Premier League

ဂိုးေတြ ဆက္တုိက္သြင္းျပေနတဲ့ အီဂါလိုကို မန္ခ်က္စတာယူႏုိက္တက္ အၿပီးသတ္ေခၚယူဖို႔ နီးစပ္ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့တဲ့ ပြဲတုိင္းမွာ ဂိုးသြင္းယူျပႏုိင္ခဲ့တဲ့ ႏိုင္ဂ်ီးရီးယားတုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို အငွားစာခ်ဳပ္နဲ႔ ေခၚယူထားရာကေန အၿပီးသတ္ေခၚယူသြားဖြယ္ရွိေၾကာင္း နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက ခ်ီးက်ဴးမွဳေတြနဲ႔ အရိပ္အျမြက္ ေျပာၾကားသြားခဲ့ပါတယ္။

အသင္းအတြက္ ၈ ပြဲ ပါဝင္ကစားၿပီးခ်ိန္မွာ ၄ ဂိုး သြင္းယူထားခဲ့ၿပီး သူ႕လိုပဲ ဇန္နဝါရီ ေခၚယူမွဳျဖစ္သူ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔အတူ ေျခစြမ္းျပသႏုိင္ခဲ့တဲ့ အီဂါလိုအတြက္ နည္းျပ ဆုိးလ္ရွားက သေဘာက်ေနၿပီး သူ႕အလုပ္သူ အေကာင္းဆုံးလုပ္ေဆာင္ႏုိင္တဲ့ အရည္အေသြးျပည့္ဝသူလို႔ အမည္တပ္ခဲ့ပါတယ္။

“အိုဒီယြန္ဟာ ဒီအသင္းကို ေရာက္လာကတည္းက လုပ္ျပႏုိင္ခဲ့တဲ့ အရာေတြမ်ားခဲ့ၿပီျဖစ္ၿပီး သူလည္း ဒါကို ေပ်ာ္ေနပုံပါပဲ”လို႔ အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္းတစ္ျဖစ္လဲ နည္းျပျဖစ္သူက ဆုိခဲ့ၿပီး တစ္ပြဲၿပီးတစ္ပြဲ ပုိေကာင္းလာခဲ့တဲ့ ႏိုင္ဂ်ီးရီးယားသားအေနနဲ႔ လာမယ့္ရာသီမွာ အသင္းကို ခ်န္ပီယံလိဂ္ကစားခြင့္ကိုလည္း ကူညီေပးႏုိင္လိမ့္မယ္လို႔ ယူဆေနပါတယ္။

“သူက တုိက္စစ္မွဴးေကာင္းတစ္ေယာက္ျဖစ္ၿပီး ဂိုးသြင္းေကာင္းသူတစ္ဦးလည္းျဖစ္ပါတယ္။ အပိုေတြ လုပ္ဖို႔ စဥ္းစားသူမဟုတ္ဘဲ ကစားကြက္ ဖန္တီးဖို႔ထက္ ဂိုးသြင္းဖို႔ ေနရာမွာပဲ ရွိေနတတ္သူပါ။ သူ႕အလုပ္က ဂိုးသြင္းဖို႔ဆုိတာ သူသိထားၿပီး အေထာင္တုိက္စစ္ေနရာကေန အသင္းရဲ႕ ဆုံခ်က္ ျဖစ္ေနဖို႔ အျမဲအဆင့္သင့္ျဖစ္ေနခဲ့တာပါ”လုိ႔ ဆုိးလ္ရွားက ဆုိပါတယ္။

LASK နဲ႔ပြဲမွာ ေဘာလုံးကို သုံးခ်က္လွလွပပ ေတာ့ျပၿပီး ေလးခ်က္ေျမာက္မွာ ဂိုးကန္သြင္းရယူသြားခဲ့တဲ့ အလုပ္က အရည္အေသြးအျမင့္ လွဳပ္ရွားမွဳျဖစ္ၿပီး သူ႕အတြက္ ေနရာလြတ္ကို သူကိုယ္တုိင္ ဖန္တီးသြားခဲ့တာျဖစ္ေၾကာင္းနဲ႔ ဒီလိုမ်ဳိးအဆုံးသတ္မွဳေတြ ျပဳလုပ္ႏုိင္ခဲ့တဲ့အတြက္ မိမိတုိ႔အေနနဲ႔ ေပ်ာ္ရႊင္ဂုဏ္ယူမိေၾကာင္း နည္းျပ ဆုိးလ္ရွားက ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: BT SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ပွဲတိုင်းမှာ ဂိုးသွင်းယူပြနိုင်ခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို အငှားစာချုပ်နဲ့ ခေါ်ယူထားရာကနေ အပြီးသတ်ခေါ်ယူသွားဖွယ်ရှိကြောင်း နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ချီးကျူးမှုတွေနဲ့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

အသင်းအတွက် ၈ ပွဲ ပါဝင်ကစားပြီးချိန်မှာ ၄ ဂိုး သွင်းယူထားခဲ့ပြီး သူ့လိုပဲ ဇန်နဝါရီ ခေါ်ယူမှုဖြစ်သူ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်နဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီဂါလိုအတွက် နည်းပြ ဆိုးလ်ရှားက သဘောကျနေပြီး သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အရည်အသွေးပြည့်ဝသူလို့ အမည်တပ်ခဲ့ပါတယ်။

“အိုဒီယွန်ဟာ ဒီအသင်းကို ရောက်လာကတည်းက လုပ်ပြနိုင်ခဲ့တဲ့ အရာတွေများခဲ့ပြီဖြစ်ပြီး သူလည်း ဒါကို ပျော်နေပုံပါပဲ”လို့ အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဖြစ်လဲ နည်းပြဖြစ်သူက ဆိုခဲ့ပြီး တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာခဲ့တဲ့ နိုင်ဂျီးရီးယားသားအနေနဲ့ လာမယ့်ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ကစားခွင့်ကိုလည်း ကူညီပေးနိုင်လိမ့်မယ်လို့ ယူဆနေပါတယ်။

“သူက တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ အပိုတွေ လုပ်ဖို့ စဉ်းစားသူမဟုတ်ဘဲ ကစားကွက် ဖန်တီးဖို့ထက် ဂိုးသွင်းဖို့ နေရာမှာပဲ ရှိနေတတ်သူပါ။ သူ့အလုပ်က ဂိုးသွင်းဖို့ဆိုတာ သူသိထားပြီး အထောင်တိုက်စစ်နေရာကနေ အသင်းရဲ့ ဆုံချက် ဖြစ်နေဖို့ အမြဲအဆင့်သင့်ဖြစ်နေခဲ့တာပါ”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

LASK နဲ့ပွဲမှာ ဘောလုံးကို သုံးချက်လှလှပပ တော့ပြပြီး လေးချက်မြောက်မှာ ဂိုးကန်သွင်းရယူသွားခဲ့တဲ့ အလုပ်က အရည်အသွေးအမြင့် လှုပ်ရှားမှုဖြစ်ပြီး သူ့အတွက် နေရာလွတ်ကို သူကိုယ်တိုင် ဖန်တီးသွားခဲ့တာဖြစ်ကြောင်းနဲ့ ဒီလိုမျိုးအဆုံးသတ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အတွက် မိမိတို့အနေနဲ့ ပျော်ရွှင်ဂုဏ်ယူမိကြောင်း နည်းပြ ဆိုးလ်ရှားက ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: BT SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.