Premier League Transfer News

3 Mar နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းရဲ့ နောက်ဆုံးပွဲစဉ် နှစ်ပွဲကို လွဲချော်ထားခဲ့တဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီအနေနဲ့ ကြွက်သားဒဏ်ရာကနေ ပြန်လည် သက်သာလာပြီဖြစ်ပြီး ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ ဆဲလ်ဟာ့စ်ပါ့ခ်က အဝေးကွင်းပွဲစဉ်မှာ ပြန်လည်ရွေးချယ်ခံဖို့ အသင့်ရှိနေပြီလို့ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူနဲ့ နိုင်ငံတူ အေးဂျင့်တူ ကစားသမားသုံးဦးကို အိုးလ်ထရက်ဖို့ဒ်ဆီ ရောက်လာစေဖို့ စည်းရုံးနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဖရန့်ဖတ်ရဲ့ အန်ဒရီ ဆေးလ်ဗား၊ ဝုလ်ဗ်စ်ရဲ့ ပက်ဒရို နီတိုနဲ့ စပို့တင်းလစ္စဘွန်းရဲ့ ပက်ဒရို ဂွန်ဆာလ်ဗက်စ်တို့ဖြစ်ကြောင်း သိရ။

– အေစီမီလန်အသင်းကနေ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တဲ့ ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း စပိန်က လာတဲ့ သတင်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်ရဲ့ အလိုချင်ဆုံး နောက်ခံလူလို့ ပြောကြားထားခဲ့ဖူးတဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ သူတို့လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ပြင်သစ်သားကို ငွေဖော်သွားဖွယ်ရှိနေ။

– ပက်ပ်စီအချိုရည်ကြော်ငြာ ရိုက်ကူးမှုမှာ နောက်ဆုံးတော့ တစ်သင်းတည်း အတူဖြစ်ကြပြီပေါ့လို့ တွစ်တာမှာ ဗီဒီယိုဖိုင်နဲ့ တင်သွားခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ပို့စ်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ကြွေကျခဲ့ကြပြီး ဒေါ့မွန်စတားကို အမြန်ဆုံးရောက်လာဖို့ မျှော်လင့်နေကြ။

– ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒဏ်ရာက သက်သာလာတဲ့ ကာဗာနီကို အရန်ခုံမှာပဲ ထားဖွယ်ရှိနေသလို တိုက်စစ်မှာ မာစီယယ်လ်ကိုပဲ ပွဲထုတ်ဖွယ်ရှိနေချိန်မှာ ခံစစ်မှာတော့ အဲလက်စ် တဲလက်စ် ပါဝင်လာဖွယ်ရှိပြီး ခြေစွမ်းပြနေတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကိုလည်း ဆက်လက်သုံးစွဲဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ခံစစ်မှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူသစ် ရူဘင် ဒီယက်စ်က သူ့အနေနဲ့ ဖာဒီနန်နဲ့ ဗီဒစ်တို့ရဲ့ ယူနိုက်တက်မှာ တွဲကစားခဲ့ကြပုံတွေကို အမြဲတမ်းစောင့်ကြည့်ပြီး သင်ယူခဲ့ရဖူးသလို ဂျွန်တယ်ရီနဲ့ ကွန်ပနီတို့ကိုလည်း အားကျပြီး အတုယူခဲ့ရကြောင်း ဝန်ခံပြောကြားသွား။

– ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲအတွက် အကောင်းဆုံးကစားဖို့ ထရိန်နင်မှာ ပြင်ဆင်နေကြောင်း ဘရူနို ဖာနန်ဒက်စ်က ပွဲကြိုပြောကြားလိုက်ပြီး လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လိုကတော့ သူ့အတွက် အနာဂတ်မှာ ကစားချိန် ပိုရလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းဆို။

– မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ၂၀၁၃ ခုနှစ်က နောက်ခံလူ ဖီးလ် ဂျုံးစ်ဟာ မယုံနိုင်လောက်တဲ့ အကောင်းဆုံးကစားသမားမျိုး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းချက်က ဆိုးဆိုးရွားရွား လွဲမှားခဲ့တယ်လို့ ဒေးလီးစတားက ရေးသားလိုက်ပြီး အသင်းနဲ့ ဆယ်ရာသီပြည့်မြောက်ချိန်မှာ အင်္ဂလန်သားအနေနဲ့ အဆိုးရွားဆုံးပုံစံကို ရောက်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ႏွစ္ပြဲကို လြဲေခ်ာ္ထားခဲ့တဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ႂကြက္သားဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီျဖစ္ၿပီး ခရစၥတယ္လ္ပဲေလ့စ္အသင္းနဲ႔ ဆဲလ္ဟာ့စ္ပါ့ခ္က အေဝးကြင္းပြဲစဥ္မွာ ျပန္လည္ေ႐ြးခ်ယ္ခံဖို႔ အသင့္ရွိေနၿပီလို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သူနဲ႔ ႏိုင္ငံတူ ေအးဂ်င့္တူ ကစားသမားသုံးဦးကို အိုးလ္ထရက္ဖို႔ဒ္ဆီ ေရာက္လာေစဖို႔ စည္း႐ုံးေနတယ္လို႔ သတင္းေတြ ထြက္ေနၿပီး ဖရန႔္ဖတ္ရဲ႕ အန္ဒရီ ေဆးလ္ဗား၊ ဝုလ္ဗ္စ္ရဲ႕ ပက္ဒ႐ို နီတိုနဲ႔ စပို႔တင္းလစၥဘြန္းရဲ႕ ပက္ဒ႐ို ဂြန္ဆာလ္ဗက္စ္တို႔ျဖစ္ေၾကာင္း သိရ။

– ေအစီမီလန္အသင္းကေန ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္တဲ့ ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ အႀကိဳသေဘာတူညီမႈ ျပဳလုပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း စပိန္က လာတဲ့ သတင္းေတြ ေဖာ္ျပ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ရဲ႕ အလိုခ်င္ဆုံး ေနာက္ခံလူလို႔ ေျပာၾကားထားခဲ့ဖူးတဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ သူ႔ရဲ႕ ဆႏၵေတြ ျပည့္ဝဖြယ္ရွိေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ သူတို႔လိုခ်င္တဲ့ ကစားသမားေတြကို ေခၚယူဖို႔ ျပင္သစ္သားကို ေငြေဖာ္သြားဖြယ္ရွိေန။

– ပက္ပ္စီအခ်ိဳရည္ေၾကာ္ျငာ ႐ိုက္ကူးမႈမွာ ေနာက္ဆုံးေတာ့ တစ္သင္းတည္း အတူျဖစ္ၾကၿပီေပါ့လို႔ တြစ္တာမွာ ဗီဒီယိုဖိုင္နဲ႔ တင္သြားခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ပို႔စ္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ ေႂကြက်ခဲ့ၾကၿပီး ေဒါ့မြန္စတားကို အျမန္ဆုံးေရာက္လာဖို႔ ေမွ်ာ္လင့္ေနၾက။

– ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒဏ္ရာက သက္သာလာတဲ့ ကာဗာနီကို အရန္ခုံမွာပဲ ထားဖြယ္ရွိေနသလို တိုက္စစ္မွာ မာစီယယ္လ္ကိုပဲ ပြဲထုတ္ဖြယ္ရွိေနခ်ိန္မွာ ခံစစ္မွာေတာ့ အဲလက္စ္ တဲလက္စ္ ပါဝင္လာဖြယ္ရွိၿပီး ေျခစြမ္းျပေနတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကိုလည္း ဆက္လက္သုံးစြဲဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ခံစစ္မွာ ေျခစြမ္းျပေနတဲ့ ေနာက္ခံလူသစ္ ႐ူဘင္ ဒီယက္စ္က သူ႔အေနနဲ႔ ဖာဒီနန္နဲ႔ ဗီဒစ္တို႔ရဲ႕ ယူႏိုက္တက္မွာ တြဲကစားခဲ့ၾကပုံေတြကို အၿမဲတမ္းေစာင့္ၾကည့္ၿပီး သင္ယူခဲ့ရဖူးသလို ဂြၽန္တယ္ရီနဲ႔ ကြန္ပနီတို႔ကိုလည္း အားက်ၿပီး အတုယူခဲ့ရေၾကာင္း ဝန္ခံေျပာၾကားသြား။

– ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲအတြက္ အေကာင္းဆုံးကစားဖို႔ ထရိန္နင္မွာ ျပင္ဆင္ေနေၾကာင္း ဘ႐ူႏို ဖာနန္ဒက္စ္က ပြဲႀကိဳေျပာၾကားလိုက္ၿပီး လူငယ္ေတာင္ပံကစားသမား အာမက္ ဂ်ယ္လိုကေတာ့ သူ႔အတြက္ အနာဂတ္မွာ ကစားခ်ိန္ ပိုရလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆို။

– မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ၂၀၁၃ ခုႏွစ္က ေနာက္ခံလူ ဖီးလ္ ဂ်ဳံးစ္ဟာ မယုံႏိုင္ေလာက္တဲ့ အေကာင္းဆုံးကစားသမားမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ခန႔္မွန္းခ်က္က ဆိုးဆိုး႐ြား႐ြား လြဲမွားခဲ့တယ္လို႔ ေဒးလီးစတားက ေရးသားလိုက္ၿပီး အသင္းနဲ႔ ဆယ္ရာသီျပည့္ေျမာက္ခ်ိန္မွာ အဂၤလန္သားအေနနဲ႔ အဆိုး႐ြားဆုံးပုံစံကို ေရာက္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.