Match Report Premier League

ပွဲပြီးခါနီးမှာ သုံးဂိုးသွင်းပြီး နိုင်ပွဲမှတ်တမ်းကို ရှေ့ဆက်လိုက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အနားပေးထားခဲ့တဲ့ ဘာနာဒို၊ စတာလင်နဲ့ ဂျေဆူးစ်တို့ကို ထုတ်သုံးခဲ့ပြီး ကွင်းလယ်မှာ ရိုဒရီလည်း ပြန်လည်ပါဝင်လာခဲ့သလို အဓိက ကစားသမားအများစုကို အသုံးပြုခဲ့ပြီး သူတို့ရဲ့ နိုင်ပွဲဆက်စံချိန်ကို တိုးမြှင့်နိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။

တိုက်စစ်မှူးစစ်စစ်မပါတဲ့ လူစာရင်းမှာ အဒါမာ ထရာအိုရေးကို အထောင်ထားခဲ့တဲ့ ဝုလ်ဗ်စ်ကွင်းလယ်က ပိတ်ဆို့နိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ကိုယ့်ဘာသာကိုယ် အမှားအယွင်းလုပ်မှုနဲ့ Sloppy Pass တွေက စီးတီးတို့အတွက် လိုက်လုစရာတောင် မလိုခဲ့ပေမယ့် အခွင့်အရေးတချို့ကတော့ လွဲချော်နေခဲ့ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာတော့ ကွင်းလယ်ကနေ စတင်ခဲ့တဲ့ အတွဲအဖက်ကနေ မန်စီးတီးတို့ အဖွင့်ဂိုးရခဲ့ပြီး ညာခြမ်းကို ဖြတ်တင်ပေးလိုက်တာကို မာရက်ဇ်က စတာလင်ဂိုးသွင်းနိုင်ဖို့ ပြန်အပေးမှာ ဘောလုံးကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ ဒန်ဒွန့်ကာက ဂိုးထဲကို သွင်းခဲ့မိလို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ မန်စီးတီးတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့သလို ဒီဘရိုင်းနားကတော့ အသင်းနဲ့ ချိတ်ဆက်မှု အနည်းငယ် လိုအပ်နေသေးတာ တွေ့ရပြီး ပွဲပြီးခါနီးမှာတော့ လာပေါ့တ်က ဂိုးထပ်သွင်းခဲ့ပေမယ့် ဘာနာဒို ဆေးလ်ဗားက သူ့ကို လူကျွံအောင် လုပ်ခဲ့မိသလို နောက်ဆုံးမိနစ်မှာလည်း ပက်ထရီစီယိုရဲ့ ကာကွယ်မှုကောင်းခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ဆက်တိုက်ဖိကစားနေခဲ့သလို ဒီဘရိုင်းနား၊ မာရက်ဇ်တို့ရဲ့ ဂိုးကန်သွင်းချက်တွေကို ပက်ထရီစီယို ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ မော်တင်ညိုရဲ့ ဖရီးကစ်ကနေ ဝုလ်ဗ်စ်အသင်းခေါင်းဆောင် နောက်ခံလူ ကိုဒီက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီကြားထဲမှာတော့ ဂျေဆူးစ်နဲ့ ထရာအိုရေးတို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ဒီဘရိုင်းနားနဲ့ စတာလင်ကတော့ ဖြုန်းတီးနေခဲ့လို့ မိနစ် ၈၀ မှာမှ ညာတောင်ပံက ဝေါ်လ်ကာရဲ့ အနိမ့်ဘောဖြတ်တင်မှု နောက်တန်းနဲ့ထိပြီး ကျန်ခဲ့တာကို ဂျေဆူးစ်က အနီးကပ်ပိတ်သွင်းပြီး ဦးဆောင်ဂိုးကို ထပ်မံရယူခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး တစ်ချိန်လုံး အမှားကျူးလွန်နေပြီး ခပ်ပျော့ပျော့ ကစားနေတဲ့ ဆိုက်စ်ဆီကနေ ရိုဒရီက ဘောလုံးလုယူပြီး ဂွန်ဒိုးဝမ်က ပြန်ချိုးပေးတာကို စတာလင် အသုံးမချနိုင်ခဲ့ပေမယ့် ဘေးက အဆင်သင့်ရှိနေတဲ့ မာရက်ဇ်က အဝေးတိုင်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၉၃ မိနစ်မှာလည်း ဆိုက်စ်ရဲ့ ဘယ်လိုမှ နားလည်လို့ မရတဲ့ လူမှားပေးမှုကနေ စီးတီးတို့ တန်ပြန်ထိုးဖောက်လာခဲ့ပြီး ဂွန်ဒိုးဝမ်ရဲ့ ကန်သွင်းချက်ကို ဂိုးသမား ဖမ်းဖို့ ကြိုးစားခဲ့ရာမှာ မသေသပ်ဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ဂျေဆူးစ်က အနီးကပ် ပိတ်သွင်းပြီး အနိုင်ကို ပြတ်သားစေခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ ပြိုင်ပွဲစုံနိုင်ပွဲမှတ်တမ်းကို ၂၁ ပွဲအထိ တိုးမြှင့်နိုင်ခဲ့သလို နောက်က လိုက်လာခဲ့တဲ့ အသင်းတွေ ကိုလည်း ချန်ပီယံဆုအတွက် ထိုက်တန်ကြောင်းပြသခဲ့ပြီး ရမှတ် ၆၅ မှတ်နဲ့ ဒုတိယနေရာက မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်တို့ မကစားခင်မှာ ၁၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အနားေပးထားခဲ့တဲ့ ဘာနာဒို၊ စတာလင္နဲ႔ ေဂ်ဆူးစ္တို႔ကို ထုတ္သုံးခဲ့ၿပီး ကြင္းလယ္မွာ ႐ိုဒရီလည္း ျပန္လည္ပါဝင္လာခဲ့သလို အဓိက ကစားသမားအမ်ားစုကို အသုံးျပဳခဲ့ၿပီး သူတို႔ရဲ႕ ႏိုင္ပြဲဆက္စံခ်ိန္ကို တိုးျမႇင့္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

တိုက္စစ္မႉးစစ္စစ္မပါတဲ့ လူစာရင္းမွာ အဒါမာ ထရာအိုေရးကို အေထာင္ထားခဲ့တဲ့ ဝုလ္ဗ္စ္ကြင္းလယ္က ပိတ္ဆို႔ႏိုင္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ကိုယ့္ဘာသာကိုယ္ အမွားအယြင္းလုပ္မႈနဲ႔ Sloppy Pass ေတြက စီးတီးတို႔အတြက္ လိုက္လုစရာေတာင္ မလိုခဲ့ေပမယ့္ အခြင့္အေရးတခ်ိဳ႕ကေတာ့ လြဲေခ်ာ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ကြင္းလယ္ကေန စတင္ခဲ့တဲ့ အတြဲအဖက္ကေန မန္စီးတီးတို႔ အဖြင့္ဂိုးရခဲ့ၿပီး ညာျခမ္းကို ျဖတ္တင္ေပးလိုက္တာကို မာရက္ဇ္က စတာလင္ဂိုးသြင္းႏိုင္ဖို႔ ျပန္အေပးမွာ ေဘာလုံးကို တားဆီးဖို႔ ႀကိဳးစားခဲ့တဲ့ ဒန္ဒြန႔္ကာက ဂိုးထဲကို သြင္းခဲ့မိလို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ မန္စီးတီးတို႔ အခြင့္အေရးေတြ ထပ္ရခဲ့ေပမယ့္လည္း အသုံးမခ်ႏိုင္ခဲ့သလို ဒီဘ႐ိုင္းနားကေတာ့ အသင္းနဲ႔ ခ်ိတ္ဆက္မႈ အနည္းငယ္ လိုအပ္ေနေသးတာ ေတြ႕ရၿပီး ပြဲၿပီးခါနီးမွာေတာ့ လာေပါ့တ္က ဂိုးထပ္သြင္းခဲ့ေပမယ့္ ဘာနာဒို ေဆးလ္ဗားက သူ႔ကို လူကြၽံေအာင္ လုပ္ခဲ့မိသလို ေနာက္ဆုံးမိနစ္မွာလည္း ပက္ထရီစီယိုရဲ႕ ကာကြယ္မႈေကာင္းခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေက်နပ္ခဲ့ရတာပါ။

ဒုတိယပိုင္းမွာလည္း မန္စီးတီးတို႔ပဲ ဆက္တိုက္ဖိကစားေနခဲ့သလို ဒီဘ႐ိုင္းနား၊ မာရက္ဇ္တို႔ရဲ႕ ဂိုးကန္သြင္းခ်က္ေတြကို ပက္ထရီစီယို ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေမာ္တင္ညိဳရဲ႕ ဖရီးကစ္ကေန ဝုလ္ဗ္စ္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ကိုဒီက ေခါင္းတိုက္ၿပီး ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ဒီၾကားထဲမွာေတာ့ ေဂ်ဆူးစ္နဲ႔ ထရာအိုေရးတို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲ ဒီဘ႐ိုင္းနားနဲ႔ စတာလင္ကေတာ့ ျဖဳန္းတီးေနခဲ့လို႔ မိနစ္ ၈၀ မွာမွ ညာေတာင္ပံက ေဝၚလ္ကာရဲ႕ အနိမ့္ေဘာျဖတ္တင္မႈ ေနာက္တန္းနဲ႔ထိၿပီး က်န္ခဲ့တာကို ေဂ်ဆူးစ္က အနီးကပ္ပိတ္သြင္းၿပီး ဦးေဆာင္ဂိုးကို ထပ္မံရယူခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ မန္စီးတီးတို႔ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး တစ္ခ်ိန္လုံး အမွားက်ဴးလြန္ေနၿပီး ခပ္ေပ်ာ့ေပ်ာ့ ကစားေနတဲ့ ဆိုက္စ္ဆီကေန ႐ိုဒရီက ေဘာလုံးလုယူၿပီး ဂြန္ဒိုးဝမ္က ျပန္ခ်ိဳးေပးတာကို စတာလင္ အသုံးမခ်ႏိုင္ခဲ့ေပမယ့္ ေဘးက အဆင္သင့္ရွိေနတဲ့ မာရက္ဇ္က အေဝးတိုင္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၉၃ မိနစ္မွာလည္း ဆိုက္စ္ရဲ႕ ဘယ္လိုမွ နားလည္လို႔ မရတဲ့ လူမွားေပးမႈကေန စီးတီးတို႔ တန္ျပန္ထိုးေဖာက္လာခဲ့ၿပီး ဂြန္ဒိုးဝမ္ရဲ႕ ကန္သြင္းခ်က္ကို ဂိုးသမား ဖမ္းဖို႔ ႀကိဳးစားခဲ့ရာမွာ မေသသပ္ဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က ပါလာတဲ့ ေဂ်ဆူးစ္က အနီးကပ္ ပိတ္သြင္းၿပီး အႏိုင္ကို ျပတ္သားေစခဲ့ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၿပိဳင္ပြဲစုံႏိုင္ပြဲမွတ္တမ္းကို ၂၁ ပြဲအထိ တိုးျမႇင့္ႏိုင္ခဲ့သလို ေနာက္က လိုက္လာခဲ့တဲ့ အသင္းေတြ ကိုလည္း ခ်န္ပီယံဆုအတြက္ ထိုက္တန္ေၾကာင္းျပသခဲ့ၿပီး ရမွတ္ ၆၅ မွတ္နဲ႔ ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူႏိုက္တက္တို႔ မကစားခင္မွာ ၁၅ မွတ္အထိျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.