Premier League Transfer News

27 Feb နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ လူငယ်နောက်ခံလူ အိုဇန် ကာဘက်ခ်ကို ခေါ်ယူသွားနိုင်ခြေ နည်းနေပြီး ရီးရဲလ်မက်ဒရစ် အသင်းကနေ ရောင်းချနိုင်တဲ့ ဝါရင့်နောက်ခံလူ ရာဖေးလ် ဗာရွန်းကို ပြောင်းလဲပစ်မှတ်ထားနေသလို ဗန်ဒိုက်နဲ့ တွဲဖက်ပေးသွားဖို့ ရည်ရွယ်နေပြီး ပြင်သစ်သားကိုတော့ စပိန်ကလပ်ဘက်က ပေါင် ၄၃၃ သန်း လျော်ကြေးစာချုပ်ချုပ်ဆိုထား။

– လာမယ့်ရာသီမှာ ကွင်းလယ်ကို အပြောင်းအလဲပြုလုပ်သွားဖို့ ရည်ရွယ်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အူဒီးနီးစ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ပေါင် ၂၆ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိနေပေမယ့် အီတလီကလပ်ဘက်က ပေါင် ၃၄ သန်းအထိ အလိုရှိနေ။

– အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်အနေနဲ့ လာမယ့်နွေရာသီမှာ တောင်ပံကစားသမား ချာဒန် ရှာကျီရီကို ရောင်းချပြီး ငွေကြေးရှာဖွေသွားဖို့ စီစဉ်နေသလို ဝယ်ယူစဉ်က ဈေးနှုန်းထက် ပေါင် ၁၀ သန်း အမြတ်ကျန်မယ့် ပမာဏဖြစ်တဲ့ ပေါင် ၂၃ သန်းနဲ့ ဈေးခေါ်ထား။

– မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်ကို နွေရာသီမှာ ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြိုင်လုရမှာ ဖြစ်ပေမယ့် လိုက်ပ်ဇစ်ကနေ အူပါမီကာနို ခေါ်ရမယ့် ဂျာမန်ချန်ပီယံအနေနဲ့ ဒီအတွက် ငွေကြေးသုံးစွဲရဦးမှာဖြစ်လို့ လီဗာပူးလ်အသင်း အနေနဲ့ အရေးသာလာခဲ့။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမယ့် လီဗာပူးလ်အသင်းရဲ့ လူစာရင်းမှာ ကာလကြာရှည် အနားယူနေခဲ့ရတဲ့ တောင်ပံသမား ဒီယိုဂို ဂျိုတာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပြီး ထရိန်နင်ဆင်းနေပြီဖြစ်တဲ့ ပေါ်တူဂီသားအနေနဲ့ ဘရမ်းမောလ်လိန်းကို ခရီးနှင်မယ့် အသင်းနဲ့ အတူ လိုက်ပါမယ်လို့ ပရိသတ်တွေ ခန့်မှန်းနေကြ။

– ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားသမား ၅ ဦး ထားရှိသွားမယ့် အစီအစဉ်ကို ကန့်ကွက်ခဲ့လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ စကားအချေအတင်ဖြစ်ဖူးတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နည်းပြ ခရစ္စ ဝိုင်လ်ဒါက သူနဲ့ ဂျာမန်သားကြားမှာ ဘာပြဿနာမှ မရှိဘဲ လေးစားမှု တစ်ခုသာ ရှိကြောင်း ပွဲကြိုပြောကြား။

– အချိန်တော်တော်ကြာတော့မှ လီဗာပူးလ်အသင်းမှာ ဆက်နေနိုင်တယ်လို့ စကားပြောင်းပြောခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အပေါ် ပရိသတ်တွေကတော့ ကြိုဆိုခြင်း မပြုဘဲ ကွင်းလယ်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီး နွိုင်ဟော့စ်နဲ့ ဒီပေါလ်တို့ကိုသာ အလိုရှိတယ်လို့ တွစ်တာမှာ ရေးသားခဲ့ကြ။

– မန်ချက်စတာစီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက်ကို ရောက်ဖို့ နီးစပ်ခဲ့သေးတယ်လို့ ဝန်ခံသွားခဲ့တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်က သူ့ရဲ့ ကစားသမားဘဝ လက်တွဲဖူးသမျှမှာ အကောင်းဆုံးနည်းပြဟာ ယာဂန် ကလော့ပ်ဖြစ်ပြီး သူ့ရဲ့ အားပေးစကားတွေနဲ့ ကိုင်တွယ်ပုံ အတွက်ဆို အသင်းအတွက် အသက်ကိုတောင် ပေးနိုင်လိမ့်မယ်လို့ ဆိုသွားခဲ့။

– အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာ ပွဲရှာသလိုဖြစ်နေခဲ့တဲ့ လီဗာပူးလ် ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နက်ပ်က သူ့ရဲ့အသင်းဟောင်းအနေနဲ့ ဒီရာသီကုန်မှာ အဆင့် ၄ အတွင်းကို မဝင်ခဲ့ရင်လည်း အံ့သြဖို့ မရှိဘူးလို့ ပရိသတ်တွေ စိတ်ပျက်စေမယ့် စကားနဲ့ ဝေဖန်သွားခဲ့။

– ဘရာဇီးလ်နိုင်ငံမှာ ရေနစ်ပြီး ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနားကို ကိုဗစ်စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့တဲ့ ဂိုးသမား အယ်လစ်ဆန်က မိမိတို့အနေနဲ့ ဝမ်းနည်းခဲ့ရပေမယ့် အားပေးစကားပြောကြသူတွေကို ကျေးဇူး တင်ကြောင်းနဲ့ မိမိတို့မိသားစုအပေါ် အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေ ရောက်ရှိနေတယ်လို့ ခံစားမိကြောင်း တုံ့ပြန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ လူငယ္ေနာက္ခံလူ အိုဇန္ ကာဘက္ခ္ကို ေခၚယူသြားႏိုင္ေျခ နည္းေနၿပီး ရီးရဲလ္မက္ဒရစ္ အသင္းကေန ေရာင္းခ်ႏိုင္တဲ့ ဝါရင့္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကို ေျပာင္းလဲပစ္မွတ္ထားေနသလို ဗန္ဒိုက္နဲ႔ တြဲဖက္ေပးသြားဖို႔ ရည္႐ြယ္ေနၿပီး ျပင္သစ္သားကိုေတာ့ စပိန္ကလပ္ဘက္က ေပါင္ ၄၃၃ သန္း ေလ်ာ္ေၾကးစာခ်ဳပ္ခ်ဳပ္ဆိုထား။

– လာမယ့္ရာသီမွာ ကြင္းလယ္ကို အေျပာင္းအလဲျပဳလုပ္သြားဖို႔ ရည္႐ြယ္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ အူဒီးနီးစ္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ႐ိုဒရီဂို ဒီေပါလ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနၿပီး ေပါင္ ၂၆ သန္းနဲ႔ ကမ္းလွမ္းဖို႔ ရွိေနေပမယ့္ အီတလီကလပ္ဘက္က ေပါင္ ၃၄ သန္းအထိ အလိုရွိေန။

– အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္အေနနဲ႔ လာမယ့္ေႏြရာသီမွာ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို ေရာင္းခ်ၿပီး ေငြေၾကးရွာေဖြသြားဖို႔ စီစဥ္ေနသလို ဝယ္ယူစဥ္က ေဈးႏႈန္းထက္ ေပါင္ ၁၀ သန္း အျမတ္က်န္မယ့္ ပမာဏျဖစ္တဲ့ ေပါင္ ၂၃ သန္းနဲ႔ ေဈးေခၚထား။

– မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ အၿပိဳင္လုရမွာ ျဖစ္ေပမယ့္ လိုက္ပ္ဇစ္ကေန အူပါမီကာႏို ေခၚရမယ့္ ဂ်ာမန္ခ်န္ပီယံအေနနဲ႔ ဒီအတြက္ ေငြေၾကးသုံးစြဲရဦးမွာျဖစ္လို႔ လီဗာပူးလ္အသင္း အေနနဲ႔ အေရးသာလာခဲ့။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းနဲ႔ ကစားရမယ့္ လီဗာပူးလ္အသင္းရဲ႕ လူစာရင္းမွာ ကာလၾကာရွည္ အနားယူေနခဲ့ရတဲ့ ေတာင္ပံသမား ဒီယိုဂို ဂ်ိဳတာ ျပန္လည္ပါဝင္ႏိုင္ဖြယ္ရွိေနၿပီး ထရိန္နင္ဆင္းေနၿပီျဖစ္တဲ့ ေပၚတူဂီသားအေနနဲ႔ ဘရမ္းေမာလ္လိန္းကို ခရီးႏွင္မယ့္ အသင္းနဲ႔ အတူ လိုက္ပါမယ္လို႔ ပရိသတ္ေတြ ခန႔္မွန္းေနၾက။

– ပရီးမီးယားလိဂ္မွာ လူစားဝင္ကစားသမား ၅ ဦး ထားရွိသြားမယ့္ အစီအစဥ္ကို ကန႔္ကြက္ခဲ့လို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ စကားအေခ်အတင္ျဖစ္ဖူးတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နည္းျပ ခရစၥ ဝိုင္လ္ဒါက သူနဲ႔ ဂ်ာမန္သားၾကားမွာ ဘာျပႆနာမွ မရွိဘဲ ေလးစားမႈ တစ္ခုသာ ရွိေၾကာင္း ပြဲႀကိဳေျပာၾကား။

– အခ်ိန္ေတာ္ေတာ္ၾကာေတာ့မွ လီဗာပူးလ္အသင္းမွာ ဆက္ေနႏိုင္တယ္လို႔ စကားေျပာင္းေျပာခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေပၚ ပရိသတ္ေတြကေတာ့ ႀကိဳဆိုျခင္း မျပဳဘဲ ကြင္းလယ္ကို အေျပာင္းအလဲလုပ္ဖို႔ လိုအပ္ေနၿပီး ႏြိဳင္ေဟာ့စ္နဲ႔ ဒီေပါလ္တို႔ကိုသာ အလိုရွိတယ္လို႔ တြစ္တာမွာ ေရးသားခဲ့ၾက။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ကို ေရာက္ဖို႔ နီးစပ္ခဲ့ေသးတယ္လို႔ ဝန္ခံသြားခဲ့တဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္က သူ႔ရဲ႕ ကစားသမားဘဝ လက္တြဲဖူးသမွ်မွာ အေကာင္းဆုံးနည္းျပဟာ ယာဂန္ ကေလာ့ပ္ျဖစ္ၿပီး သူ႔ရဲ႕ အားေပးစကားေတြနဲ႔ ကိုင္တြယ္ပုံ အတြက္ဆို အသင္းအတြက္ အသက္ကိုေတာင္ ေပးႏိုင္လိမ့္မယ္လို႔ ဆိုသြားခဲ့။

– အာဆင္နယ္အသင္းေခါင္းေဆာင္ အူဘာမီယန္းကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၿပီး ဒီရက္ပိုင္းအတြင္းမွာ ပြဲရွာသလိုျဖစ္ေနခဲ့တဲ့ လီဗာပူးလ္ ကြင္းလယ္လူေဟာင္း ေဂ်မီ ရက္ဒ္နက္ပ္က သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ ဒီရာသီကုန္မွာ အဆင့္ ၄ အတြင္းကို မဝင္ခဲ့ရင္လည္း အံ့ၾသဖို႔ မရွိဘူးလို႔ ပရိသတ္ေတြ စိတ္ပ်က္ေစမယ့္ စကားနဲ႔ ေဝဖန္သြားခဲ့။

– ဘရာဇီးလ္ႏိုင္ငံမွာ ေရနစ္ၿပီး ကြယ္လြန္သြားခဲ့တဲ့ ဖခင္ျဖစ္သူရဲ႕ ဈာပနအခမ္းအနားကို ကိုဗစ္စည္းမ်ဥ္းကန႔္သတ္ခ်က္ေတြေၾကာင့္ တက္ေရာက္ႏိုင္ျခင္းမရွိခဲ့တဲ့ ဂိုးသမား အယ္လစ္ဆန္က မိမိတို႔အေနနဲ႔ ဝမ္းနည္းခဲ့ရေပမယ့္ အားေပးစကားေျပာၾကသူေတြကို ေက်းဇူး တင္ေၾကာင္းနဲ႔ မိမိတို႔မိသားစုအေပၚ အားလုံးရဲ႕ ခ်စ္ျခင္းေမတၱာေတြ ေရာက္ရွိေနတယ္လို႔ ခံစားမိေၾကာင္း တုံ႔ျပန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.