UCL&UEL

အိမ္ကြင္းရာႏွဳန္းျပည့္ႏုိင္ထားတဲ့ လင့္ဇ္ရဲ႕ စံခ်ိန္ကို ယူႏိုက္တက္တို႔ ႐ိုက္ခ်ဳိးႏုိင္မလား

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာတော့ သြစတြီးယားနိုင်ငံ၊ အထက်သြစတြီးယားပြည်နယ်က လင့်ဇ်မြို့မှာ LASK လင့်ဇ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီ ၂၅ မိနစ်မှာ ကစားသွားဖို့ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ထင်ရှားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ဗလာရီယန် အစ္စမေးလ်ကိုင်တွယ်နေတဲ့ လင့်ဇ်အသင်းဟာ ဒီနှစ် အိမ်ကွင်းမှာ ပုံစံကောင်းရထားခဲ့ပြီး အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်း၊ PSV အိန်ဟိုဗင်၊ ရိုဆင်ဘော့၊ AZ အယ်လ်ကမာတို့ကို ၄ ပွဲမှာ ၄ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရရှိထားခဲ့ပြီး ဒီစံချိန်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာတော့ ရပ်တန့်သွားမလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဖလားတွေမှာ ပုံစံကောင်းရရှိနေတဲ့ ယူနိုက်တက်ဟာ သြစတြီးယားကလပ်အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ လုံးဝ ရှုံးပွဲရှိမထားတဲ့အသင်းလည်းဖြစ်ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အသင်းဟောင်းနဲ့ ကစားစဉ်က ရှုံးနိမ့်ထားခဲ့လို့ အသင်းသစ်နဲ့အတူ ကလဲ့စား ပြန်ချေပြီး ရှုံးကြွေးဆပ်ချင်နေမယ့် စပို့တင်းလစ္စဘွန်းကစာသမားဟောင်း ဘရူနို ဖာနန်ဒက်စ်ကို ဘယ်လိုတာဝန်တွေ ပေးအပ်လာမလဲကတော့ စိတ်ဝင်စားစရာလည်းဖြစ်နေပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဝေးကွင်းပွဲစဉ်ဖြစ်တာနဲ့အညီ ကွင်းလယ်ခိုင်မာဖို့ တောင်ပံတွေကို သုံးမယ့်အစား ဒိုင်းမွန်းကွက်နဲ့ပဲ ပွဲထွက်လာနိုင်ပြီး ဖရက်၊ မက်တော်မီနေးနဲ့ မာတစ်တို့သုံးယောက်ထဲက နှစ်ယောက်လောက်ကို အခြေခံပြီး သူတို့ရဲ့ရှေ့မှာ ဘရူနို ဖာနန်ဒက်စ်ကို သုံးပြီး အီဂါလိုကို ဂရင်းဝုဒ်နဲ့ တိုက်စစ်မှာ တင်ကစားဖို့ ရှိနိုင်ပြီး ဂိုးသမားနေရာမှာတော့ ရိုမဲရိုးပဲ ပွဲထွက်လာနိုင်ခြေရှိပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ သြစတြီးယားကို မာစီယယ်လ်၊ ဝန်ဘစ်ဆာကာ၊ လင်ဂတ်နဲ့ ဒါလော့တို့ လိုက်ပါမသွားခဲ့သလို ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာတို့လည်း ဒဏ်ရာနဲ့ ကျန်ရစ်နေခဲ့တယ်လို့ သိရပြီး အသင်းရဲ့ လက်ရှိလူအင်အားအရတော့ အဝေးကွင်းဖြစ်ပေမယ့်လည်း နောက်တစ်ကျော့အတွက် စိတ်ရချရမယ့် ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်မျိုးနဲ့ ယူနိုက်တက်တို့ အိမ်ပြန်လှနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။

REF: INDEPENDENT & SPORTS MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔ညမွာေတာ့ ၾသစႀတီးယားႏုိင္ငံ၊ အထက္ၾသစႀတီးယားျပည္နယ္က လင့္ဇ္ၿမဳိ႕မွာ LASK လင့္ဇ္အသင္းနဲ႔ အေဝးကြင္းပြဲစဥ္အျဖစ္ ယွဥ္ၿပဳိင္ရမွာျဖစ္ၿပီး ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂ နာရီ ၂၅ မိနစ္မွာ ကစားသြားဖို႔ ရွိေနပါတယ္။

ဘုိင္ယန္ျမဴးနစ္မွာ ထင္ရွားခဲ့တဲ့ ျပင္သစ္လက္ေရြးစင္ေဟာင္း ဗလာရီယန္ အစၥေမးလ္ကိုင္တြယ္ေနတဲ့ လင့္ဇ္အသင္းဟာ ဒီႏွစ္ အိမ္ကြင္းမွာ ပုံစံေကာင္းရထားခဲ့ၿပီး အိမ္ကြင္းမွာ စပုိ႔တင္းလစၥဘြန္း၊ PSV အိန္ဟိုဗင္၊ ႐ိုဆင္ေဘာ့၊ AZ အယ္လ္ကမာတုိ႔ကို ၄ ပြဲမွာ ၄ ပြဲစလုံး ရာႏွဳန္းျပည့္ အႏုိင္ရရွိထားခဲ့ၿပီး ဒီစံခ်ိန္က မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ပြဲမွာေတာ့ ရပ္တန္႔သြားမလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ျပည္တြင္းဖလားေတြမွာ ပုံစံေကာင္းရရွိေနတဲ့ ယူႏုိက္တက္ဟာ ၾသစႀတီးယားကလပ္အသင္းေတြနဲ႔ ရင္ဆုိင္ရာမွာ လုံးဝ ရွဳံးပြဲရွိမထားတဲ့အသင္းလည္းျဖစ္ၿပီး နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ အသင္းေဟာင္းနဲ႔ ကစားစဥ္က ရွဳံးနိမ့္ထားခဲ့လို႔ အသင္းသစ္နဲ႔အတူ ကလဲ့စား ျပန္ေခ်ၿပီး ရွဳံးေၾကြးဆပ္ခ်င္ေနမယ့္ စပို႔တင္းလစၥဘြန္းကစာသမားေဟာင္း ဘ႐ူႏို ဖာနန္ဒက္စ္ကို ဘယ္လိုတာဝန္ေတြ ေပးအပ္လာမလဲကေတာ့ စိတ္ဝင္စားစရာလည္းျဖစ္ေနပါတယ္။

ဒီေန႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ အေဝးကြင္းပြဲစဥ္ျဖစ္တာနဲ႔အညီ ကြင္းလယ္ခိုင္မာဖို႔ ေတာင္ပံေတြကို သုံးမယ့္အစား ဒိုင္းမြန္းကြက္နဲ႔ပဲ ပြဲထြက္လာႏုိင္ၿပီး ဖရက္၊ မက္ေတာ္မီေနးနဲ႔ မာတစ္တုိ႔သုံးေယာက္ထဲက ႏွစ္ေယာက္ေလာက္ကို အေျခခံၿပီး သူတုိ႔ရဲ႕ေရွ႕မွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို သုံးၿပီး အီဂါလိုကို ဂရင္းဝုဒ္နဲ႔ တုိက္စစ္မွာ တင္ကစားဖို႔ ရွိႏုိင္ၿပီး ဂိုးသမားေနရာမွာေတာ့ ႐ိုမဲ႐ိုးပဲ ပြဲထြက္လာႏုိင္ေျခရွိပါတယ္။

ေနာက္ဆုံးရရွိထားတဲ့ သတင္းေတြအရေတာ့ ၾသစႀတီးယားကို မာစီယယ္လ္၊ ဝန္ဘစ္ဆာကာ၊ လင္ဂတ္နဲ႔ ဒါေလာ့တုိ႔ လုိက္ပါမသြားခဲ့သလို ရက္ရွ္ဖို႔ဒ္နဲ႔ ေပါ့ဘာတုိ႔လည္း ဒဏ္ရာနဲ႔ က်န္ရစ္ေနခဲ့တယ္လို႔ သိရၿပီး အသင္းရဲ႕ လက္ရွိလူအင္အားအရေတာ့ အေဝးကြင္းျဖစ္ေပမယ့္လည္း ေနာက္တစ္ေက်ာ့အတြက္ စိတ္ရခ်ရမယ့္ က်ဥ္းေျမာင္းတဲ့ အႏုိင္ရလဒ္မ်ဳိးနဲ႔ ယူႏုိက္တက္တုိ႔ အိမ္ျပန္လွႏုိင္မယ္လုိ႔ ခန္႔မွန္းမိပါတယ္။

REF: INDEPENDENT & SPORTS MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.