Premier League Transfer News

5 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဒီယို မာနေးဟာ အန်းဖီးလ်က ချဲလ်ဆီးကို ရှုံးပွဲမှာ လွတ်လွတ်ကျွတ်ကျွတ်ရတဲ့ ဘောလုံးကို ချော်ကန်ခဲ့သလို ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကိုပါ ပိုင်ဆိုင်ခဲ့ပြီး တောင်ပံတိုက်စစ်မှူးအနေနဲ့ ဘောလုံးထိချက် အကြိမ်ရေ ၄၇ ကြိမ်နဲ့ ဂိုးသမား အယ်လီဆန်ထက်တောင်မှ ၃ ကြိမ်နည်းခဲ့။

– ပွဲချိန်မိနစ် ၆၀ ကျော်မှာ လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားကို ဘောလုံးဆုံးရှုံးချိန်တွေမှာ ခံစစ်ကို လိုက်ပါကစားဖို့ အော်ဟစ်နေခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ညွှန်ကြားမှုကို မလိုက်နာခဲ့တာကြောင့် အသင်းရှုံးနိမ့်နေလျက်နဲ့ လူစားလဲခဲ့တာလို့ စောင့်ကြည့်သူတွေ ထောက်ပြသွား။

– သူတို့ရဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါက ပြစ်ဒဏ်ဘော ကျူးလွန်ချိန်မှာ ဧရိယာထဲမှာ လှဲချပြီး ပင်နယ်တီ မယူခဲ့ဘဲ ဆက်လက် ထိုးဖောက်နိုင်ဖို့ကိုသာ ကြိုးစားသွားခဲ့တဲ့ ဆာဒီယို မာနေးဟာ ဘောလုံးကို အသန့်ရှင်းဆုံး ကစားသူဖြစ်ပြီး အခွင့်အရေးရတာနဲ့ ဒိုင်ဗင် ထိုးတဲ့ မိုဟာမက် ဆာလားနဲ့ တော်တော်ကြီးကို ကွာခြားတဲ့ ရိုးသားကြိုးစားသူတစ်ဦးလို့ ချဲလ်ဆီးပရိသတ်တွေက ချီးကျူးခဲ့ကြ။

– လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ နာသန် ဖိလစ်ကို ချဲလ်ဆီးနဲ့ပွဲမှာ ပွဲထွက်လာမယ်လို့ ထင်ခဲ့ကြပေမယ့် အသင်းလူစာရင်းက ပျောက်ဆုံးနေခဲ့တာအတွက် နည်းပြ ယာဂန် ကလော့ပ်က ဒဏ်ရာရနေတယ်လို့ ဖြေကြားခဲ့အပြီးမှာ ပရိသတ်တွေက ထရိန်နင်တွေမှာ ဒီလောက်ပဲ ဆိုးရွားပြီး ဒဏ်ရာရနေကြသလားလို့ မေးခွန်းထုတ်။

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရအပြီးမှာ လီဗာပူးလ်ညာနောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို ယူရိုစပို့စ်ရဲ့ ပေါလ် ပါကားက အပြစ်တင်သွားခဲ့ပြီး သူ့အနေနဲ့ ခံစစ်ကစားတတ်ဖို့ကို ပထမဦးစားပေးအနေနဲ့ သင်ယူပြီးမှ ဖန်တီးမှု ဘုရင်ဖြစ်ဖို့ ဒုတိယနေရာမှာ ထားသင့်တယ်လို့ ဝေဖန်သွား။

– လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲအပြီးမှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ရောဘတ်တို ဖာမီနိုတို့အနေနဲ့ အသင်းက ထွက်ခွာဖို့ ကြိုးစားနေကြပြီလို့ သတင်းထွက်လာခဲ့ပြီး နွေရာသီမှာ ပီအက်စ်ဂျီရဲ့ ခိုင်လျန် အမ်ဘာပေကို ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် သူတို့ရဲ့ ရာသီကုန် ရပ်တည်မှုကို စောင့်ကြည့်ရမယ်လို့ သုံးသပ်နေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီက မနားတမ်း ဖိအားပေးခဲ့တဲ့ Pressing ကစားဟန်မှာ ပြိုင်ဘက်အသင်းတွေ ပြိုလဲခဲ့ရအပြီး ဒီရာသီမှာတော့ သူတို့တွေက ဒီပုံစံနဲ့ ပြန်လည်ရင်ဆိုင်လာတဲ့အခါမှာ ယာဂန် ကလော့ပ်ရဲ့ လူတွေအနေနဲ့ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဂျေမီ ရက်ဒ်နက်ပ်က သုံးသပ်သွား။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ သူတို့အသင်းရဲ့ အန်းဖီးလ်က ရှုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စိတ်မကောင်းဖြစ်ပြီး မပျော်ရွှင်တဲ့ ပုံစံကို ပြသနေခဲ့တယ်လို့ ကြည့်ရှုသူ ပရိသတ်တွေက ဆိုခဲ့ကြပြီး နိုင်ပွဲတွေနဲ့ ယဉ်ပါးနေတဲ့ ဂျာမန်သားကြီးအနေနဲ့ ရှုံးပွဲတွေ ဆက်နေတာကြောင့်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြ။

– ပရီးမီးယားလိဂ်အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ ကွင်းလယ်လူဟောင်းကြီး ထရီဗာ ဆင်ကလဲယားက ဆာလားနဲ့ မာနေးကြားက အက်ကြောင်းဟာ လီဗာပူးလ်အသင်းကို အဓိက ထိခိုက်စေခဲ့ကြောင်း ဝေဖန်သွားခဲ့ပြီး အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကလည်း သူတို့နှစ်ဦးကြားက ရွှေဖိနပ်ပြိုင်ဆိုင်မှုကြောင့် မာနေးဟာ ပင်နယ်တီရယူနိုင်တဲ့ အခွင့်အရေးကို ဆာလား ဂိုးရမှာစိုးလို့ လဲမကျဖို့ လုပ်ခဲ့တာလားလို့ မေးခွန်းထုတ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ဆာဒီယို မာေနးဟာ အန္းဖီးလ္က ခ်ဲလ္ဆီးကို ရႈံးပြဲမွာ လြတ္လြတ္ကြၽတ္ကြၽတ္ရတဲ့ ေဘာလုံးကို ေခ်ာ္ကန္ခဲ့သလို ဆိုး႐ြားတဲ့ မွတ္တမ္းတစ္ခုကိုပါ ပိုင္ဆိုင္ခဲ့ၿပီး ေတာင္ပံတိုက္စစ္မႉးအေနနဲ႔ ေဘာလုံးထိခ်က္ အႀကိမ္ေရ ၄၇ ႀကိမ္နဲ႔ ဂိုးသမား အယ္လီဆန္ထက္ေတာင္မွ ၃ ႀကိမ္နည္းခဲ့။

– ပြဲခ်ိန္မိနစ္ ၆၀ ေက်ာ္မွာ လူစားလဲခံခဲ့ရတဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေဘာလုံးဆုံးရႈံးခ်ိန္ေတြမွာ ခံစစ္ကို လိုက္ပါကစားဖို႔ ေအာ္ဟစ္ေနခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ၫႊန္ၾကားမႈကို မလိုက္နာခဲ့တာေၾကာင့္ အသင္းရႈံးနိမ့္ေနလ်က္နဲ႔ လူစားလဲခဲ့တာလို႔ ေစာင့္ၾကည့္သူေတြ ေထာက္ျပသြား။

– သူတို႔ရဲ႕ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက ျပစ္ဒဏ္ေဘာ က်ဴးလြန္ခ်ိန္မွာ ဧရိယာထဲမွာ လွဲခ်ၿပီး ပင္နယ္တီ မယူခဲ့ဘဲ ဆက္လက္ ထိုးေဖာက္ႏိုင္ဖို႔ကိုသာ ႀကိဳးစားသြားခဲ့တဲ့ ဆာဒီယို မာေနးဟာ ေဘာလုံးကို အသန႔္ရွင္းဆုံး ကစားသူျဖစ္ၿပီး အခြင့္အေရးရတာနဲ႔ ဒိုင္ဗင္ ထိုးတဲ့ မိုဟာမက္ ဆာလားနဲ႔ ေတာ္ေတာ္ႀကီးကို ကြာျခားတဲ့ ႐ိုးသားႀကိဳးစားသူတစ္ဦးလို႔ ခ်ဲလ္ဆီးပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾက။

– လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ နာသန္ ဖိလစ္ကို ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပြဲထြက္လာမယ္လို႔ ထင္ခဲ့ၾကေပမယ့္ အသင္းလူစာရင္းက ေပ်ာက္ဆုံးေနခဲ့တာအတြက္ နည္းျပ ယာဂန္ ကေလာ့ပ္က ဒဏ္ရာရေနတယ္လို႔ ေျဖၾကားခဲ့အၿပီးမွာ ပရိသတ္ေတြက ထရိန္နင္ေတြမွာ ဒီေလာက္ပဲ ဆိုး႐ြားၿပီး ဒဏ္ရာရေနၾကသလားလို႔ ေမးခြန္းထုတ္။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရအၿပီးမွာ လီဗာပူးလ္ညာေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို ယူ႐ိုစပို႔စ္ရဲ႕ ေပါလ္ ပါကားက အျပစ္တင္သြားခဲ့ၿပီး သူ႔အေနနဲ႔ ခံစစ္ကစားတတ္ဖို႔ကို ပထမဦးစားေပးအေနနဲ႔ သင္ယူၿပီးမွ ဖန္တီးမႈ ဘုရင္ျဖစ္ဖို႔ ဒုတိယေနရာမွာ ထားသင့္တယ္လို႔ ေဝဖန္သြား။

– လီဗာပူးလ္အသင္းရဲ႕ ရႈံးပြဲအၿပီးမွာ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလားနဲ႔ ေရာဘတ္တို ဖာမီႏိုတို႔အေနနဲ႔ အသင္းက ထြက္ခြာဖို႔ ႀကိဳးစားေနၾကၿပီလို႔ သတင္းထြက္လာခဲ့ၿပီး ေႏြရာသီမွာ ပီအက္စ္ဂ်ီရဲ႕ ခိုင္လ်န္ အမ္ဘာေပကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနေပမယ့္ သူတို႔ရဲ႕ ရာသီကုန္ ရပ္တည္မႈကို ေစာင့္ၾကည့္ရမယ္လို႔ သုံးသပ္ေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီက မနားတမ္း ဖိအားေပးခဲ့တဲ့ Pressing ကစားဟန္မွာ ၿပိဳင္ဘက္အသင္းေတြ ၿပိဳလဲခဲ့ရအၿပီး ဒီရာသီမွာေတာ့ သူတို႔ေတြက ဒီပုံစံနဲ႔ ျပန္လည္ရင္ဆိုင္လာတဲ့အခါမွာ ယာဂန္ ကေလာ့ပ္ရဲ႕ လူေတြအေနနဲ႔ ကိုယ္ေဖာ္တဲ့ေဆး ကိုယ္မစားႏိုင္ေအာင္ ျဖစ္ခဲ့ရတယ္လို႔ ေဂ်မီ ရက္ဒ္နက္ပ္က သုံးသပ္သြား။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ သူတို႔အသင္းရဲ႕ အန္းဖီးလ္က ရႈံးပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ စိတ္မေကာင္းျဖစ္ၿပီး မေပ်ာ္႐ႊင္တဲ့ ပုံစံကို ျပသေနခဲ့တယ္လို႔ ၾကည့္ရႈသူ ပရိသတ္ေတြက ဆိုခဲ့ၾကၿပီး ႏိုင္ပြဲေတြနဲ႔ ယဥ္ပါးေနတဲ့ ဂ်ာမန္သားႀကီးအေနနဲ႔ ရႈံးပြဲေတြ ဆက္ေနတာေၾကာင့္ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾက။

– ပရီးမီးယားလိဂ္အသင္းေတြမွာ က်င္လည္ခဲ့တဲ့ ကြင္းလယ္လူေဟာင္းႀကီး ထရီဗာ ဆင္ကလဲယားက ဆာလားနဲ႔ မာေနးၾကားက အက္ေၾကာင္းဟာ လီဗာပူးလ္အသင္းကို အဓိက ထိခိုက္ေစခဲ့ေၾကာင္း ေဝဖန္သြားခဲ့ၿပီး အသင္းတိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကလည္း သူတို႔ႏွစ္ဦးၾကားက ေ႐ႊဖိနပ္ၿပိဳင္ဆိုင္မႈေၾကာင့္ မာေနးဟာ ပင္နယ္တီရယူႏိုင္တဲ့ အခြင့္အေရးကို ဆာလား ဂိုးရမွာစိုးလို႔ လဲမက်ဖို႔ လုပ္ခဲ့တာလားလို႔ ေမးခြန္းထုတ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.