Premier League Transfer News

6 Mar နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သုံးပွဲနိုင် နှစ်ပွဲသရေရလဒ်ကို ရယူနိုင်ခဲ့ပြီး အသင်းကို ပြင်ဆင်ပေးနိုင်ခဲ့တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ တစ်လအတွင်း အကောင်းဆုံးနည်းပြဆုအတွက် ပက်ပ် ဂွါဒီယိုလာ၊ စကော့ ပါကား၊ နူနို အက်စ်ပရီစီတို ဆန်တိုတို့နဲ့အတူ အဆိုပြုခံထားရ။

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂက်စ်က လီဗာပူးလ်နဲ့ပွဲမှာ မေဆန်မောင့် ဂိုးသွင်းယူနိုင်ဖို့အတွက် ဖန်တီးပေးခဲ့သလို တစ်ဖက်တိုက်စစ်ကိုလည်း ဖြတ်တောက်ထိန်းချုပ်ပေးနိုင်ခဲ့တဲ့ အန်ဂိုလို ကွန်တေကို တွစ်တာကတစ်ဆင့် ဘရာဇီးလ်နာမည် အန်ဂိုလင်ညိုလို့ နာမည်အသစ် ပေးအပ်သွားခဲ့။

– နည်းပြသစ် သောမတ်စ် တူဟယ်လ်အနေနဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ဆီက လက်ခံရရှိထားတဲ့ အသင်းရဲ့ ပြဿနာတချို့ထဲက တိုက်စစ်ကစားသမားသစ်တွေရဲ့ မထိရောက်မှုလို ကိစ္စတွေကို လက်ရှိအချိန်အထိ မဖြေရှင်းနိုင်သေးပေမယ့် ခံစစ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့အပြီးမှာ လက်ရှိရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်။

– ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းမှာမှ ပေါင်နောက်ကြောဒဏ်ရာကနေ အသင်းအတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို သူ့အနေနဲ့ အလွန်အကျွံ သုံးစွဲသွားမှာ မဟုတ်ဘဲ ပြင်သစ်သားအတွက် ဂရုတစိုက် စဉ်းစားပေးသွားမှာဖြစ်တယ်လို့ နည်းပြ တူဟယ်လ် ပြောကြား။

– ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နစ်ကလတ်စ် ဆူးလားထက် ပိုမိုငယ်ရွယ်တဲ့ RB လိုက်ပ်ဇစ်အသင်းနောက်ခံလူ အီဘရာဟီမာ ကိုနာတေကိုပဲ ခေါ်ယူပေးဖို့ စဉ်းစားနေပြီး အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ ယုံကြည်နေ။

– အေစီမီလန်အသင်းကနေ နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ များနေတဲ့ အသက် ၂၂ နှစ်အရွယ် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးရဲ့ ကြားဝင်လာမှုကို မကြောက်ရပေမယ့် ဦးစားပေး ဂိုးသမားနေရာကို တစ်ခါတည်း ပေးအပ်သွားနိုင်တဲ့ ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီကိုတော့ ချဲလ်ဆီးတို့ စိုးရိမ်ရဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချိတ်ဆက်မှုကိုလည်း ရရှိထားတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းအတွက် နွေရာသီမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ ချဲလ်ဆီးတို့ နှစ်သင်းတည်းသာ အဓိက ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သတင်းဌာနတချို့က ရေးသားခဲ့ကြပြီး နော်ဝေသားရဲ့ အပြောင်းအရွှေ့အတွက် အေးဂျင့် ရိုင်ယိုလာနဲ့ အဆင်ပြေတဲ့ အသင်းက ပိုမို အခြေအနေကောင်းဖွယ်ရှိနေ။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ ဆာဆူအိုလိုစတုတ္ထအသင်းခေါင်းဆောင် မန်ညူယယ် လိုကာတယ်လီကို ခေါ်ဖို့ အဆင်မပြေတာနဲ့ အီတလီလက်ရွေးစင် ဘက်ကို လှည့်ဖွယ်ရှိနေ။

– အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ကျစ်လျစ်တဲ့ ခံစစ်နဲ့အတူ လေးပွဲဆက်တိုက် ဂိုးမပေးရတဲ့ စံချိန်ကို ဆက်လက်ထိန်းသိမ်းပြီး မာဆေးဆိုက်သားတွေကို နှစ်ပွဲဆက် အနိုင်ယူသွားဖွယ်ရှိနေတယ်လို့ ဘီဘီစီရဲ့ လော်ရိုက နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ ခန့်မှန်းသွားခဲ့။

– ချဲလ်ဆီးကွင်းလယ်လူ အန်ဂိုလို ကွန်တေက အသင်းဖော်ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်အနေနဲ့ မဝေးလှတဲ့ တစ်နေ့မှာ ခြေစွမ်းပြနိုင်မယ်လို့ ထောက်ခံပြောကြားလိုက်ပြီး ငယ်ရွယ်သေးတဲ့ ကစားသမားတစ်ဦးအနေနဲ့ အရည်အသွေးကောင်းတွေကို အများကြီး ပိုင်ဆိုင်ထားတဲ့ ဂျာမန်သားဟာ အနာဂတ်အတွက် အရေးပါလာလိမ့်မယ်လို့ဆို။

– မေဆန်မောင့်အတွက် ဝေဖန်သံတွေကို မကြားရတော့ဖို့ မျှော်လင့်တယ်လို့ အန်းဖီးလ်မှာ ခြေစွမ်းပြခဲ့တဲ့ သူငယ်ချင်းကို အားပေးခဲ့တဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ရဲ့ ပြောကြားမှုအပြီးမှာ သူတို့ကွင်းလယ်လူ ချဲလ်ဆီးရောက်ဖို့ထက် ဝက်စ်ဟမ်းကိုပဲ မောင့်ကို ခေါ်ယူလိုက်ပါလားလို့ ဟမ်းမားပရိသတ်တွေက ရေးသားခဲ့ကြ။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ေဖေဖာ္ဝါရီလအတြင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ သုံးပြဲႏိုင္ ႏွစ္ပြဲသေရရလဒ္ကို ရယူႏိုင္ခဲ့ၿပီး အသင္းကို ျပင္ဆင္ေပးႏိုင္ခဲ့တဲ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ တစ္လအတြင္း အေကာင္းဆုံးနည္းျပဆုအတြက္ ပက္ပ္ ဂြါဒီယိုလာ၊ စေကာ့ ပါကား၊ ႏူႏို အက္စ္ပရီစီတို ဆန္တိုတို႔နဲ႔အတူ အဆိုျပဳခံထားရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္လူေဟာင္း ဆက္စ္ ဖာဘရီဂက္စ္က လီဗာပူးလ္နဲ႔ပြဲမွာ ေမဆန္ေမာင့္ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ ဖန္တီးေပးခဲ့သလို တစ္ဖက္တိုက္စစ္ကိုလည္း ျဖတ္ေတာက္ထိန္းခ်ဳပ္ေပးႏိုင္ခဲ့တဲ့ အန္ဂိုလို ကြန္ေတကို တြစ္တာကတစ္ဆင့္ ဘရာဇီးလ္နာမည္ အန္ဂိုလင္ညိဳလို႔ နာမည္အသစ္ ေပးအပ္သြားခဲ့။

– နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္ဆီက လက္ခံရရွိထားတဲ့ အသင္းရဲ႕ ျပႆနာတခ်ိဳ႕ထဲက တိုက္စစ္ကစားသမားသစ္ေတြရဲ႕ မထိေရာက္မႈလို ကိစၥေတြကို လက္ရွိအခ်ိန္အထိ မေျဖရွင္းႏိုင္ေသးေပမယ့္ ခံစစ္ျပႆနာကို ေျဖရွင္းႏိုင္ခဲ့အၿပီးမွာ လက္ရွိရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ေၾကာင္း ကြၽမ္းက်င္သူေတြ သုံးသပ္။

– ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းမွာမွ ေပါင္ေနာက္ေၾကာဒဏ္ရာကေန အသင္းအတြက္ ျပန္ကစားေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို သူ႔အေနနဲ႔ အလြန္အကြၽံ သုံးစြဲသြားမွာ မဟုတ္ဘဲ ျပင္သစ္သားအတြက္ ဂ႐ုတစိုက္ စဥ္းစားေပးသြားမွာျဖစ္တယ္လို႔ နည္းျပ တူဟယ္လ္ ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ နစ္ကလတ္စ္ ဆူးလားထက္ ပိုမိုငယ္႐ြယ္တဲ့ RB လိုက္ပ္ဇစ္အသင္းေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကိုပဲ ေခၚယူေပးဖို႔ စဥ္းစားေနၿပီး ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ဖို႔ ယုံၾကည္ေန။

– ေအစီမီလန္အသင္းကေန ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာဖို႔ မ်ားေနတဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူႏိုင္ဖို႔အတြက္ မန္စီးတီးရဲ႕ ၾကားဝင္လာမႈကို မေၾကာက္ရေပမယ့္ ဦးစားေပး ဂိုးသမားေနရာကို တစ္ခါတည္း ေပးအပ္သြားႏိုင္တဲ့ ပိုခ်က္တီႏိုရဲ႕ ပီအက္စ္ဂ်ီကိုေတာ့ ခ်ဲလ္ဆီးတို႔ စိုးရိမ္ရဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ခ်ိတ္ဆက္မႈကိုလည္း ရရွိထားတဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းအတြက္ ေႏြရာသီမွာ မန္ခ်က္စတာ စီးတီးအသင္းနဲ႔ ခ်ဲလ္ဆီးတို႔ ႏွစ္သင္းတည္းသာ အဓိက ယွဥ္ၿပိဳင္ရဖြယ္ရွိေနတယ္လို႔ သတင္းဌာနတခ်ိဳ႕က ေရးသားခဲ့ၾကၿပီး ေနာ္ေဝသားရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေအးဂ်င့္ ႐ိုင္ယိုလာနဲ႔ အဆင္ေျပတဲ့ အသင္းက ပိုမို အေျခအေနေကာင္းဖြယ္ရွိေန။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး သူတို႔ရဲ႕ ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ ဆာဆူအိုလိုစတုတၳအသင္းေခါင္းေဆာင္ မန္ညဴယယ္ လိုကာတယ္လီကို ေခၚဖို႔ အဆင္မေျပတာနဲ႔ အီတလီလက္ေ႐ြးစင္ ဘက္ကို လွည့္ဖြယ္ရွိေန။

– အဲဗာတန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ က်စ္လ်စ္တဲ့ ခံစစ္နဲ႔အတူ ေလးပြဲဆက္တိုက္ ဂိုးမေပးရတဲ့ စံခ်ိန္ကို ဆက္လက္ထိန္းသိမ္းၿပီး မာေဆးဆိုက္သားေတြကို ႏွစ္ပြဲဆက္ အႏိုင္ယူသြားဖြယ္ရွိေနတယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုက ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ခန႔္မွန္းသြားခဲ့။

– ခ်ဲလ္ဆီးကြင္းလယ္လူ အန္ဂိုလို ကြန္ေတက အသင္းေဖာ္ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္အေနနဲ႔ မေဝးလွတဲ့ တစ္ေန႔မွာ ေျခစြမ္းျပႏိုင္မယ္လို႔ ေထာက္ခံေျပာၾကားလိုက္ၿပီး ငယ္႐ြယ္ေသးတဲ့ ကစားသမားတစ္ဦးအေနနဲ႔ အရည္အေသြးေကာင္းေတြကို အမ်ားႀကီး ပိုင္ဆိုင္ထားတဲ့ ဂ်ာမန္သားဟာ အနာဂတ္အတြက္ အေရးပါလာလိမ့္မယ္လို႔ဆို။

– ေမဆန္ေမာင့္အတြက္ ေဝဖန္သံေတြကို မၾကားရေတာ့ဖို႔ ေမွ်ာ္လင့္တယ္လို႔ အန္းဖီးလ္မွာ ေျခစြမ္းျပခဲ့တဲ့ သူငယ္ခ်င္းကို အားေပးခဲ့တဲ့ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ေျပာၾကားမႈအၿပီးမွာ သူတို႔ကြင္းလယ္လူ ခ်ဲလ္ဆီးေရာက္ဖို႔ထက္ ဝက္စ္ဟမ္းကိုပဲ ေမာင့္ကို ေခၚယူလိုက္ပါလားလို႔ ဟမ္းမားပရိသတ္ေတြက ေရးသားခဲ့ၾက။

REF: INTERNETS SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.