Premier League Transfer News

2 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့ အကောင်းဆုံး တစ်ဦးချင်းကျော်ဖြတ်နိုင်သူဟာ နီကိုလာ ပေပေဖြစ်ကြောင်းနဲ့ တည်ငြိမ်မှုပြသပြီး ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ပုံစံကို ချီးကျူးလိုက်ပြီး အိုင်ဗရီကို့စ်သားအနေနဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲမှာ ၃ ဂိုး သွင်းယူထား။

– လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်အနေနဲ့ သူ့ရဲ့ အင်စတာဂရမ်က ပို့စ်တွေနဲ့ ပုံတွေအားလုံးကို ရှင်းလင်းလိုက်ပြီး ဖျက်လိုက်တာလား၊ ဖွက်လိုက်တာလားတော့ အတိအကျ မသိရဘဲ အာဆင်နယ်လူငယ်တိုက်စစ်မှူးအနေနဲ့ အသင်းက ထွက်ခွာမယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာ။

– လက်စတာနဲ့ အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေဟာ ပရီးမီးယားလိဂ်နဲ့ အသားကျသွားပြီလို့ ယူဆကြောင်း အသင်းဖော်ကွင်းလယ်လူ ဂရာနစ် ချာကာက ပြောကြားလိုက်ပြီး သူ့ရဲ့အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေမိသူ တစ်ယောက်အနေနဲ့ ပျော်ရွှင်မိကြောင်းဆို။

– အာဆင်နယ်အသင်းရဲ့ မျှော်လင့်ထားတဲ့ သွင်းဂိုးသတ်မှတ်ချက်မျိုးကို သူ့ရဲ့ ပရီးမီးယားလိဂ်ဖြတ်သန်းမှု ၄ ရာသီစလုံးမှာ မရရှိသေးတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အနေနဲ့ နွေရာသီမှာ ရောင်းချခံရဖို့ များနေပြီး အစားထိုးဖို့အတွက် ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာနဲ့ အသံတွေ ပိုမိုဆူညံလာ။

– ဇန်နဝါရီမှာ အာဆင်နယ်အသင်းကနေ အိုလံပီယာကော့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး လက်ရှိမှာ အရန်သဘောမျိုး ကစားနေရပေမယ့် အဓိကနောက်ခံလူ ရူဘင် ဆီမီဒို လွဲချော်မှာဖြစ်တဲ့အတွက် အစားဝင်ရဖို့ရှိနေ။

– ပေပေရဲ့ တစ်ဦးချင်း ဖြတ်ကျော်မှု စွမ်းရည်က သူတို့ကို ကောင်းကောင်းဒုက္ခပေးခဲ့တယ်လို့ လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်က ဝန်ခံပြောကြားလိုက်ပြီး သူတို့ရဲ့ တိုက်စစ်အားပြုဖို့ ထည့်သွင်းထားတဲ့ ဘယ်နောက်ခံလူ လုခ် သောမတ်စ်ကို နောက်တစ်ဝါထိပြီး အထုတ်ခံရအောင် လုပ်နိုင်တာကြောင့် လူစားမလဲချင်ဘဲ လဲခဲ့ရတယ်လို့ဆိုသွားခဲ့။

– ယူရိုပါလိဂ်ပွဲစဉ်တွေကို ကြာသပတေးနေ့ညမှာ လန်ဒန်တစ်မြို့တည်း နှစ်သင်းကစားခွင့် မရှိချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ မူလ စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကစားခွင့်ရမှာဖြစ်ပြီး UEFA ရဲ့ ဦးစားပေးမဟုတ်တဲ့ တော့တင်ဟမ်ဟော့စပါးစ်ကတော့ သူတို့ရဲ့ ဒိုင်နမို ဇာဂရက်ဘ်နဲ့ပွဲစဉ်ကို ပထမအကျော့နဲ့ ဒုတိယအကျော့ အိမ်ကွင်းနဲ့ အဝေးကွင်းကို ပြောင်းလဲခဲ့ရ။

– အာဆင်နယ်အသင်းမှာ ပရိသတ်တွေက မကြိုက်ကြသလို အရန်ခုံမှာပဲ ထိုင်နေရပြီး ကစားခွင့်ရချိန်တွေမှာလည်း ခြေစွမ်းမပြနိုင်တော့တဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို နွေရာသီမှာ လက်ခံနိုင်တဲ့ ဈေးရရင် ရောင်းချသွားမှာဖြစ်ပြီး ဝက်စ်ဟမ်းဘက်က အလိုရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ရှော်လ်ကာအသင်းကို ရလဒ်ကောင်းပြီး ရာသီကုန်မှာ တန်းမဆင်းရစေဖို့ ဆုတောင်းပေးနေရပြီး ၂၃ ပွဲ ကစားပြီးချိန်မှာ ၉ မှတ်သာရသေးတဲ့ အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ဆက်မရှိနိုင်ရင် အငှားချထားတဲ့ ကိုလာစီနက်ချ် ပြန်ရောက်လာပြီး လစာငွေ မလျှော့ချနိုင်မှာနဲ့ ရောင်းချဖို့ ထပ်မံကြိုးစားရဦးမှာအတွက် စိုးရိမ်နေရ။

– မီခယ်လ် အာတီတာရဲ့ သဘောကျနှစ်သက်ခြင်းကို ရရှိမထားတဲ့ တိုက်စစ်မှူး လာကာဇက်အနေနဲ့ ရာသီကုန်မှာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ ရှိနေပြီး ပြင်သစ်သားအနေနဲ့ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်၊ ပြင်သစ်ကလပ် မိုနာကိုနဲ့ အီတလီကလပ် ရိုးမား အသင်းတွေဆီ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနည္းျပ မီခယ္လ္ အာတီတာက အသင္းရဲ႕ အေကာင္းဆုံး တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္သူဟာ နီကိုလာ ေပေပျဖစ္ေၾကာင္းနဲ႔ တည္ၿငိမ္မႈျပသၿပီး ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏိုင္တဲ့ ပုံစံကို ခ်ီးက်ဴးလိုက္ၿပီး အိုင္ဗရီကို႔စ္သားအေနနဲ႔ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၃ ဂိုး သြင္းယူထား။

– လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္အေနနဲ႔ သူ႔ရဲ႕ အင္စတာဂရမ္က ပို႔စ္ေတြနဲ႔ ပုံေတြအားလုံးကို ရွင္းလင္းလိုက္ၿပီး ဖ်က္လိုက္တာလား၊ ဖြက္လိုက္တာလားေတာ့ အတိအက် မသိရဘဲ အာဆင္နယ္လူငယ္တိုက္စစ္မႉးအေနနဲ႔ အသင္းက ထြက္ခြာမယ္ဆိုတဲ့ ခန႔္မွန္းမႈေတြ ပိုမိုျမင့္တက္လာ။

– လက္စတာနဲ႔ အေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပဟာ ပရီးမီးယားလိဂ္နဲ႔ အသားက်သြားၿပီလို႔ ယူဆေၾကာင္း အသင္းေဖာ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕အေျခအေနကို အၿမဲတမ္း ေစာင့္ၾကည့္ေနမိသူ တစ္ေယာက္အေနနဲ႔ ေပ်ာ္႐ႊင္မိေၾကာင္းဆို။

– အာဆင္နယ္အသင္းရဲ႕ ေမွ်ာ္လင့္ထားတဲ့ သြင္းဂိုးသတ္မွတ္ခ်က္မ်ိဳးကို သူ႔ရဲ႕ ပရီးမီးယားလိဂ္ျဖတ္သန္းမႈ ၄ ရာသီစလုံးမွာ မရရွိေသးတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္အေနနဲ႔ ေႏြရာသီမွာ ေရာင္းခ်ခံရဖို႔ မ်ားေနၿပီး အစားထိုးဖို႔အတြက္ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာနဲ႔ အသံေတြ ပိုမိုဆူညံလာ။

– ဇန္နဝါရီမွာ အာဆင္နယ္အသင္းကေန အိုလံပီယာေကာ့စ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိသြားခဲ့တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္အေနနဲ႔ အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး လက္ရွိမွာ အရန္သေဘာမ်ိဳး ကစားေနရေပမယ့္ အဓိကေနာက္ခံလူ ႐ူဘင္ ဆီမီဒို လြဲေခ်ာ္မွာျဖစ္တဲ့အတြက္ အစားဝင္ရဖို႔ရွိေန။

– ေပေပရဲ႕ တစ္ဦးခ်င္း ျဖတ္ေက်ာ္မႈ စြမ္းရည္က သူတို႔ကို ေကာင္းေကာင္းဒုကၡေပးခဲ့တယ္လို႔ လက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ဝန္ခံေျပာၾကားလိုက္ၿပီး သူတို႔ရဲ႕ တိုက္စစ္အားျပဳဖို႔ ထည့္သြင္းထားတဲ့ ဘယ္ေနာက္ခံလူ လုခ္ ေသာမတ္စ္ကို ေနာက္တစ္ဝါထိၿပီး အထုတ္ခံရေအာင္ လုပ္ႏိုင္တာေၾကာင့္ လူစားမလဲခ်င္ဘဲ လဲခဲ့ရတယ္လို႔ဆိုသြားခဲ့။

– ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကို ၾကာသပေတးေန႔ညမွာ လန္ဒန္တစ္ၿမိဳ႕တည္း ႏွစ္သင္းကစားခြင့္ မရွိခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ မူလ စီစဥ္ထားတဲ့အတိုင္း ဆက္လက္ကစားခြင့္ရမွာျဖစ္ၿပီး UEFA ရဲ႕ ဦးစားေပးမဟုတ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကေတာ့ သူတို႔ရဲ႕ ဒိုင္နမို ဇာဂရက္ဘ္နဲ႔ပြဲစဥ္ကို ပထမအေက်ာ့နဲ႔ ဒုတိယအေက်ာ့ အိမ္ကြင္းနဲ႔ အေဝးကြင္းကို ေျပာင္းလဲခဲ့ရ။

– အာဆင္နယ္အသင္းမွာ ပရိသတ္ေတြက မႀကိဳက္ၾကသလို အရန္ခုံမွာပဲ ထိုင္ေနရၿပီး ကစားခြင့္ရခ်ိန္ေတြမွာလည္း ေျခစြမ္းမျပႏိုင္ေတာ့တဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေႏြရာသီမွာ လက္ခံႏိုင္တဲ့ ေဈးရရင္ ေရာင္းခ်သြားမွာျဖစ္ၿပီး ဝက္စ္ဟမ္းဘက္က အလိုရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေရွာ္လ္ကာအသင္းကို ရလဒ္ေကာင္းၿပီး ရာသီကုန္မွာ တန္းမဆင္းရေစဖို႔ ဆုေတာင္းေပးေနရၿပီး ၂၃ ပြဲ ကစားၿပီးခ်ိန္မွာ ၉ မွတ္သာရေသးတဲ့ အသင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ဆက္မရွိႏိုင္ရင္ အငွားခ်ထားတဲ့ ကိုလာစီနက္ခ်္ ျပန္ေရာက္လာၿပီး လစာေငြ မေလွ်ာ့ခ်ႏိုင္မွာနဲ႔ ေရာင္းခ်ဖို႔ ထပ္မံႀကိဳးစားရဦးမွာအတြက္ စိုးရိမ္ေနရ။

– မီခယ္လ္ အာတီတာရဲ႕ သေဘာက်ႏွစ္သက္ျခင္းကို ရရွိမထားတဲ့ တိုက္စစ္မႉး လာကာဇက္အေနနဲ႔ ရာသီကုန္မွာ အာဆင္နယ္အသင္းက ထြက္ခြာဖို႔ ရွိေနၿပီး ျပင္သစ္သားအေနနဲ႔ စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္၊ ျပင္သစ္ကလပ္ မိုနာကိုနဲ႔ အီတလီကလပ္ ႐ိုးမား အသင္းေတြဆီ ေရာက္ရွိႏိုင္ေၾကာင္း ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.