Premier League Transfer News

7 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်မှာ သိသာထင်ရှားတဲ့ လက်ထိဘောကို ပင်နယ်တီငြင်းပယ်ခံရမှုအတွက် VAR အဖွဲ့က နီးကပ်လွန်းလို့ ရှောင်လို့မလွတ်တဲ့ အခြေအနေလို့ ရှင်းချက်ထုတ်သွားခဲ့ပေမယ့် ပရိသတ်တွေက ဒေါသထွက်နေကြချိန်မှာ နည်းပြ မီခယ်လ် အာတီတာကတော့ အဲ့ဒါဆို ဘယ်ဟာက ပင်နယ်တီလဲဆိုတာ ရှင်းပြဖို့ တောင်းဆိုသွားခဲ့။

– BT Sports ရဲ့ အစီအစဉ်မှာ ဒိုင်လူကြီးဆုံးဖြတ်ချက်တွေအတွက် အတိုင်ပင်ခံအဖြစ် ခန့်အပ်ထားခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ပီတာ ဝေါ်လ်တန်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ဒီပင်နယ်တီကို ရကို ရသင့်တယ်လို့ ဝေဖန်လိုက်ပြီး VAR ဒိုင် ကီဗင် ဖရန့်အနေနဲ့ အမှားလုပ်ခဲ့တယ်လို့ ပြစ်တင်သွားခဲ့။

– ဘန်လေအသင်းကို သရေကျခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက တစ်သင်းလုံးကို ပြောင်းလဲဖို့ လိုနေပြီလို့ နည်းပြ မီခယ်လ် အာတီတာကို ပြောကြားလိုက်ပြီး အခွင့်အရေးတွေ ဖြုန်းတီးမှုနဲ့ တစ်ဦးချင်း အမှားတွေက အသင်းနဲ့ မထိုက်တန်လို့ အနည်းဆုံး လေးငါးဦးကို အစားထိုးဖို့ ပြောကြား။

– အသင်းအနေနဲ့ ဂိုးလိုအပ်နေချိန်မှာ မာတင် အော်ဒီဂွါဒ်ကို လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို အာဆင်နယ်ပရိသတ်တွေက စိတ်ပျက်နေပြီး ပွဲကို အရှိန်သတ်လိုက်သလို ဖြစ်ခဲ့တယ်လို့ ဝေဖန်ခဲ့ကြသလို ဝီလီယန်ဟာလည်း အူဘာမီယန်းရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးကစားပုံမှာ ချာကာထက်တောင် ညံ့ဖျင်းခဲ့တယ်လို့ ဆိုနေကြ။

– ဂန္ထဝင်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက ဂိုးပေးခဲ့ရစေတဲ့ အမှားအတွက် ပြန်လည်တောင်းပန်ခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ အမှားအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် ဂိုးသမား ဘန်းဒ် လီနိုကို အမှုတွဲအဖြစ် ထည့်သွင်းလိုက်ပြီး သူ့အနေနဲ့ ကျပ်တည်းတဲ့ နေရာကို ပေးမယ့်အစား ကန်တင်ခဲ့သင့်ကြောင်းဆို။

– အာဆင်နယ်အသင်းအနေနဲ့ မီခယ်လ် အာတီတာကို နည်းပြအဖြစ် ခန့်အပ်မှုမှာ နည်းစနစ်ပိုင်းအရ ချီးကျူးစရာဖြစ်ခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းအရတော့ လိုအပ်ချက်တွေ များနေသေးကြီး ကစားသမားတွေကို စိတ်ဓာတ်မြှင့်တင်မပေးနိုင်သလို ဒီထက် ဝါရင်တဲ့ နည်းပြတစ်ဦးကို အစားထိုးသင့်တယ်လို့ တွေးမိကြောင်း ဂျိုးကိုးလ် ပြောကြား။

– တစ်ရာသီကို တိုက်စစ်မှူးကောင်းတစ်ဦး မွေးထုတ်ပေးနေတဲ့ ဘရန့်ဖို့ဒ်အသင်းအနေနဲ့ နီးလ် မော်ပေနဲ့ အိုလီ ဝပ်ကင်းစ်တို့ကို ရောင်းချခဲ့အပြီးမှာ လက်ရှိခြေစွမ်းပြနေတဲ့ အိုင်ဗန် တုန်နီကိုလည်း ရောင်းချသွားဖို့ ရှိနေပြီး အာဆင်နယ်က အလိုရှိနေတဲ့ ပစ်မှတ်ကို ပေါင်သန်း ၃၀ ဝန်းကျင် ရရှိရင် လက်လွှတ်သွားမယ်လို့ဆို။

– ဘာစီလိုနာအသင်းအနေနဲ့ ဒန်နီယယ်လ် အဲဗက်စ် မရှိကတည်းက ညာတောင်ပံမှာ တိုက်စစ်ကို အကောင်းဆုံးကစားနိုင်မယ့် နောက်ခံလူ တစ်ဦးကို ရှာဖွေနေရာမှာ ဆာဂျီညို ဒက်စ်နဲ့ ဒီရာသီမှာ ဖြည့်ဆည်းခဲ့ပေမယ့် သဘောမကျသေးဘဲ လာမာစီယာထွက် ဟက်တာ ဘယ်လာရင်ကို ရာသီကုန်မှာ ခေါ်ယူဖို့အတွက်ပဲ စိတ်အားထက်သန်နေ။

– ပွဲထွက်လာခဲ့အပြီး ဖြတ်တင်ဘောတွေက ပရိသတ်နှစ်သက်စရာဖြစ်ခဲ့တဲ့ ကယ်လမ် ချိမ်းဘားစ်ကို ညာနောက်ခံလူနေရာမှာ ထည့်သွင်းခဲ့တာဟာ သူ့ရှေ့က ဟက်တာ ဘယ်လာရင်နဲ့ ဆီးဒရစ်တို့မှာ ဒဏ်ရာရှိလို့ မဟုတ်ဘဲ အနားပေးဖို့အတွက် အလှည့်ကျ လူထုတ်ပုံကို ပြောင်းလဲခဲ့တာလို့ သိရ။

– လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းပြေးနေပြီး ရိုးမားအသင်းက ပြိုင်ပွဲကို ဦးဆောင်နေတယ်လို့ အသံကြားခဲ့ရတဲ့ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အတွက် ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေပြီး ဟာရီကိန်းကို ဆုံးရှုံးရဖွယ်ရှိနေတဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးစ်အသင်းကလည်း စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနဲ႔ ဘန္ေလအသင္းတို႔ရဲ႕ ပြဲစဥ္မွာ သိသာထင္ရွားတဲ့ လက္ထိေဘာကို ပင္နယ္တီျငင္းပယ္ခံရမႈအတြက္ VAR အဖြဲ႕က နီးကပ္လြန္းလို႔ ေရွာင္လို႔မလြတ္တဲ့ အေျခအေနလို႔ ရွင္းခ်က္ထုတ္သြားခဲ့ေပမယ့္ ပရိသတ္ေတြက ေဒါသထြက္ေနၾကခ်ိန္မွာ နည္းျပ မီခယ္လ္ အာတီတာကေတာ့ အဲ့ဒါဆို ဘယ္ဟာက ပင္နယ္တီလဲဆိုတာ ရွင္းျပဖို႔ ေတာင္းဆိုသြားခဲ့။

– BT Sports ရဲ႕ အစီအစဥ္မွာ ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ေတြအတြက္ အတိုင္ပင္ခံအျဖစ္ ခန႔္အပ္ထားခဲ့တဲ့ ပရီးမီးယားလိဂ္ ဒိုင္လူႀကီးေဟာင္း ပီတာ ေဝၚလ္တန္ကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီပင္နယ္တီကို ရကို ရသင့္တယ္လို႔ ေဝဖန္လိုက္ၿပီး VAR ဒိုင္ ကီဗင္ ဖရန႔္အေနနဲ႔ အမွားလုပ္ခဲ့တယ္လို႔ ျပစ္တင္သြားခဲ့။

– ဘန္ေလအသင္းကို သေရက်ခဲ့တဲ့ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက တစ္သင္းလုံးကို ေျပာင္းလဲဖို႔ လိုေနၿပီလို႔ နည္းျပ မီခယ္လ္ အာတီတာကို ေျပာၾကားလိုက္ၿပီး အခြင့္အေရးေတြ ျဖဳန္းတီးမႈနဲ႔ တစ္ဦးခ်င္း အမွားေတြက အသင္းနဲ႔ မထိုက္တန္လို႔ အနည္းဆုံး ေလးငါးဦးကို အစားထိုးဖို႔ ေျပာၾကား။

– အသင္းအေနနဲ႔ ဂိုးလိုအပ္ေနခ်ိန္မွာ မာတင္ ေအာ္ဒီဂြါဒ္ကို လူစားလဲခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို အာဆင္နယ္ပရိသတ္ေတြက စိတ္ပ်က္ေနၿပီး ပြဲကို အရွိန္သတ္လိုက္သလို ျဖစ္ခဲ့တယ္လို႔ ေဝဖန္ခဲ့ၾကသလို ဝီလီယန္ဟာလည္း အူဘာမီယန္းရဲ႕ ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ တစ္ပြဲလုံးကစားပုံမွာ ခ်ာကာထက္ေတာင္ ညံ့ဖ်င္းခဲ့တယ္လို႔ ဆိုေနၾက။

– ဂႏၴဝင္ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက ဂိုးေပးခဲ့ရေစတဲ့ အမွားအတြက္ ျပန္လည္ေတာင္းပန္ခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာရဲ႕ အမွားအတြက္ တာဝန္ရွိသူတစ္ဦးအျဖစ္ ဂိုးသမား ဘန္းဒ္ လီႏိုကို အမႈတြဲအျဖစ္ ထည့္သြင္းလိုက္ၿပီး သူ႔အေနနဲ႔ က်ပ္တည္းတဲ့ ေနရာကို ေပးမယ့္အစား ကန္တင္ခဲ့သင့္ေၾကာင္းဆို။

– အာဆင္နယ္အသင္းအေနနဲ႔ မီခယ္လ္ အာတီတာကို နည္းျပအျဖစ္ ခန႔္အပ္မႈမွာ နည္းစနစ္ပိုင္းအရ ခ်ီးက်ဴးစရာျဖစ္ခဲ့ေပမယ့္ စိတ္ဓာတ္ပိုင္းအရေတာ့ လိုအပ္ခ်က္ေတြ မ်ားေနေသးႀကီး ကစားသမားေတြကို စိတ္ဓာတ္ျမႇင့္တင္မေပးႏိုင္သလို ဒီထက္ ဝါရင္တဲ့ နည္းျပတစ္ဦးကို အစားထိုးသင့္တယ္လို႔ ေတြးမိေၾကာင္း ဂ်ိဳးကိုးလ္ ေျပာၾကား။

– တစ္ရာသီကို တိုက္စစ္မႉးေကာင္းတစ္ဦး ေမြးထုတ္ေပးေနတဲ့ ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ နီးလ္ ေမာ္ေပနဲ႔ အိုလီ ဝပ္ကင္းစ္တို႔ကို ေရာင္းခ်ခဲ့အၿပီးမွာ လက္ရွိေျခစြမ္းျပေနတဲ့ အိုင္ဗန္ တုန္နီကိုလည္း ေရာင္းခ်သြားဖို႔ ရွိေနၿပီး အာဆင္နယ္က အလိုရွိေနတဲ့ ပစ္မွတ္ကို ေပါင္သန္း ၃၀ ဝန္းက်င္ ရရွိရင္ လက္လႊတ္သြားမယ္လို႔ဆို။

– ဘာစီလိုနာအသင္းအေနနဲ႔ ဒန္နီယယ္လ္ အဲဗက္စ္ မရွိကတည္းက ညာေတာင္ပံမွာ တိုက္စစ္ကို အေကာင္းဆုံးကစားႏိုင္မယ့္ ေနာက္ခံလူ တစ္ဦးကို ရွာေဖြေနရာမွာ ဆာဂ်ီညိဳ ဒက္စ္နဲ႔ ဒီရာသီမွာ ျဖည့္ဆည္းခဲ့ေပမယ့္ သေဘာမက်ေသးဘဲ လာမာစီယာထြက္ ဟက္တာ ဘယ္လာရင္ကို ရာသီကုန္မွာ ေခၚယူဖို႔အတြက္ပဲ စိတ္အားထက္သန္ေန။

– ပြဲထြက္လာခဲ့အၿပီး ျဖတ္တင္ေဘာေတြက ပရိသတ္ႏွစ္သက္စရာျဖစ္ခဲ့တဲ့ ကယ္လမ္ ခ်ိမ္းဘားစ္ကို ညာေနာက္ခံလူေနရာမွာ ထည့္သြင္းခဲ့တာဟာ သူ႔ေရွ႕က ဟက္တာ ဘယ္လာရင္နဲ႔ ဆီးဒရစ္တို႔မွာ ဒဏ္ရာရွိလို႔ မဟုတ္ဘဲ အနားေပးဖို႔အတြက္ အလွည့္က် လူထုတ္ပုံကို ေျပာင္းလဲခဲ့တာလို႔ သိရ။

– လာမယ့္ ေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေျပးေနၿပီး ႐ိုးမားအသင္းက ၿပိဳင္ပြဲကို ဦးေဆာင္ေနတယ္လို႔ အသံၾကားခဲ့ရတဲ့ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္အတြက္ ဂ်ဴဗင္တပ္စ္အသင္းကလည္း စိတ္ဝင္စားေနၿပီး ဟာရီကိန္းကို ဆုံးရႈံးရဖြယ္ရွိေနတဲ့ ေျမာက္လန္ဒန္ဒါဘီၿပိဳင္ဘက္ စပါးစ္အသင္းကလည္း ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.