Match Report UCL&UEL

အေဝးကြင္းမွာ ျပတ္သားတဲ့ ႏုိင္ပြဲနဲ႔ ေနာက္တစ္ဆင့္အတြက္ ေနရာႀကဳိဦးလုိက္တဲ့ ယူႏုိက္တက္

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်မှာ အိမ်ကွင်းကောင်းလှပါတယ်လို့ တစ်ရာရာခိုင်နှုန်းနိုင်ပွဲမှတ်တမ်းကို ရရှိထားခဲ့တဲ့ LASK လင့်ဇ်အသင်းကို အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိရလဒ်နဲ့ အနိုင်ယူပြီး ပရိသတ်တွေကို ကျေနပ်စေခဲ့သလို နောက်တစ်ဆင့်တက်ဖို့ သေချာစေခဲ့တဲ့ ရလဒ်ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရိသတ်မပါဘဲ ကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ၄-၅-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ညာသန်ဘယ်နောက်ခံလူ ဝီလီယမ်စ်ကို ညာခြမ်းမှာ အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ အီဂါလိုကို အသုံးပြုခဲ့ပြီး သူကပဲ ပွဲချိန် ၂၈ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ မြေမကျထိန်းပြီး လှပတဲ့ ထိချက်သုံးချက်နဲ့ ထိန်းသိမ်းပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ ခြေစွမ်းအသာနဲ့ ဖိကစားခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်အရောက်မှာ ဒန်နီယယ်လ် ဂျိမ်းစ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ သူ့ရဲ့ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကတော့ ဂိုးသွင်းချင်ဇောတွေ ကြီးနေခဲ့လို့ လွဲချော်မှုတွေ များနေခဲ့သလို အီဂါလိုရဲ့ အခွင့်အရေးတချို့လည်း ဂိုးမဖြစ်ခဲ့တော့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ နောက်ပိုင်းပွဲတွေမှာ ဟိုအရင်က အလှောင်အပြောင်ခံခဲ့ရတဲ့ ခြေစွမ်းနဲ့ ဘာမှမဆိုင်တော့ဘဲ လူသစ်စိတ်သစ်ဖြစ်နေတဲ့ ကွင်းလယ်လူ ဖရက်ရဲ့ တိကျတဲ့ အဝေးဘော ပေးပို့မှုကို ဝါရင့်တောင်ပံကစားသမား ဟွမ် မာတာက တတိယဂိုးအဖြစ် ဂိုးသမားကို သွေးအေးအေးနဲ့ လှည့်စားကန်သွင်းပြီး တတိယဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ၉၀+၁ မိနစ်မှာ လူစားဝင်ကစားသမားတွေ ခြေစွမ်းပြခဲ့ကြပြီး တာဟစ်ချုံးရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၉၀+၃ မိနစ်မှာတော့ ပါရဲရားက ဖရက်နဲ့ အပေးအယူလုပ်ခဲ့တဲ့ ဖရီးကစ်ကနေ အဝေးကန်ချက်နဲ့ ကံစမ်းခဲ့ရာမှာ လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ငါးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပြီး လာမယ့် ဒုတိယအကျော့ပွဲစဉ်မှာ စိတ်ပူစရာမလိုတော့တဲ့ ရလဒ်နဲ့ နောက်တစ်ဆင့်အတွက် နေရာဦးနိုင်ခဲ့ပြီလို့ ယူဆမိပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္မွာ အိမ္ကြင္းေကာင္းလွပါတယ္လို႔ တစ္ရာရာခိုင္ႏွဳန္းႏုိင္ပြဲမွတ္တမ္းကို ရရွိထားခဲ့တဲ့ LASK လင့္ဇ္အသင္းကို အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိရလဒ္နဲ႔ အႏုိင္ယူၿပီး ပရိသတ္ေတြကို ေက်နပ္ေစခဲ့သလို ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာေစခဲ့တဲ့ ရလဒ္ကိုလည္း ပုိင္ဆုိင္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္အႏၲရာယ္ေၾကာင့္ ပရိသတ္မပါဘဲ ကစားခဲ့ရတဲ့ ဒီပြဲစဥ္မွာ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ၄-၅-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ညာသန္ဘယ္ေနာက္ခံလူ ဝီလီယမ္စ္ကို ညာျခမ္းမွာ အသုံးျပဳခဲ့သလို တုိက္စစ္မွာေတာ့ အီဂါလိုကို အသုံးျပဳခဲ့ၿပီး သူကပဲ ပြဲခ်ိန္ ၂၈ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေပးပုိ႔မွဳကေန ေျမမက်ထိန္းၿပီး လွပတဲ့ ထိခ်က္သုံးခ်က္နဲ႔ ထိန္းသိမ္းၿပီး အဖြင့္ဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ယူႏိုက္တက္တုိ႔ ေျခစြမ္းအသာနဲ႔ ဖိကစားခဲ့ၿပီး ဒုတိယပုိင္းပြဲခ်ိန္ ၅၈ မိနစ္အေရာက္မွာ ဒန္နီယယ္လ္ ဂ်ိမ္းစ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ သူ႕ရဲ႕ ဂိုးမိုးေခါင္မွဳကို အဆုံးသတ္ႏုိင္ခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ ဂိုးသြင္းခ်င္ေဇာေတြ ႀကီးေနခဲ့လုိ႔ လြဲေခ်ာ္မွဳေတြ မ်ားေနခဲ့သလို အီဂါလိုရဲ႕ အခြင့္အေရးတခ်ဳိ႕လည္း ဂိုးမျဖစ္ခဲ့ေတာ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေနာက္ပုိင္းပြဲေတြမွာ ဟိုအရင္က အေလွာင္အေျပာင္ခံခဲ့ရတဲ့ ေျခစြမ္းနဲ႔ ဘာမွမဆုိင္ေတာ့ဘဲ လူသစ္စိတ္သစ္ျဖစ္ေနတဲ့ ကြင္းလယ္လူ ဖရက္ရဲ႕ တိက်တဲ့ အေဝးေဘာ ေပးပုိ႔မွဳကို ဝါရင့္ေတာင္ပံကစားသမား ဟြမ္ မာတာက တတိယဂိုးအျဖစ္ ဂိုးသမားကို ေသြးေအးေအးနဲ႔ လွည့္စားကန္သြင္းၿပီး တတိယဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ၉၀+၁ မိနစ္မွာ လူစားဝင္ကစားသမားေတြ ေျခစြမ္းျပခဲ့ၾကၿပီး တာဟစ္ခ်ဳံးရဲ႕ ေပးပုိ႔မွဳကေန ဂရင္းဝုဒ္က သြင္းယူႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၉၀+၃ မိနစ္မွာေတာ့ ပါရဲရားက ဖရက္နဲ႔ အေပးအယူလုပ္ခဲ့တဲ့ ဖရီးကစ္ကေန အေဝးကန္ခ်က္နဲ႔ ကံစမ္းခဲ့ရာမွာ လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လုိ႔ ငါးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးခဲ့ၿပီး လာမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ စိတ္ပူစရာမလုိေတာ့တဲ့ ရလဒ္နဲ႔ ေနာက္တစ္ဆင့္အတြက္ ေနရာဦးႏုိင္ခဲ့ၿပီလုိ႔ ယူဆမိပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.