Match Report Premier League

ဘန်လေကွင်းမှာ အမှားတွေနဲ့ သရေကျပြီး VAR ကြောင့် အနိုင်မရခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ညာနောက်ခံလူနှစ်ယောက်စလုံးကို ချန်လှပ်ထားခဲ့ပြီး သူတို့နေရာမှာ ခံစစ်ကို ပိုကူနိုင်တဲ့ ကယ်လမ် ချိမ်းဘားစ်ကို အသုံးပြုခဲ့သလို ပါဘလို မာရီ၊ ဒေးဗစ် လူးဝစ်ဇ်တို့နဲ့ ခံစစ်မှာ အထိုင်ချခဲ့သလို ဒါက ဘယ်နောက်ခံလူ တီယာနီ တိုက်စစ်ကို လွတ်လွတ် လပ်လပ် လိုက်ပါချိန်မှာ 3 Back ကစားနိုင်ဖို့ ရည်ရွယ်ခဲ့ပုံလည်း ရပါတယ်။

အရင်ထက်စာရင် အပေးအကမ်းတွေ ပိုကောင်းလာတဲ့ ဝီလီယန်ရဲ့ ဘောလုံးဖြန့်ဝေမှုနဲ့ ကွင်းလယ်မှာ ပါဝင်ခဲ့တဲ့ အော်ဒီဂွါဒ်တို့ရဲ့ Intelligence က ဘန်လေနောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး ဘယ်နောက်ခံလူ တီယာနီကတော့ ဘယ်တောင်ပံကစားသမားအဖြစ် တိုက်စစ်ဆင်ချိန်မှာ လိုက်ပါကစားခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ အာဆင်နယ်တို့ရဲ့ လီနိုကနေ စတင်ခဲ့တဲ့ Build-up Play ကနေ ပါတေးက ဘန်လေရဲ့ ဖိအားပေးမှုကို ကျော်ဖြတ်ပြီး ဝီလီယန်က ရရှိသွားချိန်မှာ ခင်းပေးလိုက်တဲ့ ဘောလုံးကို အူဘာမီယန်းက တစ်ဖက်နောက်ခံလူ သုံးယောက်ကြားကနေ အနီးတိုင်ခြေကို လိမ်ခေါက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား နစ်ခ် ပုပ်ရဲ့ လက်ဖျားနဲ့ ထိရုံထိပြီး ပထမဆုံးကန်ချက်မှာပဲ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဂယ်ရက် ဆောက်ဂိတ် လာရောက်ကြည့်ရှုတဲ့ ဒီပွဲမှာ ဘန်လေတို့ အိမ်ရှင်အားနဲ့ ချေပဂိုးရဖို့ အမြင့်ဘော၊ အဝေးဘောတွေနဲ့ ဖိကစားလာခဲ့ပေမယ့် အာဆင်နယ်ခံစစ်က ဣန္ဒြေရရ ရှင်းထုတ်သွားနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေကိုတော့ သိပ်ပြီး ပုံဖော်နိုင်ခဲ့ခြင်းမရှိလို့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဖိအားပေးရုံပဲ ရှိခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ အူဘာမီယန်းနဲ့ အတွဲအဖက်ကနေ ဆာကာကန်ခွင့်ရပေမယ့် တိုင်ဘေးက ထွက်သွားခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အော်ဒီဂွါဒ် လိုက်လံရယူပြီး ပြန်ခင်းပေးတာကို ပါတေးက ပွဲကြည့်စင်ပေါ် ကန်ပစ်ခဲ့လို့ အခွင့်အရေးတစ်ခု နစ်နာခဲ့ရသလို စမစ်ရိုး မပါဝင်ချိန်မှာ အသင်းရဲ့ ချိတ်ဆက်မှုက ထင်သလောက် မချောမွေ့ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ကွင်းလယ်လူ ချာကာရဲ့ အမှားကနေ အာဆင်နယ်တို့ ဂိုးပြန်ပေးခဲ့ရပြီး ကိုယ့်နောက်က တစ်ဖက်အသင်းသား လိုက်လာသလားဆိုတာ မကြည့်ဘဲ ဘောလုံးပေးလိုက်တာက ဘန်လေတိုက်စစ်မှူး ခရစ္စ ဝုဒ် ဘာမှတောင် မလုပ်လိုက်ရဘဲ သူ့ကိုယ်လုံးနဲ့ထိပြီး ဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ အာဆင်နယ်တို့ ဘောလုံးကို ခြေထဲထားပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဆာကာနဲ့ အော်ဒီဂွါဒ်တို့ အပိုင်အခွင့်အရေး မရသလို အူဘာမီယန်းကလည်း ဘယ်ခြမ်းမှာနေပြီး အတွင်းကို ဘောလုံးလာမှ ဝင်တဲ့အတွက် တွဲလုံးတွေမှာ အားနည်းနေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အရည်အချင်းမပြည့်တဲ့ ဒိုင်လူကြီးတွေကြောင့် အာဆင်နယ်တို့ ခေါင်းကိုက်ခဲ့ရပြီး ပေပေ ထိုးဖောက်လာချိန်မှာ ဘန်လေနောက်ခံလူ အဲရစ် ပီတာစ် နှစ်ကြိမ်တိုင်တိုင် လက်ထိခဲ့ပေမယ့် တစ်ကြိမ်မှ ပင်နယ်တီမဖြစ်ခဲ့တာကတော့ ရယ်စရာကောင်းလွန်းပြီး VAR ကို ဘယ်သူမှ အယုံအကြည်မရှိတော့အောင် လုပ်ခဲ့သလိုပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ တီယာနီရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ပေပေက မယုံနိုင်လောက်အောင် ချော်ကန်သွားခဲ့ပြီး အားလုံးကို မချင့်မရဲ ဖြစ်စေခဲ့သလို ၈၅ မိနစ်က ပေပေရဲ့ ကန်ချက်ကိုလည်း ပီတာစ် တားဆီးရာမှာ အနီကတ်နဲ့ ပင်နယ်တီ သတ်မှတ်ခဲ့ပေမယ့် ပုခုံးစွန်းနဲ့ ထိခဲ့တာပဲ ဖြစ်တယ်ဆိုပြီး VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာက ပထမအမှားကို သိက္ခာဆယ်သလိုဖြစ်ခဲ့ပေမယ့် အာဆင်နယ်တို့အတွက် နစ်နာစရာပဲဖြစ်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ နာကျင်အချိန်ပိုအထိ အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ၉၃ မိနစ်မှာ အူဘာမီယန်းရဲ့ ကန်ချက်ကို တစ်ဖက်ကပ္ပတိန် ဘန်မီး ပိတ်ဆို့သွားခဲ့သလို စီဘာယော့စ်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့လို့ အဝေးကွင်းမှာ သရေနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဘန်လေတို့နဲ့ တစ်မှတ်စီသာ ခွဲဝေခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့ အဆင့် ၁၀ မှာပဲ ဆက်လက်ရပ်တည်ခဲ့သလို နည်းပြ အာတီတာအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လာမယ့်ပွဲတွေမှာ ဒီလိုမျိုး အမှားတွေနဲ့ ပေါ့ဆမှုတွေကို မပြင်နိုင်ဘူးဆိုရင် VAR ရဲ့ ဘယ်တုန်းကမှ သူတို့ဘက် မရှိပုံနဲ့ ဥရောပဝင်ခွင့်အတွက် ခက်ခဲသထက် ခက်ခဲလာနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ညာေနာက္ခံလူႏွစ္ေယာက္စလုံးကို ခ်န္လွပ္ထားခဲ့ၿပီး သူတို႔ေနရာမွာ ခံစစ္ကို ပိုကူႏိုင္တဲ့ ကယ္လမ္ ခ်ိမ္းဘားစ္ကို အသုံးျပဳခဲ့သလို ပါဘလို မာရီ၊ ေဒးဗစ္ လူးဝစ္ဇ္တို႔နဲ႔ ခံစစ္မွာ အထိုင္ခ်ခဲ့သလို ဒါက ဘယ္ေနာက္ခံလူ တီယာနီ တိုက္စစ္ကို လြတ္လြတ္ လပ္လပ္ လိုက္ပါခ်ိန္မွာ 3 Back ကစားႏိုင္ဖို႔ ရည္႐ြယ္ခဲ့ပုံလည္း ရပါတယ္။

အရင္ထက္စာရင္ အေပးအကမ္းေတြ ပိုေကာင္းလာတဲ့ ဝီလီယန္ရဲ႕ ေဘာလုံးျဖန႔္ေဝမႈနဲ႔ ကြင္းလယ္မွာ ပါဝင္ခဲ့တဲ့ ေအာ္ဒီဂြါဒ္တို႔ရဲ႕ Intelligence က ဘန္ေလေနာက္တန္းကို ဒုကၡေပးႏိုင္ခဲ့ၿပီး ဘယ္ေနာက္ခံလူ တီယာနီကေတာ့ ဘယ္ေတာင္ပံကစားသမားအျဖစ္ တိုက္စစ္ဆင္ခ်ိန္မွာ လိုက္ပါကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ရဲ႕ လီႏိုကေန စတင္ခဲ့တဲ့ Build-up Play ကေန ပါေတးက ဘန္ေလရဲ႕ ဖိအားေပးမႈကို ေက်ာ္ျဖတ္ၿပီး ဝီလီယန္က ရရွိသြားခ်ိန္မွာ ခင္းေပးလိုက္တဲ့ ေဘာလုံးကို အူဘာမီယန္းက တစ္ဖက္ေနာက္ခံလူ သုံးေယာက္ၾကားကေန အနီးတိုင္ေျခကို လိမ္ေခါက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား နစ္ခ္ ပုပ္ရဲ႕ လက္ဖ်ားနဲ႔ ထိ႐ုံထိၿပီး ပထမဆုံးကန္ခ်က္မွာပဲ အဖြင့္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

အဂၤလန္နည္းျပ ဂယ္ရက္ ေဆာက္ဂိတ္ လာေရာက္ၾကည့္ရႈတဲ့ ဒီပြဲမွာ ဘန္ေလတို႔ အိမ္ရွင္အားနဲ႔ ေခ်ပဂိုးရဖို႔ အျမင့္ေဘာ၊ အေဝးေဘာေတြနဲ႔ ဖိကစားလာခဲ့ေပမယ့္ အာဆင္နယ္ခံစစ္က ဣေျႏၵရရ ရွင္းထုတ္သြားႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြကိုေတာ့ သိပ္ၿပီး ပုံေဖာ္ႏိုင္ခဲ့ျခင္းမရွိလို႔ တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ဖိအားေပး႐ုံပဲ ရွိခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာ အူဘာမီယန္းနဲ႔ အတြဲအဖက္ကေန ဆာကာကန္ခြင့္ရေပမယ့္ တိုင္ေဘးက ထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေအာ္ဒီဂြါဒ္ လိုက္လံရယူၿပီး ျပန္ခင္းေပးတာကို ပါေတးက ပြဲၾကည့္စင္ေပၚ ကန္ပစ္ခဲ့လို႔ အခြင့္အေရးတစ္ခု နစ္နာခဲ့ရသလို စမစ္႐ိုး မပါဝင္ခ်ိန္မွာ အသင္းရဲ႕ ခ်ိတ္ဆက္မႈက ထင္သေလာက္ မေခ်ာေမြ႕ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ကြင္းလယ္လူ ခ်ာကာရဲ႕ အမွားကေန အာဆင္နယ္တို႔ ဂိုးျပန္ေပးခဲ့ရၿပီး ကိုယ့္ေနာက္က တစ္ဖက္အသင္းသား လိုက္လာသလားဆိုတာ မၾကည့္ဘဲ ေဘာလုံးေပးလိုက္တာက ဘန္ေလတိုက္စစ္မႉး ခရစၥ ဝုဒ္ ဘာမွေတာင္ မလုပ္လိုက္ရဘဲ သူ႔ကိုယ္လုံးနဲ႔ထိၿပီး ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ အာဆင္နယ္တို႔ ေဘာလုံးကို ေျခထဲထားၿပီး ထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ အပိုင္အခြင့္အေရး မရသလို အူဘာမီယန္းကလည္း ဘယ္ျခမ္းမွာေနၿပီး အတြင္းကို ေဘာလုံးလာမွ ဝင္တဲ့အတြက္ တြဲလုံးေတြမွာ အားနည္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အရည္အခ်င္းမျပည့္တဲ့ ဒိုင္လူႀကီးေတြေၾကာင့္ အာဆင္နယ္တို႔ ေခါင္းကိုက္ခဲ့ရၿပီး ေပေပ ထိုးေဖာက္လာခ်ိန္မွာ ဘန္ေလေနာက္ခံလူ အဲရစ္ ပီတာစ္ ႏွစ္ႀကိမ္တိုင္တိုင္ လက္ထိခဲ့ေပမယ့္ တစ္ႀကိမ္မွ ပင္နယ္တီမျဖစ္ခဲ့တာကေတာ့ ရယ္စရာေကာင္းလြန္းၿပီး VAR ကို ဘယ္သူမွ အယုံအၾကည္မရွိေတာ့ေအာင္ လုပ္ခဲ့သလိုပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တီယာနီရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို ေပေပက မယုံႏိုင္ေလာက္ေအာင္ ေခ်ာ္ကန္သြားခဲ့ၿပီး အားလုံးကို မခ်င့္မရဲ ျဖစ္ေစခဲ့သလို ၈၅ မိနစ္က ေပေပရဲ႕ ကန္ခ်က္ကိုလည္း ပီတာစ္ တားဆီးရာမွာ အနီကတ္နဲ႔ ပင္နယ္တီ သတ္မွတ္ခဲ့ေပမယ့္ ပုခုံးစြန္းနဲ႔ ထိခဲ့တာပဲ ျဖစ္တယ္ဆိုၿပီး VAR နဲ႔ ျပန္လည္ပယ္ဖ်က္ခဲ့တာက ပထမအမွားကို သိကၡာဆယ္သလိုျဖစ္ခဲ့ေပမယ့္ အာဆင္နယ္တို႔အတြက္ နစ္နာစရာပဲျဖစ္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ နာက်င္အခ်ိန္ပိုအထိ အာဆင္နယ္တို႔ ဖိကစားခဲ့ေပမယ့္ ၉၃ မိနစ္မွာ အူဘာမီယန္းရဲ႕ ကန္ခ်က္ကို တစ္ဖက္ကပၸတိန္ ဘန္မီး ပိတ္ဆို႔သြားခဲ့သလို စီဘာေယာ့စ္ရဲ႕ ကန္ခ်က္ကလည္း တိုင္ထိထြက္ခဲ့လို႔ အေဝးကြင္းမွာ သေရနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ဘန္ေလတို႔နဲ႔ တစ္မွတ္စီသာ ခြဲေဝခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ အာဆင္နယ္တို႔ အဆင့္ ၁၀ မွာပဲ ဆက္လက္ရပ္တည္ခဲ့သလို နည္းျပ အာတီတာအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး လာမယ့္ပြဲေတြမွာ ဒီလိုမ်ိဳး အမွားေတြနဲ႔ ေပါ့ဆမႈေတြကို မျပင္ႏိုင္ဘူးဆိုရင္ VAR ရဲ႕ ဘယ္တုန္းကမွ သူတို႔ဘက္ မရွိပုံနဲ႔ ဥေရာပဝင္ခြင့္အတြက္ ခက္ခဲသထက္ ခက္ခဲလာႏိုင္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.