Premier League Transfer News

6 Mar နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီပစ်မှတ် နံပါတ် ၉ တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ ပေါင် ၁၂၉ သန်းအထိ သုံးစွဲရနိုင်တယ်လို့ သိရပြီး ဒေါ့မွန်ဆီက တောင်ပံကစားသမား ဂျေဆန် ဆန်ချိုကို ခေါ်ဖို့အတွက်တော့ ရပ်တန့်ရဖွယ်ရှိနေ။

– အိုးထရက်ဖို့ဒ်ရဲ့ ဂိုးပေါက်မှာ ဒင်းန် ဟန်ဒါဆန်နဲ့အတူ ပါဝါပြိုင်ဆိုင်မှုနဲ့အတူ လက်စွမ်းက မကွာဟတော့ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ အထိ ပေးချေနေရတဲ့ စပိန်ဂိုးသမား ဒေးဗစ် ဒဟေးယားအတွက် နွေရာသီမှာ ပေါင်သန်း ၅၀ ရရှိရင် ရောင်းချသွားဖို့ စီစဉ်နေ။

– လာမယ့်နွေရာသီမှာ အသက် ၃၀ ပြည့်တော့မှာဖြစ်ပြီး သက်ကြီးပိုင်းထဲကို ဝင်ရောက်တော့မယ့် နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် အသက်သာဆုံး ဈေးနှုန်းတစ်ရပ်ဖြစ်တဲ့ ယူရို ၄၅ သန်း (ပေါင် ၃၈.၇ သန်း)နဲ့ ခေါ်ယူနိုင်မှာဖြစ်လို့ ယူနိုက်တက်တို့အနေနဲ့ ရေတိုသုံးစွဲမှုအတွက် စဉ်းစားနေ။

– ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ဂျိုဆေး မော်ရင်ညို လုပ်သွားခဲ့ပြီး သူ့အတွက် မလုပ်ချင်ဆုံး အလုပ်တစ်ခုကို စတင်လုပ်ဆောင်ရဖို့ ရှိနေပြီး ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို လူသိရှင်ကြား ဝေဖန်ပြစ်တင်တာမျိုးတွေနဲ့ ဂရင်းဝုဒ်၊ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ 3M တိုက်စစ်ကို ကိုင်တွယ်ရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အတွက် စပို့တင်းလစ္စဘွန်းအသင်းဆီကို တစ်မျိုးပြီးတစ်မျိုး ဆုကြေးခံစားခွင့် ပေးနေရတဲ့အထဲမှာ နောက်ထပ် ကုန်ကျရနိုင်ခြေရှိနေပြီး ဒီတစ်နှစ်တာ PFA အကောင်းဆုံးဆုကို ပေါ်တူဂီသားရခဲ့မယ်ဆိုရင် ပေါင် ၄.၂ သန်း (ယူရို ၅ သန်း) ပေးချေရမှာဖြစ်ကြောင်းသိရ။

– လာမယ့် မန်ချက်စတာဒါဘီမှာ နိုင်ပွဲဆက် ၂၁ ပွဲ စံချိန်ရရှိထားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အဝေးကွင်းရှုံးပွဲမရှိ ၂၁ ပွဲစံချိန်ရရှိထားခဲ့တဲ့ ယူနိုက်တက်တို့ နှစ်သင်းကြား ၂၁ ထက် ပိုလွန်တဲ့ စံချိန်အတွက် စီးချင်းထိုးကြရမှာဖြစ်ပြီး အားလုံး အံ့အားသင့်ရနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ဖို့ လန်ဒန်အခြေစိုက်သတင်းဌာန AFP ခန့်မှန်း။

– မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ပေမယ့် ဒဏ်ရာတွေ မကြာခဏ ရရှိနေတဲ့ နောက်ခံလူ အဲရစ် ဘိုင်လီအနေနဲ့ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခင်မှာ သူ့အနေနဲ့ ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာကြောင်းကို မဖြစ်မနေ သက်သေပြရလိမ့်မယ်လို့ သတိပေးခံထားရကြောင့် အိုးလ်ထရက်ဖို့ဒ် အတွင်းသတင်းတွေအရ သိရ။

– လာမယ့်တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမှာ ဘီဘီစီရဲ့ လော်ရိုက နှစ်ဂိုး-ဂိုးမရှိလို့ဆိုခဲ့ပြီး ကျွမ်းကျင်သူတွေအားလုံးက မန်စီးတီးတို့ အနိုင်ရရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ သူ့ရဲ့အသင်းဟောင်းအနေနဲ့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၅ နာရီကြာ ဂိုးပေါက်ပျောက်ဆုံးမှုအတွက် နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက ညည်းတွားလိုက်ပြီး ကျွမ်းကျင်သူတွေကတော့ နွေရာသီမှာ ဂျေဒန် ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ခြင်းရဲ့ သက်ရောက်မှုလို့ သုံးသပ်ခဲ့ကြပြီး အဓိက ဖန်တီးမှုနဲ့ ဘောလုံးစတင်မှု လမ်းကြောင်းမှာ ဘယ်နောက်ခံလူ လုခ်ရှော (၃၄ ကြိမ်)ကို မှီခိုနေရကြောင်း သိရ။

– လာမယ့် မန်ချက်စတာဒါဘီမှာ ယူနိုက်တက်တို့အနေနဲ့ အစ်တီဟတ်မှာ မန်စီးတီးကို ရလဒ်ကောင်း ရယူသွားချင်ရင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကောင်းကို အလိုရှိနေပြီး အသင်းဖော်တွေအနေနဲ့လည်း သူ့ကို ကောင်းကောင်းမွန်မွန် ကစားနိုင်အောင် ဝိုင်းဝန်းပံ့ပိုးပေးကြဖို့ လိုတယ်လို့ တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန် သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:











REF: INTERNET SOURCES
SPORTS A2Z.