Premier League

အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ ဘင်ဖီကာအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အူဘာမီယန်း ဂိုးသွင်းနှစ်ဖို့ နှစ်ကြိမ်တိတိ မတူညီတဲ့ ဖန်တီးမှုတွေနဲ့ ထောက်ပံ့ပေးခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဆာကာကို နောက်ခံလူဟောင်း ဆက်ဂ်ညာက ချီးကျူးလိုက်ပြီး ပရိသတ်တွေ ကြားမှာတော့ အိုဇေးလ်ကို မလွမ်းတော့ဘူးလို့ ဆိုနေကြ။

ဂိုးနှစ်ဂိုး ဖန်တီးပေးခဲ့တဲ့ ဆာကာကို နှစ်ကြိမ်စလုံးမှာ ဘောလုံးပေးပို့ခဲ့ပြီး အူဘာမီယန်းရဲ့ အနိုင်ဂိုးကို သွင်းယူနိုင်စဉ်မှာလည်း ဒူးထောက်ပြီး အောင်ပွဲခံခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ခြေစွမ်းနဲ့ အပြုအမူကို အာဆင်နယ်ပရိသတ်တွေ ကြိုဆိုခဲ့ကြပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့ အလိုရှိနေကြ။

ဒါနီ စီဘာယော့စ်ရဲ့ ဘင်ဖီကာနဲ့ပွဲက ဒုတိယဂိုးကို ပေးခဲ့ရတဲ့ အမှားထက် သူ့ရဲ့ တာဝန်နဲ့ နေရာချထားပုံကိုပဲ မာတင် ကီးယွန်းက ဝေဖန်လိုက်ပြီး ခံစစ်နေရာမှာ ရှိနေရမှာထက် ထောင့်ကန်ဘောအတွက် တိုက်စစ်ဆင်မယ့် အုပ်စုမှာ သူ့အနေနဲ့ ပါဝင်ရမှာဖြစ်ကြောင်းနဲ့ ဒီတာဝန်မျိုး နောက်တစ်ကြိမ် မပေးဖို့ နည်းပြ အာတီတာကို ထောက်ပြသွား။

နိုင်ပွဲအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီး အမှားတွေကနေ သင်ခန်းစာယူသွားမယ်လို့ ပြောကြားခဲ့တဲ့ ကွင်းလယ်လူ စီဘာယော့စ်ကို နှစ်ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းက ဒီစိတ်ဓာတ်ကို သဘောကျတယ် ညီအစ်ကိုလို့ တွစ်တာကနေ တုံ့ပြန်သွားခဲ့။

အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ချီးကျူးနေခဲ့ကြပြီး ဒီထဲမှာ ခရစ္စ ဆပ်တန်၊ ကာလ်တန် ကိုးလ်နဲ့ ဂီလ်ဘာတို ဆေးလ်ဗားတို့လည်း ပါဝင်ခဲ့ကြပြီး စိတ်ဓာတ်ပိုင်း ပြင်းထန်မှုကို အဓိက အသိအမှတ်ပြုခဲ့ကြ။

အသင်းအတွက် လူစားဝင်လာပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဖို့ ကူညီပေးနိုင်ခဲ့တယ်လို့ နည်းပြ အာတီတာဆီက စကားကြားခဲ့ရတဲ့ ဝါရင့်ကွင်းလယ်လူ ဝီလီယန်ကို ပရိသတ်တွေကတော့ လူငယ်ကစားသမား ဆာကာဆီက သင်ယူပါဦးလို့ မာတင် ကီးယွန်းက ပြောကြားသွားခဲ့။

အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ လက်ကျန် လေးနှစ်ခွဲစာချုပ်သက်တမ်းနဲ့ တန်ကြေးဟာ ပေါင်သန်း ၆၀ ခန့်သာ ရှိတယ်လို့ ဘောလုံးစာရင်းအင်း ပြုစုရေးဌာနတစ်ခုရဲ့ အစီရင်ခံစာမှာ ပါရှိလာခဲ့တဲ့နောက် အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာ မြို့ခံနှစ်သင်းနဲ့အပြိုင် ခေါ်ယူသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.