Premier League

ပရိသတ္ေတြကို ေက်းဇူးတင္ခဲ့ၿပီး ေနသာထုိင္သာရွိေၾကာင္း အာတီတာေျပာၾကား

အာဆင္နယ္အသင္းရဲ႕ နည္းျပ မိုက္ကယ္ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ မတ္လ ၁၂ ရက္ေန႔ ညေနပုိင္းက ကို႐ိုနာဗုိင္းရပ္စ္ပိုး စစ္ေဆးမွဳျပဳလုပ္ရာမွာ Positive ရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ ေနအိမ္မွာ သီးျခားခြဲထားခံခဲ့ရၿပီး ကုသမွဳခံယူေနရာမွာ ေနထိုင္ရတာ သက္သာလာခဲ့တယ္လုိ႔ အသင္းပရိသတ္ေတြဆီ တြစ္တာကေန ေျပာၾကားလုိက္ပါတယ္။

ေျမာက္လန္ဒန္အသင္းရဲ႕ စီနီယာအသင္းလူစာရင္းမွာ ပါဝင္သူေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြ၊ ကြင္းတြင္းကြင္းျပင္ဝန္ထမ္းေတြအားလုံးကိုလည္း အိမ္မွာပဲ ေနၿပီး ေရာဂါလကၡဏာကို ေစာင့္ၾကည့္ဖို႔ ခြဲျခားထားၿပီး က်န္းမာေရးအာဏာပုိင္ေတြက ခ်မွတ္ထားတဲ့ လမ္းညႊန္မွဳေတြအတုိင္း လုိက္နာေဆာင္ရြက္ဖို႔ အသင္းက တုိက္တြန္းထားတယ္လို႔လည္း ဆိုပါတယ္။

အာတီတာရဲ႕ ကူးစက္ခံရမွဳကို အာဆင္နယ္အသင္းကေတာ့ အသင္းဝက္ဘ္ဆုိက္ကေန ၿပီးခဲ့တဲ့ ေသာၾကာေန႔က တရားဝင္ သတင္းထုတ္ျပန္သြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ စပိန္သားအေနနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမွဳေတြကို ေက်းဇူးတင္ေၾကာင္း တြစ္တာကေန တုံ႔ျပန္ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

“ပရိသတ္အားလုံးရဲ႕အားေပးစကားေတြအတြက္ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ က်န္းမာေရးအေျခအေနကလည္း စစခ်င္းကထက္ေတာ့ ပုိၿပီး ခံစားရတာ ေကာင္းလာပါၿပီ။ ကၽြန္ေတာ္တုိ႔အားလုံးအေနနဲ႔ တစ္ခါမွ မႀကဳံဖူးတဲ့ စိန္ေခၚမွဳႀကီးႀကီးမားမားကို ရင္ဆုိင္ေနရတာျဖစ္ၿပီး လူတုိင္းရဲ႕ က်န္းမာေရးထက္ေတာ့ ဘယ္အရာကမွ အေရးမပါဘူးလို႔ ေျပာခ်င္ပါတယ္”လို႔ အာတီတာက ဆုိပါတယ္။

ဆက္လက္ၿပီး အာတီတာက “ပရိသတ္ေတြနဲ႔ လူေတြအားလုံးအေနနဲ႔ တာဝန္ရွိသူေတြက ခ်မွတ္ထားတဲ့ လမ္းညႊန္မွဳေတြကို လုိက္နာၿပီး အားလုံးအတူတူ ဒီေဘးအႏၲရာယ္က ေက်ာ္လြန္ႏိုင္ၾကပါေစ”လို႔ ဆုေတာင္းခဲ့ၿပီး အဂၤလန္ႏုိင္ငံတစ္ဝွမ္းက ၿပဳိင္ပဲြေတြကို ေရႊ႕ဆုိင္းတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့တဲ့ ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ လုပ္ရပ္အတြက္လည္း ခ်ီးက်ဴးသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: ARTETA’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နည်းပြ မိုက်ကယ် အာတီတာအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှုပြုလုပ်ရာမှာ Positive ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် နေအိမ်မှာ သီးခြားခွဲထားခံခဲ့ရပြီး ကုသမှုခံယူနေရာမှာ နေထိုင်ရတာ သက်သာလာခဲ့တယ်လို့ အသင်းပရိသတ်တွေဆီ တွစ်တာကနေ ပြောကြားလိုက်ပါတယ်။

မြောက်လန်ဒန်အသင်းရဲ့ စီနီယာအသင်းလူစာရင်းမှာ ပါဝင်သူတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကွင်းတွင်းကွင်းပြင်ဝန်ထမ်းတွေအားလုံးကိုလည်း အိမ်မှာပဲ နေပြီး ရောဂါလက္ခဏာကို စောင့်ကြည့်ဖို့ ခွဲခြားထားပြီး ကျန်းမာရေးအာဏာပိုင်တွေက ချမှတ်ထားတဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ အသင်းက တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။

အာတီတာရဲ့ ကူးစက်ခံရမှုကို အာဆင်နယ်အသင်းကတော့ အသင်းဝက်ဘ်ဆိုက်ကနေ ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် သတင်းထုတ်ပြန်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စပိန်သားအနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကျေးဇူးတင်ကြောင်း တွစ်တာကနေ တုံ့ပြန်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ပရိသတ်အားလုံးရဲ့အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ ကျန်းမာရေးအခြေအနေကလည်း စစချင်းကထက်တော့ ပိုပြီး ခံစားရတာ ကောင်းလာပါပြီ။ ကျွန်တော်တို့အားလုံးအနေနဲ့ တစ်ခါမှ မကြုံဖူးတဲ့ စိန်ခေါ်မှုကြီးကြီးမားမားကို ရင်ဆိုင်နေရတာဖြစ်ပြီး လူတိုင်းရဲ့ ကျန်းမာရေးထက်တော့ ဘယ်အရာကမှ အရေးမပါဘူးလို့ ပြောချင်ပါတယ်”လို့ အာတီတာက ဆိုပါတယ်။

ဆက်လက်ပြီး အာတီတာက “ပရိသတ်တွေနဲ့ လူတွေအားလုံးအနေနဲ့ တာဝန်ရှိသူတွေက ချမှတ်ထားတဲ့ လမ်းညွှန်မှုတွေကို လိုက်နာပြီး အားလုံးအတူတူ ဒီဘေးအန္တရာယ်က ကျော်လွန်နိုင်ကြပါစေ”လို့ ဆုတောင်းခဲ့ပြီး အင်္ဂလန်နိုင်ငံတစ်ဝှမ်းက ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်ရပ်အတွက်လည်း ချီးကျူးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: ARTETA’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.