Premier League

25 Feb နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းနဲ့ လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ အက်ဒီ နော်တန်က ချဲလ်ဆီးနောက်ခံကစားသမားဟောင်း စတိဗ် ကလာ့ခ်က ဆဲလ်တစ်အသင်းနည်းပြ နေရာအတွက် လမ်းပတ်ထက်ပိုပြီး သင့်တော်တဲ့နည်းပြ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဂျာမနီမှာ သက်တောင့်သက်သာရှိနေတဲ့အခြေအနေကနေ ထွက်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တီမို ဗာနာနဲ့ ခိုင် ဟားဗတ်ဇ်တို့ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး အသင်းက မျှော်မှန်းထားတဲ့အတိုင်း ဖြစ်အောင် တိုက်ပွဲဝင်ရမယ့်အချိန်ရောက်ပြီလို့ ပြောကြားခဲ့။

အက်စ်တွန်ဗီလာအသင်းပရိသတ်တွေဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စကို ဆွေးနွေးလိုခြင်းမရှိဘူးလို့ တန်မီ အေဘရာဟမ်က ပြောကြားခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် အသင်းကို တောင်းဆိုခဲ့ကြ။


စူပါအေးဂျင့် မိုင်နို ရွိုင်အိုလာက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ၎င်းရဲ့ကြယ်ပွင့်ကစားသမားအကြောင်း ပြောကြားခဲ့တဲ့အချိန်မှာ ချဲလ်ဆီးအသင်းကို ဟာလန်းပြောင်းရွှေ့ဖို့အတွက် တံခါးဖွင့်ပေးခဲ့တယ်လို့ သိရပြီး နော်ဝေတိုက်စစ်မှူးကို ခေါ်ယူနိုင်တဲ့အသင်း အများဆုံး ၁၀ သင်းရှိရာမှာ ၄ သင်းက ပရီးမီးယားလိဂ်ကဖြစ်တယ်လို့ ပြောကြားခဲ့။


ချဲလ်ဆီးအသင်းဂိုးသမား မန်ဒီက နည်းပြ သောမတ်စ် တူဟယ်ရဲ့ မျက်နှာရိပ် မျက်နှာကဲဟာ ဖတ်ရ အလွယ်ကူပြီး ကစားသမားတွေကိုလည်း သိသင့်တာအားလုံးကို ပြောပြတယ်လို့ ပြောကြားခဲ့ပြီး ကစားသမားတွေအားလုံးကို ယုံကြည်မှုတွေ ပေးခဲ့တယ်လို့ပြောကြားခဲ့။

ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကွေတာက ပထမအကျော့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အဝေးဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ချင်တယ်ဆိုရင် လုပ်ရမယ့်အလုပ်တွေ အများကြီးရှိသေးတယ်လို့ အသင်းဖော်တွေကို သတိပေးပြောကြားခဲ့။

ခရစ် ဆက်တန်က ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ရဲ့ လူသိရှင်ကြား အရှက်ခွဲမှုကို တုံ့ပြန်ခဲ့တဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းရဲ့ အပြုအမူကို အထင်ကြီးခဲ့ပြီး ၎င်းရဲ့ခံယူချက်ကို မေးခွန်းထုတ်ခံခဲ့ရပေမယ့်လည်း အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ကောင်းကောင်း လုပ်ပြပြီး ပြန်လာနိုင်ခဲ့တယ်လို့ ပြောကြားခဲ့။

အက်သလက်တီကိုမက်ဒရစ်အသင်းခေါင်းဆောင် ကိုကီက ချန်ပီယံလိဂ် ပထမအကျော့မှာ ချဲလ်ဆီးဟာ အန္တရာယ်ရှိတဲ့ ကစားပုံမျိုး မဟုတ်ခဲ့ဘဲ အလွန်ကောင်းမွန်တဲ့ဂိုးကို ခွင့်ပြုခဲ့ရတာသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး လိဂ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေသလို ချန်ပီယံလိဂ် ၁၆သင်း ဒုတိယအကျော့ကိုလည်း အနိုင် ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z