Match Report Premier League

လေးဂိုးတွေချည်း ဆက်တိုက်သွင်းပြီး အဆင့်လေးဝင်ဖို့ ယတြာချေသလား မှတ်ရတဲ့ စပါးစ်ရဲ့နိုင်ပွဲ

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ လန်ဒန်ပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ တွေ့ဆုံရာမှာ ကွင်းလယ်မှာ ဟာရီ ဝင့်ခ်စ်ကို ပြန်သုံးခဲ့တာကလွဲလို့ လူစုံထုတ်ကစားခဲ့ကြပြီး မြန်မာပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ SKB တိုက်စစ်အတွဲကိုလည်း အကောင်းဆုံး အသုံးချလာခဲ့ပါတယ်။

ပွဲအစ ၅ မိနစ်မှာ ညာတောင်ပံက ဘေးလ်ရဲ့ ဖြတ်တင်ဘောကို ဆွန်ဟောင်မင် ခေါင်းတိုက်ခွင့်ရပေမယ့် ဂိုးသမား ဂွိုင်တာတည့်တည့်ကိုပဲ ရောက်သွားခဲ့လို့ စပါးစ်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး ဒီနေ့ပွဲမှာတော့ ကွင်းရဲ့ ထိပ်မှာ တိုက်စစ်မှူးတွေနောက်က လိုက်ကစားတဲ့ လူးကပ်စ် မော်ရာရဲ့ Aggressiveness ကတော့ ပဲလေ့စ်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ Pressing ကနေ မော်ရာက ဘောလုံးလုယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ ဂိုးဧရိယာထဲကို ကိန်းက ဆွဲပြေးခဲ့ရာမှာ ပဲလေ့စ် ခံစစ်ကြောင်းရဲ့ ဖရိုဖရဲပုံစံကြောင့် အေးအေးဆေးဆေး ဖန်တီးခွင့်ရခဲ့ပြီး အနိမ့်ဘောဖြတ်တင်မှုကို ညာခြမ်းမှာ လွတ်နေတဲ့ ဘေးလ်က အလွယ်တကူပဲ အဖွင့်ဂိုးအဖြစ် ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ကိန်း၊ မော်ရာ၊ ရက်ဂီလွန်တို့တွေ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြပြီး နာကျင်အချိန်ပို တစ်မိနစ်မှာတော့ ပဲလေ့စ်တို့ ပြန်လည်ထိုးဖောက်လာရာကနေ ပေါ့လျော့တဲ့ ဆန်ချက်ဇ်နဲ့ အယ်လ်ဒါဝီရယ်လ်တို့ကြားကနေ ဘန်တီကီက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ချေပနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဘေးလ်ကနေ ဘောလုံးစတင်ခဲ့ပြီး ဘယ်ခြမ်းကနေ ရက်ဂီလွန်ရဲ့ ဖြတ်တင်ဘောကို ဂိုးတိုင်ရဲ့ ညာဘက်ကနေ ခေါင်းတိုက်ချပေးတဲ့ ဟာရီကိန်းရဲ့ ဖန်တီးမှုကို ဘေးလ်ကပဲ ပြေးဝင်ပြီး ထပ်ဆင့်ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ စပါးစ်တို့ အိမ်ကွင်းမှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနှစ်ဂိုးစလုံးမှာ အင်္ဂလန်ကပ္ပတိန်က ဝေးလ်စ်ကပ္ပတိန်ကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး သူ့အတွက် ပရီးမီးယားလိဂ်မှာ ဖန်တီးမှု ၁၃ ကြိမ်နဲ့ ကောင်းလှပါတယ်ဆိုတဲ့ မန်စီးတီးက ဆရာကြီး ကီဗင် ဒီဘရိုင်းနားကိုလည်း နှစ်ကြိမ်အသာနဲ့ ကျော်တက်နိုင်ခဲ့သလို တိုက်စစ်မှူးတစ်ယောက်အတွက် မြင့်မားလှတဲ့ အသင်းဖော်တွေအတွက် ကူညီနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ဟာရီကိန်းက တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပဲလေ့စ်တို့ ဘောလုံးအပျက်မှာ မော်ရာက ဘောလုံးစတင်ခဲ့ပြီး ဆွန်က တစ်ဆင့် ဘေးလ်က ထပ်ပေးတဲ့ ဘောလုံးကို ညာနောက်ခံလူ ဒိုဟာတီက နောက်ကို ပြန်လှိမ့်ပေးတာကို ကိန်းက လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂွိုင်တာ အငိုက်မိခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်ခံစစ်မှာ ဒေဗင်ဆန် ဆန်ချက်ဇ်ကတော့ တော်တော်လေး ဖရိုဖရဲနိုင်တာကို တွေ့ရပြီး သူနဲ့ အဲရစ် ဒိုင်ယာတို့ဟာ မော်ရင်ညိုအတွက် ပြဿနာတွေဖြစ်နေခဲ့သလို နောက်တန်းတည်ငြိမ်ဖို့ကို အဖြေရှာရဦးမှာဖြစ်သလို ၆၈ မိနစ်မှာ ဇာဟာရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့လို့ သက်သာခဲ့ရချိန်မှာ တိုက်စစ်ကတော့ ပရိသတ်တွေအတွက် တော်တော်လေး စိတ်ချမ်းသာစရာ ကောင်းလာခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဒီနေ့ပွဲမှာ ကွင်းရဲ့ နေရာတိုင်းမှာ ရှိနေခဲ့တဲ့ မော်ရာက ညာခြမ်းကနေ ဘောလုံးပြန်ရခဲ့ပြီး လာမယ်လာကို ပေးရာမှာ အာဂျင်တီးနားသားက ဘယ်ခြမ်းက ဆွန်ဆီ တင်ပေးခဲ့ပြီး သူက ပြန်ဖြတ်တင်ပေးခဲ့တာကို ဟာရီကိန်းက အနီးကပ် အပိုင်ခေါင်းတိုက်ချက်နဲ့ စပါးစ်တို့ အတွက် စတုတ္ထနဲ့ ပွဲသိမ်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးကို ပဲလေ့စ်တို့ ကန့်ကွက်ခဲ့ကြသေးလို့ ဟာရီကိန်းခမျာ အောင်ပွဲမခံနိုင်ဘဲ စောင့်ခဲ့ရပြီး အနှေးပြကွက်တွေမှာ ခြောက်ကိုက်စည်းရဲ့ အဖြူရဲ့ ရှေ့နဲ့နောက်မှာ စည်းခြားနေခဲ့ကြတဲ့ ဆွန်နဲ့ သူ့ကို မျဉ်းတွေ အမျိုးမျိုးဆွဲကြည့်ပြီး လူကျွံအောင် ကြိုးစားခဲ့တဲ့ VAR ဒိုင် ဒါရင် အင်္ဂလန်ရဲ့ မအောင်မြင်ခဲ့တဲ့ ရွံစရာ နည်းပညာနဲ့ လုပ်ရပ်ကလည်း အားလုံးရဲ့ ဟာသအဖြစ် မြင်တွေ့ခဲ့ရပါသေးတယ်။

ဒီနောက်ပိုင်းမှာတော့ ကိန်းကို ဗီနီးရှပ်စ်နဲ့လဲပြီး အနားပေးခဲ့သလို စပါးစ်တို့ နိုင်ပွဲကို ထိန်းသိမ်းရယူသွားခဲ့ပြီး နောက်ခံလူ ဆန်ချက်ဇ်ကလွဲလို့ တစ်သင်းလုံး အားရကျေနပ်စရာကောင်းခဲ့တဲ့ ဒီပွဲမှာ လေးဂိုး-တစ်ဂိုးရလဒ်နဲ့အတူ မော်ရင်ညိုတို့အနေနဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ လီဗာပူးလ်နဲ့ မကန်ရသေးတဲ့ ဝက်စ်ဟမ်းကို ကျော်တက်ပြီး အဆင့် ၆ နေရာကို တက်လှမ်းနိုင်အောင် လမ်းညွှန်ပဲ့ကိုင်ပေးနိုင်ခဲ့ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ လန္ဒန္ၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ေတြ႕ဆုံရာမွာ ကြင္းလယ္မွာ ဟာရီ ဝင့္ခ္စ္ကို ျပန္သုံးခဲ့တာကလြဲလို႔ လူစုံထုတ္ကစားခဲ့ၾကၿပီး ျမန္မာပရိသတ္ေတြ အႀကိဳက္ေတြ႕ေနၾကတဲ့ SKB တိုက္စစ္အတြဲကိုလည္း အေကာင္းဆုံး အသုံးခ်လာခဲ့ပါတယ္။

ပြဲအစ ၅ မိနစ္မွာ ညာေတာင္ပံက ေဘးလ္ရဲ႕ ျဖတ္တင္ေဘာကို ဆြန္ေဟာင္မင္ ေခါင္းတိုက္ခြင့္ရေပမယ့္ ဂိုးသမား ဂြိဳင္တာတည့္တည့္ကိုပဲ ေရာက္သြားခဲ့လို႔ စပါးစ္တို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရၿပီး ဒီေန႔ပြဲမွာေတာ့ ကြင္းရဲ႕ ထိပ္မွာ တိုက္စစ္မႉးေတြေနာက္က လိုက္ကစားတဲ့ လူးကပ္စ္ ေမာ္ရာရဲ႕ Aggressiveness ကေတာ့ ပဲေလ့စ္ကို ေတာ္ေတာ္ေလး ဒုကၡေပးႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ Pressing ကေန ေမာ္ရာက ေဘာလုံးလုယူႏိုင္ခဲ့ၿပီး ဘယ္ျခမ္းကေန ဂိုးဧရိယာထဲကို ကိန္းက ဆြဲေျပးခဲ့ရာမွာ ပဲေလ့စ္ ခံစစ္ေၾကာင္းရဲ႕ ဖ႐ိုဖရဲပုံစံေၾကာင့္ ေအးေအးေဆးေဆး ဖန္တီးခြင့္ရခဲ့ၿပီး အနိမ့္ေဘာျဖတ္တင္မႈကို ညာျခမ္းမွာ လြတ္ေနတဲ့ ေဘးလ္က အလြယ္တကူပဲ အဖြင့္ဂိုးအျဖစ္ ပိတ္သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ကိန္း၊ ေမာ္ရာ၊ ရက္ဂီလြန္တို႔ေတြ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ၾကၿပီး နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ ပဲေလ့စ္တို႔ ျပန္လည္ထိုးေဖာက္လာရာကေန ေပါ့ေလ်ာ့တဲ့ ဆန္ခ်က္ဇ္နဲ႔ အယ္လ္ဒါဝီရယ္လ္တို႔ၾကားကေန ဘန္တီကီက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ၿပီး ေခ်ပႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ေဘးလ္ကေန ေဘာလုံးစတင္ခဲ့ၿပီး ဘယ္ျခမ္းကေန ရက္ဂီလြန္ရဲ႕ ျဖတ္တင္ေဘာကို ဂိုးတိုင္ရဲ႕ ညာဘက္ကေန ေခါင္းတိုက္ခ်ေပးတဲ့ ဟာရီကိန္းရဲ႕ ဖန္တီးမႈကို ေဘးလ္ကပဲ ေျပးဝင္ၿပီး ထပ္ဆင့္ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ စပါးစ္တို႔ အိမ္ကြင္းမွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီႏွစ္ဂိုးစလုံးမွာ အဂၤလန္ကပၸတိန္က ေဝးလ္စ္ကပၸတိန္ကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး သူ႔အတြက္ ပရီးမီးယားလိဂ္မွာ ဖန္တီးမႈ ၁၃ ႀကိမ္နဲ႔ ေကာင္းလွပါတယ္ဆိုတဲ့ မန္စီးတီးက ဆရာႀကီး ကီဗင္ ဒီဘ႐ိုင္းနားကိုလည္း ႏွစ္ႀကိမ္အသာနဲ႔ ေက်ာ္တက္ႏိုင္ခဲ့သလို တိုက္စစ္မႉးတစ္ေယာက္အတြက္ ျမင့္မားလွတဲ့ အသင္းေဖာ္ေတြအတြက္ ကူညီႏိုင္မႈလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဟာရီကိန္းက တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ပဲေလ့စ္တို႔ ေဘာလုံးအပ်က္မွာ ေမာ္ရာက ေဘာလုံးစတင္ခဲ့ၿပီး ဆြန္က တစ္ဆင့္ ေဘးလ္က ထပ္ေပးတဲ့ ေဘာလုံးကို ညာေနာက္ခံလူ ဒိုဟာတီက ေနာက္ကို ျပန္လွိမ့္ေပးတာကို ကိန္းက လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဂြိဳင္တာ အငိုက္မိခဲ့တာလည္းျဖစ္ပါတယ္။

စပါးစ္ခံစစ္မွာ ေဒဗင္ဆန္ ဆန္ခ်က္ဇ္ကေတာ့ ေတာ္ေတာ္ေလး ဖ႐ိုဖရဲႏိုင္တာကို ေတြ႕ရၿပီး သူနဲ႔ အဲရစ္ ဒိုင္ယာတို႔ဟာ ေမာ္ရင္ညိဳအတြက္ ျပႆနာေတြျဖစ္ေနခဲ့သလို ေနာက္တန္းတည္ၿငိမ္ဖို႔ကို အေျဖရွာရဦးမွာျဖစ္သလို ၆၈ မိနစ္မွာ ဇာဟာရဲ႕ ကန္ခ်က္ တိုင္ထိထြက္ခဲ့လို႔ သက္သာခဲ့ရခ်ိန္မွာ တိုက္စစ္ကေတာ့ ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလး စိတ္ခ်မ္းသာစရာ ေကာင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဒီေန႔ပြဲမွာ ကြင္းရဲ႕ ေနရာတိုင္းမွာ ရွိေနခဲ့တဲ့ ေမာ္ရာက ညာျခမ္းကေန ေဘာလုံးျပန္ရခဲ့ၿပီး လာမယ္လာကို ေပးရာမွာ အာဂ်င္တီးနားသားက ဘယ္ျခမ္းက ဆြန္ဆီ တင္ေပးခဲ့ၿပီး သူက ျပန္ျဖတ္တင္ေပးခဲ့တာကို ဟာရီကိန္းက အနီးကပ္ အပိုင္ေခါင္းတိုက္ခ်က္နဲ႔ စပါးစ္တို႔ အတြက္ စတုတၳနဲ႔ ပြဲသိမ္းဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီဂိုးကို ပဲေလ့စ္တို႔ ကန႔္ကြက္ခဲ့ၾကေသးလို႔ ဟာရီကိန္းခမ်ာ ေအာင္ပြဲမခံႏိုင္ဘဲ ေစာင့္ခဲ့ရၿပီး အေႏွးျပကြက္ေတြမွာ ေျခာက္ကိုက္စည္းရဲ႕ အျဖဴရဲ႕ ေရွ႕နဲ႔ေနာက္မွာ စည္းျခားေနခဲ့ၾကတဲ့ ဆြန္နဲ႔ သူ႔ကို မ်ဥ္းေတြ အမ်ိဳးမ်ိဳးဆြဲၾကည့္ၿပီး လူကြၽံေအာင္ ႀကိဳးစားခဲ့တဲ့ VAR ဒိုင္ ဒါရင္ အဂၤလန္ရဲ႕ မေအာင္ျမင္ခဲ့တဲ့ ႐ြံစရာ နည္းပညာနဲ႔ လုပ္ရပ္ကလည္း အားလုံးရဲ႕ ဟာသအျဖစ္ ျမင္ေတြ႕ခဲ့ရပါေသးတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ကိန္းကို ဗီနီးရွပ္စ္နဲ႔လဲၿပီး အနားေပးခဲ့သလို စပါးစ္တို႔ ႏိုင္ပြဲကို ထိန္းသိမ္းရယူသြားခဲ့ၿပီး ေနာက္ခံလူ ဆန္ခ်က္ဇ္ကလြဲလို႔ တစ္သင္းလုံး အားရေက်နပ္စရာေကာင္းခဲ့တဲ့ ဒီပြဲမွာ ေလးဂိုး-တစ္ဂိုးရလဒ္နဲ႔အတူ ေမာ္ရင္ညိဳတို႔အေနနဲ႔ ရႈံးပြဲေတြ႕ခဲ့တဲ့ လီဗာပူးလ္နဲ႔ မကန္ရေသးတဲ့ ဝက္စ္ဟမ္းကို ေက်ာ္တက္ၿပီး အဆင့္ ၆ ေနရာကို တက္လွမ္းႏိုင္ေအာင္ လမ္းၫႊန္ပဲ့ကိုင္ေပးႏိုင္ခဲ့ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.