Premier League

ပရိသတ္ေတြဆီ အမွာစကားဆုိခဲ့ၿပီး က်န္းမာေရးဝန္ထမ္းေတြကိုလည္း ေက်းဇူးတင္ေနတဲ့ အုိေဇးလ္

အာဆင္နယ္အသင္းရဲ႕ နည္းျပ မုိက္ကယ္ အာတီတာအေနနဲ႔ ကို႐ိုနာဗုိင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ၿပီး အသင္းသားအားလုံးနဲ႔ အသင္းက ဝန္ထမ္းေတြ အားလုံးကို သူတုိ႔ရဲ႕ အိမ္ေတြမွာ ခြဲျခားထားမွဳ ျပဳလုပ္ခဲ့ရခ်ိန္မွာ အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ မီဆတ္ အုိေဇးလ္အေနနဲ႔ ပရိသတ္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြဆီကို အမွာစကားေျပာၾကားလုိက္ပါတယ္။

သူ႕ရဲ႕ တြစ္တာစာမ်က္ႏွာေပၚမွာ တြစ္တာက ခြင့္ျပဳတာထက္ ရွည္လ်ားတဲ့ စကားကို ေရးသားခဲ့တဲ့ အုိေဇးလ္အေနနဲ႔ ပုိ႔စ္ကို ႏွစ္ပုိ႔စ္ခြဲတင္ခဲ့ရၿပီး တစ္ပုိ႔စ္မွာေတာ့ အသင္းပရိသတ္ေတြနဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ရည္ရြယ္ခဲ့ၿပီး ေနာက္တစ္ပုိ႔စ္ကေတာ့ က်န္းမာေရးဝန္ထမ္းေတြကို ရည္ရြယ္ေျပာၾကားခဲ့တာလည္း ျဖစ္ပါတယ္။

“ေဘာလုံးဟာ လက္ရွိအေျခအေနမွာ အေရးမႀကီးေတာ့ပါဘူး။ လူတုိင္းလူတုိင္းရဲ႕ က်န္းမာေရးနဲ႔ ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ေနထုိင္ႏုိင္ေရးကသာ အေရးအႀကီးဆုံးပဲျဖစ္ပါတယ္။ အားလုံးအေနနဲ႔ ဂ႐ုတစိုက္ ႀကဳိတင္ကာကြယ္မွဳေတြကို လုပ္ေဆာင္ၾကဖို႔နဲ႔ အႏၲရာယ္ရွိတယ္ဆုိတာကို ေခါင္းထဲထည့္ထားၿပီး သတိနဲ႔ ေနထိုင္ၾကပါ”လုိ႔ အုိေဇးလ္က ပရိသတ္ေတြကို တုိက္တြန္းလုိက္ပါတယ္။

ဒါ့အျပင္ အုိေဇးလ္က ကမာၻနဲ႔ခ်ီၿပီး ျဖစ္ပြားေနတဲ့ ကပ္ေရာဂါဆိုႀကီးအတြက္ ဗုိင္းရပ္စ္ပိုးကို မျပန္႔ပြားေအာင္ ဝိုင္းဝန္းလုပ္ေဆာင္ ထိန္းခ်ဳပ္ဖို႔ ႀကဳိးစားေနၾကတဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ သိပၸံပညာရွင္ေတြကို ေက်းဇူးတင္ေၾကာင္း ထုတ္ေဖာ္သြားခဲ့ၿပီး သူတုိ႔ေတြအေနနဲ႔ ျမင့္မားတဲ့ ဖိအားေတြကို ရင္ဆုိင္ၿပီး အလုပ္လုပ္ေနၾကရတာေၾကာင့္ မိမိတုိ႔အေနနဲ႔ ေလးစားမိသလို လွဳိက္လွဳိက္လွဲလွဲ ေက်းဇူးတင္ေၾကာင္းဆုိခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္လူ မီဆတ္ အုိေဇးလ္ဟာ လူသားခ်င္းစာနာမွဳနဲ႔ တစ္ဖက္သားကို ဂ႐ုတစိုက္ ေတြးေခၚေပးတတ္မွဳတို႔အတြက္ လူသိမ်ား ခ်စ္ခင္ခံထားရသူတစ္ဦးလည္းျဖစ္ၿပီး ခုလို ေျပာစကားကိုလည္း သူ႕ရဲ႕ ပရိသတ္ေပါင္းေျမာက္ျမားစြာကလည္း ေဘးကင္းေစဖို႔ ျပန္လည္ဆုေတာင္းေပးခဲ့တယ္လို႔ သိရွိရပါတယ္။

REF: ARSENAL & OZIL’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ နည်းပြ မိုက်ကယ် အာတီတာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး အသင်းသားအားလုံးနဲ့ အသင်းက ဝန်ထမ်းတွေ အားလုံးကို သူတို့ရဲ့ အိမ်တွေမှာ ခွဲခြားထားမှု ပြုလုပ်ခဲ့ရချိန်မှာ အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် မီဆတ် အိုဇေးလ်အနေနဲ့ ပရိသတ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကို အမှာစကားပြောကြားလိုက်ပါတယ်။

သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ တွစ်တာက ခွင့်ပြုတာထက် ရှည်လျားတဲ့ စကားကို ရေးသားခဲ့တဲ့ အိုဇေးလ်အနေနဲ့ ပို့စ်ကို နှစ်ပို့စ်ခွဲတင်ခဲ့ရပြီး တစ်ပို့စ်မှာတော့ အသင်းပရိသတ်တွေနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ရည်ရွယ်ခဲ့ပြီး နောက်တစ်ပို့စ်ကတော့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“ဘောလုံးဟာ လက်ရှိအခြေအနေမှာ အရေးမကြီးတော့ပါဘူး။ လူတိုင်းလူတိုင်းရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကသာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ အားလုံးအနေနဲ့ ဂရုတစိုက် ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ကြဖို့နဲ့ အန္တရာယ်ရှိတယ်ဆိုတာကို ခေါင်းထဲထည့်ထားပြီး သတိနဲ့ နေထိုင်ကြပါ”လို့ အိုဇေးလ်က ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် အိုဇေးလ်က ကမ္ဘာနဲ့ချီပြီး ဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုကြီးအတွက် ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားအောင် ဝိုင်းဝန်းလုပ်ဆောင် ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သိပ္ပံပညာရှင်တွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်သွားခဲ့ပြီး သူတို့တွေအနေနဲ့ မြင့်မားတဲ့ ဖိအားတွေကို ရင်ဆိုင်ပြီး အလုပ်လုပ်နေကြရတာကြောင့် မိမိတို့အနေနဲ့ လေးစားမိသလို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ မီဆတ် အိုဇေးလ်ဟာ လူသားချင်းစာနာမှုနဲ့ တစ်ဖက်သားကို ဂရုတစိုက် တွေးခေါ်ပေးတတ်မှုတို့အတွက် လူသိများ ချစ်ခင်ခံထားရသူတစ်ဦးလည်းဖြစ်ပြီး ခုလို ပြောစကားကိုလည်း သူ့ရဲ့ ပရိသတ်ပေါင်းမြောက်မြားစွာကလည်း ဘေးကင်းစေဖို့ ပြန်လည်ဆုတောင်းပေးခဲ့တယ်လို့ သိရှိရပါတယ်။

REF: ARSENAL & OZIL’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.