Premier League Transfer News

5 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ နည်းပြနှစ်ဆက်စလုံးမှာ ခြေစွမ်းပြခဲ့ပြီး သောမတ်စ် တူဟယ်လ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေခဲ့သလို လီဗာပူးလ်နဲ့ပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နက်ပ်နဲ့ ကစားသမားဟောင်း အက်ရှ်လီ ကိုးလ်တို့က အနာဂတ်ရဲ့ ချဲလ်ဆီးကပ္ပတိန်လို့ ချီးကျူးသွား။

– လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကလည်း ဘောလုံး ၆၁ ကြိမ်ထိခဲ့တဲ့ မေဆန်မောင့်ဟာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလို့ ချီးကျူးခဲ့ကြပြီး အိမ်ရှင်အသင်းရဲ့ ကွင်းလယ်ကစားသမားအားလုံးကို အိတ်ထဲ ထည့်ထားနိုင်ခဲ့သလို မာရာဒိုနာလားလို့ ထင်ရတယ်လို့ တွစ်တာမှာ ရေးသားခဲ့ကြ။

– အသင်းကို ကိုင်တွယ်ရာမှာ ရှုံးပွဲမရှိသေးဘဲ နိုင်ပွဲရာခိုင်နှုန်း ၇၀ အထိ ရယူထားခဲ့တဲ့ နည်းပြ တူဟယ်လ်က အသင်းကို ရောက်လာစဉ်အချိန်မှာ သူ့ကို ကစားသမားတွေက ကြိုဆိုခဲ့ကြပုံကို ဝမ်းမြောက်ဝမ်းသာ ခံစားခဲ့ရပြီး ဒီအချိန်ကတည်းက ချဲလ်ဆီးမိသားစုနဲ့ တစ်သားတည်းဖြစ်သွားတော့တာလို့ ထုတ်ဖော်သွား။

– သောမတ်စ် တူဟယ်လ်ရဲ့ ကိုင်တွယ်ပုံမှာ ရှုံးပွဲမရှိသေးဘဲ ကြာသပတေးနေ့ညက အဆင့် ၄ နေရာကို တက်ရောက်လာခဲ့တဲ့ ချဲလ်ဆီး အသင်းအနေနဲ့ ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းထဲကနေ ဘယ်ကိုမှ ပြောင်းလဲဖို့ မရှိတော့ဘူးလို့ မိုက်ကယ် အိုဝင် ချီးကျူးခန့်မှန်းသွား။

– ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီမှာ အသင်းရဲ့ ခံစစ်ကို ထပ်မံအင်အားဖြည့်တင်းသွားလိုနေပြီး ဂျာမန်ကစားသမားတွေကို ခေါ်ယူဖို့ စဉ်းစားနေခဲ့သလို နောက်ဆုံးအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ နစ်ကလတ်စ် ဆူးလားကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အူပါမီကာနို ရောက်လာမယ့် အခြေအနေမှာ ဘာဗေးရီးယားကလပ်ဘက်က သင့်တော်တဲ့ ဈေးရရင် လက်ခံဖွယ်ရှိနေ။

– ဝက်စ်ဟမ်းပရိသတ်တွေအနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူသွားမယ့် အစီအစဉ်ကို ကန့်ကွက်ခဲ့ကြပြီး သူ့ရဲ့ တစ်ပတ် ပေါင်ရှစ်သောင်း (အသင်းပြောင်းရွှေ့ရင် ပိုမိုများပြားလာနိုင်) ရရှိနေတဲ့ လုပ်ခဟာလည်း အသင်းမှာ မတည်ငြိမ်မှုတွေကို ဖြစ်စေလိမ့်မယ်လို့ ဝေဖန်နေကြ။

– VAR ဟာ ဘောလုံးပွဲတွေကို အသက်မဲ့သွားစေပြီး ကစားနည်းတစ်ခုကို သိပ္ပံသဘောတရားတစ်ခုအသွင် ပြောင်းလဲနေသလို မဖြစ်သင့်တဲ့ တိကျမှုတွေနဲ့ မိုက်ခရိုစကုပ်ကြည့်သလိုမျိုး လုပ်ဆောင်နေတာဟာ ဘောလုံးလောကအတွက် အနုတ်လက္ခဏာ ဖြစ်ကြောင်း တီမို ဗာနာရဲ့ ဂိုးကို လူကျွံဘော သတ်မှတ်ခံရအပြီးမှာ Talk Sports က ဝေဖန်သွားခဲ့။

– လီဗာပူးလ်ကစားသမားဟောင်းနဲ့ စကိုင်းပို့စ်တင်ဆက်သူ ဂျေမီ ကာရေဂါက သူ့အသင်းဟောင်းရဲ့ ရှုံးပွဲအပြီးမှာ အန်းဖီးလ်ကွင်းမှာ ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီးရဲ့ သူရဲကောင်းဟ သူ့အတွက်တော့ မေဆန်မောင့် မဟုတ်ဘဲ ခံစစ်မှာ ဆာဒီယို မာနေးကို ထိန်းချုပ်ခဲ့သလို တိုက်စစ်ကိုလည်း ဘောလုံးတွေ ပံ့ပိုးပေးခဲ့တဲ့ အန်းဒရီယက်စ် ခရစ္စတင်ဆန်လို့ ရွေးချယ်သွား။

– သူ့ထက် ပရီးမီးယားလိဂ်ကို နှစ်ပေါင်းအတော်ကြာ စောရောက်ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ဆွတ်ခူးထားခဲ့သလို ပုံရိပ်ပိုမိုကြီးမားတဲ့ ယာဂန် ကလော့ပ်ကို အနိုင်ယူခဲ့တဲ့ သောမတ်စ် တူဟယ်လ်ကို ဂျာမနီမှာ မီဒီယာတွေက ချဲလ်ဆီးရဲ့ Invincible One လို့ ချီးကျူးရေးသားခဲ့ကြ။

– မေဆန်မောင့်အတွက် မကောင်းစကားတွေနဲ့ ဝေဖန်နှိမ်ချမှုတွေကို မကြားချင်တော့ဘူးလို့ ဆိုလိုက်ပြီး သူ့အနေနဲ့ အားလုံးကို မှားယွင်းကြောင်း ပွဲတိုင်းပွဲတိုင်းမှာ သက်သေပြခဲ့ပြီးပြီလို့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်က သူ့ရဲ့ ချဲလ်ဆီးက သူငယ်ချင်း ဖြစ်သူအတွက် ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ့ နည္းျပႏွစ္ဆက္စလုံးမွာ ေျခစြမ္းျပခဲ့ၿပီး ေသာမတ္စ္ တူဟယ္လ္ရဲ့ အဓိက ကစားသမားတစ္ဦး ျဖစ္ေနခဲ့သလို လီဗာပူးလ္နဲ႔ပြဲမွာလည္း အနိုင္ဂိုးသြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ ေမဆန္ေမာင့္ကို စကိုင္းစပို႔စ္ရဲ့ တင္ဆက္သူ ကြင္းလယ္လူေဟာင္း ေဂ်မီ ရက္ဒ္နက္ပ္နဲ႔ ကစားသမားေဟာင္း အက္ရွ္လီ ကိုးလ္တို႔က အနာဂတ္ရဲ့ ခ်ဲလ္ဆီးကပၸတိန္လို႔ ခ်ီးက်ဴးသြား။

– လီဗာပူးလ္အသင္းရဲ့ ပရိသတ္ေတြကလည္း ေဘာလုံး ၆၁ ႀကိမ္ထိခဲ့တဲ့ ေမဆန္ေမာင့္ဟာ ဒီပြဲရဲ့ အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးခဲ့ၾကၿပီး အိမ္ရွင္အသင္းရဲ့ ကြင္းလယ္ကစားသမားအားလုံးကို အိတ္ထဲ ထည့္ထားနိုင္ခဲ့သလို မာရာဒိုနာလားလို႔ ထင္ရတယ္လို႔ တြစ္တာမွာ ေရးသားခဲ့ၾက။

– အသင္းကို ကိုင္တြယ္ရာမွာ ရႈံးပြဲမရွိေသးဘဲ နိုင္ပြဲရာခိုင္ႏႈန္း ၇၀ အထိ ရယူထားခဲ့တဲ့ နည္းၿပ တူဟယ္လ္က အသင္းကို ေရာက္လာစဥ္အခ်ိန္မွာ သူ႔ကို ကစားသမားေတြက ႀကိဳဆိုခဲ့ၾကပုံကို ဝမ္းေျမာက္ဝမ္းသာ ခံစားခဲ့ရၿပီး ဒီအခ်ိန္ကတည္းက ခ်ဲလ္ဆီးမိသားစုနဲ႔ တစ္သားတည္းျဖစ္သြားေတာ့တာလို႔ ထုတ္ေဖာ္သြား။

– ေသာမတ္စ္ တူဟယ္လ္ရဲ့ ကိုင္တြယ္ပုံမွာ ရႈံးပြဲမရွိေသးဘဲ ၾကာသပေတးေန႔ညက အဆင့္ ၄ ေနရာကို တက္ေရာက္လာခဲ့တဲ့ ခ်ဲလ္ဆီး အသင္းအေနနဲ႔ ရာသီကုန္မွာ ထိပ္ဆုံးေလးသင္းထဲကေန ဘယ္ကိုမွ ေျပာင္းလဲဖို႔ မရွိေတာ့ဘူးလို႔ မိုက္ကယ္ အိုဝင္ ခ်ီးက်ဴးခန႔္မွန္းသြား။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီမွာ အသင္းရဲ့ ခံစစ္ကို ထပ္မံအင္အားျဖည့္တင္းသြားလိုေနၿပီး ဂ်ာမန္ကစားသမားေတြကို ေခၚယူဖို႔ စဥ္းစားေနခဲ့သလို ေနာက္ဆုံးအေနနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းေနာက္ခံလူ နစ္ကလတ္စ္ ဆူးလားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး အူပါမီကာနို ေရာက္လာမယ့္ အေျခအေနမွာ ဘာေဗးရီးယားကလပ္ဘက္က သင့္ေတာ္တဲ့ ေဈးရရင္ လက္ခံဖြယ္ရွိေန။

– ဝက္စ္ဟမ္းပရိသတ္ေတြအေနနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူသြားမယ့္ အစီအစဥ္ကို ကန႔္ကြက္ခဲ့ၾကၿပီး သူ႔ရဲ့ တစ္ပတ္ ေပါင္ရွစ္ေသာင္း (အသင္းေျပာင္းေရႊ႕ရင္ ပိုမိုမ်ားျပားလာနိုင္) ရရွိေနတဲ့ လုပ္ခဟာလည္း အသင္းမွာ မတည္ၿငိမ္မႈေတြကို ျဖစ္ေစလိမ့္မယ္လို႔ ေဝဖန္ေနၾက။

– VAR ဟာ ေဘာလုံးပြဲေတြကို အသက္မဲ့သြားေစၿပီး ကစားနည္းတစ္ခုကို သိပၸံသေဘာတရားတစ္ခုအသြင္ ေျပာင္းလဲေနသလို မျဖစ္သင့္တဲ့ တိက်မႈေတြနဲ႔ မိုက္ခရိုစကုပ္ၾကည့္သလိုမ်ိဳး လုပ္ေဆာင္ေနတာဟာ ေဘာလုံးေလာကအတြက္ အႏုတ္လကၡဏာ ျဖစ္ေၾကာင္း တီမို ဗာနာရဲ့ ဂိုးကို လူကၽြံေဘာ သတ္မွတ္ခံရအၿပီးမွာ Talk Sports က ေဝဖန္သြားခဲ့။

– လီဗာပူးလ္ကစားသမားေဟာင္းနဲ႔ စကိုင္းပို႔စ္တင္ဆက္သူ ေဂ်မီ ကာေရဂါက သူ႔အသင္းေဟာင္းရဲ့ ရႈံးပြဲအၿပီးမွာ အန္းဖီးလ္ကြင္းမွာ ေျခစြမ္းျပခဲ့တဲ့ ခ်ဲလ္ဆီးရဲ့ သူရဲေကာင္းဟ သူ႔အတြက္ေတာ့ ေမဆန္ေမာင့္ မဟုတ္ဘဲ ခံစစ္မွာ ဆာဒီယို မာေနးကို ထိန္းခ်ဳပ္ခဲ့သလို တိုက္စစ္ကိုလည္း ေဘာလုံးေတြ ပံ့ပိုးေပးခဲ့တဲ့ အန္းဒရီယက္စ္ ခရစၥတင္ဆန္လို႔ ေရြးခ်ယ္သြား။

– သူ႔ထက္ ပရီးမီးယားလိဂ္ကို ႏွစ္ေပါင္းအေတာ္ၾကာ ေစာေရာက္ၿပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားေတြကို ဆြတ္ခူးထားခဲ့သလို ပုံရိပ္ပိုမိုႀကီးမားတဲ့ ယာဂန္ ကေလာ့ပ္ကို အနိုင္ယူခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္ကို ဂ်ာမနီမွာ မီဒီယာေတြက ခ်ဲလ္ဆီးရဲ့ Invincible One လို႔ ခ်ီးက်ဴးေရးသားခဲ့ၾက။

– ေမဆန္ေမာင့္အတြက္ မေကာင္းစကားေတြနဲ႔ ေဝဖန္ႏွိမ္ခ်မႈေတြကို မၾကားခ်င္ေတာ့ဘူးလို႔ ဆိုလိုက္ၿပီး သူ႔အေနနဲ႔ အားလုံးကို မွားယြင္းေၾကာင္း ပြဲတိုင္းပြဲတိုင္းမွာ သက္ေသျပခဲ့ၿပီးၿပီလို႔ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ရိုက္စ္က သူ႔ရဲ့ ခ်ဲလ္ဆီးက သူငယ္ခ်င္း ျဖစ္သူအတြက္ ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.