Premier League Transfer News

27 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု


– မန်ချက်စတာစီးတီးအသင်းက နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်ခွာခဲ့ရင် ပီအက်စ်ဂျီနဲ့ တခြားအသင်းတွေကို မရောက်နိုင်ဘဲ အစ်တီဟတ်ကိုသာ ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– အသင်းကနေ အငှားချထားခဲ့တဲ့ ဆားဘီးယားကွင်းလယ်လူ အီဗန် အီလစ်ချ်ရဲ့ ခြေစွမ်းကို တာဝန်ရှိသူတွေက သဘောကျနေပြီး ကစားသမားကို လက်ရှိအသင်း ဗီရိုနာဆီကို မပြောင်းရွှေ့ဖြစ်အောင် စည်းရုံးသွားဖို့ စီစဉ်နေသလို ငွေကြေးကုန်ကျ မများရအောင် လုပ်ဆောင်သွားဖွယ်ရှိနေ။

– ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ မန်စီးတီးဘက်ကနေ မူလက ကမ်းလှမ်းထားတဲ့ ငါးနှစ်စာချုပ် ပေါင်သန်း ၆၀၀ ကို ထပ်မံလျှော့ချပြီး ပေါင်သန်း ၄၃၀ နဲ့ ပြောင်းလဲကမ်းလှမ်းသွားမှာဖြစ်ပေမယ့် လက်ရှိ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ ဘဏ္ဏာရေး အခြေအနေအရပ်ရပ်ကို နားလည်လက်ခံသွားဖွယ်ရှိနေ။

– လိစ်ဒ်ယူနိုက်တက်အသင်းကို တန်းတက်လာအောင် ကူညီပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းပြနေနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဂျက်ခ် ဟာရစ်ဆန်ကို လာမယ့်နွေရာသီမှာ အပြီးသတ်ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်းနဲ့ မန်စီးတီးတို့ ရောင်းချငွေရှာသွားဖို့ ပြင်ဆင်ထား။

– အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီရဲ့ အမြဲတမ်း တည်ငြိမ်အေးချမ်းတဲ့ပုံစံကို တွေ့မြင်ရတာဟာ ဗုဒ္ဓရဲ့ အဆုံးအမကို ခံယူပြီး အဲ့ဒီလမ်းစဉ်တွေအတိုင်း ကျင့်ကြံနေထိုင်တဲ့သူတစ်ဦးရဲ့ ဘဝကို ခံစားမိတယ်လို့ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ချီးကျူးသွား။

– လာမယ့် စနေနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ဝက်စ်ဟမ်းယူနိုက်တက်နည်းပြ ဒေးဗစ် မွိုက်စ်အနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်တယ့် ရပ်တည်မှုဆီ ဆွဲတင်လာနိုင်ခဲ့တာကို လေးစားကြောင်းနဲ့ သူ့ရဲ့ အတုယူခဲ့ရတဲ့ နည်းပြတွေထဲက တစ်ဦးလို့ ဂွါဒီယိုလာ ထုတ်ဖော်ပြောကြား။

– မန်ချက်စတာစီးတီးအသင်းရဲ့ အားကစားဒါရိုက်တာ ဇီကီ ဘီဂီရီစတိန်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ တစ်ခေတ်ကို လာမယ့်ရာသီကုန်မှာ ရပ်တန့်သွားဖွယ်ရှိနေပြီး စာချုပ် ၄ လခန့်သာ ကျန်ရှိတော့တဲ့ အာဂျင်တီးနားရှေ့တန်းလူနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေ။

– ဝက်စ်ဟမ်းနဲ့ တွေ့ဆုံမယ့် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေးဗစ် မွိုက်စ်ရဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့ ရုန်းကန်ရနိုင်ပေမယ့် အိမ်ကွင်းမှာ လိုချင်တဲ့ ရလဒ်ကို ရယူနိုင်ဖို့ သူတို့ကို ပြေးလမ်းကြောင်းပေါ်ကနေ အတားအဆီးမခံဘဲ ဖယ်ရှားရှင်းလင်းသွားလိမ့်မယ်လို့ ဘီဘီစီရဲ့ လော်ရိုက ခန့်မှန်းလိုက်ပြီး ပွဲပြီးရလဒ်က နှစ်ဂိုး-ဂိုးမရှိလို့ဆို။

– ကျစ်လျစ်တဲ့ ခံစစ်၊ လုပ်အားနှုန်းကောင်းတဲ့ ကွင်းလယ်နဲ့ ဂိုးတွေ သွင်းယူနေတဲ့ တိုက်စစ်ပိုင်းအတွက် မိမိတို့ တစ်သင်းလုံးအနေနဲ့ ကျေနပ်နေပြီး နိုင်ပွဲတွေကို ဆက်လက်ရယူဖို့ တတ်စွမ်းသရွေ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းက ေႏြရာသီမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းက ထြက္ခြာခဲ့ရင္ ပီအက္စ္ဂ်ီနဲ႔ တျခားအသင္းေတြကို မေရာက္ႏိုင္ဘဲ အစ္တီဟတ္ကိုသာ ေရာက္ႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– အသင္းကေန အငွားခ်ထားခဲ့တဲ့ ဆားဘီးယားကြင္းလယ္လူ အီဗန္ အီလစ္ခ်္ရဲ႕ ေျခစြမ္းကို တာဝန္ရွိသူေတြက သေဘာက်ေနၿပီး ကစားသမားကို လက္ရွိအသင္း ဗီ႐ိုနာဆီကို မေျပာင္းေ႐ႊ႕ျဖစ္ေအာင္ စည္း႐ုံးသြားဖို႔ စီစဥ္ေနသလို ေငြေၾကးကုန္က် မမ်ားရေအာင္ လုပ္ေဆာင္သြားဖြယ္ရွိေန။

– ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ မန္စီးတီးဘက္ကေန မူလက ကမ္းလွမ္းထားတဲ့ ငါးႏွစ္စာခ်ဳပ္ ေပါင္သန္း ၆၀၀ ကို ထပ္မံေလွ်ာ့ခ်ၿပီး ေပါင္သန္း ၄၃၀ နဲ႔ ေျပာင္းလဲကမ္းလွမ္းသြားမွာျဖစ္ေပမယ့္ လက္ရွိ ကိုဗစ္ေၾကာင့္ က်ဆင္းေနတဲ့ ဘဏၰာေရး အေျခအေနအရပ္ရပ္ကို နားလည္လက္ခံသြားဖြယ္ရွိေန။

– လိစ္ဒ္ယူႏိုက္တက္အသင္းကို တန္းတက္လာေအာင္ ကူညီေပးခဲ့ၿပီး ပရီးမီးယားလိဂ္မွာလည္း ေျခစြမ္းျပေနႏိုင္ခဲ့တဲ့ ေတာင္ပံကစားသမား ဂ်က္ခ္ ဟာရစ္ဆန္ကို လာမယ့္ေႏြရာသီမွာ အၿပီးသတ္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁ သန္းနဲ႔ မန္စီးတီးတို႔ ေရာင္းခ်ေငြရွာသြားဖို႔ ျပင္ဆင္ထား။

– အဲဗာတန္အသင္းနည္းျပ ကာလို အန္ဆယ္ေလာ့တီရဲ႕ အၿမဲတမ္း တည္ၿငိမ္ေအးခ်မ္းတဲ့ပုံစံကို ေတြ႕ျမင္ရတာဟာ ဗုဒၶရဲ႕ အဆုံးအမကို ခံယူၿပီး အဲ့ဒီလမ္းစဥ္ေတြအတိုင္း က်င့္ႀကံေနထိုင္တဲ့သူတစ္ဦးရဲ႕ ဘဝကို ခံစားမိတယ္လို႔ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာက ခ်ီးက်ဴးသြား။

– လာမယ့္ စေနေန႔ညမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ဝက္စ္ဟမ္းယူႏိုက္တက္နည္းျပ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ အသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိႏိုင္တယ့္ ရပ္တည္မႈဆီ ဆြဲတင္လာႏိုင္ခဲ့တာကို ေလးစားေၾကာင္းနဲ႔ သူ႔ရဲ႕ အတုယူခဲ့ရတဲ့ နည္းျပေတြထဲက တစ္ဦးလို႔ ဂြါဒီယိုလာ ထုတ္ေဖာ္ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဇီကီ ဘီဂီရီစတိန္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုရဲ႕ တစ္ေခတ္ကို လာမယ့္ရာသီကုန္မွာ ရပ္တန႔္သြားဖြယ္ရွိေနၿပီး စာခ်ဳပ္ ၄ လခန႔္သာ က်န္ရွိေတာ့တဲ့ အာဂ်င္တီးနားေရွ႕တန္းလူနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေန။

– ဝက္စ္ဟမ္းနဲ႔ ေတြ႕ဆုံမယ့္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေဒးဗစ္ မြိဳက္စ္ရဲ႕ ခံစစ္ကို ေက်ာ္ျဖတ္ဖို႔ ႐ုန္းကန္ရႏိုင္ေပမယ့္ အိမ္ကြင္းမွာ လိုခ်င္တဲ့ ရလဒ္ကို ရယူႏိုင္ဖို႔ သူတို႔ကို ေျပးလမ္းေၾကာင္းေပၚကေန အတားအဆီးမခံဘဲ ဖယ္ရွားရွင္းလင္းသြားလိမ့္မယ္လို႔ ဘီဘီစီရဲ႕ ေလာ္႐ိုက ခန႔္မွန္းလိုက္ၿပီး ပြဲၿပီးရလဒ္က ႏွစ္ဂိုး-ဂိုးမရွိလို႔ဆို။

– က်စ္လ်စ္တဲ့ ခံစစ္၊ လုပ္အားႏႈန္းေကာင္းတဲ့ ကြင္းလယ္နဲ႔ ဂိုးေတြ သြင္းယူေနတဲ့ တိုက္စစ္ပိုင္းအတြက္ မိမိတို႔ တစ္သင္းလုံးအေနနဲ႔ ေက်နပ္ေနၿပီး ႏိုင္ပြဲေတြကို ဆက္လက္ရယူဖို႔ တတ္စြမ္းသေ႐ြ႕ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗား ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.