Premier League

ဘင်ဖီကာနဲ့ပွဲအတွက် ပါတေးနဲ့ ရော့ဘ်ဟိုးဒင်းတို့ရဲ့ အခြေအနေကို အတည်ပြုခဲ့တဲ့ အာတီတာ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် သောမတ်စ် ပါတေးဟာ ကြာသပတေးမှာ ကစားရမယ့် ဘင်ဖီကာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အတွက် ကစားပေးနိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့ နောက်ဆုံးကြံ့ခိုင်မှုစစ်ဆေးမှုကို ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

ပါတေးဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က အက်စ်တွန်ဗီလာနဲ့ပွဲစဉ်ပြီးကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး အေသင်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးအချိန်တစ်ချိန်သာ ပါဝင်လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။

“သောမတ်စ်က အရမ်းနီးစပ်နေပါတယ်။ သူ ဒီနေ့လေ့ကျင့်ရေးမှာ နောက်ဆုံးစမ်းသပ်မှု သူ လုပ်ခဲ့ရတယ်။ သူ ကောင်းမွန်နေတယ်လို့ ခံစားရရင်တော့ သူ ပွဲကို ပါဝင်ကစားပေးနိုင်မှာပါ”လို့ အာတီတာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂါနာကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲကို လွဲချော်ထားခဲ့သူဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားပေးတဲ့ပွဲစဉ်တိုင်းမှာ သိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုတွေ ပြသနိုင်ခဲ့သူဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပြီးခဲ့တဲ့အပတ်မှာ ပြင်းထန်တဲ့ဒဏ်ရာရရှိသွားခဲ့တဲ့ ရော့ဘ် ဟိုးဒင်းကတော့ ဘင်ဖီကာနဲ့ ကစားရမယ့်ပွဲစဉ်ကို ဆက်လက်လွဲချော်ဦးမယ်လို့ သိရပြီး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ လိုအပ်နေတာကြောင့် အေသင်ကို လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

“ရော့ဘ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သူ ပါဝင်မကစားနိုင်ပါဘူး။ သူ့မှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်။ သူက လုံးဝအဆင်ပြေပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ လိုအပ်နေတာ သိသာပြီး သူ ခရီးထွက်နိုင်မှာမဟုတ်ပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ေသာမတ္စ္ ပါေတးဟာ ၾကာသပေတးမွာ ကစားရမယ့္ ဘင္ဖီကာအသင္းနဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ အာဆင္နယ္အတြက္ ကစားေပးႏုိင္မလားဆုိတာကို ဆံုးျဖတ္ဖို႔ ေနာက္ဆံုးႀကံ႕ခုိင္မႈစစ္ေဆးမႈကို ရင္ဆုိင္ရမယ္လုိ႔ သိရပါတယ္။

ပါေတးဟာ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က အက္စ္တြန္ဗီလာနဲ႔ပြဲစဥ္ၿပီးကတည္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူျဖစ္ၿပီး ေအသင္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မတုိင္မီ ေလ့က်င့္ေရးအခ်ိန္တစ္ခ်ိန္သာ ပါဝင္ေလ့က်င့္ခဲ့သူျဖစ္ပါတယ္။

“ေသာမတ္စ္က အရမ္းနီးစပ္ေနပါတယ္။ သူ ဒီေန႔ေလ့က်င့္ေရးမွာ ေနာက္ဆံုးစမ္းသပ္မႈ သူ လုပ္ခဲ့ရတယ္။ သူ ေကာင္းမြန္ေနတယ္လုိ႔ ခံစားရရင္ေတာ့ သူ ပြဲကို ပါဝင္ကစားေပးႏုိင္မွာပါ”လုိ႔ အာတီတာက ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဂါနာကြင္းလယ္ကစားသမားဟာ အာဆင္နယ္အသင္းရဲ႕ ေနာက္ဆံုးပြဲစဥ္ ၃ ပြဲကို လြဲေခ်ာ္ထားခဲ့သူျဖစ္ၿပီး အသင္းအတြက္ ပါဝင္ကစားေပးတဲ့ပြဲစဥ္တုိင္းမွာ သိသာထင္ရွားတဲ့အက်ိဳးသက္ေရာက္မႈေတြ ျပသႏုိင္ခဲ့သူျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ၿပီးခဲ့တဲ့အပတ္မွာ ျပင္းထန္တဲ့ဒဏ္ရာရရွိသြားခဲ့တဲ့ ေရာ့ဘ္ ဟိုးဒင္းကေတာ့ ဘင္ဖီကာနဲ႔ ကစားရမယ့္ပြဲစဥ္ကို ဆက္လက္လြဲေခ်ာ္ဦးမယ္လုိ႔ သိရၿပီး လုပ္ထံုးလုပ္နည္းေတြကို လုိက္နာဖို႔ လိုအပ္ေနတာေၾကာင့္ ေအသင္ကို လုိက္ပါနုိင္မွာမဟုတ္ဘူးလို႔ သိရပါတယ္။

“ေရာ့ဘ္နဲ႔ပတ္သက္ၿပီးေျပာရမယ္ဆုိရင္ သူ ပါဝင္မကစားႏုိင္ပါဘူး။ သူ႔မွာ ျပင္းထန္တဲ့ ဒဏ္ရာရခဲ့တယ္။ သူက လံုးဝအဆင္ေျပပါတယ္။ ဒါေပမယ့္ အခု ကၽြန္ေတာ္တုိ႔ လုပ္ထံုးလုပ္နည္းေတြကို လုိက္နာဖို႔ လိုအပ္ေနတာ သိသာၿပီး သူ ခရီးထြက္ႏုိင္မွာမဟုတ္ပါဘူး”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.