Match Report Premier League

ရှက်ဖီးလ်ဒ်ကို ကားတစ်ဂျုံးစ်ရဲ့ ခြေစွမ်းကောင်းနဲ့ အနိုင်ယူပြီး အဆင့် ၄ နဲ့ ပြန်နီးလာခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဖခင်ကို ဆုံးရှုံးထားတဲ့ ဂိုးသမား အယ်လစ်ဆန်ကို အနားပေးခဲ့ပြီး ဟန်ဒါဆန်လည်း ဒဏ်ရာကြောင့် စတင်အနားယူပြီဖြစ်ချိန်မှာ လက်ကျန်အကောင်းဆုံး လူစာရင်းကို အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ ကားတစ် ဂျုံးစ်ကို ဗိုင်နယ်လ်ဒွမ်၊ သီယာဂိုတို့နဲ့ တွဲဖက်ပြီး ရှေ့မှာတော့ MSF တိုက်စစ်အတွဲကိုပဲ အသုံးပြုလာခဲ့ပါတယ်။

ကာဘက်ခ်နဲ့ ဖိလစ်ကို တွဲဖက်ပြီး ပွဲထွက်လာခဲ့တဲ့ ခံစစ်ပိုင်းကတော့ စောစောစီးစီးမှာပဲ မက်ဂိုးလ်ဒရစ်ခ်ရဲ့ ဖရီးကစ်က ခေါင်းတိုက်ချက်ကို ဂိုးသမား အက်ဒရီယန် ကာကွယ်ခဲ့ရသလို ပွဲချိန် ၁၀ မိနစ်မှာ လွတ်နေတဲ့ မာနေးနဲ့ ဆာလားကို မပေးခဲ့သလို တစ်ယောက်ချင်း ကန်သွင်းရာမှာလည်း ဂိုးသမားတည့်တည့်ကို ကန်တဲ့ စိတ်ပျက်စရာ ဂိုးသွင်းစွမ်းရည်နဲ့ ဖာမီနိုကြောင့် လီဗာပူးလ်တို့ အဖွင့်ဂိုး ဆုံးရှုံးခဲ့ရပါတယ်။

ညာခြမ်းက အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်မှုတွေ ကောင်းမွန်ခဲ့ပေမယ့် သူတင်ပေးတဲ့ နေရာကို ပြေးဝင်ပြီး ဘောလုံးထိန်းသိမ်းတဲ့ ဆာလားနဲ့ ဂျုံးစ်တို့ရဲ့ Control တွေက ပုံမလာခဲ့တာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပြီး ၂၉ မိနစ်မှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်တဲ့ ဆာလားကလည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာပါ။

ရှက်ဖီးလ်ဒ်ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ တောက်လျှောက်အလုပ်များနေခဲ့ပြီး အာနိုးလ်ဒ်ရဲ့ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်ခဲ့တဲ့ ဘောလုံးကိုလည်း ကာကွယ်နိုင်ခဲ့သလို ဗိုင်နယ်လ်ဒွမ်ရဲ့ အပြင်းကန်ချက်ကိုလည်း ပုတ်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာခင် ပွဲချိန် ၄၈ မိနစ်မှာတော့ အာနိုးလ်ဒ်ရဲ့ ခက်ခက်ခဲခဲရယူပြီး စည်းမကျော်ခင် တင်ပေးလိုက်တဲ့ ဖြတ်တင်ဘောကို ဂျာဂယ်လ်ကာ ရှင်းထုတ်ခဲ့ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ကားတစ်ဂျုံးစ်က မနားတမ်း ကန်သွင်းပြီး လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကို အနိုင်ယူခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုး စရခဲ့ပါတယ်။

ဟန်ဒါဆန်မပါတဲ့ ကွင်းလယ်မှာ ဂျုံးစ်ရဲ့ ကြိုးစားမှုနဲ့ လုပ်အားနှုန်းက သိသာထင်ရှားလွန်းသလို သီယာဂိုရဲ့ ဘောလုံးဖြန့်ဝေမှုတွေလည်း ကောင်းခဲ့တာကြောင့် လီဗာပူးလ်ကစားကွက်က ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဂျုံးစ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ကာကွယ်ခဲ့သလို မာနေးရဲ့ သွင်းဂိုးကလည်း လူကျွံနေခဲ့လို့ ဂိုးပြတ်စေဖို့တော့ မအောင်မြင်ဘဲ ဖြစ်နေခဲ့တာပါ။

လီဗာပူးလ်ရဲ့ ဖိကစားမှုနဲ့ အာနိုးလ်ဒ်ရဲ့ ထိုးဖောက်မှုတွေကတော့ တစ်ဖက်အသင်းကို အားနာစရာကောင်းလောက်အောင် ဖိနှိပ်ထားနိုင်ခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ဖာမီနိုရဲ့ ကန်သွင်းချက်က ရှက်ဖီးလ်ဒ်နောက်ခံလူ ဘရိုင်ယန်နဲ့ ထိပြီး အချိန်ကိုက် ကာကွယ်ဖို့ ကြိုးစားတဲ့ ဂိုးသမားရဲ့ အပေါ်ကို ကျော်ဝင်သွားခဲ့လို့ ဧည့်သည်တွေ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ရောဘတ်ဆန်က အခွင့်အရေးနှစ်ကြိမ်ကို ဖြုန်းတီးခဲ့သလို ဆာလားကလည်း ဂိုးဧရိယာထဲက အပိုင်ကန်သွင်းခွင့်ကိုတောင် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ လီဗာပူးလ်တို့ နှစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရပြီး ဘရမ်းမောလ်လိန်းမှာ ဒီရလဒ်အတိုင်း သုံးမှတ်ရယူပြီး အိမ်ပြန်နိုင်ခဲ့ကြပါတယ်။

ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့မှုကို ရပ်တန့်နိုင်ခဲ့သလို နောက်ပိုင်းပွဲတွေမှာ အိမ်ကွင်းထက် အဝေးကွင်းက အသင်းအတွက် ပိုမိုအားကိုးနိုင်တဲ့ ရမှတ်တွေကို ရှာဖွေနိုင်ခဲ့ပြီး ရမှတ် ၄၃ မှတ်နဲ့အတူ အဆင့် ၄ နေရာက ဝက်စ်ဟမ်းကို ၂ မှတ်အကွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၆ နေရာမှာ ပြန်လည်တန်းစီနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဖခင္ကို ဆုံးရႈံးထားတဲ့ ဂိုးသမား အယ္လစ္ဆန္ကို အနားေပးခဲ့ၿပီး ဟန္ဒါဆန္လည္း ဒဏ္ရာေၾကာင့္ စတင္အနားယူၿပီျဖစ္ခ်ိန္မွာ လက္က်န္အေကာင္းဆုံး လူစာရင္းကို အသုံးျပဳလာခဲ့သလို ကြင္းလယ္မွာေတာ့ ကားတစ္ ဂ်ဳံးစ္ကို ဗိုင္နယ္လ္ဒြမ္၊ သီယာဂိုတို႔နဲ႔ တြဲဖက္ၿပီး ေရွ႕မွာေတာ့ MSF တိုက္စစ္အတြဲကိုပဲ အသုံးျပဳလာခဲ့ပါတယ္။

ကာဘက္ခ္နဲ႔ ဖိလစ္ကို တြဲဖက္ၿပီး ပြဲထြက္လာခဲ့တဲ့ ခံစစ္ပိုင္းကေတာ့ ေစာေစာစီးစီးမွာပဲ မက္ဂိုးလ္ဒရစ္ခ္ရဲ႕ ဖရီးကစ္က ေခါင္းတိုက္ခ်က္ကို ဂိုးသမား အက္ဒရီယန္ ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၁၀ မိနစ္မွာ လြတ္ေနတဲ့ မာေနးနဲ႔ ဆာလားကို မေပးခဲ့သလို တစ္ေယာက္ခ်င္း ကန္သြင္းရာမွာလည္း ဂိုးသမားတည့္တည့္ကို ကန္တဲ့ စိတ္ပ်က္စရာ ဂိုးသြင္းစြမ္းရည္နဲ႔ ဖာမီႏိုေၾကာင့္ လီဗာပူးလ္တို႔ အဖြင့္ဂိုး ဆုံးရႈံးခဲ့ရပါတယ္။

ညာျခမ္းက အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ျဖတ္တင္မႈေတြ ေကာင္းမြန္ခဲ့ေပမယ့္ သူတင္ေပးတဲ့ ေနရာကို ေျပးဝင္ၿပီး ေဘာလုံးထိန္းသိမ္းတဲ့ ဆာလားနဲ႔ ဂ်ဳံးစ္တို႔ရဲ႕ Control ေတြက ပုံမလာခဲ့တာေၾကာင့္ အခြင့္အေရးေတြ ဆုံးရႈံးခဲ့ရၿပီး ၂၉ မိနစ္မွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္တဲ့ ဆာလားကလည္း အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တာပါ။

ရွက္ဖီးလ္ဒ္ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ ေတာက္ေလွ်ာက္အလုပ္မ်ားေနခဲ့ၿပီး အာႏိုးလ္ဒ္ရဲ႕ တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ ကန္ခဲ့တဲ့ ေဘာလုံးကိုလည္း ကာကြယ္ႏိုင္ခဲ့သလို ဗိုင္နယ္လ္ဒြမ္ရဲ႕ အျပင္းကန္ခ်က္ကိုလည္း ပုတ္ထုတ္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး မၾကာခင္ ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ အာႏိုးလ္ဒ္ရဲ႕ ခက္ခက္ခဲခဲရယူၿပီး စည္းမေက်ာ္ခင္ တင္ေပးလိုက္တဲ့ ျဖတ္တင္ေဘာကို ဂ်ာဂယ္လ္ကာ ရွင္းထုတ္ခဲ့ရာက ျပန္ထြက္လာတဲ့ ေဘာလုံးကို ကားတစ္ဂ်ဳံးစ္က မနားတမ္း ကန္သြင္းၿပီး လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကို အႏိုင္ယူခဲ့လို႔ လီဗာပူးလ္တို႔ အဖြင့္ဂိုး စရခဲ့ပါတယ္။

ဟန္ဒါဆန္မပါတဲ့ ကြင္းလယ္မွာ ဂ်ဳံးစ္ရဲ႕ ႀကိဳးစားမႈနဲ႔ လုပ္အားႏႈန္းက သိသာထင္ရွားလြန္းသလို သီယာဂိုရဲ႕ ေဘာလုံးျဖန႔္ေဝမႈေတြလည္း ေကာင္းခဲ့တာေၾကာင့္ လီဗာပူးလ္ကစားကြက္က ပြဲကို စိုးမိုးႏိုင္ခဲ့ၿပီး ဂ်ဳံးစ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးသမား ကာကြယ္ခဲ့သလို မာေနးရဲ႕ သြင္းဂိုးကလည္း လူကြၽံေနခဲ့လို႔ ဂိုးျပတ္ေစဖို႔ေတာ့ မေအာင္ျမင္ဘဲ ျဖစ္ေနခဲ့တာပါ။

လီဗာပူးလ္ရဲ႕ ဖိကစားမႈနဲ႔ အာႏိုးလ္ဒ္ရဲ႕ ထိုးေဖာက္မႈေတြကေတာ့ တစ္ဖက္အသင္းကို အားနာစရာေကာင္းေလာက္ေအာင္ ဖိႏွိပ္ထားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဖာမီႏိုရဲ႕ ကန္သြင္းခ်က္က ရွက္ဖီးလ္ဒ္ေနာက္ခံလူ ဘ႐ိုင္ယန္နဲ႔ ထိၿပီး အခ်ိန္ကိုက္ ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားရဲ႕ အေပၚကို ေက်ာ္ဝင္သြားခဲ့လို႔ ဧည့္သည္ေတြ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေရာဘတ္ဆန္က အခြင့္အေရးႏွစ္ႀကိမ္ကို ျဖဳန္းတီးခဲ့သလို ဆာလားကလည္း ဂိုးဧရိယာထဲက အပိုင္ကန္သြင္းခြင့္ကိုေတာင္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ႏွစ္ဂိုးတည္းနဲ႔ ေက်နပ္ခဲ့ရၿပီး ဘရမ္းေမာလ္လိန္းမွာ ဒီရလဒ္အတိုင္း သုံးမွတ္ရယူၿပီး အိမ္ျပန္ႏိုင္ခဲ့ၾကပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ ပြဲဆက္ ရႈံးနိမ့္ခဲ့မႈကို ရပ္တန႔္ႏိုင္ခဲ့သလို ေနာက္ပိုင္းပြဲေတြမွာ အိမ္ကြင္းထက္ အေဝးကြင္းက အသင္းအတြက္ ပိုမိုအားကိုးႏိုင္တဲ့ ရမွတ္ေတြကို ရွာေဖြႏိုင္ခဲ့ၿပီး ရမွတ္ ၄၃ မွတ္နဲ႔အတူ အဆင့္ ၄ ေနရာက ဝက္စ္ဟမ္းကို ၂ မွတ္အကြာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆင့္ ၆ ေနရာမွာ ျပန္လည္တန္းစီႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.