Article Other Leagues Premier League

အာဆင်နယ်နဲ့ အာတီတာ မှန်ပြီး အိုဇေးလ် မှားပြီလား

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့ စွန့်စားမှုတစ်ရပ်အဖြစ် အသင်းကနေ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူမယ့်သူ မရှိတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို စာချုပ်ဖျက်သိမ်းပေးလိုက်ပြီး ၂၀၁၃ ခုနှစ်ကတည်းက ရှိလာခဲ့တဲ့ ရေစက်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

တူရကီနွယ်ဖွား ဂျာမနီသား အိုဇေးလ်အနေနဲ့ အာဆင်နယ်နဲ့ လမ်းခွဲအပြီးမှာ သူနဲ့ တစ်ချိန်လုံး ချိတ်ဆက်နေပြီး အသည်းအသန်အလိုရှိခဲ့တဲ့ ဖီနာဘာချီအသင်းရှိရာ အစ္စတန်ဘူလ်ကို မိသားစုနဲ့အတူ သွားရောက်ခဲ့ပြီး သယ်ယူပို့ဆောင်မှု လေယာဉ်ကိုတော့ အသင်းဥက္ကဌ အလီ ကော့ချ်က တာဝန်ယူပေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဆေးစစ်မှုအောင်မြင်အပြီး ကျောနံပါတ် ၆၇ ကို ဘိုးဘွားတွေ နေထိုင်ရာ မြို့ရဲ့ ဖုန်းခေါ်ဆိုမှု သင်္ကေတအဖြစ်နဲ့ ဝတ်ဆင်ခဲ့ပြီး သံယောဇဉ်ကြီးတယ်လို့ ဆိုခဲ့တဲ့ မြောက်လန်ဒန် အမ်းမရိတ်ကို အပြီးအပိုင် ကျောခိုင်းခဲ့တာပါ။ သူ့ရဲ့ အပြောင်းအရွှေ့ကနေ အာဆင်နယ်အသင်းအနေနဲ့ တစ်ပြားတစ်ချပ်မှ မရခဲ့ပေမယ့်လည်း အသင်းတွင်းမှာတော့ စည်းလုံးမှုတွေ ပြန်ရခဲ့သလို လစာငွေကိုလည်း သက်သာအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ဒီလိုနဲ့ တူရကီသမ္မတ အာဒိုးဝမ်ရဲ့ အချစ်တော် အိုဇေးလ်တစ်ယောက် သူ့ရဲ့ ငယ်ဘဝကတည်းက အားပေးခဲ့တဲ့ အသင်းမှာ ကစားခွင့်နဲ့ ခြေစွမ်းတွေပြပြီး အာဆင်နယ်က အမြင်မကြည်ကြသူတွေကို နောင်တရစေတော့မယ်လို့ ထင်ခဲ့ကြပေမယ့် ထင်သလိုဖြစ်လာနိုင်ခဲ့သလို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ လူစားဝင်ကစားသမားအဖြစ် စတင်ကစားခဲ့လို လက်ရှိအချိန်အထိ အသင်းအတွက် ကစားထားတဲ့ ၇ ပွဲမှာ တစ်စုံတစ်ရာတော့ လုပ်မပြနိုင်သေးတာပါ။

အိုဇေးလ်ဟာ အသင်းသစ်အတွက် ၄၀၈ မိနစ် ကစားအပြီး အန်တယ်လ်ယာစပေါ်နဲ့ ကြာသပတေးနေ့က အမှတ်ပေးပွဲစဉ်မှာ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသွားခဲ့ပြီး ဆက်မကစားနိုင်တော့လို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရသလို နောက်ပိုင်းစစ်ဆေးမှုတွေအရတော့ အနည်းဆုံးတစ်လ နားရမယ်လို့ သိရပြီး ဖီနာဘာချီနဲ့ ကစားသမားဘဝအစကတော့ ဆိုးရွားခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေအရ ခြေကျင်းဝတ်အရွတ်မှာ စုတ်ပြဲမှုအချို့ ရှိခဲ့ပြီး အမြန်ဆုံး ၄ ပတ်ကနေ နောက်အကျဆုံး ၆ ပတ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဒီကြားထဲမှာ ကုသမှုနဲ့ ကစားသမားရဲ့ အစားအသောက်၊ အနေအထိုင်အရတော့ အပြောင်းအလဲတချို့လည်း ရှိနိုင်ပါတယ်။

လက်ရှိအချိန်အထိတော့ သူ့ရဲ့ တူရကီ စွန့်စားခန်းသစ်က ကောင်းကွက်သိပ်မရှိခဲ့သလို တစ်လတာအတွင်းမှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ Assist King ဆိုတဲ့ ဂုဏ်ပုဒ်ကို မထိန်းသိမ်းနိုင်တာ၊ အပိုင်အခွင့်အရေးတွေကို လွဲချော်တာတွေအတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပြီး ဒီအနေအထားကနေ ရုန်းထွက်မလား၊ သူ့ကို မသုံးတော့တဲ့ အာဆင်နယ်နည်းပြ အာတီတာပဲ မှန်သလားတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘောလုံးအချက်အလက် ပြုစုရေးအဖွဲ့တချို့ရဲ့ သတ်မှတ်ချက်မှာတော့ အိုဇေးလ်အနေနဲ့ တစ်ပွဲ Rating 6.5 ကို ကျော်တဲ့ ပွဲမျိုးလည်း မရှိခဲ့ဘဲ ရုန်းကန်နေရသလို လက်ရှိအနေအထားတွေနဲ့ ဒဏ်ရာပါ ရရှိသွားတဲ့ အနေအထားကတော့ သူ့ကို ပစ်ပယ်ခဲ့တဲ့သူတွေအတွက် မလွမ်းလောက်ဘူးလို့ ပြောစရာပဲ ဖြစ်လာခဲ့တာပါ။

အစောဆုံး ဧပြီလပထမပတ်နဲ့ နောက်အကျဆုံး မေလဆန်းမှာ ကစားနိုင်မယ့် တစ်ချိန်က ရင်သပ်ရှုမောစရာ ခြေစွမ်းတွေ၊ စံချိန်တင် ဖန်တီးမှုတွေကို လုပ်ပြနိုင်ခဲ့တဲ့ အိုဇေးလ်အနေနဲ့ လက်ကျန်ရာသီ မီသလောက်ကိုတော့ သူဟာ ခေါ်ယူမှု အမှားတစ်ခု မဟုတ်ကြောင်း သက်သေပြရမှာဖြစ်ပြီး အာဆင်နယ်နဲ့ သူ့ပရိသတ်တွေကြားမှာတော့ ဘယ်လိုဆက်လက်ငြင်းခုံကြဦးမလဲဆိုတာ စိတ်ဝင်စားစရာတစ်ခုပဲဖြစ်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ႀကီးမားတဲ့ စြန႔္စားမႈတစ္ရပ္အျဖစ္ အသင္းကေန ေျပာင္းေ႐ႊ႕ေၾကးေပးၿပီး ေခၚယူမယ့္သူ မရွိတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို စာခ်ဳပ္ဖ်က္သိမ္းေပးလိုက္ၿပီး ၂၀၁၃ ခုႏွစ္ကတည္းက ရွိလာခဲ့တဲ့ ေရစက္ကို ရပ္တန႔္ခဲ့တာျဖစ္ပါတယ္။

တူရကီႏြယ္ဖြား ဂ်ာမနီသား အိုေဇးလ္အေနနဲ႔ အာဆင္နယ္နဲ႔ လမ္းခြဲအၿပီးမွာ သူနဲ႔ တစ္ခ်ိန္လုံး ခ်ိတ္ဆက္ေနၿပီး အသည္းအသန္အလိုရွိခဲ့တဲ့ ဖီနာဘာခ်ီအသင္းရွိရာ အစၥတန္ဘူလ္ကို မိသားစုနဲ႔အတူ သြားေရာက္ခဲ့ၿပီး သယ္ယူပို႔ေဆာင္မႈ ေလယာဥ္ကိုေတာ့ အသင္းဥကၠဌ အလီ ေကာ့ခ်္က တာဝန္ယူေပးခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေဆးစစ္မႈေအာင္ျမင္အၿပီး ေက်ာနံပါတ္ ၆၇ ကို ဘိုးဘြားေတြ ေနထိုင္ရာ ၿမိဳ႕ရဲ႕ ဖုန္းေခၚဆိုမႈ သေကၤတအျဖစ္နဲ႔ ဝတ္ဆင္ခဲ့ၿပီး သံေယာဇဥ္ႀကီးတယ္လို႔ ဆိုခဲ့တဲ့ ေျမာက္လန္ဒန္ အမ္းမရိတ္ကို အၿပီးအပိုင္ ေက်ာခိုင္းခဲ့တာပါ။ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕ကေန အာဆင္နယ္အသင္းအေနနဲ႔ တစ္ျပားတစ္ခ်ပ္မွ မရခဲ့ေပမယ့္လည္း အသင္းတြင္းမွာေတာ့ စည္းလုံးမႈေတြ ျပန္ရခဲ့သလို လစာေငြကိုလည္း သက္သာေအာင္ ျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္။

ဒီလိုနဲ႔ တူရကီသမၼတ အာဒိုးဝမ္ရဲ႕ အခ်စ္ေတာ္ အိုေဇးလ္တစ္ေယာက္ သူ႔ရဲ႕ ငယ္ဘဝကတည္းက အားေပးခဲ့တဲ့ အသင္းမွာ ကစားခြင့္နဲ႔ ေျခစြမ္းေတြျပၿပီး အာဆင္နယ္က အျမင္မၾကည္ၾကသူေတြကို ေနာင္တရေစေတာ့မယ္လို႔ ထင္ခဲ့ၾကေပမယ့္ ထင္သလိုျဖစ္လာႏိုင္ခဲ့သလို ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွာ လူစားဝင္ကစားသမားအျဖစ္ စတင္ကစားခဲ့လို လက္ရွိအခ်ိန္အထိ အသင္းအတြက္ ကစားထားတဲ့ ၇ ပြဲမွာ တစ္စုံတစ္ရာေတာ့ လုပ္မျပႏိုင္ေသးတာပါ။

အိုေဇးလ္ဟာ အသင္းသစ္အတြက္ ၄၀၈ မိနစ္ ကစားအၿပီး အန္တယ္လ္ယာစေပၚနဲ႔ ၾကာသပေတးေန႔က အမွတ္ေပးပြဲစဥ္မွာ ျပင္းထန္တဲ့ ဒဏ္ရာ ရရွိသြားခဲ့ၿပီး ဆက္မကစားႏိုင္ေတာ့လို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရသလို ေနာက္ပိုင္းစစ္ေဆးမႈေတြအရေတာ့ အနည္းဆုံးတစ္လ နားရမယ္လို႔ သိရၿပီး ဖီနာဘာခ်ီနဲ႔ ကစားသမားဘဝအစကေတာ့ ဆိုး႐ြားခဲ့ပါတယ္။

အေသးစိတ္ အခ်က္အလက္ေတြအရ ေျခက်င္းဝတ္အ႐ြတ္မွာ စုတ္ၿပဲမႈအခ်ိဳ႕ ရွိခဲ့ၿပီး အျမန္ဆုံး ၄ ပတ္ကေန ေနာက္အက်ဆုံး ၆ ပတ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ ဒီၾကားထဲမွာ ကုသမႈနဲ႔ ကစားသမားရဲ႕ အစားအေသာက္၊ အေနအထိုင္အရေတာ့ အေျပာင္းအလဲတခ်ိဳ႕လည္း ရွိႏိုင္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕ တူရကီ စြန႔္စားခန္းသစ္က ေကာင္းကြက္သိပ္မရွိခဲ့သလို တစ္လတာအတြင္းမွာေတာ့ သူ႔ရဲ႕ ေက်ာ္ၾကားလွတဲ့ Assist King ဆိုတဲ့ ဂုဏ္ပုဒ္ကို မထိန္းသိမ္းႏိုင္တာ၊ အပိုင္အခြင့္အေရးေတြကို လြဲေခ်ာ္တာေတြအတြက္ ေဝဖန္မႈေတြလည္း ရွိခဲ့ၿပီး ဒီအေနအထားကေန ႐ုန္းထြက္မလား၊ သူ႔ကို မသုံးေတာ့တဲ့ အာဆင္နယ္နည္းျပ အာတီတာပဲ မွန္သလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေဘာလုံးအခ်က္အလက္ ျပဳစုေရးအဖြဲ႕တခ်ိဳ႕ရဲ႕ သတ္မွတ္ခ်က္မွာေတာ့ အိုေဇးလ္အေနနဲ႔ တစ္ပြဲ Rating 6.5 ကို ေက်ာ္တဲ့ ပြဲမ်ိဳးလည္း မရွိခဲ့ဘဲ ႐ုန္းကန္ေနရသလို လက္ရွိအေနအထားေတြနဲ႔ ဒဏ္ရာပါ ရရွိသြားတဲ့ အေနအထားကေတာ့ သူ႔ကို ပစ္ပယ္ခဲ့တဲ့သူေတြအတြက္ မလြမ္းေလာက္ဘူးလို႔ ေျပာစရာပဲ ျဖစ္လာခဲ့တာပါ။

အေစာဆုံး ဧၿပီလပထမပတ္နဲ႔ ေနာက္အက်ဆုံး ေမလဆန္းမွာ ကစားႏိုင္မယ့္ တစ္ခ်ိန္က ရင္သပ္ရႈေမာစရာ ေျခစြမ္းေတြ၊ စံခ်ိန္တင္ ဖန္တီးမႈေတြကို လုပ္ျပႏိုင္ခဲ့တဲ့ အိုေဇးလ္အေနနဲ႔ လက္က်န္ရာသီ မီသေလာက္ကိုေတာ့ သူဟာ ေခၚယူမႈ အမွားတစ္ခု မဟုတ္ေၾကာင္း သက္ေသျပရမွာျဖစ္ၿပီး အာဆင္နယ္နဲ႔ သူ႔ပရိသတ္ေတြၾကားမွာေတာ့ ဘယ္လိုဆက္လက္ျငင္းခုံၾကဦးမလဲဆိုတာ စိတ္ဝင္စားစရာတစ္ခုပဲျဖစ္ေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.