Premier League Transfer News

1 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– နည်းပြဟောင်း ဖရန့် လမ်းပတ်လက်ထက်မှာ အပယ်ခံဖြစ်ခဲ့ပေမယ့် စတမ်းဖို့ဘရစ်ချ်မှာ ဆက်နေပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ကမ္ဘာ့အဆင့် ကစားသမားဖြစ်တယ်လို့ ချဲလ်ဆီးပရိသတ်တွေ ချီးကျူးခဲ့ကြ။

– စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်ဟာ အဆင့်အတန်းမြင့်မားတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတဲ့ သောမတ်စ် တူဟယ်လ်ရဲ့ စကားကို ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က လှောင်ပြောင်လိုက်ပြီး အိုင်ပက်ထဲမှာ တခြားပွဲတစ်ပွဲကို ကြည့်နေခဲ့တာလားလို့ မေးခွန်းထုတ်သွား။

– ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေအရ ဂိုးသမားတစ်ဦးအပြင် ကစားသမား ၁၈ ယောက်သာ တင်သွင်းနိုင်ခဲ့လို့ နေရာအလိုက် လူစုံအောင် ရွေးချယ်ရတဲ့ အခါမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ချန်လှပ်ခဲ့ရတာဖြစ်ကြောင်း ရှင်းပြသွားခဲ့တဲ့ နည်းပြ တူဟယ်လ်ရဲ့ စကားကို ပရိသတ်တွေ နားမလည်နိုင်ဘဲ စိတ်ပျက်နေ။

– သောမတ်စ် တူဟယ်လ်ဟာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားတွေဆီက အကောင်းဆုံးတွေကို ထုတ်နုတ်သုံးစွဲနိုင်မယ့်သူဖြစ်ပြီး ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့မှာလိုပဲ အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မယ့်သူဖြစ်လို့ ထောက်ခံအားပေးကြဖို့လိုတယ်လို့ စကိုင်းစပို့စ်ရဲ့ ဂယ်ရီ နဗီးလ်က အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းသွား။

– အေစီမီလန်အသင်း နည်းစနစ်ဒါရိုက်တာ ပေါ်လို မာလ်ဒီနီအနေနဲ့ ချဲလ်ဆီးအသင်းကနေ ဆောင်းရာသီမှာ အငှားနဲ့ ခေါ်ယူထားပြီး ရာသီကုန်မှာ ပေါင် ၂၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီထားခဲ့တဲ့ နောက်ခံလူ ဖီကာယို တိုမိုရီအတွက် ဒီဈေးနှုန်းထက် လျှော့ပြီး ရရှိနိုင်ဖို့ အလိုရှိနေတယ်လို့ သိရ။

– ဒေးလီးမေးလ်မှာ ကော်လံစား ဆောင်းပါးတွေ ရေးသားနေတဲ့ ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ပင်နယ်တီရသင့်ကြောင်းနဲ့ VAR ဒိုင် ခရစ္စ ကာဗန်းနားက ပင်နယ်တီလို့ ပြောနေတာတောင် ငြင်းဆန်သွားခဲ့တဲ့ ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ရဲ့ အတွေးအခေါ်ကို နားမလည်နိုင်ကြောင်း ရေးသားခဲ့။

– ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရပြီး အင်္ဂလန်မြေနဲ့ အသားမကျဘဲဖြစ်နေခဲ့တဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်မှာ ပွဲတစ်ပွဲအတွင်း လိုအပ်တဲ့ အမြန်နှုန်းမျိုး ရှိမနေဘူးလို့ ပေါလ် စခိုးလ်က ဝေဖန်လိုက်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲက ကစားပုံကို ရှုတ်ချသွားခဲ့။

– အင်တာမီလန်လူငယ်အသင်းမှာ ကစားနေတဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူး မာတင် ဆာထရီယာနိုကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့အပြိုင် ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေကြပြီး အီတလီပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ ဥရုဂွေးလူငယ်အတွက် ဆန်စီရိုဘက်က ဈေးနှုန်းသတ်မှတ်မှုကို စောင့်ကြည့်နေကြောင်း သိရ။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တီမို ဗာနာက သူ့အနေနဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို စိတ်ပျက်မိပြီး နည်းပြ ဖရန့် လမ်းပတ် ထုတ်ပယ် ခံရမှုအတွက်လည်း သူ့မှာ အပြစ်မကင်းသလို ခံစားမိကြောင်းနဲ့ ပရီးမီးယားလိဂ်ဟာ ထင်တာထက် ပိုမိုခက်ခဲကြောင်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– နည္းျပေဟာင္း ဖရန႔္ လမ္းပတ္လက္ထက္မွာ အပယ္ခံျဖစ္ခဲ့ေပမယ့္ စတမ္းဖို႔ဘရစ္ခ်္မွာ ဆက္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာလည္း ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ ကမာၻ႔အဆင့္ ကစားသမားျဖစ္တယ္လို႔ ခ်ဲလ္ဆီးပရိသတ္ေတြ ခ်ီးက်ဴးခဲ့ၾက။

– စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သေရခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ဟာ အဆင့္အတန္းျမင့္မားတဲ့ ပြဲႀကီးပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့တယ္ဆိုတဲ့ ေသာမတ္စ္ တူဟယ္လ္ရဲ႕ စကားကို ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္က ေလွာင္ေျပာင္လိုက္ၿပီး အိုင္ပက္ထဲမွာ တျခားပြဲတစ္ပြဲကို ၾကည့္ေနခဲ့တာလားလို႔ ေမးခြန္းထုတ္သြား။

– ပရီးမီးယားလိဂ္ရဲ႕ စည္းမ်ဥ္းေတြအရ ဂိုးသမားတစ္ဦးအျပင္ ကစားသမား ၁၈ ေယာက္သာ တင္သြင္းႏိုင္ခဲ့လို႔ ေနရာအလိုက္ လူစုံေအာင္ ေ႐ြးခ်ယ္ရတဲ့ အခါမွာ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ခ်န္လွပ္ခဲ့ရတာျဖစ္ေၾကာင္း ရွင္းျပသြားခဲ့တဲ့ နည္းျပ တူဟယ္လ္ရဲ႕ စကားကို ပရိသတ္ေတြ နားမလည္ႏိုင္ဘဲ စိတ္ပ်က္ေန။

– ေသာမတ္စ္ တူဟယ္လ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေတြဆီက အေကာင္းဆုံးေတြကို ထုတ္ႏုတ္သုံးစြဲႏိုင္မယ့္သူျဖစ္ၿပီး ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီတို႔မွာလိုပဲ အသင္းကို ေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးႏိုင္မယ့္သူျဖစ္လို႔ ေထာက္ခံအားေပးၾကဖို႔လိုတယ္လို႔ စကိုင္းစပို႔စ္ရဲ႕ ဂယ္ရီ နဗီးလ္က အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းသြား။

– ေအစီမီလန္အသင္း နည္းစနစ္ဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီအေနနဲ႔ ခ်ဲလ္ဆီးအသင္းကေန ေဆာင္းရာသီမွာ အငွားနဲ႔ ေခၚယူထားၿပီး ရာသီကုန္မွာ ေပါင္ ၂၆ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီထားခဲ့တဲ့ ေနာက္ခံလူ ဖီကာယို တိုမိုရီအတြက္ ဒီေဈးႏႈန္းထက္ ေလွ်ာ့ၿပီး ရရွိႏိုင္ဖို႔ အလိုရွိေနတယ္လို႔ သိရ။

– ေဒးလီးေမးလ္မွာ ေကာ္လံစား ေဆာင္းပါးေတြ ေရးသားေနတဲ့ ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္က မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ပင္နယ္တီရသင့္ေၾကာင္းနဲ႔ VAR ဒိုင္ ခရစၥ ကာဗန္းနားက ပင္နယ္တီလို႔ ေျပာေနတာေတာင္ ျငင္းဆန္သြားခဲ့တဲ့ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ရဲ႕ အေတြးအေခၚကို နားမလည္ႏိုင္ေၾကာင္း ေရးသားခဲ့။

– ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ေနရၿပီး အဂၤလန္ေျမနဲ႔ အသားမက်ဘဲျဖစ္ေနခဲ့တဲ့ ေမာ္႐ိုကိုေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္မွာ ပြဲတစ္ပြဲအတြင္း လိုအပ္တဲ့ အျမန္ႏႈန္းမ်ိဳး ရွိမေနဘူးလို႔ ေပါလ္ စခိုးလ္က ေဝဖန္လိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲက ကစားပုံကို ရႈတ္ခ်သြားခဲ့။

– အင္တာမီလန္လူငယ္အသင္းမွာ ကစားေနတဲ့ အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉး မာတင္ ဆာထရီယာႏိုကို ေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနၾကၿပီး အီတလီပတ္စ္ပို႔ ကိုင္ေဆာင္ထားတဲ့ ဥ႐ုေဂြးလူငယ္အတြက္ ဆန္စီ႐ိုဘက္က ေဈးႏႈန္းသတ္မွတ္မႈကို ေစာင့္ၾကည့္ေနေၾကာင္း သိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉး တီမို ဗာနာက သူ႔အေနနဲ႔ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို စိတ္ပ်က္မိၿပီး နည္းျပ ဖရန႔္ လမ္းပတ္ ထုတ္ပယ္ ခံရမႈအတြက္လည္း သူ႔မွာ အျပစ္မကင္းသလို ခံစားမိေၾကာင္းနဲ႔ ပရီးမီးယားလိဂ္ဟာ ထင္တာထက္ ပိုမိုခက္ခဲေၾကာင္း ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.