Premier League Transfer News

6 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးရဲ့ လက်စတာနဲ့ပွဲမှာ ရရှိသွားခဲ့တဲ့ တင်ပါးဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ပြင်းထန်ခြင်း မရှိကြောင်း သိရပြီး ဘန်လေနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ နောက်ဆုံးစစ်ဆေးမှုတွေကို စောင့်ကြည့်ရမှာဖြစ်သလို ဒီပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း နောက်ထပ်ပွဲစဉ်တွေမှာ ပါဝင်နိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဟာသာဘာလင်ကို အငှားချထားခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ပေါင် ၂၅ သန်းနဲ့ ရောင်းချသွားဖို့ လုပ်ဆောင်နေပြီး RB လိုက်ပ်ဇစ်အသင်းရဲ့ ပေါင် ၃၆ သန်းတန် နောက်ခံလူ အီဘရာဟီမာ ကိုနာတေကို ခေါ်ယူရာမှာ အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်နေ။

– ဝက်စ်ဘရွန်းအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်က အာဆင်နယ်အသင်းမှာ ပုံမှန် မကစားရဘဲ နေရာစုံမှာ လျှောက်ကစားနေရတဲ့ အခြေအနေက သူ့ရဲ့ ကစားသမားဘဝကို ထိခိုက်စေတယ်လို့ ဝန်ခံပြောကြားလိုက်ပြီး နည်းပြ ဆမ်အလာဒိုက်စ်နဲ့ လက်တွဲရတာကိုတော့ သဘောကျကြောင်းဆို။

– အာဆင်နယ်အသင်းဟာ သူလိုချင်တဲ့ အသင်းမျိုးဖြစ်ဖို့ အဝေးကြီးမှာ ရှိနေသေးပြီး အခုလို ပရီးမီးယားလိဂ်ရဲ့ ဇယားအလယ်မှာ ရပ်တည်နေတာဟာ လက်မခံနိုင်တဲ့ ပုံစံလည်းဖြစ်တယ်လို့ ပြောကြားလိုက်သလို အခွင့်အရေးတွေကို ပိုမိုအသုံးချပြီး နိုင်ပွဲရှာဖွေတတ်ဖို့ လုပ်ကြရဦးမယ်လို့ သတိပေး။

– အာဆင်နယ်အသင်းရဲ့ အသုံးစားရိတ် စာရင်းရှင်းတမ်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြီးခဲ့တဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို အသင်းကနေ လမ်းခွဲဖို့ ဆုံးဖြတ်ပြီး ထုတ်ပယ်ခဲ့မှုအတွက် စုစုပေါင် ပေါင် ၁၀.၄ သန်း ကျသင့်ခဲ့တယ်လို့ သိရ။

– အာဆင်နယ်အသင်းကို ချစ်မြတ်နိုးဆဲဖြစ်ပြီး ပွဲစဉ်တွေကို စောင့်ကြည့်နေပေမယ့် သူ့ကို ပွဲထွက်ခွင့် အာမခံချက် မပေးဘဲ အောင်မြင်မှု ရစေလိုခြင်း မရှိတဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကြောင့် လမ်းခွဲခဲ့ရတာကိုတော့ မကျေမနပ်ဖြစ်နေဆဲလို့ အက်စတန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ် ထုတ်ဖော်သွား။

– လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားမှာကို စိုးရိမ်နေရဆဲဖြစ်မယ့် လူငယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ရဲ့ အခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့ လူငယ်အသင်းက ခြေစွမ်းရှိ ကစားသမားတစ်ဦးဖြစ်တဲ့ ကီဒို တေလာဟတ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေ။

– ဒေးဗစ် လူးဝစ်ဇ်ဟာ အသင်းဖော်တွေကို ကူညီစောင့်ရှောက်တတ်သူဖြစ်တယ်လို့ နည်းပြ အာတီတာက ပြောကြားလိုက်ပြီး အသက် ၃၃ နှစ်အရွယ် ဘရာဇီးလ်သားကို စာချုပ်သက်တမ်းတိုးသွားဖို့ နီးစပ်လာခဲ့သလို ကစားသမားနည်းပြ ပုံစံမျိုးနဲ့ ထပ်မံစာချုပ်သွားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး လာကာဇက်ကို အရွယ်ကောင်းနဲ့ ခြေစွမ်းမြင့်မားနေတုန်းမှာ ဝယ်လက်တွေဆီ ရောင်းချသွားဖို့ ကြိုးစားနေပြီး ဆဲလ်တစ်ရဲ့ အေဒူယာကိုတော့ တိုက်ရိုက်အစားထိုးမှုအနေနဲ့ နွေရာသီမှာ အပြောင်းအရွှေ့လုပ်ဆောင်သွားဖို့ စီစဉ်ထား။

– ဆက်တိုက်ကစားနေခဲ့ရတဲ့ အကောင်းဆုံးလူငယ်ကစားသမား ဘူကာယို ဆာကာကို ဘန်လေနဲ့ပွဲမှာလည်း အရန်ခုံမှာ ဆက်လက် အနားပေးသင့်ပြီး ခြေစွမ်းပြန်ကောင်းလာခဲ့တဲ့ ပေပေနဲ့ ဝီလီယန်တို့အနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးပေးသွားရမယ်လို့ ကီဗင် ကမ်းဘဲလ် တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးရဲ႕ လက္စတာနဲ႔ပြဲမွာ ရရွိသြားခဲ့တဲ့ တင္ပါးဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္အၿပီးမွာ ျပင္းထန္ျခင္း မရွိေၾကာင္း သိရၿပီး ဘန္ေလနဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ ေနာက္ဆုံးစစ္ေဆးမႈေတြကို ေစာင့္ၾကည့္ရမွာျဖစ္သလို ဒီပြဲမွာ မပါဝင္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္လည္း ေနာက္ထပ္ပြဲစဥ္ေတြမွာ ပါဝင္ႏိုင္ဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဟာသာဘာလင္ကို အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ေပါင္ ၂၅ သန္းနဲ႔ ေရာင္းခ်သြားဖို႔ လုပ္ေဆာင္ေနၿပီး RB လိုက္ပ္ဇစ္အသင္းရဲ႕ ေပါင္ ၃၆ သန္းတန္ ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတကို ေခၚယူရာမွာ အေထာက္အကူ ျဖစ္ေစဖို႔ ေမွ်ာ္လင့္ေန။

– ဝက္စ္ဘ႐ြန္းအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္က အာဆင္နယ္အသင္းမွာ ပုံမွန္ မကစားရဘဲ ေနရာစုံမွာ ေလွ်ာက္ကစားေနရတဲ့ အေျခအေနက သူ႔ရဲ႕ ကစားသမားဘဝကို ထိခိုက္ေစတယ္လို႔ ဝန္ခံေျပာၾကားလိုက္ၿပီး နည္းျပ ဆမ္အလာဒိုက္စ္နဲ႔ လက္တြဲရတာကိုေတာ့ သေဘာက်ေၾကာင္းဆို။

– အာဆင္နယ္အသင္းဟာ သူလိုခ်င္တဲ့ အသင္းမ်ိဳးျဖစ္ဖို႔ အေဝးႀကီးမွာ ရွိေနေသးၿပီး အခုလို ပရီးမီးယားလိဂ္ရဲ႕ ဇယားအလယ္မွာ ရပ္တည္ေနတာဟာ လက္မခံႏိုင္တဲ့ ပုံစံလည္းျဖစ္တယ္လို႔ ေျပာၾကားလိုက္သလို အခြင့္အေရးေတြကို ပိုမိုအသုံးခ်ၿပီး ႏိုင္ပြဲရွာေဖြတတ္ဖို႔ လုပ္ၾကရဦးမယ္လို႔ သတိေပး။

– အာဆင္နယ္အသင္းရဲ႕ အသုံးစားရိတ္ စာရင္းရွင္းတမ္းတစ္ခု ထြက္ေပၚလာခဲ့ၿပီး ၿပီးခဲ့တဲ့ နည္းျပေဟာင္း အူႏိုင္း အမ္မရီနဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႕ကို အသင္းကေန လမ္းခြဲဖို႔ ဆုံးျဖတ္ၿပီး ထုတ္ပယ္ခဲ့မႈအတြက္ စုစုေပါင္ ေပါင္ ၁၀.၄ သန္း က်သင့္ခဲ့တယ္လို႔ သိရ။

– အာဆင္နယ္အသင္းကို ခ်စ္ျမတ္ႏိုးဆဲျဖစ္ၿပီး ပြဲစဥ္ေတြကို ေစာင့္ၾကည့္ေနေပမယ့္ သူ႔ကို ပြဲထြက္ခြင့္ အာမခံခ်က္ မေပးဘဲ ေအာင္ျမင္မႈ ရေစလိုျခင္း မရွိတဲ့ တာဝန္ရွိသူေတြရဲ႕ လုပ္ရပ္ေၾကာင့္ လမ္းခြဲခဲ့ရတာကိုေတာ့ မေက်မနပ္ျဖစ္ေနဆဲလို႔ အက္စတန္ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ ထုတ္ေဖာ္သြား။

– လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေသးဘဲ ေႏြရာသီမွာ အသင္းကေန ထြက္ခြာသြားမွာကို စိုးရိမ္ေနရဆဲျဖစ္မယ့္ လူငယ္ တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ရဲ႕ အေျခအေနမ်ိဳးကို ေရွာင္လႊဲႏိုင္ဖို႔ လူငယ္အသင္းက ေျခစြမ္းရွိ ကစားသမားတစ္ဦးျဖစ္တဲ့ ကီဒို ေတလာဟတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ စီစဥ္ေန။

– ေဒးဗစ္ လူးဝစ္ဇ္ဟာ အသင္းေဖာ္ေတြကို ကူညီေစာင့္ေရွာက္တတ္သူျဖစ္တယ္လို႔ နည္းျပ အာတီတာက ေျပာၾကားလိုက္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားကို စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ နီးစပ္လာခဲ့သလို ကစားသမားနည္းျပ ပုံစံမ်ိဳးနဲ႔ ထပ္မံစာခ်ဳပ္သြားဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉး လာကာဇက္ကို အ႐ြယ္ေကာင္းနဲ႔ ေျခစြမ္းျမင့္မားေနတုန္းမွာ ဝယ္လက္ေတြဆီ ေရာင္းခ်သြားဖို႔ ႀကိဳးစားေနၿပီး ဆဲလ္တစ္ရဲ႕ ေအဒူယာကိုေတာ့ တိုက္႐ိုက္အစားထိုးမႈအေနနဲ႔ ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္သြားဖို႔ စီစဥ္ထား။

– ဆက္တိုက္ကစားေနခဲ့ရတဲ့ အေကာင္းဆုံးလူငယ္ကစားသမား ဘူကာယို ဆာကာကို ဘန္ေလနဲ႔ပြဲမွာလည္း အရန္ခုံမွာ ဆက္လက္ အနားေပးသင့္ၿပီး ေျခစြမ္းျပန္ေကာင္းလာခဲ့တဲ့ ေပေပနဲ႔ ဝီလီယန္တို႔အေနနဲ႔ သူတို႔ရဲ႕ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ အခြင့္အေရးေပးသြားရမယ္လို႔ ကီဗင္ ကမ္းဘဲလ္ တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.