Premier League Transfer News

26 Feb နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ရီးရဲလ်ဆိုစီဒက်အသင်းကို သရေကျပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ ပွဲစဉ်က ခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ အဲရစ် ဘိုင်လီဟာ ရင်ဆိုင်တွေ့တဲ့ ၁၀၀ ရာခိုင်နှုန်းကို အောင်မြင်ခဲ့ပြီး အမြင့်ဘော ၁၀၀ ရာခိုင်နှုန်း၊ တိကျတဲ့ ပေးပို့မှု ၉၁ ရာခိုင်နှုန်း၊ ၆ ကြိမ် ပြန်ဆယ်၊ ၃ ကြိမ်ရှင်းထုတ်ပြီး ၂ ကြိမ် ဖြတ်တောက်နိုင်ခဲ့။

– လာမယ့်ရာသီမှာ ဖီအိုရင်တီးနားနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ချ်ကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာယူနိုက်တက်တို့ အခြေအနေ ကောင်းနေပေမယ့် သူတို့အတွက် နည်းစနစ်ပိုင်းအရ ဦးစားပေးအဖြစ် လိုအပ်တဲ့ ဘယ်သန်နောက်ခံတစ်ဦး မဟုတ်တာကြောင့် အနည်းငယ်တော့ စဉ်းစားသွားရဖွယ်ရှိနေ။

– ဆိုစီဒက်နဲ့ပွဲမှာ ကစားခဲ့တဲ့ လူစားဝင်ကစားသမား တွမ်ဇီဘီရဲ့ ခြေစွမ်းကို ကျွမ်းကျင်သူတွေက သဘောကျခဲ့ကြပြီး အသင်းရဲ့ ငယ်မွေးခြံပေါက် အင်္ဂလန်နောက်ခံလူအနေနဲ့ လူမျိုးရေးခွဲခြားမှု မှန်သမျှကို သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ တွန်းလှန်နိုင်လိမ့်မယ်လို့ ချီးကျူးနေကြ။

– ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲက တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီနဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ စကော့ မက်တော်မီနေး၊ ဒွန်နီ ဗန်ဒဘိခ်တို့ ပြန်လည်ပါဝင်နိုင်မယ်လို့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှား မျှော်လင့်နေ။

– ပြီးခဲ့တဲ့ ရီးရဲလ်ဆိုစီဒက်နဲ့ ပွဲစဉ်မှာ ကပ္ပတိန်လက်ပတ်နဲ့အတူ အသင်းကို ဦးဆောင်လာခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်မှာ ပါဝင်ကစားသွားတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ကွင်းထဲ ထည့်သွင်းခဲ့တဲ့ လုပ်ရပ်ကို အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က စိတ်ပျက်နေပြီး လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ အင်အားဖြုန်းတီးမှုလားလို့ မေးခွန်းထုတ်သွားခဲ့။

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ အသင်းရဲ့ ပွဲစဉ်တွေကို နှစ်ပတ်သုံးပတ်လောက် လွဲချော်ဦးမှာဖြစ်ပြီး ချဲလ်ဆီး၊ ခရစ္စတယ်လ် ပဲလေ့စ်၊ မန်ချက်စတာဒါဘီ၊ ဝက်စ်ဟမ်းတို့နဲ့ ပွဲတွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်သွားခဲ့။

– အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ လက်ကျန် လေးနှစ်ခွဲစာချုပ်သက်တမ်းနဲ့ တန်ကြေးဟာ ပေါင်သန်း ၆၀ ခန့်သာ ရှိတယ်လို့ ဘောလုံးစာရင်းအင်း ပြုစုရေးဌာနတစ်ခုရဲ့ အစီရင်ခံစာမှာ ပါရှိလာခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီး၊ အာဆင်နယ်အသင်းတွေနဲ့အပြိုင် နွေရာသီမှာ ကမ်းလှမ်းဖို့ ရှိလာ။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာတာ ၆ နှစ်ရှိပြီဖြစ်ပေမယ့် တစ်ရာသီကို လိဂ်ဂိုး ၂၀ ဝန်းကျင်သွင်းယူနိုင်တာမျိုး မရှိခဲ့ဖူးကြောင်းနဲ့ ဒါ့အပြင် သူဟာ ဂိုးဧရိယာအထဲမှာ ဘယ်လိုကစားရတယ်ဆိုတာကို နားမလည်တဲ့အတွက် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦးလည်း မဟုတ်တာကြောင့် အချိန်ဆက်မပေးဘဲ အစားထိုးသွားဖို့ အလန် ရှီးရားတိုက်တွန်း။

– တက်ဒီ ရှာရင်ဂမ်၊ အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်တို့ကို မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာကို နည်းပြ ဆိုးလ်ရှားနဲ့ တာဝန်ရှိသူတွေ ပြန်စဉ်းစားကြည့်ဖို့ တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က တိုက်တွန်းလိုက်ပြီး ကာဗာနီလို အရည်အသွေးနဲ့ သူ့ထက် ချိတ်ဆက်မှုကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသင့်တယ်လို့ အကြံပေး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ရီးရဲလ္ဆိုစီဒက္အသင္းကို သေရက်ၿပီး ေနာက္တစ္ဆင့္တက္ခဲ့တဲ့ ပြဲစဥ္က ခံစစ္မွာ အေကာင္းဆုံး ေျခစြမ္းျပခဲ့တဲ့ အဲရစ္ ဘိုင္လီဟာ ရင္ဆိုင္ေတြ႕တဲ့ ၁၀၀ ရာခိုင္ႏႈန္းကို ေအာင္ျမင္ခဲ့ၿပီး အျမင့္ေဘာ ၁၀၀ ရာခိုင္ႏႈန္း၊ တိက်တဲ့ ေပးပို႔မႈ ၉၁ ရာခိုင္ႏႈန္း၊ ၆ ႀကိမ္ ျပန္ဆယ္၊ ၃ ႀကိမ္ရွင္းထုတ္ၿပီး ၂ ႀကိမ္ ျဖတ္ေတာက္ႏိုင္ခဲ့။

– လာမယ့္ရာသီမွာ ဖီအိုရင္တီးနားေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ခ်္ကို ေခၚယူႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္တက္တို႔ အေျခအေန ေကာင္းေနေပမယ့္ သူတို႔အတြက္ နည္းစနစ္ပိုင္းအရ ဦးစားေပးအျဖစ္ လိုအပ္တဲ့ ဘယ္သန္ေနာက္ခံတစ္ဦး မဟုတ္တာေၾကာင့္ အနည္းငယ္ေတာ့ စဥ္းစားသြားရဖြယ္ရွိေန။

– ဆိုစီဒက္နဲ႔ပြဲမွာ ကစားခဲ့တဲ့ လူစားဝင္ကစားသမား တြမ္ဇီဘီရဲ႕ ေျခစြမ္းကို ကြၽမ္းက်င္သူေတြက သေဘာက်ခဲ့ၾကၿပီး အသင္းရဲ႕ ငယ္ေမြးၿခံေပါက္ အဂၤလန္ေနာက္ခံလူအေနနဲ႔ လူမ်ိဳးေရးခြဲျခားမႈ မွန္သမွ်ကို သူ႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ တြန္းလွန္ႏိုင္လိမ့္မယ္လို႔ ခ်ီးက်ဴးေနၾက။

– ခ်ဲလ္ဆီးအသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္အတြက္ အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြထဲက တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီနဲ႔ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ စေကာ့ မက္ေတာ္မီေနး၊ ဒြန္နီ ဗန္ဒဘိခ္တို႔ ျပန္လည္ပါဝင္ႏိုင္မယ္လို႔ နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွား ေမွ်ာ္လင့္ေန။

– ၿပီးခဲ့တဲ့ ရီးရဲလ္ဆိုစီဒက္နဲ႔ ပြဲစဥ္မွာ ကပၸတိန္လက္ပတ္နဲ႔အတူ အသင္းကို ဦးေဆာင္လာခဲ့ၿပီး ပထမပိုင္း ၄၅ မိနစ္မွာ ပါဝင္ကစားသြားတဲ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို ကြင္းထဲ ထည့္သြင္းခဲ့တဲ့ လုပ္ရပ္ကို အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က စိတ္ပ်က္ေနၿပီး ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားခ်ိန္မွာ အင္အားျဖဳန္းတီးမႈလားလို႔ ေမးခြန္းထုတ္သြားခဲ့။

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ အသင္းရဲ႕ ပြဲစဥ္ေတြကို ႏွစ္ပတ္သုံးပတ္ေလာက္ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ခ်ဲလ္ဆီး၊ ခရစၥတယ္လ္ ပဲေလ့စ္၊ မန္ခ်က္စတာဒါဘီ၊ ဝက္စ္ဟမ္းတို႔နဲ႔ ပြဲေတြမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ နည္းျပ ဆိုးလ္ရွားက ထုတ္ေဖာ္သြားခဲ့။

– အက္စတန္ဗီလာကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ လက္က်န္ ေလးႏွစ္ခြဲစာခ်ဳပ္သက္တမ္းနဲ႔ တန္ေၾကးဟာ ေပါင္သန္း ၆၀ ခန႔္သာ ရွိတယ္လို႔ ေဘာလုံးစာရင္းအင္း ျပဳစုေရးဌာနတစ္ခုရဲ႕ အစီရင္ခံစာမွာ ပါရွိလာခဲ့တဲ့ေနာက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ မန္စီးတီး၊ အာဆင္နယ္အသင္းေတြနဲ႔အၿပိဳင္ ေႏြရာသီမွာ ကမ္းလွမ္းဖို႔ ရွိလာ။

– တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္လာတာ ၆ ႏွစ္ရွိၿပီျဖစ္ေပမယ့္ တစ္ရာသီကို လိဂ္ဂိုး ၂၀ ဝန္းက်င္သြင္းယူႏိုင္တာမ်ိဳး မရွိခဲ့ဖူးေၾကာင္းနဲ႔ ဒါ့အျပင္ သူဟာ ဂိုးဧရိယာအထဲမွာ ဘယ္လိုကစားရတယ္ဆိုတာကို နားမလည္တဲ့အတြက္ နံပါတ္ ၉ တိုက္စစ္မႉးတစ္ဦးလည္း မဟုတ္တာေၾကာင့္ အခ်ိန္ဆက္မေပးဘဲ အစားထိုးသြားဖို႔ အလန္ ရွီးရားတိုက္တြန္း။

– တက္ဒီ ရွာရင္ဂမ္၊ အန္ဒီကိုးလ္၊ ဒြိဳက္ေယာ့ခ္တို႔ကို မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဘယ္လိုသုံးစြဲခဲ့တယ္ဆိုတာကို နည္းျပ ဆိုးလ္ရွားနဲ႔ တာဝန္ရွိသူေတြ ျပန္စဥ္းစားၾကည့္ဖို႔ တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က တိုက္တြန္းလိုက္ၿပီး ကာဗာနီလို အရည္အေသြးနဲ႔ သူ႔ထက္ ခ်ိတ္ဆက္မႈေကာင္းတဲ့ တိုက္စစ္မႉးတစ္ဦးကို ေခၚယူသင့္တယ္လို႔ အႀကံေပး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.