Premier League Transfer News

27 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ် ၃၂ သင်းအဆင့်မှာ ပြိုင်ပွဲကနေ သူတို့ကို ကန်ထုတ်ခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ ဒီရာသီမှာလည်း ၁၆ သင်းအဆင့်မှာ ထပ်မံတွေ့ဆုံနေချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ သူတို့ကို ပူပူနွေးနွေး ပြန်လည်ရင်ဆိုင်မယ့် နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်နဲ့ ဆုံဆည်းဖို့ ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်ကလိုမျိုး ရလဒ်တွေ မထွက်ပေါ်ချင်ဘူးဆိုရင် အိုလံပီယာကော့စ်ရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မက်သယူး ဗယ်လ်ဘူနာ၊ ယူဆက်ဖ် အယ်လာရာဘီနဲ့ ဆိုကရာတစ်တို့ကို သတိထားကစားရလိမ့်မယ်လို့ ဒေးလီး အိတ်စ်ပရက်စ် အကြံပြုသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးလိုအပ်နေချိန်မှာ အီမီးလ် စမစ်ရိုးကို ထုတ်ပြီး ဝီလီယန်ကို ထည့်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မိမိအနေနဲ့ မကြိုဆိုဘူးလို့ နောက်ခံလူဟောင်း မာတင် ကီးယွန်းက ပြောကြားလိုက်ပြီး အင်္ဂလန်လူငယ်ဟာ နံပါတ် ၁၀ နေရာမှာသာ အရင်ပွဲတွေကလို ထားကစားရင် ကောင်းကောင်းခြေစွမ်းပြနိုင်တဲ့သူလို့ အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမားလေ့ကျင့်ရေးဌာနက အကြီးအကဲကို လာမယ့်နွေရာသီမှာ သက်တမ်းမတိုးတော့ဘဲ အသင်းက ထွက်ခွာခွင့်ပြုတော့မယ်လို့ သိရပြီး ယူ-၉ ကနေ ယူ-၂၃ အသင်းတွေအထိ တာဝန်ယူထားရသူဖြစ်တဲ့ အန်ဒီ ဝုဒ်မန်းအနေနဲ့ သူ့ရဲ့သား ဖရက်ဒီရှိရာ နယူးကာဆယ်လ်အသင်းဆီ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းမှာ ခြေစွမ်းပုံမှန်မရှိလို့ ပရိသတ်တွေ ငြိုငြင်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ အမြင်စောင်းစေမယ့် နောက်ထပ် စကားတစ်ခွန်းကို ပြောလိုက်ပြန်ပြီး ချဲလ်ဆီးအသင်းကနေ ဘယ်တုန်းကမှ မထွက်ခွာချင်ခဲ့ဘဲ ကမ်းလှမ်းမှု မကောင်းလို့သာ ထွက်ဖြစ်ခဲ့တာလို့ ဆိုသွားခဲ့။

– ပေါ်တူဂီနိုင်ငံနဲ့ ကစားသမားတွေကို ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေအရ အနီရောင်အဆင့် သတ်မှတ်ထားပြီး သွားရောက်ခွင့်နဲ့ နိုင်ငံတွင်း ဝင်ရောက်ခွင့် မပြုတဲ့ အင်္ဂလန်ကြောင့် ၃၂ သင်းအဆင့်ကို ကြားကွင်းတွေမှာ ကစားခဲ့ရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဂရိကလပ် အိုလံပီယာကော့စ်ကိုတော့ အိမ်ကွင်း အမ်းမရိတ်မှာ လက်ခံကစားခွင့်ရှိမှာဖြစ်တယ်လို့ သိရ။

– ကင်းပါဝါကွင်းမှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်အနေနဲ့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်က အတည်ပြုလိုက်ပြီး မီခယ်လ် အာတီတာရဲ့ အသင်းမှာတော့ အဓိကကစားသမားတွေဖြစ်ကြတဲ့ ကီရန် တီယာနီနဲ့ သောမတ်စ် ပါတေးတို့နှစ်ဦးစလုံး ပွဲထွက်လာဖွယ်ရှိနေ။

– လက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ကစားရမယ့် ပွဲစဉ်မှာ ဂျေမီ ဗာဒီ ဦးဆောင်လာမယ့် လက်စတာတိုက်စစ်ကို အာဆင်နယ်တို့ ရင်ဆိုင် ထိန်းချုပ်ဖို့ လွယ်ကူမှာ မဟုတ်ဘဲ ထိပ်ဆုံးလေးသင်းကို ဝင်ရောက်ဖို့ ခြေစွမ်းမျိုး မရှိသေးတဲ့ ဧည့်သည်တွေကို အိမ်ရှင်လက်စတာတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရမယ်လို့ လော်ရို ခန့်မှန်း။

– ဝါရင့်တိုက်စစ်မှူးတွေကို သဘောကျလေ့ရှိပြီး သူတို့ရဲ့ အသက် ၂၉-၃၀ အရွယ်လောက်မှာမှ ခေါ်ယူလေ့ရှိတဲ့ ပြင်သစ်ကလပ် မိုနာကို အသင်းရဲ့ နွေရာသီပစ်မှတ်အဖြစ် အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ရှုမြင်ထားပြီး ကစားသမားအနေနဲ့လည်း မိခင်မြေကို ပြန်ဖို့ စိတ်ဝင်စားဖွယ်ရှိနေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ဘင်ဖီကာနဲ့ပွဲမှာ စမစ်ရိုးအစား မာတီနယ်လီနဲ့ ပေပေတို့ကို လူစားမလဲဘဲ ဝီလီယန်ကို လဲခဲ့တာဟာ နည်းစနစ်ပိုင်းအရ တစ်ဖက်အသင်းရဲ့ ၄-၄-၁-၁ နဲ့ ၅-၃-၂ ပုံစံကို ပိုင်ပိုင်နိုင်နိုင် ကစားနေတဲ့ တစ်ဖက်အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်ကြားက ကွက်လပ်တွေကို အသုံးချနိုင်ဖို့ လုပ်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့တဲ့ရာသီက ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္မွာ ၿပိဳင္ပြဲကေန သူတို႔ကို ကန္ထုတ္ခဲ့တဲ့ အိုလံပီယာေကာ့စ္နဲ႔ ဒီရာသီမွာလည္း ၁၆ သင္းအဆင့္မွာ ထပ္မံေတြ႕ဆုံေနခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ကို ပူပူေႏြးေႏြး ျပန္လည္ရင္ဆိုင္မယ့္ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္နဲ႔ ဆုံဆည္းဖို႔ ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီႏွစ္မွာလည္း ၿပီးခဲ့တဲ့ႏွစ္ကလိုမ်ိဳး ရလဒ္ေတြ မထြက္ေပၚခ်င္ဘူးဆိုရင္ အိုလံပီယာေကာ့စ္ရဲ႕ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ မက္သယူး ဗယ္လ္ဘူနာ၊ ယူဆက္ဖ္ အယ္လာရာဘီနဲ႔ ဆိုကရာတစ္တို႔ကို သတိထားကစားရလိမ့္မယ္လို႔ ေဒးလီး အိတ္စ္ပရက္စ္ အႀကံျပဳသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးလိုအပ္ေနခ်ိန္မွာ အီမီးလ္ စမစ္႐ိုးကို ထုတ္ၿပီး ဝီလီယန္ကို ထည့္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို မိမိအေနနဲ႔ မႀကိဳဆိုဘူးလို႔ ေနာက္ခံလူေဟာင္း မာတင္ ကီးယြန္းက ေျပာၾကားလိုက္ၿပီး အဂၤလန္လူငယ္ဟာ နံပါတ္ ၁၀ ေနရာမွာသာ အရင္ပြဲေတြကလို ထားကစားရင္ ေကာင္းေကာင္းေျခစြမ္းျပႏိုင္တဲ့သူလို႔ အာတီတာရဲ႕ နည္းစနစ္ကို ေဝဖန္သြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမားေလ့က်င့္ေရးဌာနက အႀကီးအကဲကို လာမယ့္ေႏြရာသီမွာ သက္တမ္းမတိုးေတာ့ဘဲ အသင္းက ထြက္ခြာခြင့္ျပဳေတာ့မယ္လို႔ သိရၿပီး ယူ-၉ ကေန ယူ-၂၃ အသင္းေတြအထိ တာဝန္ယူထားရသူျဖစ္တဲ့ အန္ဒီ ဝုဒ္မန္းအေနနဲ႔ သူ႔ရဲ႕သား ဖရက္ဒီရွိရာ နယူးကာဆယ္လ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖြယ္ရွိတယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းမွာ ေျခစြမ္းပုံမွန္မရွိလို႔ ပရိသတ္ေတြ ၿငိဳျငင္ခံခဲ့ရတဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ အျမင္ေစာင္းေစမယ့္ ေနာက္ထပ္ စကားတစ္ခြန္းကို ေျပာလိုက္ျပန္ၿပီး ခ်ဲလ္ဆီးအသင္းကေန ဘယ္တုန္းကမွ မထြက္ခြာခ်င္ခဲ့ဘဲ ကမ္းလွမ္းမႈ မေကာင္းလို႔သာ ထြက္ျဖစ္ခဲ့တာလို႔ ဆိုသြားခဲ့။

– ေပၚတူဂီႏိုင္ငံနဲ႔ ကစားသမားေတြကို ကိုဗစ္ကာကြယ္ေရးစည္းမ်ဥ္းေတြအရ အနီေရာင္အဆင့္ သတ္မွတ္ထားၿပီး သြားေရာက္ခြင့္နဲ႔ ႏိုင္ငံတြင္း ဝင္ေရာက္ခြင့္ မျပဳတဲ့ အဂၤလန္ေၾကာင့္ ၃၂ သင္းအဆင့္ကို ၾကားကြင္းေတြမွာ ကစားခဲ့ရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဂရိကလပ္ အိုလံပီယာေကာ့စ္ကိုေတာ့ အိမ္ကြင္း အမ္းမရိတ္မွာ လက္ခံကစားခြင့္ရွိမွာျဖစ္တယ္လို႔ သိရ။

– ကင္းပါဝါကြင္းမွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ ပြဲစဥ္ကို ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္အေနနဲ႔ ပါဝင္ကစားႏိုင္မွာ မဟုတ္ဘူးလို႔ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က အတည္ျပဳလိုက္ၿပီး မီခယ္လ္ အာတီတာရဲ႕ အသင္းမွာေတာ့ အဓိကကစားသမားေတြျဖစ္ၾကတဲ့ ကီရန္ တီယာနီနဲ႔ ေသာမတ္စ္ ပါေတးတို႔ႏွစ္ဦးစလုံး ပြဲထြက္လာဖြယ္ရွိေန။

– လက္စတာစီးတီးနဲ႔ အာဆင္နယ္တို႔ ကစားရမယ့္ ပြဲစဥ္မွာ ေဂ်မီ ဗာဒီ ဦးေဆာင္လာမယ့္ လက္စတာတိုက္စစ္ကို အာဆင္နယ္တို႔ ရင္ဆိုင္ ထိန္းခ်ဳပ္ဖို႔ လြယ္ကူမွာ မဟုတ္ဘဲ ထိပ္ဆုံးေလးသင္းကို ဝင္ေရာက္ဖို႔ ေျခစြမ္းမ်ိဳး မရွိေသးတဲ့ ဧည့္သည္ေတြကို အိမ္ရွင္လက္စတာတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရမယ္လို႔ ေလာ္႐ို ခန႔္မွန္း။

– ဝါရင့္တိုက္စစ္မႉးေတြကို သေဘာက်ေလ့ရွိၿပီး သူတို႔ရဲ႕ အသက္ ၂၉-၃၀ အ႐ြယ္ေလာက္မွာမွ ေခၚယူေလ့ရွိတဲ့ ျပင္သစ္ကလပ္ မိုနာကို အသင္းရဲ႕ ေႏြရာသီပစ္မွတ္အျဖစ္ အာဆင္နယ္တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ရႈျမင္ထားၿပီး ကစားသမားအေနနဲ႔လည္း မိခင္ေျမကို ျပန္ဖို႔ စိတ္ဝင္စားဖြယ္ရွိေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ဘင္ဖီကာနဲ႔ပြဲမွာ စမစ္႐ိုးအစား မာတီနယ္လီနဲ႔ ေပေပတို႔ကို လူစားမလဲဘဲ ဝီလီယန္ကို လဲခဲ့တာဟာ နည္းစနစ္ပိုင္းအရ တစ္ဖက္အသင္းရဲ႕ ၄-၄-၁-၁ နဲ႔ ၅-၃-၂ ပုံစံကို ပိုင္ပိုင္ႏိုင္ႏိုင္ ကစားေနတဲ့ တစ္ဖက္အသင္းရဲ႕ တိုက္စစ္နဲ႔ ခံစစ္ၾကားက ကြက္လပ္ေတြကို အသုံးခ်ႏိုင္ဖို႔ လုပ္ခဲ့တာျဖစ္ေၾကာင္း ရွင္းလင္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.