Premier League Transfer News

28 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ကင်းပါဝါကွင်းကို သွားရောက်ရင်ဆိုင်ရမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်အတွက် အားတက်စရာ တစ်ရပ်အဖြစ် မန်စီးတီးနဲ့ပွဲမှာ ခေါင်းထိသွားတဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်း ပါဝင်နိုင်ဖို့ ရှိနေပြီး တီယာနီနဲ့ ပါတေးတို့လည်း ကြံ့ခိုင်မှု ကောင်းမွန်နေတယ်လို့ဆို။

– ယူ-၂၃ အသင်းဆီ အပို့ခံလိုက်ရတဲ့ ရီးစ် နယ်လ်ဆန်အပေါ် နည်းပြ မီခယ်လ် အာတီတာကတော့ ပြတ်ပြတ်သားသားနဲ့ ရက်ရက်စက်စက် ဆုံးဖြတ်လိုက်ပြီလို့ ပရိသတ်တွေ သုံးသပ်နေကြပြီး စည်းကမ်းနဲ့ ကြံ့ခိုင်မှု အားနည်းတဲ့ အင်္ဂလန်ယူ-၂၁ တောင်ပံ ကစားသမားကို နွေရာသီမှာ အက်ဒီ နကီးတီးယားနဲ့အတူ ရောင်းထုတ်ဖို့ တိုက်တွန်းနေကြ။

– လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာနဲ့ နည်းပြ အာတီတာတို့ကြားက ဆက်ဆံရေးနဲ့ သံယောဇဉ်က တစ်စထက်တစ်စ ကြီးမားလာခဲ့ပြီး ထရိန်နင်မှာ ရယ်ပွဲဖွဲ့နေကြတဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရချိန်မှာ အင်္ဂလန်သားလေးကို ပွဲထွက်စေဖို့နဲ့ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားဖို့ စိုးရိမ်စရာမလိုတော့ဘူးလို့ သုံးသပ်ခဲ့ကြ။

– လက်စတာစီးတီးအသင်းနဲ့ ရင်ဆိုင်မယ့် အာဆင်နယ်အသင်းကို ရှုံးနိမ့်မယ်လို့ ဘီဘီစီရဲ့ လော်ရိုနဲ့ ဘက်ဗစ်တာရဲ့ အိုဝင်တို့က ရလဒ် နှစ်ဂိုး-တစ်ဂိုးစီနဲ့ ခန့်မှန်းခဲ့ချိန်မှာ ဘက်ဖဲရ်ရဲ့ ဘာဘာတော့ဗ်ကတော့ အာဆင်နယ်တို့ အနိုင်ရမယ်လို့ ခန့်မှန်းသွားခဲ့။

– ဘင်ဖီကာနဲ့ပွဲမှာ လူစားဝင်လာပြီး တီယာနီရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဝီလီယန်အနေနဲ့ သူ့ကို အာဆင်နယ်အသင်းက ဘာကြောင့် ခေါ်ယူခဲ့တယ်ဆိုတာကို သက်သေပြနိုင်မယ့် လမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပြီလို့ လက်စတာနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အာတီတာက ပြောကြားသွား။

– Talk Sport ရဲ့ တင်ဆက်သူ ဒါရင်းဘန့်က အာတီတာရဲ့ လက်ရှိအနေအထားဟာ မျှော်လင့်ထားတဲ့ အခြေအနေတွေထက် နိမ့်ကျနေပြီး သူ့အနေနဲ့ ဒါတွေကို ပြန်လည်ပြုပြင်ချင်တယ်ဆိုရင် ယူရိုပါလိဂ်ဖလားကို အရယူခြင်းတစ်ခုတည်းကသာ အဖြေဖြစ်လိမ့်မယ်လို့ သုံးသပ်။

– နိုင်ဂျီးရီးယားဘီလျံနာ အာလီကို ဒန်ဂိုတေးအနေနဲ့ အာဆင်နယ်အသင်းကို ပိုင်ဆိုင်နိုင်ခဲ့ရင် ငွေစိုက်ထုတ်မှုသက်သက်ဖြစ်မှာ မဟုတ်ဘဲ အကျိုးအမြတ် ပြန်ရမှာဖြစ်ပြီး ၁၉၉၂ ခုနှစ်ကစတဲ့ ရလဒ်တွေကို တွက်ချက်မှုအရ အမြတ်ရရှိနိုင်မှုမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ ပရိသတ်အင်အား အတောင့်တင်းဆုံးအသင်းတစ်သင်းဖြစ်နေတယ်လို့ ဂျာနယ်လစ် ကီရန် မက်ဂွိုင်းယားက ထောက်ပြသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိနေပြီး ဘာနေဗျူးဘက်က ဖန်တီးမှုတွေ ကောင်းမွန်တဲ့ အသက် ၂၂ နှစ်အရွယ် နော်ဝေ လက်ရွေးစင်ကို အနာဂတ်မှာ အဓိက ကစားသမားဖြစ်လာဖို့ ရှုမြင်ထား။

– စတုဂတ်အသင်းကို ပြီးခဲ့တဲ့ ရာသီမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ဒီရာသီမှာလည်း တန်းတက်လာတဲ့ အသင်းဆီ ဆက်ကစားရင်း ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြရင်း အတွေ့အကြုံကောင်းတွေ ရယူနေခဲ့တဲ့ နောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်အတွက် ပရိသတ်တွေက အနာဂတ်မှာ အာဆင်နယ်အသင်းအတွက် အကျိုးပြုမယ့် ကစားသမားလို့ ချီးကျူးနေကြ။

– အသင်းအကယ်ဒမီကို အသက် ၁၀ နှစ်အရွယ်မှာ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ချန်ပီယံရှစ်ကလပ် အစ်ပ်ဆွစ်ချ်ကို အငှားနဲ့ သွားရောက် ကစားနေတဲ့ ယူ-၁၉ အသင်းခေါင်းဆောင်ဟောင်း မာ့ခ် မက်ဂင်းနက်စ်က အာဆင်နယ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရချင်ပြီး ဆာကာ၊ စမစ်ရိုးတို့နဲ့အတူ ဟေးလ်အန့်ဒ်ရဲ့ ဂုဏ်ယူနိုင်စရာဖြစ်ချင်ကြောင်း သူ့ရဲ့ ရည်မှန်းချက်ကို ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ကင္းပါဝါကြင္းကို သြားေရာက္ရင္ဆိုင္ရမယ့္ လက္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္အတြက္ အားတက္စရာ တစ္ရပ္အျဖစ္ မန္စီးတီးနဲ႔ပြဲမွာ ေခါင္းထိသြားတဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္း ပါဝင္ႏိုင္ဖို႔ ရွိေနၿပီး တီယာနီနဲ႔ ပါေတးတို႔လည္း ႀကံ့ခိုင္မႈ ေကာင္းမြန္ေနတယ္လို႔ဆို။

– ယူ-၂၃ အသင္းဆီ အပို႔ခံလိုက္ရတဲ့ ရီးစ္ နယ္လ္ဆန္အေပၚ နည္းျပ မီခယ္လ္ အာတီတာကေတာ့ ျပတ္ျပတ္သားသားနဲ႔ ရက္ရက္စက္စက္ ဆုံးျဖတ္လိုက္ၿပီလို႔ ပရိသတ္ေတြ သုံးသပ္ေနၾကၿပီး စည္းကမ္းနဲ႔ ႀကံ့ခိုင္မႈ အားနည္းတဲ့ အဂၤလန္ယူ-၂၁ ေတာင္ပံ ကစားသမားကို ေႏြရာသီမွာ အက္ဒီ နကီးတီးယားနဲ႔အတူ ေရာင္းထုတ္ဖို႔ တိုက္တြန္းေနၾက။

– လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာနဲ႔ နည္းျပ အာတီတာတို႔ၾကားက ဆက္ဆံေရးနဲ႔ သံေယာဇဥ္က တစ္စထက္တစ္စ ႀကီးမားလာခဲ့ၿပီး ထရိန္နင္မွာ ရယ္ပြဲဖြဲ႕ေနၾကတဲ့ ပုံစံေတြကို ျမင္ေတြ႕ခဲ့ရခ်ိန္မွာ အဂၤလန္သားေလးကို ပြဲထြက္ေစဖို႔နဲ႔ အသင္းမွာ ဆက္ၿပီး ထိန္းသိမ္းထားဖို႔ စိုးရိမ္စရာမလိုေတာ့ဘူးလို႔ သုံးသပ္ခဲ့ၾက။

– လက္စတာစီးတီးအသင္းနဲ႔ ရင္ဆိုင္မယ့္ အာဆင္နယ္အသင္းကို ရႈံးနိမ့္မယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုနဲ႔ ဘက္ဗစ္တာရဲ႕ အိုဝင္တို႔က ရလဒ္ ႏွစ္ဂိုး-တစ္ဂိုးစီနဲ႔ ခန႔္မွန္းခဲ့ခ်ိန္မွာ ဘက္ဖဲရ္ရဲ႕ ဘာဘာေတာ့ဗ္ကေတာ့ အာဆင္နယ္တို႔ အႏိုင္ရမယ္လို႔ ခန႔္မွန္းသြားခဲ့။

– ဘင္ဖီကာနဲ႔ပြဲမွာ လူစားဝင္လာၿပီး တီယာနီရဲ႕ဂိုးကို ဖန္တီးေပးခဲ့တဲ့ ဝီလီယန္အေနနဲ႔ သူ႔ကို အာဆင္နယ္အသင္းက ဘာေၾကာင့္ ေခၚယူခဲ့တယ္ဆိုတာကို သက္ေသျပႏိုင္မယ့္ လမ္းေၾကာင္းေပၚကို ျပန္ေရာက္လာခဲ့ၿပီလို႔ လက္စတာနဲ႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ နည္းျပ အာတီတာက ေျပာၾကားသြား။

– Talk Sport ရဲ႕ တင္ဆက္သူ ဒါရင္းဘန႔္က အာတီတာရဲ႕ လက္ရွိအေနအထားဟာ ေမွ်ာ္လင့္ထားတဲ့ အေျခအေနေတြထက္ နိမ့္က်ေနၿပီး သူ႔အေနနဲ႔ ဒါေတြကို ျပန္လည္ျပဳျပင္ခ်င္တယ္ဆိုရင္ ယူ႐ိုပါလိဂ္ဖလားကို အရယူျခင္းတစ္ခုတည္းကသာ အေျဖျဖစ္လိမ့္မယ္လို႔ သုံးသပ္။

– ႏိုင္ဂ်ီးရီးယားဘီလ်ံနာ အာလီကို ဒန္ဂိုေတးအေနနဲ႔ အာဆင္နယ္အသင္းကို ပိုင္ဆိုင္ႏိုင္ခဲ့ရင္ ေငြစိုက္ထုတ္မႈသက္သက္ျဖစ္မွာ မဟုတ္ဘဲ အက်ိဳးအျမတ္ ျပန္ရမွာျဖစ္ၿပီး ၁၉၉၂ ခုႏွစ္ကစတဲ့ ရလဒ္ေတြကို တြက္ခ်က္မႈအရ အျမတ္ရရွိႏိုင္မႈမွာ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနတဲ့ ပရိသတ္အင္အား အေတာင့္တင္းဆုံးအသင္းတစ္သင္းျဖစ္ေနတယ္လို႔ ဂ်ာနယ္လစ္ ကီရန္ မက္ဂြိဳင္းယားက ေထာက္ျပသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန အငွားနဲ႔ လာေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ ခက္ခက္ခဲခဲ ႀကိဳးစားရဖြယ္ရွိေနၿပီး ဘာေနဗ်ဴးဘက္က ဖန္တီးမႈေတြ ေကာင္းမြန္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝ လက္ေ႐ြးစင္ကို အနာဂတ္မွာ အဓိက ကစားသမားျဖစ္လာဖို႔ ရႈျမင္ထား။

– စတုဂတ္အသင္းကို ၿပီးခဲ့တဲ့ ရာသီမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ဒီရာသီမွာလည္း တန္းတက္လာတဲ့ အသင္းဆီ ဆက္ကစားရင္း ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပရင္း အေတြ႕အႀကဳံေကာင္းေတြ ရယူေနခဲ့တဲ့ ေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္အတြက္ ပရိသတ္ေတြက အနာဂတ္မွာ အာဆင္နယ္အသင္းအတြက္ အက်ိဳးျပဳမယ့္ ကစားသမားလို႔ ခ်ီးက်ဴးေနၾက။

– အသင္းအကယ္ဒမီကို အသက္ ၁၀ ႏွစ္အ႐ြယ္မွာ ေရာက္ရွိလာခဲ့ၿပီး လက္ရွိမွာ ခ်န္ပီယံရွစ္ကလပ္ အစ္ပ္ဆြစ္ခ်္ကို အငွားနဲ႔ သြားေရာက္ ကစားေနတဲ့ ယူ-၁၉ အသင္းေခါင္းေဆာင္ေဟာင္း မာ့ခ္ မက္ဂင္းနက္စ္က အာဆင္နယ္အသင္းႀကီးမွာ ပါဝင္ကစားခြင့္ရခ်င္ၿပီး ဆာကာ၊ စမစ္႐ိုးတို႔နဲ႔အတူ ေဟးလ္အန႔္ဒ္ရဲ႕ ဂုဏ္ယူႏိုင္စရာျဖစ္ခ်င္ေၾကာင္း သူ႔ရဲ႕ ရည္မွန္းခ်က္ကို ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.