Match Report Premier League UCL&UEL

ပထမအကျော့ ဂိုးပြတ်နိုင်ပွဲနဲ့ အိမ်ကွင်းမှာ သရေထိန်းကစားပြီး နောက်တစ်ဆင့်တက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ရက်ရှ်ဖို့ဒ်တို့ကလွဲလို့ လူစုံထုတ်ကစားခဲ့ပေမယ့်လည်း ပထမအကျော့က ပြတ်သားတဲ့ နိုင်ပွဲကြောင့် အိမ်ကွင်းမှာ တိုက်စစ်ကို အလွန်အကျွံ ကစားခြင်း မရှိတော့ဘဲ သာမန်ကစားပုံနဲ့သာ သရေယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

အိမ်ကွင်းဖြစ်လို့ ပရိသတ်တွေအနေနဲ့ နိုင်ပွဲတစ်ပွဲကို မျှော်လင့်ခဲ့ကြပေမယ့် ရလဒ်ကောင်းဖို့လိုနေတဲ့ ဆိုစီဒက်တို့ကတောင် ပိုဖိကစားခဲ့ကြပြီး ယူနိုက်တက်တို့ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်မှုက ရုန်းကန်နေခဲ့ရသလို မာစီယယ်လ်ကတော့ ရှေ့တန်းမှာ အလုပ်သိပ်မဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာတော့ ဆိုစီဒက်ရဲ့ ဂိုရိုဆာဘယ်လ်ကို ဒန်နီယယ်လ် ဂျိမ်းစ်ရဲ့ မသေမသပ် ဖျက်ထုတ်မှုကနေ ပင်နယ်တီပေးခဲ့ရပြီး ဒါကို အသင်းခေါင်းဆောင်တိုက်စစ်မှူး မီခယ်လ် အိုယာဇာဘယ်လ် ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ စောစောစီးစီး ဂိုးမပေးရဘဲ သက်သာခွင့်ရခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ကွင်းလယ်က ဖရက်ဒ် ကြိုးစားပြီး ဂိုးသမားကို ကျော်ဖြတ်ပြီး နောက်ပြန်ချပေးတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက် ဘားတန်းထိထွက်ခဲ့လို့ ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရသလို ပွဲချိန် ၃၅ မိနစ်မှာလည်း ပေါ်တူဂီသားရဲ့ ဖြတ်တင်ဘောကို သုံးပွဲဆက် ပါဝင်ခွင့်ရတဲ့ ဂျိမ်းစ်က ခေါင်းတိုက်ခဲ့တာကို ဘင်ဖီကာဂိုးသမား ရီမီယို ကာကွယ်နိုင်ခဲ့တာပါ။

ဆိုစီဒက်ဘက်က ခြိမ်းခြောက်မှုတွေကိုတော့ ဟန်ဒါဆန်နဲ့ ယူနိုက်တက်ခံစစ်က သိပ်ပြီး အားမထုတ်ရဘဲ ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဖာနန်ဒက်စ်၊ ဖရက်ဒ်နဲ့ ဝန်ဘစ်ဆာကာတို့နေရာမှာ ရက်ရှ်ဖို့ဒ်၊ တွမ်ဇီဘီနဲ့ ဝီလီယမ်စ်တို့ကို လူစားလဲပြီး အနားပေးခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်က ခပ်ဝေးဝေးမှာရတဲ့ ဖရီးကစ်ကို ကန်သွင်းတဲ့ လူစားဝင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ Knuckle Ball ကန်ချက်ကောင်းခဲ့သလို တစ်ဖက်ဂိုးသမားနဲ့ နောက်တန်းတွေကို အငိုက်မိစေခဲ့ပေမယ့် ဂိုးတိုင်ဘေးက ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ရပြီး သိပ်မကြာခင်မှာ ပြန်ပေးရတဲ့ ဆိုစီဒက်ရဲ့ ဖရီးကစ်က ခြိမ်းခြောက်မှုက ဘားထိထွက်ခဲ့ချိန်မှာ မာစီယယ်လ်က ထောင့်ကန်ဘောလုပ်ပစ်ခဲ့ရပါတယ်။

မိနစ် ၅၀ ကျော်မှာ ဂရင်းဝုဒ်ရဲ့ ကန်ချက်နှစ်ကြိမ်ထဲက တစ်ကြိမ်ကို ဂိုးသမားကာကွယ်နိုင်ခဲ့ပြီး တစ်ကြိမ်ကတော့ တိုင်ဘေးကနေ ဂိုးပိုက်ထဲ ဝင်သွားခဲ့တာကြောင့် ဘဲဥမကွဲဘဲဖြစ်နေခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာ ထောင့်ကန်ဘောကနေ တွမ်ဇီဘီ ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒီမတိုင်ခင်မှာ လင်ဒီလော့ဖ်က တစ်ဖက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်မိနေခဲ့လို့ အဝါကတ်ထိပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂျိမ်းစ်အစား လူငယ်တောင်ပံကစားသမား အာမက် ဂျယ်လို ဝင်ကစားခဲ့သလို ဂရင်းဝုဒ်အစား လူငယ်အသင်းက တိုက်စစ်မှူးလေး ရှိုးတိုင်ယာ ပါဝင်ကစားခဲ့ပြီး ဒီနေ့ပွဲကို အနိုင်ရဖို့ထက် လူငယ်တွေကို ကစားခွင့်ပေးတဲ့ ပွဲတစ်ပွဲအဖြစ် နည်းပြ ဆိုးလ်ရှားက ပြောင်းလဲသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် အခွင့်အရေးတွေ သိပ်မရတော့ဘဲ ယူနိုက်တက်တို့ရဲ့ ထိုးဖောက်မှုတွေကလည်း ဂိုးရနိုင်တဲ့ အဆင့်မှာ ရှိမနေခဲ့တာကြောင့် အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပြီး ပထမအကျော့ လေးဂိုး-ဂိုးမရှိရလဒ်နဲ့အတူ နှစ်ကျော့ပေါင်းမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလေးပေးမှုမြင့်တက်နေချိန်မှာ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ကို အလွယ်တကူ တက်လှမ်းသွားနိုင်ခဲ့သလို ဒီညနေ ၅နာရီခွဲမှာတော့ ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲ မဲခွဲမှုနဲ့အတူ သိရှိရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: