Premier League

အာတီတာ ဖျက်ဆီးခဲ့တဲ့ဒဏ်တွေကို လက်တွေ့ခံစားနေရတဲ့ အိုဇေးလ်

ဖီနာဘာချီကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ တူရကီကလပ်ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေမှာ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အာဆင်နယ်အသင်းက ၎င်းရဲ့မက်မောဖွယ်စာချုပ်ကို ဖျက်သိမ်းခဲ့ပြီးနောက် မိခင်ဖြစ်သူ ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းတဲ့အနေနဲ့ ငယ်ဘဝကလပ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဖီနာဘာချီအသင်းမှာ ကျောနံပါတ် ၆၇ ကို ဝတ်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဟာတေစပေါ်အသင်းနဲ့ပွဲစဉ်မှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ အဲဒီပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပေမယ့် အိုဇေးလ်ကတော့ ၎င်းရဲ့အသင်းသစ်အတွက် အကျိုးသက်ရောက်မှုတစ်စုံတရာ လုပ်ပြနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပါဝင်ကစားပေးခဲ့တဲ့ ၅ ပွဲမှာ ဖီနာဘာချီအသင်းက ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တူရကီဖလားပြိုင်ပွဲမှာလည်း အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာအသင်းရဲ့ ဖြုတ်ပစ်ခြင်းကို ခံခဲ့ရသေးတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖီနာဘာချီအသင်းဟာ တူရကီလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂလာတာဆာရေးနဲ့ ၃ မှတ်အကွာ ဒုတိယနေရာက ဘက်ဆစ်တက်နဲ့ ရမှတ်တူညီနေတာဖြစ်ပါတယ်။ အိုဇေးလ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ စိုးရိမ်စရာကောင်းတာက ကွင်းထဲမှာ ရှိနေတဲ့အချိန်အတွင်းမှာ သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု တစ်ကြိမ်မှတောင် ပြုလုပ်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပြီး အာဆင်နယ်မှာ အာတီတာရဲ့ ၁၀ လလောက် ချောင်ထိုးခြင်းခံခဲ့ရတဲ့ဒဏ်ကို ကောင်းကောင်းခံစားနေရပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ဖီနာဘာခ်ီကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ဟာ တူရကီကလပ္ကစားသမားဘဝ အေစာပိုင္းေန႔ရက္ေတြမွာ ႐ုန္းကန္ေနရတယ္လို႔ သိရပါတယ္။

ဂ်ာမန္ကြင္းလယ္ကစားသမား အိုေဇးလ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ အာဆင္နယ္အသင္းက ၎ရဲ႕မက္ေမာဖြယ္စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ၿပီးေနာက္ မိခင္ျဖစ္သူ ေပးခဲ့တဲ့ကတိကို ျဖည့္ဆည္းတဲ့အေနနဲ႔ ငယ္ဘဝကလပ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဖီနာဘာခ်ီအသင္းမွာ ေက်ာနံပါတ္ ၆၇ ကို ဝတ္ဆင္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က ဟာေတစေပၚအသင္းနဲ႔ပြဲစဥ္မွာ ေနာက္က် လူစားဝင္ကစားသမားအျဖစ္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဖီနာဘာခ်ီအသင္းဟာ အဲဒီပြဲစဥ္မွာ ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ အိုေဇးလ္ကေတာ့ ၎ရဲ႕အသင္းသစ္အတြက္ အက်ိဳးသက္ေရာက္မႈတစ္စုံတရာ လုပ္ျပႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားေဟာင္း ပါဝင္ကစားေပးခဲ့တဲ့ ၅ ပြဲမွာ ဖီနာဘာခ်ီအသင္းက ၃ ပြဲအထိ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တူရကီဖလားၿပိဳင္ပြဲမွာလည္း အစၥတန္ဘူလ္ ဘာဆတ္ဆီဟီရာအသင္းရဲ႕ ျဖဳတ္ပစ္ျခင္းကို ခံခဲ့ရေသးတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဖီနာဘာခ်ီအသင္းဟာ တူရကီလိဂ္အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ဂလာတာဆာေရးနဲ႔ ၃ မွတ္အကြာ ဒုတိယေနရာက ဘက္ဆစ္တက္နဲ႔ ရမွတ္တူညီေနတာျဖစ္ပါတယ္။ အိုေဇးလ္နဲ႔ပတ္သက္ၿပီး ပိုၿပီးေတာ့ စိုးရိမ္စရာေကာင္းတာက ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္အတြင္းမွာ သြင္းဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈ တစ္ႀကိမ္မွေတာင္ ျပဳလုပ္ထားႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး အာဆင္နယ္မွာ အာတီတာရဲ႕ ၁၀ လေလာက္ ေခ်ာင္ထိုးျခင္းခံခဲ့ရတဲ့ဒဏ္ကို ေကာင္းေကာင္းခံစားေနရပုံေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z