Premier League Transfer News

2 Mar နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ လာမယ့်ပွဲတွေမှာ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို တိုက်စစ်မှူးအဖြစ် ပြောင်းလဲ သုံးစွဲသွားဖို့ စီစဉ်နေပြီး အေဘရာဟမ်နဲ့ ဂျီရူးတို့နေရာမှာ ဂျာမန်သားကို အစားထိုးပြီး တီမို ဗာနာနဲ့အတူ တွဲဖက်ပေးဖို့ ရည်ရွယ်ထား။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရခြင်းမရှိတဲ့ တမ်မီ အေဘရာဟမ်ကို နွေရာသီမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အရန်အစီအစဉ်အဖြစ် အာဆင်နယ်ရဲ့ အက်ဒီ နကီးတီးယားကို စောင့်ကြည့်နေသလို နှစ်ဦးစလုံးကတော့ ချဲလ်ဆီးအကယ်ဒမီထွက်တွေချည်းဖြစ်နေ။

– ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ရဲ့ ဒီရာသီခြေစွမ်းကို ရီယို ဖာဒီနန်က ချီးကျူးလိုက်ပြီး နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်က အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အင်္ဂလန်သားအနေနဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်လက်ထက်မှာလည်း ပုံစံကောင်းကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တယ်လို့ သုံးသပ်သွားခဲ့။

– ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၉ တိုက်စစ်မှူးတစ်ယောက်အဖြစ် ကစားဖို့ တီမို ဗာနာအနေနဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဖာဒီနန်က သုံးသပ်လိုက်ပြီး တိုက်စစ်မှူးနှစ်ယောက်ရဲ့ ဘယ်ခြမ်း၊ ဒါမှမဟုတ် ဘယ်တောင်ပံတိုက်စစ်မှာ ကစားဖို့ကပဲ အဖြေဖြစ်လိမ့်မယ်လို့ တိုက်တွန်းသွား။

– မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကို ဆက်တိုက်ကစားရမှာဖြစ်ပြီး ကြာသပတေးနေ့ညမှာ မာဆေးဆိုက်ကို ခရီးနှင်ရမယ့် ချဲလ်ဆီးအသင်းရဲ့ လူစာရင်းကို ဒဏ်ရာအနည်းငယ်ရနေခဲ့တဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်း ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပြီး ပရိသတ်တွေ အားတက်စရာဖြစ်လာ။

– လာမယ့် အန်းဖီးလ်ပွဲစဉ်မှာ တီမို ဗာနာနဲ့ ရင်ဆိုင်တွေ့ရနိုင်တဲ့ အသင်းရဲ့ ညာအတွင်းလူ နာသန် ဖိလစ်အတွက် လီဗာပူးလ်ပရိသတ်တွေ စိုးရိမ်နေကြပြီး အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားအနေနဲ့ လုံလောက်တဲ့ အရည်အသွေး မရှိတာကြောင့် ကျားရှေ့ မှောက်ရက်လဲသလို ဖြစ်သွားနိုင်တယ်လို့ ဆိုနေကြ။

– စကိုင်းစပို့စ်ရဲ့ ပေါလ် မာဆန်က ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေ အလိုရှိနေခဲ့ကြတဲ့ အာလင်း ဟားလန်းအတွက် ပြိုင်ပွဲမှာ သောမတ်စ် တူဟယ်လ်နဲ့ ရိုမန် အေဘရာမိုဗစ်ချ်တို့ရဲ့ အတွဲအဖက်က အောင်ပွဲခံနိုင်ဖွယ်ရှိနေပြီး မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ လီဗာပူးလ်တို့ကို နောက်ကောက်ချနိုင်လိမ့်မယ်လို့ ခန့်မှန်း။

– လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ အန်းဖီးလ်ပွဲစဉ်မှာ သရေရလဒ်ပွဲ ထွက်ပေါ်မယ်လို့ ဘီဘီစီရဲ့ လော်ရိုက ခန့်မှန်းလိုက်ပြီး ချဲလ်ဆီးအနေနဲ့ ဂိုးအများကြီးမပေးရတတ်သလို မသွင်းနိုင်ချိန်မှာ အိမ်ကွင်းပုံစံကောင်း ပျောက်ဆုံးနေတဲ့ လီဗာပူးလ်တို့အတွက် ကြီးမားတဲ့ စမ်းသပ်မှုမှာ တစ်ဂိုးစီသရေက အသင့်တော်ဆုံးပဲလို့ဆို။

– ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဂိုးသမား အေဒူယာ မန်ဒီကို ပြောင်းရွှေ့ကြေးကြီးကြီးမားမား ပေးပြီး ခေါ်ယူခဲ့ပေမယ့် လက်ရှိအချိန်အထိ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်ပြီး အနီအနက်ကြားတွေ ကမ်းလှမ်းထားတဲ့ တစ်နှစ်လုပ်က ယူရို ၇ သန်းခွဲထက် ပိုမိုပေးချေပြီး ဆွဲဆောင်ဖွယ်ရှိနေ။

– အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေရာသီမှာ ခေါ်ယူနိုင်မယ့် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ အေစီမီလန်အသင်း နည်းစနစ်ဒါရိုက်တာ ပေါ်လို မာလ်ဒီနီ တောင်းဆိုထားတဲ့ ဖီကာယို တိုမိုရီရဲ့ အပြီးသတ်ပြောင်းရွှေ့ကြေးကို လျှော့ချပေးဖို့ ပြန်လည်စဉ်းစားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ လာမယ့္ပြဲေတြမွာ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္ကို တိုက္စစ္မႉးအျဖစ္ ေျပာင္းလဲ သုံးစြဲသြားဖို႔ စီစဥ္ေနၿပီး ေအဘရာဟမ္နဲ႔ ဂ်ီ႐ူးတို႔ေနရာမွာ ဂ်ာမန္သားကို အစားထိုးၿပီး တီမို ဗာနာနဲ႔အတူ တြဲဖက္ေပးဖို႔ ရည္႐ြယ္ထား။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက တိုက္စစ္မႉးတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရျခင္းမရွိတဲ့ တမ္မီ ေအဘရာဟမ္ကို ေႏြရာသီမွာ ေခၚယူသြားဖို႔ စိတ္ဝင္စားေနၿပီး အရန္အစီအစဥ္အျဖစ္ အာဆင္နယ္ရဲ႕ အက္ဒီ နကီးတီးယားကို ေစာင့္ၾကည့္ေနသလို ႏွစ္ဦးစလုံးကေတာ့ ခ်ဲလ္ဆီးအကယ္ဒမီထြက္ေတြခ်ည္းျဖစ္ေန။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေမဆန္ေမာင့္ရဲ႕ ဒီရာသီေျခစြမ္းကို ရီယို ဖာဒီနန္က ခ်ီးက်ဴးလိုက္ၿပီး နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္က အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ အဂၤလန္သားအေနနဲ႔ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္လက္ထက္မွာလည္း ပုံစံေကာင္းကို ဆက္ၿပီး ထိန္းသိမ္းထားႏိုင္တယ္လို႔ သုံးသပ္သြားခဲ့။

– ပရီးမီးယားလိဂ္ရဲ႕ နံပါတ္ ၉ တိုက္စစ္မႉးတစ္ေယာက္အျဖစ္ ကစားဖို႔ တီမို ဗာနာအေနနဲ႔ အဆင္ေျပမွာ မဟုတ္ဘူးလို႔ ဖာဒီနန္က သုံးသပ္လိုက္ၿပီး တိုက္စစ္မႉးႏွစ္ေယာက္ရဲ႕ ဘယ္ျခမ္း၊ ဒါမွမဟုတ္ ဘယ္ေတာင္ပံတိုက္စစ္မွာ ကစားဖို႔ကပဲ အေျဖျဖစ္လိမ့္မယ္လို႔ တိုက္တြန္းသြား။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းေတြကို ဆက္တိုက္ကစားရမွာျဖစ္ၿပီး ၾကာသပေတးေန႔ညမွာ မာေဆးဆိုက္ကို ခရီးႏွင္ရမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ လူစာရင္းကို ဒဏ္ရာအနည္းငယ္ရေနခဲ့တဲ့ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္း ျပန္လည္ပါဝင္လာႏိုင္ဖို႔ ရွိေနၿပီး ပရိသတ္ေတြ အားတက္စရာျဖစ္လာ။

– လာမယ့္ အန္းဖီးလ္ပြဲစဥ္မွာ တီမို ဗာနာနဲ႔ ရင္ဆိုင္ေတြ႕ရႏိုင္တဲ့ အသင္းရဲ႕ ညာအတြင္းလူ နာသန္ ဖိလစ္အတြက္ လီဗာပူးလ္ပရိသတ္ေတြ စိုးရိမ္ေနၾကၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္သားအေနနဲ႔ လုံေလာက္တဲ့ အရည္အေသြး မရွိတာေၾကာင့္ က်ားေရွ႕ ေမွာက္ရက္လဲသလို ျဖစ္သြားႏိုင္တယ္လို႔ ဆိုေနၾက။

– စကိုင္းစပို႔စ္ရဲ႕ ေပါလ္ မာဆန္က ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြ အလိုရွိေနခဲ့ၾကတဲ့ အာလင္း ဟားလန္းအတြက္ ၿပိဳင္ပြဲမွာ ေသာမတ္စ္ တူဟယ္လ္နဲ႔ ႐ိုမန္ ေအဘရာမိုဗစ္ခ်္တို႔ရဲ႕ အတြဲအဖက္က ေအာင္ပြဲခံႏိုင္ဖြယ္ရွိေနၿပီး မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းနဲ႔ လီဗာပူးလ္တို႔ကို ေနာက္ေကာက္ခ်ႏိုင္လိမ့္မယ္လို႔ ခန႔္မွန္း။

– လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ အန္းဖီးလ္ပြဲစဥ္မွာ သေရရလဒ္ပြဲ ထြက္ေပၚမယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုက ခန႔္မွန္းလိုက္ၿပီး ခ်ဲလ္ဆီးအေနနဲ႔ ဂိုးအမ်ားႀကီးမေပးရတတ္သလို မသြင္းႏိုင္ခ်ိန္မွာ အိမ္ကြင္းပုံစံေကာင္း ေပ်ာက္ဆုံးေနတဲ့ လီဗာပူးလ္တို႔အတြက္ ႀကီးမားတဲ့ စမ္းသပ္မႈမွာ တစ္ဂိုးစီသေရက အသင့္ေတာ္ဆုံးပဲလို႔ဆို။

– ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ ပိတ္ခါနီးမွာ ဂိုးသမား ေအဒူယာ မန္ဒီကို ေျပာင္းေ႐ႊ႕ေၾကးႀကီးႀကီးမားမား ေပးၿပီး ေခၚယူခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတိုးရေသးတဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနဆဲျဖစ္ၿပီး အနီအနက္ၾကားေတြ ကမ္းလွမ္းထားတဲ့ တစ္ႏွစ္လုပ္က ယူ႐ို ၇ သန္းခြဲထက္ ပိုမိုေပးေခ်ၿပီး ဆြဲေဆာင္ဖြယ္ရွိေန။

– အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေႏြရာသီမွာ ေခၚယူႏိုင္မယ့္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူႏိုင္ဖို႔အတြက္ ခ်ဲလ္ဆီးအေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ေအစီမီလန္အသင္း နည္းစနစ္ဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီ ေတာင္းဆိုထားတဲ့ ဖီကာယို တိုမိုရီရဲ႕ အၿပီးသတ္ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးဖို႔ ျပန္လည္စဥ္းစားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.