Match Report UCL&UEL

ဖန္တီးအား က်ဆင္းမွဳေတြနဲ႔ အေဝးကြင္းမွာ သေရရလဒ္ပဲ ရယူႏုိင္ခဲ့တဲ့ ဝုလ္ဗ္စ္

ယူ႐ိုပါလိဂ္မွာ မန္ခ်က္စတာယူႏုိက္တက္အျပင္ အဂၤလန္ကိုယ္စားျပဳေနာက္တစ္သင္းျဖစ္တဲ့ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းကေတာ့ ဂရိေျမ အေဝးကြင္းမွာ ပရိသတ္မပါတဲ့ အိုလံပီယာေကာ့စ္ကို တစ္ဂိုးစီ သေရကစားႏုိင္ခဲ့ၿပီး ဒုတိယအေက်ာ့အတြက္ အေရးသာမွဳကို ရယူသြားႏုိင္ခဲ့ပါတယ္။

ႏူႏိုဆန္တိုအေနနဲ႔ ဒီပြဲမွာ ဒဏ္ရာက အနည္းငယ္သက္သာလာခဲ့တဲ့ အဒါမာ ထရာအုိေရးကို ျပန္လည္ထည့္သြင္းခဲ့ေပမယ့္ ကစားပုံကေတာ့ အရင္လိုမ်ဳိး ရာႏွဳန္းျပည့္ ႀကံ့ခိုင္မွဳကို မျပသႏိုင္ခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တုိ႔ ခံစစ္အားျပဳခဲ့ရၿပီး တန္ျပန္တုိက္စစ္ေတြကေန ဘယ္ျခမ္းနဲ႔ တုိက္စစ္မွဴး ဂ်ဳိတာကို အဓိက အားျပဳၿပီး ထုိးေဖာက္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာ ဝုလ္ဗ္တုိ႔ရဲ႕ တန္ျပန္တုိက္စစ္ကေန အခြင့္ေရးေကာင္းရခဲ့တာက သူတို႔အတြက္ ဂိုးရႏိုင္တဲ့ အခြင့္အေရးမ်ဳိးျဖစ္ခဲ့ေပမယ့္ လူေပးရမယ့္အစား ဂ်ဳိတာ လွည့္ထြက္ခဲ့ရာမွာ ေနာက္ခံလူ ႐ူဘင္ ဆီမီဒို အဖ်က္ၾကမ္းခဲ့လို႔ အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရၿပီး ျပစ္ဒဏ္ေဘာကေတာ့ ဂိုးဧရိယာထိပ္မွာ ရခဲ့ေပမယ့္ အိုလံပီယာေကာ့စ္တုိ႔ ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ တစ္ေယာက္ေလ်ာ့အိမ္ရွင္တုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ဒီေန႔ပြဲမွာ Far Post Cross ေတြမွာ အျမဲတမ္း ေနရာယူမွဳေတြ ညံ့ဖ်င္းေနတဲ့ ဝုလ္ဗ္စ္ခံစစ္အတြက္ ထုိက္သင့္တဲ့ ျပစ္ဒဏ္အျဖစ္ အာဆင္နယ္နဲ႔ပြဲမွာ အေရးပါတဲ့ အႏုိင္ဂိုးကို သြင္းယူခဲ့တဲ့ တုိက္စစ္မွဴး အယ္လာရာဘီကပဲ ပြဲခ်ိန္ ၅၂ မိနစ္မွာ သြင္းယူခဲ့ပါတယ္။

ဂိုးေပးလုိက္ရအၿပီးမွာ တစ္ေယာက္အသာရေနတဲ့ ဝုလ္ဗ္စ္တုိ႔ ျပန္ဖိကစားခဲ့ရာမွာ အခြင့္အေရး အႀကိမ္ႀကိမ္ရခဲ့ၿပီး ဂိုးသမား ဟိုေဆးဆား ေကာင္းေနလို႔ ဂိုးမရခဲ့ေပမယ့္ ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဖရီးကစ္ကို ေမာ္တင္ဟိုနဲ႔ အေပးအယူလုပ္ၿပီး လူစားဝင္ေတာင္ပံကစားသမား ပက္ဒ႐ို နီတိုက ကန္သြင္းခဲ့ရာမွာ ခံစစ္နဲ႔ ထိၿပီး ဝင္သြားလို႔ ေခ်ပဂိုး ျပန္ခဲ့ၿပီး ဒုတိယအေက်ာ့ အိမ္ကြင္းမွာ အေဝးဂိုးတစ္ဂိုးနဲ႔ ကစားႏုိင္မယ့္ လက္ခံႏုိင္ဖြယ္ရလဒ္ကို ရရွိခဲ့ေၾကာင္း ေဖာ္ျပလုိက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်အပြင် အင်္ဂလန်ကိုယ်စားပြုနောက်တစ်သင်းဖြစ်တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းကတော့ ဂရိမြေ အဝေးကွင်းမှာ ပရိသတ်မပါတဲ့ အိုလံပီယာကော့စ်ကို တစ်ဂိုးစီ သရေကစားနိုင်ခဲ့ပြီး ဒုတိယအကျော့အတွက် အရေးသာမှုကို ရယူသွားနိုင်ခဲ့ပါတယ်။

နူနိုဆန်တိုအနေနဲ့ ဒီပွဲမှာ ဒဏ်ရာက အနည်းငယ်သက်သာလာခဲ့တဲ့ အဒါမာ ထရာအိုရေးကို ပြန်လည်ထည့်သွင်းခဲ့ပေမယ့် ကစားပုံကတော့ အရင်လိုမျိုး ရာနှုန်းပြည့် ကြံ့ခိုင်မှုကို မပြသနိုင်ခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ ခံစစ်အားပြုခဲ့ရပြီး တန်ပြန်တိုက်စစ်တွေကနေ ဘယ်ခြမ်းနဲ့ တိုက်စစ်မှူး ဂျိုတာကို အဓိက အားပြုပြီး ထိုးဖောက်ခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ ဝုလ်ဗ်တို့ရဲ့ တန်ပြန်တိုက်စစ်ကနေ အခွင့်ရေးကောင်းရခဲ့တာက သူတို့အတွက် ဂိုးရနိုင်တဲ့ အခွင့်အရေးမျိုးဖြစ်ခဲ့ပေမယ့် လူပေးရမယ့်အစား ဂျိုတာ လှည့်ထွက်ခဲ့ရာမှာ နောက်ခံလူ ရူဘင် ဆီမီဒို အဖျက်ကြမ်းခဲ့လို့ အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပြီး ပြစ်ဒဏ်ဘောကတော့ ဂိုးဧရိယာထိပ်မှာ ရခဲ့ပေမယ့် အိုလံပီယာကော့စ်တို့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့အိမ်ရှင်တို့ အဖွင့်ဂိုးရခဲ့ပြီး ဒီနေ့ပွဲမှာ Far Post Cross တွေမှာ အမြဲတမ်း နေရာယူမှုတွေ ညံ့ဖျင်းနေတဲ့ ဝုလ်ဗ်စ်ခံစစ်အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်အဖြစ် အာဆင်နယ်နဲ့ပွဲမှာ အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အယ်လာရာဘီကပဲ ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ တစ်ယောက်အသာရနေတဲ့ ဝုလ်ဗ်စ်တို့ ပြန်ဖိကစားခဲ့ရာမှာ အခွင့်အရေး အကြိမ်ကြိမ်ရခဲ့ပြီး ဂိုးသမား ဟိုဆေးဆား ကောင်းနေလို့ ဂိုးမရခဲ့ပေမယ့် ပွဲချိန် ၆၇ မိနစ်မှာတော့ ဖရီးကစ်ကို မော်တင်ဟိုနဲ့ အပေးအယူလုပ်ပြီး လူစားဝင်တောင်ပံကစားသမား ပက်ဒရို နီတိုက ကန်သွင်းခဲ့ရာမှာ ခံစစ်နဲ့ ထိပြီး ဝင်သွားလို့ ချေပဂိုး ပြန်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ အဝေးဂိုးတစ်ဂိုးနဲ့ ကစားနိုင်မယ့် လက်ခံနိုင်ဖွယ်ရလဒ်ကို ရရှိခဲ့ကြောင်း ဖော်ပြလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.