Premier League

စူပါကွန်ပျူတာရဲ့တွက်ချက်မှုမှာ ထိပ်ဆုံးလေးနေရာနဲ့လွဲချော်ခဲ့တဲ့ လီဗာပူးလ်

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ ၂၀၁၆ ခုနှစ် နောက်ပိုင်း ထိပ်ဆုံးလေးနေရာအပြင်ဘက်မှာ ရာသီပြီးဆုံးလိမ့်မယ်လို့ ပရီးမီးယားလိဂ်စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ သိရပါတယ်။

လီဗာပူးလ်ဟာ အိမ်ကွင်းရှုံးပွဲ ၃ ပွဲ အပါအဝင် လိဂ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဆင့် ၆ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ ၁၉ မှတ် ကွာဟနေပြီဖြစ်တာကြောင့် ချန်ပီယံဘွဲ့ ကာကွယ်မှုဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

စူပါကွန်ပျူတာက ယခုရာသီမှာ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိမှာမဟုတ်ဘဲ အဆင့် ၅ နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်လိမ့်မယ်လို့ တွက်ချက်ခဲ့တာဖြစ်ပါတယ်။ စူပါကွန်ပျူတာက ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ချက်စတာစီးတီးအသင်းက ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ လက်စတာ၊ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်လို့ သိရပါတယ်။

လက်ရှိ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ၎င်းရဲ့ လန်ဒန်ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းရဲ့အထက် အဆင့် ၆ နေရာမှာ ရာသီပြီးဆုံးလိမ့်မယ်လို့ သိရပြီး အဲဗာတန်၊ အက်စ်တွန်ဗီလာနဲ့ အာဆင်နယ်တို့ဟာ ၈၊ ၉၊ ၁၀ နေရာလောက်မှာ ရာသီပြီးဆုံးလိမ့်မယ်လို့ တွက်ချက်မှုက ဖော်ပြခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းက အထင်ကြီးဖွယ် ပုံစံကောင်းတွေ ဆက်တိုက်ပြသနေပေမယ့်လည်း ချန်ပီယံရှစ်ကို ရာသီကုန်မှာ တန်းဆင်းရမယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ ရှက်ဖီးတို့လည်း အတူလိုက်ပါသွားကြမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းဟာ ၂၀၁၆ ခုႏွစ္ ေနာက္ပိုင္း ထိပ္ဆုံးေလးေနရာအျပင္ဘက္မွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ ပရီးမီးယားလိဂ္စူပါကြန္ပ်ဴတာရဲ့ တြက္ခ်က္မႈအရ သိရပါတယ္။

လီဗာပူးလ္ဟာ အိမ္ကြင္းရႈံးပြဲ ၃ ပြဲ အပါအဝင္ လိဂ္ ၄ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း အဆင့္ ၆ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။ လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ဦးေဆာင္ေနတဲ့ မန္စီးတီးနဲ႔ ၁၉ မွတ္ ကြာဟေနၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံဘြဲ႕ ကာကြယ္မႈဟာ ၿပီးဆုံးသြားခဲ့ၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

စူပါကြန္ပ်ဴတာက ယခုရာသီမွာ လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရရွိမွာမဟုတ္ဘဲ အဆင့္ ၅ ေနရာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ လြဲေခ်ာ္လိမ့္မယ္လို႔ တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။ စူပါကြန္ပ်ဴတာက ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို မန္ခ်က္စတာစီးတီးအသင္းက ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္၊ လက္စတာ၊ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမယ္လို႔ သိရပါတယ္။

လက္ရွိ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ ဝက္စ္ဟမ္းအသင္းဟာ ၎ရဲ့ လန္ဒန္ၿပိဳင္ဘက္ျဖစ္တဲ့ စပါးအသင္းရဲ့အထက္ အဆင့္ ၆ ေနရာမွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ သိရၿပီး အဲဗာတန္၊ အက္စ္တြန္ဗီလာနဲ႔ အာဆင္နယ္တို႔ဟာ ၈၊ ၉၊ ၁၀ ေနရာေလာက္မွာ ရာသီၿပီးဆုံးလိမ့္မယ္လို႔ တြက္ခ်က္မႈက ေဖာ္ျပခဲ့ပါတယ္။

ဖူလ္ဟမ္အသင္းက အထင္ႀကီးဖြယ္ ပုံစံေကာင္းေတြ ဆက္တိုက္ျပသေနေပမယ့္လည္း ခ်န္ပီယံရွစ္ကို ရာသီကုန္မွာ တန္းဆင္းရမယ္လို႔ စူပါကြန္ပ်ဴတာက တြက္ခ်က္ခဲ့ၿပီး ဝက္စ္ဘရြန္းနဲ႔ ရွက္ဖီးတို႔လည္း အတူလိုက္ပါသြားၾကမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z