Premier League Transfer News

2 Mar ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အားလင်း ဟားလန်းနဲ့အတူ နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပိုမိုဈေးသက်သာတဲ့ ရွေးချယ်စရာအဖြစ် ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အလက်ဇန်းဒါး အိုက်ဆက်ကို စိတ်ဝင်စားနေပြီး ဒေါ့မွန်အကယ်ဒမီထွက် ၂၁ နှစ်သားအတွက် ပေါင် ၂၅ သန်းခန့် ကျသင့်ဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ နိုင်ပွဲဆက်မှတ်တမ်းအတွက် မေးမြန်းမှုတွေကို နောက်ခံလူ ရူဘင် ဒီယက်စ်က ဒါဟာ တတ်နိုင်သမျှ တိုးမြှင့်ရယူနိုင်ဖို့ ကြိုးစားသင့်တဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး သူ့ကို ဒီအတွက် မိသားစုနဲ့ သူငယ်ချင်းတွေက မေးကြချိန်မှာ တစ်ပွဲချင်းကို အကောင်းဆုံး ကစားသွားဖို့ပဲ ဖြေခဲ့တယ်လို့ ရှင်းလင်း။

– အတ္တလန်တာ နောက်ခံလူ ရော်ဘင် ဂိုဆင်စ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေအပေါ် မန်ချက်စတာစီးတီးပရိသတ်တွေက ကြိုဆိုခဲ့ပြီး ဂိုးတွေကိုပါ သွင်းယူနိုင်စွမ်းရှိတဲ့ နောက်ခံလူအတွက် ရင်ခုန်နေကြသလို ဘင်ဂျမင် မန်ဒီနဲ့တော့ လမ်းခွဲဖို့ အချိန်ရောက်ပြီဖြစ်သလို ဇင်ချန်ကို,ကိုတော့ ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းခဲ့ကြ။

– ဒဏ်ရာတွေ နှိပ်စက်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးရာသီမှာ ခြေစွမ်းကျဆင်းမှုနဲ့အတူ ပွဲကစားခွင့်ပါ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို နွေရာသီမှာ လမ်းခွဲဖို့ အရိပ်အယောင်တွေကို ကလပ်ဘက်က ပညာရှိနည်းနဲ့ ပြသနေပြီး သူ့နေရာအတွက် ကစားသမားသစ် တွေကို စုံစမ်းပြနေတာက ဝမ်းနည်းစရာဖြစ်လာ။

– မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက ဝက်စ်ဟမ်းနဲ့ ပွဲအပြီးမှာ သူ့ရဲ့ အသင်းသားတွေကို သတိပေးခဲ့ပြီး နိုင်ပွဲတွေကြောင့် ပီတိဖြစ်ရာကနေ ဒီအပေါ်မှာ သာယာနေပြီး ကြိုးစားမှု လျော့ကျခဲ့ရင်တော့ ဘယ်သူ့ကိုမဆို ပွဲထွက်လူစာရင်းကနေ ဖြုတ်ချမယ်လို့ ခြိမ်းခြောက်သွားခဲ့။

– မိုက်ကယ် အိုဝင်က သူခန့်မှန်းနေတဲ့ ဘက်ဗစ်တာကနေ ဝုလ်ဗ်စ်ကို မန်စီးတီးတို့ အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းလိုက်ပြီး ဘီဘီစီရဲ့ လော်ရိုကတော့ သံချေးတက်နေတဲ့ အဂွေရိုနဲ့တော့ အဆင်မပြေနိုင်ကြောင်းနဲ့ ပုံမှန်ပွဲထွက်လူစာရင်းကို အသုံးပြုမယ်ဆိုရင်တော့ ဒီပွဲကို ထိန်းချုပ် အနိုင်ယူနိုင်မယ်လို့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ခန့်မှန်းသွားခဲ့။

– နွေရာသီမှာ ငွေရှာဖို့ ရှိနေတဲ့ မန်ချက်စတာစီးတီးအသင်းအတွက် လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာအနေနဲ့ မျက်လုံးပြူးစရာလုပ်ပြလိုက်ပြီး အယ်လင်ရုတ်ဒ်ကို အပြီးသတ်ဝယ်ယူဖို့ သေချာသလောက်ရှိနေတဲ့ တောင်ပံကစားသမား ဂျက်ခ် ဟာရီဆန်ကို မကြိုးစားဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အရန်ခုံကို ပို့ပစ်ခဲ့သလို မခေါ်ယူဖြစ်ရင် ပေါင် ၁၅ သန်းလောက် နစ်နာဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးနေပေမယ့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေမှာ သဘောတူညီမှု မရရှိသေးဘူးလို့ဆိုတဲ့ နောက်ခံလူ အဲရစ် ဂါစီယာအနေနဲ့ နူးကမ့်ကိုပဲ ပြန်မှာဖြစ်ကြောင်း နည်းပြ ပက်ပ် ဂွါဒီယိုလာက အတည်ပြုလိုက်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အတွက်တော့ စိတ်မကောင်းဖြစ်ကြောင်းဆို။

– ဝုလ်ဗ်စ်နဲ့ ပွဲစဉ်ကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက် မန်စီးတီးတို့အနေနဲ့ ဖီးလ် ဖိုဒန်နဲ့ ရာဟင်းမ် စတာလင်တို့ကို တစ်ပြိုင်နက်တည်း ပွဲထွက်စေဖို့ ရှိနေပြီး တိုက်စစ်မှာလည်း ဂျေဆူးစ်နဲ့ ဘာနာဒိုတို့ကို ပြန်လည်အသုံးပြုဖို့ ရှိနေပေမယ့် နောက်ခံလူ နာသန် အာကေ ကတော့ မပါဝင်နိုင်သေးဘဲ ပွဲအပြီး ဗုဒ္ဓဟူးနေ့ ထရိန်နင်မှာမှ အသင်းနဲ့ ပူးပေါင်းဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အားလင္း ဟားလန္းနဲ႔အတူ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ပိုမိုေဈးသက္သာတဲ့ ေ႐ြးခ်ယ္စရာအျဖစ္ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ ဆြီဒင္တိုက္စစ္မႉး အလက္ဇန္းဒါး အိုက္ဆက္ကို စိတ္ဝင္စားေနၿပီး ေဒါ့မြန္အကယ္ဒမီထြက္ ၂၁ ႏွစ္သားအတြက္ ေပါင္ ၂၅ သန္းခန႔္ က်သင့္ဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ႏိုင္ပြဲဆက္မွတ္တမ္းအတြက္ ေမးျမန္းမႈေတြကို ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က ဒါဟာ တတ္ႏိုင္သမွ် တိုးျမႇင့္ရယူႏိုင္ဖို႔ ႀကိဳးစားသင့္တဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး သူ႔ကို ဒီအတြက္ မိသားစုနဲ႔ သူငယ္ခ်င္းေတြက ေမးၾကခ်ိန္မွာ တစ္ပြဲခ်င္းကို အေကာင္းဆုံး ကစားသြားဖို႔ပဲ ေျဖခဲ့တယ္လို႔ ရွင္းလင္း။

– အတၱလန္တာ ေနာက္ခံလူ ေရာ္ဘင္ ဂိုဆင္စ္ကို ေခၚယူမယ္ဆိုတဲ့ သတင္းေတြအေပၚ မန္ခ်က္စတာစီးတီးပရိသတ္ေတြက ႀကိဳဆိုခဲ့ၿပီး ဂိုးေတြကိုပါ သြင္းယူႏိုင္စြမ္းရွိတဲ့ ေနာက္ခံလူအတြက္ ရင္ခုန္ေနၾကသလို ဘင္ဂ်မင္ မန္ဒီနဲ႔ေတာ့ လမ္းခြဲဖို႔ အခ်ိန္ေရာက္ၿပီျဖစ္သလို ဇင္ခ်န္ကို,ကိုေတာ့ ဆက္လက္ထိန္းသိမ္းထားဖို႔ တိုက္တြန္းခဲ့ၾက။

– ဒဏ္ရာေတြ ႏွိပ္စက္ခဲ့တဲ့ သူ႔ရဲ႕ ေနာက္ဆုံးရာသီမွာ ေျခစြမ္းက်ဆင္းမႈနဲ႔အတူ ပြဲကစားခြင့္ပါ ေပ်ာက္ဆုံးေနခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေႏြရာသီမွာ လမ္းခြဲဖို႔ အရိပ္အေယာင္ေတြကို ကလပ္ဘက္က ပညာရွိနည္းနဲ႔ ျပသေနၿပီး သူ႔ေနရာအတြက္ ကစားသမားသစ္ ေတြကို စုံစမ္းျပေနတာက ဝမ္းနည္းစရာျဖစ္လာ။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပ ဂြါဒီယိုလာက ဝက္စ္ဟမ္းနဲ႔ ပြဲအၿပီးမွာ သူ႔ရဲ႕ အသင္းသားေတြကို သတိေပးခဲ့ၿပီး ႏိုင္ပြဲေတြေၾကာင့္ ပီတိျဖစ္ရာကေန ဒီအေပၚမွာ သာယာေနၿပီး ႀကိဳးစားမႈ ေလ်ာ့က်ခဲ့ရင္ေတာ့ ဘယ္သူ႔ကိုမဆို ပြဲထြက္လူစာရင္းကေန ျဖဳတ္ခ်မယ္လို႔ ၿခိမ္းေျခာက္သြားခဲ့။

– မိုက္ကယ္ အိုဝင္က သူခန႔္မွန္းေနတဲ့ ဘက္ဗစ္တာကေန ဝုလ္ဗ္စ္ကို မန္စီးတီးတို႔ အႏိုင္ယူႏိုင္မယ္လို႔ ခန႔္မွန္းလိုက္ၿပီး ဘီဘီစီရဲ႕ ေလာ္႐ိုကေတာ့ သံေခ်းတက္ေနတဲ့ အေဂြ႐ိုနဲ႔ေတာ့ အဆင္မေျပႏိုင္ေၾကာင္းနဲ႔ ပုံမွန္ပြဲထြက္လူစာရင္းကို အသုံးျပဳမယ္ဆိုရင္ေတာ့ ဒီပြဲကို ထိန္းခ်ဳပ္ အႏိုင္ယူႏိုင္မယ္လို႔ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ခန႔္မွန္းသြားခဲ့။

– ေႏြရာသီမွာ ေငြရွာဖို႔ ရွိေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ လိဒ္စ္ယူႏိုက္တက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာအေနနဲ႔ မ်က္လုံးျပဴးစရာလုပ္ျပလိုက္ၿပီး အယ္လင္႐ုတ္ဒ္ကို အၿပီးသတ္ဝယ္ယူဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ေတာင္ပံကစားသမား ဂ်က္ခ္ ဟာရီဆန္ကို မႀကိဳးစားဘူးဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အရန္ခုံကို ပို႔ပစ္ခဲ့သလို မေခၚယူျဖစ္ရင္ ေပါင္ ၁၅ သန္းေလာက္ နစ္နာဖြယ္ရွိေန။

– ဘာစီလိုနာအသင္းနဲ႔ ေဆြးေႏြးေနေပမယ့္ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြမွာ သေဘာတူညီမႈ မရရွိေသးဘူးလို႔ဆိုတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာအေနနဲ႔ ႏူးကမ့္ကိုပဲ ျပန္မွာျဖစ္ေၾကာင္း နည္းျပ ပက္ပ္ ဂြါဒီယိုလာက အတည္ျပဳလိုက္ၿပီး သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ေတာ့ စိတ္မေကာင္းျဖစ္ေၾကာင္းဆို။

– ဝုလ္ဗ္စ္နဲ႔ ပြဲစဥ္ကို အေကာင္းဆုံးရင္ဆိုင္ႏိုင္ဖို႔အတြက္ မန္စီးတီးတို႔အေနနဲ႔ ဖီးလ္ ဖိုဒန္နဲ႔ ရာဟင္းမ္ စတာလင္တို႔ကို တစ္ၿပိဳင္နက္တည္း ပြဲထြက္ေစဖို႔ ရွိေနၿပီး တိုက္စစ္မွာလည္း ေဂ်ဆူးစ္နဲ႔ ဘာနာဒိုတို႔ကို ျပန္လည္အသုံးျပဳဖို႔ ရွိေနေပမယ့္ ေနာက္ခံလူ နာသန္ အာေက ကေတာ့ မပါဝင္ႏိုင္ေသးဘဲ ပြဲအၿပီး ဗုဒၶဟူးေန႔ ထရိန္နင္မွာမွ အသင္းနဲ႔ ပူးေပါင္းဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.