Match Report Premier League

အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်မှုနဲ့ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြလို့ ဂိုးမရှိသရေကျခဲ့တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်

လ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာတော့ ခံစစ်ပိုင်းမှာ ဘန် ချေးလ်ဝဲလ်ကို ပြန်လည်ထည့်သွင်းခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဇီးယက်ရှ်ကို ကစားခိုင်းခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဂရင်းဝုဒ်ကို အထောင်ထားပြီး ခံစစ်မှာတော့ ဘိုင်လီ မပါဝင်ဘဲ တောင်ပံမှာ ဒန်နီယယ်လ် ဂျိမ်းစ်ကို ဆက်လက်သုံးစွဲလာခဲ့ပါတယ်။

ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်ကို ထိန်းချုပ်နိုင်ဖို့ ကွန်တေကို ချဲလ်ဆီးအသင်းက ထည့်သွင်းလာခဲ့ပြီး တစ်သင်းနဲ့ တစ်သင်း အားပြိုင်လာ ခဲ့ကြသလို ယူနိုက်တက်ရဲ့ ရက်ရှ်ဖို့ဒ်နဲ့ အိမ်ရှင်တိုက်စစ်မှူး ဂျီရူးတို့ကတော့ ခံစစ်တွေကို အသီးသီး ဒုက္ခပေးခဲ့ကြပြီး နှစ်သင်းစလုံးကတော့ အဆုံးသတ်ပိုင်းတွေ သိပ်ပြီး မသေချာခဲ့တာကို တွေ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဟဒ်ဆန်-အိုဒွိုင်း လက်ထိခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပြီး VAR ပြန်ကြည့်ရာမှာတော့ ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်က ညှာတာခဲ့လို့ ချဲလ်ဆီးတို့ သက်သာခဲ့ရသလို ဧည့်သည်အသင်းအတွက်တော့ ကံဆိုးခဲ့ရတယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ကျွမ်းကျင်သူတွေကတော့ ဒါဟာ ပေးသင့်တဲ့ ပင်နယ်တီလို့ ဝေဖန်ချက်တွေ ပေးခဲ့ကြပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ ဒဟေးယားရဲ့ ကန်ချက်က လူပေးမှားသွားပြီး ရရှိခဲ့တဲ့ ဘောလုံးကို ချဲလ်ဆီးတိုက်စစ်မှူး ဂျီရူး ကန်ခဲ့ပေမယ့် ဂိုးပေါက် မတည့်ဘဲ အလဟဿဖြစ်ခဲ့သလို နည်းပြ တူဟယ်လ်ကတော့ နေရာကောင်းမှာ ရရှိတဲ့ အခွင့်အရေးကို စနစ်တကျ အသုံးချဖို့ အလိုရှိတဲ့ ပုံစံနဲ့ ကွင်းဘေးက အော်ဟစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ရဲ့ ထိုးဖောက်မှုတွေက သိပ်အလုပ်မဖြစ်ခဲ့သလို ကျန်တဲ့ အပြန်အလှန် တိုက်စစ်ဆင်မှုတွေကလည်း ဂိုးပေါက်ခြိမ်းခြောက်နိုင်တဲ့ အနေအထားတွေ မဟုတ်ခဲ့တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဟဒ်ဆန်-အိုဒွိုင်းအစား ရီးစ် ဂျိမ်းစ်ကို ချဲလ်ဆီးတို့ ထည့်သွင်းကစားခဲ့ပြီး ကစားအား ပိုကောင်းလာခဲ့သလို ပွဲချိန် ၄၈ မိနစ်မှာ ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကနေ ဇီးယက်ရှ် ကန်သွင်းတာကို ဒဟေးယား ကာကွယ်ခဲ့ရပြီး ဒီကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဂျိမ်းစ် ကန်သွင်းခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမားအနေနဲ့ အလွယ်တကူပဲ ဖမ်းနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့က ပိုမိုခြိမ်းခြောက်လာနိုင်ခဲ့ပြီး မက်တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ကန်ချက်တွေကို မန်ဒီ ကာကွယ်ခဲ့ရသလို ချဲလ်ဆီးတို့ကတော့ ကွင်းလယ်ချင်းယှဉ်နိုင်ဖို့ တိုက်စစ်မှူး ဂျီရူးနေရာမှာ စွယ်စုံသုံးနိုင်တဲ့ ပူလီရှစ်ချ်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ ကျော်မှာ အက်ဇ်ပီလီကွေတာနဲ့ ကိုဗာချစ်တို့ရဲ့ အဝေးက ကန်ချက်တွေကို ဒဟေးယား ကာကွယ်ခဲ့ပြန်ပြီး ဂျီရူး မရှိတော့တဲ့ တိုက်စစ်က ထိရောက်ခြင်းမရှိတော့သလို ချဲလ်ဆီးဂိုးသမား မန်ဒီအနေနဲ့ ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကို အမှားလုပ်မိခဲ့ပေမယ့်လည်း အချိန်မီ ပြင်ဆင်နိုင်ခဲ့လို့ ဖာနန်ဒက်စ် လက်ချက်မမိဘဲ သက်သာသွားခဲ့ပါတယ်။

နှစ်သင်းစလုံးရဲ့ နည်းပြတွေဖြစ်ကြတဲ့ တူဟယ်လ်နဲ့ ဆိုးလ်ရှားတို့အနေနဲ့ သူတို့ရဲ့ တိုက်စစ်တွေကို ပွဲချိန် ၁၀ မိနစ်အကျန်မှာ ထပ်မံ အပြောင်းအလဲလုပ်ခဲ့ကြပြီး ချဲလ်ဆီးဘက်က ဇီးယက်ရှ်အစား တီမို ဗာနာ ဝင်လာသလို ယူနိုက်တက်ဘက်ကတော့ ဂရင်းဝုဒ်အစား မာစီယယ်လ် ဝင်ရောက်ကစားခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဖက်စလုံးကတော့ သွေးတိုးစမ်းမှု အနည်းငယ်လောက် ပြုလုပ်နိုင်ခဲ့တာကလွဲလို့ ထူးထူးခြားခြားလုပ်မပြနိုင်ခဲ့တာ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပြီး နောက်ဆုံးမှာ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့သလို နှစ်သင်းစလုံးအတွက်တော့ မျှတတဲ့ အမှတ်တစ်မှတ်စီကို ခွဲဝေယူခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် တစ်မှတ်သာရခဲ့တဲ့ ချဲလ်ဆီးတို့ သူတို့အပေါ်က မန်စီးတီးကို ရှုံးပွဲတွေ့ခဲ့တဲ့ ဝက်စ်ဟမ်းကို မကျော်နိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်တို့ကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးခဲ့တဲ့ လက်စတာကို တစ်မှတ်ဖြတ်လိုက်ပြီး ရပ်တည်မှုတွေအရ အဆင့် ၂ နဲ့ အဆင့် ၄ မှာ နေမြဲပဲ ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

လ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ခံစစ္ပိုင္းမွာ ဘန္ ေခ်းလ္ဝဲလ္ကို ျပန္လည္ထည့္သြင္းခဲ့ၿပီး တိုက္စစ္ပိုင္းမွာေတာ့ ဇီးယက္ရွ္ကို ကစားခိုင္းခဲ့သလို မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ဂရင္းဝုဒ္ကို အေထာင္ထားၿပီး ခံစစ္မွာေတာ့ ဘိုင္လီ မပါဝင္ဘဲ ေတာင္ပံမွာ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ဆက္လက္သုံးစြဲလာခဲ့ပါတယ္။

ကြင္းလယ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကြန္ေတကို ခ်ဲလ္ဆီးအသင္းက ထည့္သြင္းလာခဲ့ၿပီး တစ္သင္းနဲ႔ တစ္သင္း အားၿပိဳင္လာ ခဲ့ၾကသလို ယူႏိုက္တက္ရဲ႕ ရက္ရွ္ဖို႔ဒ္နဲ႔ အိမ္ရွင္တိုက္စစ္မႉး ဂ်ီ႐ူးတို႔ကေတာ့ ခံစစ္ေတြကို အသီးသီး ဒုကၡေပးခဲ့ၾကၿပီး ႏွစ္သင္းစလုံးကေတာ့ အဆုံးသတ္ပိုင္းေတြ သိပ္ၿပီး မေသခ်ာခဲ့တာကို ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္း လက္ထိခဲ့လို႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ပင္နယ္တီရခဲ့ၿပီး VAR ျပန္ၾကည့္ရာမွာေတာ့ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္က ညႇာတာခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရသလို ဧည့္သည္အသင္းအတြက္ေတာ့ ကံဆိုးခဲ့ရတယ္လို႔ပဲ ဆိုရမွာျဖစ္ၿပီး ကြၽမ္းက်င္သူေတြကေတာ့ ဒါဟာ ေပးသင့္တဲ့ ပင္နယ္တီလို႔ ေဝဖန္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဒေဟးယားရဲ႕ ကန္ခ်က္က လူေပးမွားသြားၿပီး ရရွိခဲ့တဲ့ ေဘာလုံးကို ခ်ဲလ္ဆီးတိုက္စစ္မႉး ဂ်ီ႐ူး ကန္ခဲ့ေပမယ့္ ဂိုးေပါက္ မတည့္ဘဲ အလဟႆျဖစ္ခဲ့သလို နည္းျပ တူဟယ္လ္ကေတာ့ ေနရာေကာင္းမွာ ရရွိတဲ့ အခြင့္အေရးကို စနစ္တက် အသုံးခ်ဖို႔ အလိုရွိတဲ့ ပုံစံနဲ႔ ကြင္းေဘးက ေအာ္ဟစ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ရဲ႕ ထိုးေဖာက္မႈေတြက သိပ္အလုပ္မျဖစ္ခဲ့သလို က်န္တဲ့ အျပန္အလွန္ တိုက္စစ္ဆင္မႈေတြကလည္း ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္တဲ့ အေနအထားေတြ မဟုတ္ခဲ့တာေၾကာင့္ ပထမပိုင္းက ဂိုးမရွိသေရနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဟဒ္ဆန္-အိုဒြိဳင္းအစား ရီးစ္ ဂ်ိမ္းစ္ကို ခ်ဲလ္ဆီးတို႔ ထည့္သြင္းကစားခဲ့ၿပီး ကစားအား ပိုေကာင္းလာခဲ့သလို ပြဲခ်ိန္ ၄၈ မိနစ္မွာ ေခ်းလ္ဝဲလ္ရဲ႕ ျဖတ္တင္ေဘာကေန ဇီးယက္ရွ္ ကန္သြင္းတာကို ဒေဟးယား ကာကြယ္ခဲ့ရၿပီး ဒီကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဂ်ိမ္းစ္ ကန္သြင္းခဲ့ေပမယ့္ ယူႏိုက္တက္ဂိုးသမားအေနနဲ႔ အလြယ္တကူပဲ ဖမ္းႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔က ပိုမိုၿခိမ္းေျခာက္လာႏိုင္ခဲ့ၿပီး မက္ေတာ္မီေနးနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ ကန္ခ်က္ေတြကို မန္ဒီ ကာကြယ္ခဲ့ရသလို ခ်ဲလ္ဆီးတို႔ကေတာ့ ကြင္းလယ္ခ်င္းယွဥ္ႏိုင္ဖို႔ တိုက္စစ္မႉး ဂ်ီ႐ူးေနရာမွာ စြယ္စုံသုံးႏိုင္တဲ့ ပူလီရွစ္ခ်္ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၇၀ ေက်ာ္မွာ အက္ဇ္ပီလီေကြတာနဲ႔ ကိုဗာခ်စ္တို႔ရဲ႕ အေဝးက ကန္ခ်က္ေတြကို ဒေဟးယား ကာကြယ္ခဲ့ျပန္ၿပီး ဂ်ီ႐ူး မရွိေတာ့တဲ့ တိုက္စစ္က ထိေရာက္ျခင္းမရွိေတာ့သလို ခ်ဲလ္ဆီးဂိုးသမား မန္ဒီအေနနဲ႔ ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကို အမွားလုပ္မိခဲ့ေပမယ့္လည္း အခ်ိန္မီ ျပင္ဆင္ႏိုင္ခဲ့လို႔ ဖာနန္ဒက္စ္ လက္ခ်က္မမိဘဲ သက္သာသြားခဲ့ပါတယ္။

ႏွစ္သင္းစလုံးရဲ႕ နည္းျပေတြျဖစ္ၾကတဲ့ တူဟယ္လ္နဲ႔ ဆိုးလ္ရွားတို႔အေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ေတြကို ပြဲခ်ိန္ ၁၀ မိနစ္အက်န္မွာ ထပ္မံ အေျပာင္းအလဲလုပ္ခဲ့ၾကၿပီး ခ်ဲလ္ဆီးဘက္က ဇီးယက္ရွ္အစား တီမို ဗာနာ ဝင္လာသလို ယူႏိုက္တက္ဘက္ကေတာ့ ဂရင္းဝုဒ္အစား မာစီယယ္လ္ ဝင္ေရာက္ကစားခဲ့ပါတယ္။

ဒါေပမယ့္ ႏွစ္ဖက္စလုံးကေတာ့ ေသြးတိုးစမ္းမႈ အနည္းငယ္ေလာက္ ျပဳလုပ္ႏိုင္ခဲ့တာကလြဲလို႔ ထူးထူးျခားျခားလုပ္မျပႏိုင္ခဲ့တာ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး ေနာက္ဆုံးမွာ ဂိုးမရွိသေရနဲ႔ပဲ ပြဲၿပီးဆုံးခဲ့သလို ႏွစ္သင္းစလုံးအတြက္ေတာ့ မွ်တတဲ့ အမွတ္တစ္မွတ္စီကို ခြဲေဝယူခဲ့ၾကပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ တစ္မွတ္သာရခဲ့တဲ့ ခ်ဲလ္ဆီးတို႔ သူတို႔အေပၚက မန္စီးတီးကို ရႈံးပြဲေတြ႕ခဲ့တဲ့ ဝက္စ္ဟမ္းကို မေက်ာ္ႏိုင္ခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ အိမ္ကြင္းမွာ အာဆင္နယ္ကို ရႈံးခဲ့တဲ့ လက္စတာကို တစ္မွတ္ျဖတ္လိုက္ၿပီး ရပ္တည္မႈေတြအရ အဆင့္ ၂ နဲ႔ အဆင့္ ၄ မွာ ေနၿမဲပဲ ျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.