Premier League Transfer News

3 Mar နေ့လယ်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ နွေရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ များနေတဲ့ ဟက်တာ ဘယ်လာရင်အတွက် နောက်ခံလူ ဒါနီလိုနဲ့ ကွင်းလယ်လူ အက်ဒရီယင် ရာဗျို(ရာဘီယော့)တို့ထဲက တစ်ဦးကို အလိုက်ပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး ဂန်းနားတွေအနေနဲ့ ကတော့ ငွေကြေးကိုသာ ပိုမိုအလိုရှိသလို ဒီနှစ်ဦးစလုံးဟာ အသင်းရဲ့ စံနှုန်းနဲ့ မကိုက်ညီလို့ ငြင်းပယ်ဖွယ်ရှိနေ။

– နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ စီးရီးအေရဲ့ နောက်ထပ် တိုက်စစ် ကြယ်ပွင့်ဖြစ်လာမယ်လို့ IB Times ရေးသားလိုက်ပြီး သူ့ကို ခေါ်ယူဖို့ ရိုးမားအသင်းအနေနဲ့ ထိပ်ဆုံးက ဦးဆောင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ထပ် တိုနီ အက်ဒမ်စ်တစ်ယောက်ကို ပိုင်ဆိုင်နိုင်တော့မယ်လို့ လူပြောများနေကြပြီး စတုဂတ်အသင်းမှာ အငှားချထားတဲ့ မာဗရိုပါနို့စ်ဟာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်တယ်လို့ ဆိုခဲ့ကြသလို လက်ရှိ သူ့ရဲ့နည်းပြ ပယ်လီဂရီနို မာတာရာဇိုကတော့ ဂရိသားဟာ ကိုယ့်အမှားကိုကိုယ် မကျေမနပ်ဖြစ်တတ်သူမို့ ကြိုးစားမှုနဲ့ ပိုတိုးတက်လာဦးမယ်လို့ဆို။

– လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်မှု ပြုလုပ်သွားဦးမှာဖြစ်ပြီး ဆဲလ်တစ်အသင်းရဲ့ ဈေးကျလာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ခေါ်ယူပြီး ရေရှည်စီမံကိန်းအဖြစ် တည်ဆောက်သွားဖို့ရှိနေ။

– လက်စတာစီးတီးနဲ့ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးအတွက် တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က စိတ်ပျက်နေပြီး အရာအားလုံးကို စာအုပ်ကြီးအတိုင်း မလုပ်ဖို့နဲ့ ဘောလုံးရနေတဲ့ တစ်ဖက်ကစားသမားကို ကပ်ပြီး ဖိအားပေးရမှာဟာ အနီးဆုံးလူရဲ့ တာဝန်ဆိုတာ မမေ့ဖို့ အာဆင်နယ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ကို ဝေဖန်သွား။

– ဆောင်းရာသီမှာ ရောက်ရှိလာခဲ့စဉ်က နံပါတ် ၁၀ ကို တောင်းဆိုခဲ့တဲ့ မာတင် အော်ဒီဂွါဒ်ကို နံပါတ် ၁၁ ကိုသာ ပေးအပ်ခဲ့တာဟာ အီမီးလ် စမစ်ရိုးအတွက် ချန်ထားတာကို တိုးတိုးတိတ်တိတ် ရှင်းပြခဲ့လို့ဖြစ်ကြောင်း သတင်းတွေ ထွက်လာခဲ့ပြီး လာမယ့်ရာသီမှာလည်း ဒီနံပါတ်ကို လိုချင်သူတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး လာကာဇက်ကို ရောင်းချခဲ့ရင်တော့ အင်္ဂလိပ်လူငယ်အတွက် သေချာပြီလို့ ဆိုနေကြ။

– အင်္ဂလန်အသင်းရဲ့ မန်နေဂျာ ဂယ်ရက်သ် ဆောက်ဂိတ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်အတွဲကို ချီးကျူးလိုက်ပြီး သူတို့ နှစ်ဦးအနေနဲ့ အင်္ဂလိပ်လူငယ်ကစားသမားတွေအတွက် ခက်ခဲတဲ့ အတားအဆီးတွေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ကြပြီလို့ ဆိုလိုက်သလို နိုင်ငံအသင်းမှာလည်း အခွင့်အရေးပေးဖို့ ရှိနေကြောင်း ပြောကြား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားပုံကို ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာကို အသင်းပရိသတ်တွေက ပရီးမီးယားလိဂ်မှာ တတိယအကောင်းဆုံးနည်းပြလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးလ်ရဲ့ ကလော့ပ်တို့နောက်မှာ ထားရှိခဲ့ကြ။

– လိဒ်စ်နဲ့ပွဲမှာ အနီကတ်ထိလိုက်တာက သူ့အတွက် ကောင်းသွားတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က နီကိုလာ ပေပေရဲ့ ဖြစ်စဉ်ကို ထောက်ပြပြောကြားလိုက်ပြီး ဒီကနေစလို့ မခံချင်စိတ်နဲ့ သူ့ကိုယ်သူ ပိုကောင်းအောင် ကြိုးစားတိုးတက်လာခဲ့တာလို့ သုံးသပ်သွား။

– အာဆင်နယ်နောက်ခံလူဟောင်းကြီး တိုနီ အက်ဒမ်စ်ကတော့ ညာနောက်ခံလူနှစ်ဦးစလုံးကို နွေရာသီမှာ ရှင်းထုတ်ပစ်စေချင်နေပြီး ဒီနေရာမှာ ပိုမိုကောင်းမွန်တဲ့ ကစားသမားသစ်တွေနဲ့ အစားထိုးဖို့ အကြံပေးခဲ့တာအတွက် ပရိသတ်တွေကြားမှာတော့ အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေကို မသိဘူးလားလို့ လှောင်ပြောင်မှုတွေ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေႏြရာသီမွာ အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ မ်ားေနတဲ့ ဟက္တာ ဘယ္လာရင္အတြက္ ေနာက္ခံလူ ဒါနီလိုနဲ႔ ကြင္းလယ္လူ အက္ဒရီယင္ ရာဗ်ိဳ(ရာဘီေယာ့)တို႔ထဲက တစ္ဦးကို အလိုက္ေပးမယ္လို႔ ကမ္းလွမ္းလိုက္ၿပီး ဂန္းနားေတြအေနနဲ႔ ကေတာ့ ေငြေၾကးကိုသာ ပိုမိုအလိုရွိသလို ဒီႏွစ္ဦးစလုံးဟာ အသင္းရဲ႕ စံႏႈန္းနဲ႔ မကိုက္ညီလို႔ ျငင္းပယ္ဖြယ္ရွိေန။

– ေႏြရာသီမွာ အာဆင္နယ္အသင္းနဲ႔ လမ္းခြဲဖြယ္ရွိေနတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ဟာ စီးရီးေအရဲ႕ ေနာက္ထပ္ တိုက္စစ္ ၾကယ္ပြင့္ျဖစ္လာမယ္လို႔ IB Times ေရးသားလိုက္ၿပီး သူ႔ကို ေခၚယူဖို႔ ႐ိုးမားအသင္းအေနနဲ႔ ထိပ္ဆုံးက ဦးေဆာင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ထပ္ တိုနီ အက္ဒမ္စ္တစ္ေယာက္ကို ပိုင္ဆိုင္ႏိုင္ေတာ့မယ္လို႔ လူေျပာမ်ားေနၾကၿပီး စတုဂတ္အသင္းမွာ အငွားခ်ထားတဲ့ မာဗ႐ိုပါႏို႔စ္ဟာ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္တယ္လို႔ ဆိုခဲ့ၾကသလို လက္ရွိ သူ႔ရဲ႕နည္းျပ ပယ္လီဂရီႏို မာတာရာဇိုကေတာ့ ဂရိသားဟာ ကိုယ့္အမွားကိုကိုယ္ မေက်မနပ္ျဖစ္တတ္သူမို႔ ႀကိဳးစားမႈနဲ႔ ပိုတိုးတက္လာဦးမယ္လို႔ဆို။

– လာမယ့္ေႏြရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္မႈ ျပဳလုပ္သြားဦးမွာျဖစ္ၿပီး ဆဲလ္တစ္အသင္းရဲ႕ ေဈးက်လာခဲ့တဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေခၚယူၿပီး ေရရွည္စီမံကိန္းအျဖစ္ တည္ေဆာက္သြားဖို႔ရွိေန။

– လက္စတာစီးတီးနဲ႔ပြဲမွာ ေပးလိုက္ရတဲ့ ဂိုးအတြက္ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က စိတ္ပ်က္ေနၿပီး အရာအားလုံးကို စာအုပ္ႀကီးအတိုင္း မလုပ္ဖို႔နဲ႔ ေဘာလုံးရေနတဲ့ တစ္ဖက္ကစားသမားကို ကပ္ၿပီး ဖိအားေပးရမွာဟာ အနီးဆုံးလူရဲ႕ တာဝန္ဆိုတာ မေမ့ဖို႔ အာဆင္နယ္ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ကို ေဝဖန္သြား။

– ေဆာင္းရာသီမွာ ေရာက္ရွိလာခဲ့စဥ္က နံပါတ္ ၁၀ ကို ေတာင္းဆိုခဲ့တဲ့ မာတင္ ေအာ္ဒီဂြါဒ္ကို နံပါတ္ ၁၁ ကိုသာ ေပးအပ္ခဲ့တာဟာ အီမီးလ္ စမစ္႐ိုးအတြက္ ခ်န္ထားတာကို တိုးတိုးတိတ္တိတ္ ရွင္းျပခဲ့လို႔ျဖစ္ေၾကာင္း သတင္းေတြ ထြက္လာခဲ့ၿပီး လာမယ့္ရာသီမွာလည္း ဒီနံပါတ္ကို လိုခ်င္သူတစ္ဦးျဖစ္တဲ့ တိုက္စစ္မႉး လာကာဇက္ကို ေရာင္းခ်ခဲ့ရင္ေတာ့ အဂၤလိပ္လူငယ္အတြက္ ေသခ်ာၿပီလို႔ ဆိုေနၾက။

– အဂၤလန္အသင္းရဲ႕ မန္ေနဂ်ာ ဂယ္ရက္သ္ ေဆာက္ဂိတ္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လူငယ္တိုက္စစ္အတြဲကို ခ်ီးက်ဴးလိုက္ၿပီး သူတို႔ ႏွစ္ဦးအေနနဲ႔ အဂၤလိပ္လူငယ္ကစားသမားေတြအတြက္ ခက္ခဲတဲ့ အတားအဆီးေတြအားလုံးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကၿပီလို႔ ဆိုလိုက္သလို ႏိုင္ငံအသင္းမွာလည္း အခြင့္အေရးေပးဖို႔ ရွိေနေၾကာင္း ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ကစားပုံကို ျပဳျပင္ေျပာင္းလဲေပးႏိုင္ခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာကို အသင္းပရိသတ္ေတြက ပရီးမီးယားလိဂ္မွာ တတိယအေကာင္းဆုံးနည္းျပလို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ လီဗာပူးလ္ရဲ႕ ကေလာ့ပ္တို႔ေနာက္မွာ ထားရွိခဲ့ၾက။

– လိဒ္စ္နဲ႔ပြဲမွာ အနီကတ္ထိလိုက္တာက သူ႔အတြက္ ေကာင္းသြားတယ္လို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က နီကိုလာ ေပေပရဲ႕ ျဖစ္စဥ္ကို ေထာက္ျပေျပာၾကားလိုက္ၿပီး ဒီကေနစလို႔ မခံခ်င္စိတ္နဲ႔ သူ႔ကိုယ္သူ ပိုေကာင္းေအာင္ ႀကိဳးစားတိုးတက္လာခဲ့တာလို႔ သုံးသပ္သြား။

– အာဆင္နယ္ေနာက္ခံလူေဟာင္းႀကီး တိုနီ အက္ဒမ္စ္ကေတာ့ ညာေနာက္ခံလူႏွစ္ဦးစလုံးကို ေႏြရာသီမွာ ရွင္းထုတ္ပစ္ေစခ်င္ေနၿပီး ဒီေနရာမွာ ပိုမိုေကာင္းမြန္တဲ့ ကစားသမားသစ္ေတြနဲ႔ အစားထိုးဖို႔ အႀကံေပးခဲ့တာအတြက္ ပရိသတ္ေတြၾကားမွာေတာ့ အသင္းရဲ႕ ဘဏၰာေရးအေျခအေနကို မသိဘူးလားလို႔ ေလွာင္ေျပာင္မႈေတြ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.