက္တက္ဟာ လက္ရွိဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ အေဝးကြင္းရႈံးပြဲမရွိတဲ့ တသင္းတည္းေသာအသင္းျဖစ္လာတယ္။

ယူႏိုက္တက္ရဲ႕ မွတ္မွတ္သားသား စံခ်ိန္မွတ္တမ္း
ယူႏိုက္တက္အသင္းဟာ ပထမပိုင္းအၿပီးမွာ ဦးေဆာင္ထားႏိုင္တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၀၃ အထိကို ရႈံးပြဲမရွိဘူးလို႔ သိရတယ္။ ပထမပိုင္းႏိုင္တဲ့ပြဲတိုင္းမွာ ၉၁ ပြဲႏိုင္ၿပီး ၁၂ ပြဲကို ပြဲအၿပီးမွာ သေရက်ထားတယ္။ ဒါကအံ့ခ်ီးေလာက္တဲ့ မွတ္တမ္းမ်ိဳးျဖစ္ေနတယ္။ ေနာက္တခ်က္က ဆိုးလ္ရွားက ယူႏိုက္တက္အသင္းသမိုင္းမွာ မန္စီးတီးကို အေဝးကြင္း ၃ ပြဲဆက္ ႏိုင္တဲ့ ပထမဆုံးနည္းျပျဖစ္လာတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.