Premier League

PFA ရဲ့တစ်နှစ်တာအကောင်းဆုံးဆုရှင်က ဖာနန်ဒက်စ်ဖြစ်သင့်တယ်ဆိုတဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း

မန်ချက်စတာစီးတီးနောက်ခံကစားသမား မီကာ ရစ်ချတ်က ဘရူနို ဖာနန်ဒက်စ်ဟာ PFA ရဲ့တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိမယ့် ကစားသမားလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်မှာ ဗန်ဒိုက်လိုမျိုး အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်ဆုဖလားရရှိဖို့ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်ကို ဦးဆောင်နေသူဖြစ်ပြီး ယခုရာသီရဲ့ ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲတွေမှာ နောက်ပိုင်းအဆင့်တွေကို တက်ရောက်နိုင်အောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

မီကာ ရစ်ချတ်ဟာ မန်ချက်စတာစီးတီးအသင်းအတွက် ကစားပြီး ယူနိုက်တက်ရဲ့ပြိုင်ဘက်ဖြစ်ခဲ့ပေမယ့်လည်း ဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက်ကို အထောက်အကူပြုပေးနေခဲ့တာတွေကို အသိအမှတ်ပြုဖို့ ထိုက်တန်တဲ့ အကျိုးသက်ရောက်မှုမျိုးရှိခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ဒီနှစ်မှာ ဆုရရှိနိုင်တဲ့ ကစားသမားတွေအများကြီးရှိနေပါတယ်။ အနည်းဆုံးမဟုတ်တောင်မှ ရူဘင် ဒီယက်စ်နဲ့ ဂန်ဒိုဂန်တို့ပေါ့။ ဒါပေမယ့် ၂၀၂၀-၂၀၂၁ ရဲ့အထူးချွန်ဆုံးဘောလုံးသမားကတော့ ဘရူနို ဖာနန်ဒက်စ်ပါ”

“သူ့ရဲ့ ခုရာသီ ဒီအချိန် ကိန်းဂဏန်းတွေက ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ဆိုရင် ကြောက်စရာပါ။ ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်။ ၈၄ မိနစ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်သလို ဂိုးဖန်တီးမှုလည်း လုပ်နိုင်ပါတယ်။ ဖာနန်ဒက်စ်က အခွင့်အရေး ၇၁ ကြိမ်အထိ ဖန်တီးပေးခဲ့ပြီး သူ မပါဘဲ မန်ချက်စတာယူနိုက်တက် ထိပ်ဆုံး ၄ နေရာထဲ ရောက်နိုင်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး”

“ထူးချွန်တဲ့ကစားသမားတစ်ယောက်ရဲ့ စစ်မှန်တဲ့ အမှတ်အသားက အသင်းထဲမှာ အခြားသူတွေကို သူ ဘာလုပ်ပေးလဲဆိုတာဖြစ်ပြီး ဖာနန်ဒက်စ်က သူ့အနားမှာရှိသမျှလူအားလုံးကို တိုးတက်လာအောင် ဆွဲတင်ပေးခဲ့တယ်။ သူက အခု ဂုဏ်သတင်းလည်း ကျော်ဇောနေပါပြီ။ ကျွန်တော်သာ ယူနိုက်တက် စောင့်မကြည့်ခဲ့ဘူးဆိုရင် သူတို့ ဂိုးသွင်းတယ်ကြားတာနဲ့ အဲဒါက ဘရူနိုပဲဆိုတဲ့ အတွေးပဲ ရှိမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

မန္ခ်က္စတာစီးတီးေနာက္ခံကစားသမား မီကာ ရစ္ခ်တ္က ဘ႐ူနို ဖာနန္ဒက္စ္ဟာ PFA ရဲ့တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုကို ရရွိမယ့္ ကစားသမားလို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္မွာ ဗန္ဒိုက္လိုမ်ိဳး အက်ိဳးသက္ေရာက္မႈ ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီလက္ေရြးစင္ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္ဆုဖလားရရွိဖို႔ႀကိဳးပမ္းေနတဲ့ မန္ခ်က္စတာယူနိုက္တက္ကို ဦးေဆာင္ေနသူျဖစ္ၿပီး ယခုရာသီရဲ့ ျပည္တြင္းနဲ႔ ဥေရာပၿပိဳင္ပြဲေတြမွာ ေနာက္ပိုင္းအဆင့္ေတြကို တက္ေရာက္နိုင္ေအာင္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။

မီကာ ရစ္ခ်တ္ဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ကစားၿပီး ယူနိုက္တက္ရဲ့ၿပိဳင္ဘက္ျဖစ္ခဲ့ေပမယ့္လည္း ဖာနန္ဒက္ဟာ မန္ခ်က္စတာယူနိုက္တက္ကို အေထာက္အကူျပဳေပးေနခဲ့တာေတြကို အသိအမွတ္ျပဳဖို႔ ထိုက္တန္တဲ့ အက်ိဳးသက္ေရာက္မႈမ်ိဳးရွိခဲ့တယ္လို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

“ဒီႏွစ္မွာ ဆုရရွိနိုင္တဲ့ ကစားသမားေတြအမ်ားႀကီးရွိေနပါတယ္။ အနည္းဆုံးမဟုတ္ေတာင္မွ ႐ူဘင္ ဒီယက္စ္နဲ႔ ဂန္ဒိုဂန္တို႔ေပါ့။ ဒါေပမယ့္ ၂၀၂၀-၂၀၂၁ ရဲ့အထူးခၽြန္ဆုံးေဘာလုံးသမားကေတာ့ ဘ႐ူနို ဖာနန္ဒက္စ္ပါ”

“သူ႔ရဲ့ ခုရာသီ ဒီအခ်ိန္ ကိန္းဂဏန္းေတြက ကြင္းလယ္ကစားသမားတစ္ေယာက္အေနနဲ႔ဆိုရင္ ေၾကာက္စရာပါ။ ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္။ ၈၄ မိနစ္တိုင္းမွာ ဂိုးပါဝင္ပတ္သက္သလို ဂိုးဖန္တီးမႈလည္း လုပ္နိုင္ပါတယ္။ ဖာနန္ဒက္စ္က အခြင့္အေရး ၇၁ ႀကိမ္အထိ ဖန္တီးေပးခဲ့ၿပီး သူ မပါဘဲ မန္ခ်က္စတာယူနိုက္တက္ ထိပ္ဆုံး ၄ ေနရာထဲ ေရာက္နိုင္မယ္လို႔ ကၽြန္ေတာ္ မယုံၾကည္ပါဘူး”

“ထူးခၽြန္တဲ့ကစားသမားတစ္ေယာက္ရဲ့ စစ္မွန္တဲ့ အမွတ္အသားက အသင္းထဲမွာ အျခားသူေတြကို သူ ဘာလုပ္ေပးလဲဆိုတာျဖစ္ၿပီး ဖာနန္ဒက္စ္က သူ႔အနားမွာရွိသမၽွလူအားလုံးကို တိုးတက္လာေအာင္ ဆြဲတင္ေပးခဲ့တယ္။ သူက အခု ဂုဏ္သတင္းလည္း ေက်ာ္ေဇာေနပါၿပီ။ ကၽြန္ေတာ္သာ ယူနိုက္တက္ ေစာင့္မၾကည့္ခဲ့ဘူးဆိုရင္ သူတို႔ ဂိုးသြင္းတယ္ၾကားတာနဲ႔ အဲဒါက ဘ႐ူနိုပဲဆိုတဲ့ အေတြးပဲ ရွိမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z