Premier League Transfer News

7 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးရဲ့ ထရိန်နင်မှာ နောက်ခံလူ နာသန် အာကေ ပြန်လည်ပါဝင်လာပြီး လူစုံနေပြီဖြစ်သလို ဖိုဒန် ခြေစွမ်းပြနေပြီး အဂွေရိုလည်း လေ့ကျင့်ခန်း အပြည့်အဝဆင်းနိုင်ခဲ့ချိန်မှာ ဂိုးသမား အီဒါဆန်ကတော့ လက်စွမ်းထက်နေတယ်လို့ မန်ချက်စတာဒါဘီ ပွဲကြိုမှာ Manchester Evening News ဖော်ပြသွား။

– သူ့ရဲ့ ကစားသမား အက်ဒရီယင် ရာဗျိုအနေနဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ အလိုရှိတဲ့ စာရင်းမှာ ပါဝင်နေပေမယ့် ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီနဲ့ အစ်တီဟတ်ဘက်က တာဝန်ရှိတဲ့ ဇီကီ ဘီဂီရီစတိန်းတို့ကြားမှာ သဘောတူညီမှု မရလို့ တူရင်မှာပဲ ဆက်နေဖြစ်ခဲ့တာလို့ အေးဂျင့်ထုတ်ဖော်သွား။

– အီတလီဂျာနယ်လစ် မာကို ကွန်တာရီယိုက မန်စီးတီးမှာ ဇင်ချန်ကို ကောင်းတယ်ဆိုတာ အတ္တလန်တာရဲ့ ရော်ဘင် ဂိုဆင်စ် အိပ်နေသလောက်ပဲ ရှိတယ်လို့ ပြောကြားလိုက်ပြီး ဘင်ဂျမင် မန်ဒီနေရာကို အစားထိုးမယ့် ဂျာမန်သားအတွက် ယူရိုသန်း ၄၀ ကျသင့်နိုင်တယ်လို့ ပြောကြား။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားတွေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသုံးပြုလာဖို့ ရှိနေပြီး နောက်ခံလူ ဂျွန်စတုန်းစ်နဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်တို့ ပါဝင်လာမှာဖြစ်သလို တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်အစား ကီဗင် ဒီဘရိုင်းနားကိုပဲ False 9 အဖြစ် ပွဲထုတ်လာနိုင်။

– ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးတို့ အလိုရှိခဲ့တဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ဝုလ်ဗာဟမ့်ပ်တန်အသင်းအနေနဲ့ လာမယ့် နွေရာသီမှာ ထုတ်ရောင်းဖို့ စီစဉ်နေပေမယ့် ဂွါဒီယိုလာရဲ့ ဦးစားပေး ပစ်မှတ်က ဒေါ့မွန်ရဲ့ အာလင်း ဟားလန်းဖြစ်နေတာကြောင့် အခြေအနေကို စောင့်ကြည့်သွားရုံသာ ရှိနိုင်ကြောင်း ခန့်မှန်းနေကြ။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ မန်စီးတီးတို့ဘက်က စာချုပ်သက်တမ်း မတိုးတော့ဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာနေခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ဝါရင့်ကစားသမားအနေနဲ့ စွန့်စားခန်းသစ်ကို စိတ်ဝင်စားဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းရဲ့ လက်ရှိနည်းစနစ်အဖွဲ့ရဲ့ စောင့်ကြည့်စာရင်းထဲမှာ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်က ထိပ်ဆုံးက ပါဝင်နေပြီး ပြီးခဲ့တဲ့ ရာသီက မက်ဆီနဲ့ လဲမယ်ဆိုတုန်းကလည်း သူ့ကို ခေါ်ယူဖို့ အဆင်သင့်ရှိခဲ့သလို မန်စီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ဟားလန်းကို ခေါ်ယူနိုင်ရင်တော့ ရောင်းချသွားနိုင်ခြေရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူတို့အသင်းအနေနဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အနိုင်ယူဖို့ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ရာသီကုန်မှာ ရပ်တည်မှုကောင်းစေဖို့အတွက် ဒီပွဲက အရေးကြီးကြောင်း အသင်းဖော်တွေကို သတိပေးသွား။

– လာမယ့် မန်ချက်စတာဒါဘီမှာ နိုင်ပွဲဆက် ၂၁ ပွဲ စံချိန်ရရှိထားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အဝေးကွင်းရှုံးပွဲမရှိ ၂၁ ပွဲစံချိန်ရရှိထားခဲ့တဲ့ ယူနိုက်တက်တို့ နှစ်သင်းကြား ၂၁ ထက် ပိုလွန်တဲ့ စံချိန်အတွက် စီးချင်းထိုးကြရမှာဖြစ်ပြီး အားလုံး အံ့အားသင့်ရနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ဖို့ လန်ဒန်အခြေစိုက်သတင်းဌာန AFP ခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးရဲ႕ ထရိန္နင္မွာ ေနာက္ခံလူ နာသန္ အာေက ျပန္လည္ပါဝင္လာၿပီး လူစုံေနၿပီျဖစ္သလို ဖိုဒန္ ေျခစြမ္းျပေနၿပီး အေဂြ႐ိုလည္း ေလ့က်င့္ခန္း အျပည့္အဝဆင္းႏိုင္ခဲ့ခ်ိန္မွာ ဂိုးသမား အီဒါဆန္ကေတာ့ လက္စြမ္းထက္ေနတယ္လို႔ မန္ခ်က္စတာဒါဘီ ပြဲႀကိဳမွာ Manchester Evening News ေဖာ္ျပသြား။

– သူ႔ရဲ႕ ကစားသမား အက္ဒရီယင္ ရာဗ်ိဳအေနနဲ႔ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ အလိုရွိတဲ့ စာရင္းမွာ ပါဝင္ေနေပမယ့္ ဂ်ဴဗင္တပ္စ္အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီနဲ႔ အစ္တီဟတ္ဘက္က တာဝန္ရွိတဲ့ ဇီကီ ဘီဂီရီစတိန္းတို႔ၾကားမွာ သေဘာတူညီမႈ မရလို႔ တူရင္မွာပဲ ဆက္ေနျဖစ္ခဲ့တာလို႔ ေအးဂ်င့္ထုတ္ေဖာ္သြား။

– အီတလီဂ်ာနယ္လစ္ မာကို ကြန္တာရီယိုက မန္စီးတီးမွာ ဇင္ခ်န္ကို ေကာင္းတယ္ဆိုတာ အတၱလန္တာရဲ႕ ေရာ္ဘင္ ဂိုဆင္စ္ အိပ္ေနသေလာက္ပဲ ရွိတယ္လို႔ ေျပာၾကားလိုက္ၿပီး ဘင္ဂ်မင္ မန္ဒီေနရာကို အစားထိုးမယ့္ ဂ်ာမန္သားအတြက္ ယူ႐ိုသန္း ၄၀ က်သင့္ႏိုင္တယ္လို႔ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေျခစြမ္းအတည္ၿငိမ္ဆုံး ကစားသမားေတြနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အသုံးျပဳလာဖို႔ ရွိေနၿပီး ေနာက္ခံလူ ဂြၽန္စတုန္းစ္နဲ႔ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္တို႔ ပါဝင္လာမွာျဖစ္သလို တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္အစား ကီဗင္ ဒီဘ႐ိုင္းနားကိုပဲ False 9 အျဖစ္ ပြဲထုတ္လာႏိုင္။

– ၿပီးခဲ့တဲ့ ေႏြရာသီက မန္စီးတီးတို႔ အလိုရွိခဲ့တဲ့ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ဝုလ္ဗာဟမ့္ပ္တန္အသင္းအေနနဲ႔ လာမယ့္ ေႏြရာသီမွာ ထုတ္ေရာင္းဖို႔ စီစဥ္ေနေပမယ့္ ဂြါဒီယိုလာရဲ႕ ဦးစားေပး ပစ္မွတ္က ေဒါ့မြန္ရဲ႕ အာလင္း ဟားလန္းျဖစ္ေနတာေၾကာင့္ အေျခအေနကို ေစာင့္ၾကည့္သြား႐ုံသာ ရွိႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ မန္စီးတီးတို႔ဘက္က စာခ်ဳပ္သက္တမ္း မတိုးေတာ့ဖို႔ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ေသခ်ာေနခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားဖို႔ ပစ္မွတ္ထားေနၿပီး ဝါရင့္ကစားသမားအေနနဲ႔ စြန႔္စားခန္းသစ္ကို စိတ္ဝင္စားဖြယ္ရွိေန။

– ဘာစီလိုနာအသင္းရဲ႕ လက္ရွိနည္းစနစ္အဖြဲ႕ရဲ႕ ေစာင့္ၾကည့္စာရင္းထဲမွာ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္က ထိပ္ဆုံးက ပါဝင္ေနၿပီး ၿပီးခဲ့တဲ့ ရာသီက မက္ဆီနဲ႔ လဲမယ္ဆိုတုန္းကလည္း သူ႔ကို ေခၚယူဖို႔ အဆင္သင့္ရွိခဲ့သလို မန္စီးတီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ ဟားလန္းကို ေခၚယူႏိုင္ရင္ေတာ့ ေရာင္းခ်သြားႏိုင္ေျခရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က သူတို႔အသင္းအေနနဲ႔ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို အႏိုင္ယူဖို႔ မျဖစ္မေန လုပ္ေဆာင္ရမွာျဖစ္ၿပီး ရာသီကုန္မွာ ရပ္တည္မႈေကာင္းေစဖို႔အတြက္ ဒီပြဲက အေရးႀကီးေၾကာင္း အသင္းေဖာ္ေတြကို သတိေပးသြား။

– လာမယ့္ မန္ခ်က္စတာဒါဘီမွာ ႏိုင္ပြဲဆက္ ၂၁ ပြဲ စံခ်ိန္ရရွိထားခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ အေဝးကြင္းရႈံးပြဲမရွိ ၂၁ ပြဲစံခ်ိန္ရရွိထားခဲ့တဲ့ ယူႏိုက္တက္တို႔ ႏွစ္သင္းၾကား ၂၁ ထက္ ပိုလြန္တဲ့ စံခ်ိန္အတြက္ စီးခ်င္းထိုးၾကရမွာျဖစ္ၿပီး အားလုံး အံ့အားသင့္ရႏိုင္တဲ့ ပြဲတစ္ပြဲျဖစ္ဖို႔ လန္ဒန္အေျခစိုက္သတင္းဌာန AFP ခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.