Premier League

ဝီလီယန္ရဲ႕ စာခ်ဳပ္အတြက္ လမ္းပတ္ရဲ႕ေတာင္းဆုိမွဳကို မာရီနာ ထပ္မံစဥ္းစားဆုံးျဖတ္ဖြယ္ရွိေန

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ အသင္းရဲ႕ အသက္ ၃၀ ေက်ာ္ ကစားသမားေတြအေပၚမွာ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းမတုိးတဲ့ ေပၚလစီမွာ ေတာင္ပံကစားသမား ဝီလီယန္ကို မထည့္သြင္းဖို႔နဲ႔ စာခ်ဳပ္သစ္ကို ကစားသမားေတာင္းဆုိတဲ့အတုိင္း ေပးအပ္သင့္ေၾကာင္း အေျပာင္းအေရႊ႕ အႀကီးအကဲကို အႀကံေပးထားခဲ့တယ္လို႔ ဆုိပါတယ္။

ကစားသမားအေျပာင္းအေရႊ႕နဲ႔ ဘဏၰာေရးဆုိင္ရာ ကိစၥရပ္ေတြကို ကိုင္တြယ္ေနတဲ့ မာရီနာ ဂရာေနာ့ဗ္စကာယာအေနနဲ႔ လမ္းပတ္ရဲ႕ ေတာင္းဆုိမွဳေၾကာင့္ ဝီလီယန္ရဲ႕ စာခ်ဳပ္ကိစၥကို ျပန္လည္စဥ္းစားသြားဖြယ္ရွိေနၿပီး ရာသီမကုန္ခင္မွာ စာခ်ဳပ္ႏွစ္ႏွစ္အစား သုံးႏွစ္ေပးအပ္သြားဖို႔ကို ဆုံးျဖတ္ခ်က္ထပ္မံခ်ရဖြယ္လည္းရွိေနပါတယ္။

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အတြက္ေတာ့ ဝီလီယန္ဟာ အသင္းမွာ အဓိကက်တဲ့ ကစားသမားတစ္ဦးလည္းျဖစ္ေနၿပီး အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနခ်ိန္မွာ ကြင္းလယ္မွာေရာ ေတာင္ပံမွာပါ အသုံးျပဳႏုိင္သလို ဖန္တီးမွဳနဲ႔ ဂိုးသြင္းအားလည္း ျမင့္မားသူတစ္ဦးျဖစ္လို႔ အသက္ ၃၁ ႏွစ္ ရွိေနေပမယ့္လည္း အေရးပါတဲ့သူတစ္ဦးအျဖစ္ ရွဳျမင္ထားတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သစ္ အဆင္မေျပတာေၾကာင့္ ေႏြရာသီမွာ အသင္းကေန ထြက္ခြာမယ္လို႔ ဆိုထားခဲ့တဲ့ ဝီလီယန္အေနနဲ႔ လန္ဒန္မွာပဲ ဆက္ေနခ်င္တယ္လို႔ ဆုိထားခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိ႔ကလည္း ေစာင့္ၾကည့္ေနၾကၿပီး ကစားသမားရဲ႕ ခ်န္ပီယံလိဂ္ ကစားခ်င္တဲ့ ဆႏၵအတြက္ေတာ့ ႀကဳိးစားရဖြယ္လည္း ရွိေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ေတြကို ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ေၾကာင့္ သုံးပတ္တာ ရပ္နားမွာျဖစ္တဲ့အတြက္ ဝီလီယန္ရဲ႕ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲစဥ္ေတြ က်န္ရွိေနေသးတာမ်ဳိးလည္းျဖစ္ေနႏုိင္တဲ့အတြက္ အသင္းအေနနဲ႔ သူ႕ကို အနည္းဆုံး ေဘာလုံးရာသီရဲ႕ ပြဲစဥ္ေတြ အားလုံးကုန္ေအာင္ ကစားေပးဖို႔အတြက္ ထပ္မံညႇိႏွဳိင္းသြားရဖြယ္လည္းရွိေနေၾကာင္း သိရွိရပါတယ္။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အသင်းရဲ့ အသက် ၃၀ ကျော် ကစားသမားတွေအပေါ်မှာ နှစ်ရှည်စာချုပ်သက်တမ်းမတိုးတဲ့ ပေါ်လစီမှာ တောင်ပံကစားသမား ဝီလီယန်ကို မထည့်သွင်းဖို့နဲ့ စာချုပ်သစ်ကို ကစားသမားတောင်းဆိုတဲ့အတိုင်း ပေးအပ်သင့်ကြောင်း အပြောင်းအရွှေ့ အကြီးအကဲကို အကြံပေးထားခဲ့တယ်လို့ ဆိုပါတယ်။

ကစားသမားအပြောင်းအရွှေ့နဲ့ ဘဏ္ဏာရေးဆိုင်ရာ ကိစ္စရပ်တွေကို ကိုင်တွယ်နေတဲ့ မာရီနာ ဂရာနော့ဗ်စကာယာအနေနဲ့ လမ်းပတ်ရဲ့ တောင်းဆိုမှုကြောင့် ဝီလီယန်ရဲ့ စာချုပ်ကိစ္စကို ပြန်လည်စဉ်းစားသွားဖွယ်ရှိနေပြီး ရာသီမကုန်ခင်မှာ စာချုပ်နှစ်နှစ်အစား သုံးနှစ်ပေးအပ်သွားဖို့ကို ဆုံးဖြတ်ချက်ထပ်မံချရဖွယ်လည်းရှိနေပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက်တော့ ဝီလီယန်ဟာ အသင်းမှာ အဓိကကျတဲ့ ကစားသမားတစ်ဦးလည်းဖြစ်နေပြီး အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေ များပြားနေချိန်မှာ ကွင်းလယ်မှာရော တောင်ပံမှာပါ အသုံးပြုနိုင်သလို ဖန်တီးမှုနဲ့ ဂိုးသွင်းအားလည်း မြင့်မားသူတစ်ဦးဖြစ်လို့ အသက် ၃၁ နှစ် ရှိနေပေမယ့်လည်း အရေးပါတဲ့သူတစ်ဦးအဖြစ် ရှုမြင်ထားတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ စာချုပ်သစ် အဆင်မပြေတာကြောင့် နွေရာသီမှာ အသင်းကနေ ထွက်ခွာမယ်လို့ ဆိုထားခဲ့တဲ့ ဝီလီယန်အနေနဲ့ လန်ဒန်မှာပဲ ဆက်နေချင်တယ်လို့ ဆိုထားခဲ့တာကြောင့် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ကလည်း စောင့်ကြည့်နေကြပြီး ကစားသမားရဲ့ ချန်ပီယံလိဂ် ကစားချင်တဲ့ ဆန္ဒအတွက်တော့ ကြိုးစားရဖွယ်လည်း ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တွေကို ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သုံးပတ်တာ ရပ်နားမှာဖြစ်တဲ့အတွက် ဝီလီယန်ရဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေ ကျန်ရှိနေသေးတာမျိုးလည်းဖြစ်နေနိုင်တဲ့အတွက် အသင်းအနေနဲ့ သူ့ကို အနည်းဆုံး ဘောလုံးရာသီရဲ့ ပွဲစဉ်တွေ အားလုံးကုန်အောင် ကစားပေးဖို့အတွက် ထပ်မံညှိနှိုင်းသွားရဖွယ်လည်းရှိနေကြောင်း သိရှိရပါတယ်။

REF: EXPRESS
PHOTOS CREDIT TO OWNERS
SPORTS A2Z.