Premier League Transfer News

24 Feb နေ့လယ်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


လာမယ့်ရာသီမှာ အသင်းက ထွက်ခွာနိုင်တဲ့ ဟက်တာ ဘယ်လာရင်ရဲ့ နေရာကို အစားထိုးဖို့ နော့ဝစ်ချ်စီးတီးရဲ့ မက်စ် အာရွန်စ်နဲ့ ဘရိုက်တန်ရဲ့ တာရစ်ခ် လမ့်ပ်တေတို့ကို အာဆင်နယ်က ချိတ်ဆက်နေရာမှာ အသင်းခေါင်းဆောင်အဖွဲ့ဝင်နေရာကို အစားထိုးဖို့ကိုတော့ ကီရန် တီယာနီကို ရွေးချယ်သွားဖွယ်ရှိနေ။

အာဆင်နယ်အသင်းကို ခရိုယန်ကီမိသားစုဆီကနေ လွှဲပြောင်းရယူဖို့ နိုင်ဂျီးယားဘီလျံနာ အာလီကို ဒန်ဂိုတေ သတ်မှတ်ထားတဲ့ရက်က နီးစပ်လာနေပြီလို့ ပရိသတ်တွေ ယုံကြည်နေကြပြီး လာမယ့်ရာသီမှာ စတင်ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ။

အာတီတာနဲ့ သူနဲ့ကြားမှာ တစ်ယောက်ဘာလုပ်မယ်ဆိုတာကို တစ်ယောက် ခန့်မှန်းနိုင်ကြပေမယ့် အပြည့်အဝ ထိန်းချုပ်ဖို့တော့ မဖြစ်နိုင်ဘဲ အာဆင်နယ်နည်းပြဟာ ပါးနပ်သူတစ်ဦးဖြစ်တယ်လို့ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ထုတ်ဖော်သွား။

လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေဖို့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ဆက်လက်ရယူနိုင်မယ်ဆိုရင် မီခယ်လ် အာတီတာအနေနဲ့ ရီးရဲလ်မက်ဒရစ်က ရောင်းထုတ်မယ့် ကွင်းလယ်လူတွေဖြစ်ကြတဲ့ မာတင် အော်ဒီဂွါဒ်နဲ့ ဒါနီ စီဘာယော့စ်တို့ကို နှစ်ဦးပေါင် ပေါင်သန်း ၆၀ နဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိနေ။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေဆီ ဟက်တာ ဘယ်လာရင် ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေကို ကြိုဆိုနေကြပြီး စပိန်သားရဲ့ ခြေစွမ်းကို သဘောမကျသလို ရောင်းရငွေကို ပေါင် ၁၀ သန်းလောက် စိုက်ပြီး အင်တာမီလန်ရဲ့ အက်ရှ်ရက်ဖ် ဟာကီမီကို ပြန်လည်ခေါ်ယူသွားဖို့ တိုက်တွန်းနေကြ။

ချဲလ်ဆီးအသင်းမှာ အဆုံးသတ်ဂိုးသွင်းမှုတွေ ပြုလုပ်ဖို့ ရုန်းကန်နေခဲ့ရတဲ့ တိုက်စစ်မှူး တီမို ဗာနာကို ရီယို ဖာဒီနန်က ရှုတ်ချလိုက်ချိန်မှာ ဂျိုးကိုးလ်ကတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယို ဝဲလ်ကော့နဲ့ နှိုင်းယှဉ်ဝေဖန်လိုက်ပြီး ကစားပုံကို ကြည့်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းပေမယ့် ဂိုးနားရောက်လာရင် အလဟဿဖြစ်သွားတာပဲလို့ ဆိုသွားခဲ့။

ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားနေတဲ့ အာဆင်နယ်ပစ်မှတ်နောက်ခံလူ မက်စ် အာရွန်စ်ကို အသင်းအနေနဲ့ ရောင်းချသွားဖို့ စဉ်းစားနေတယ်လို့ နော့ဝစ်ချ်စီးတီးအသင်းရဲ့ ပူးတွဲပိုင်ရှင် ဒယ်လီယာ စမစ်က ပြောကြားလိုက်ပြီး ပေါင်သန်း ၃၀ ကနေ ၃၅ သန်းကြား ကျသင့်မယ်လို့ သတိပေး။

ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီဖြစ်ပြီး ဘင်ဖီကာနဲ့ ဒုတိယအကျော့ ကစားရမယ့် ဂရိနိုင်ငံ အေသင်မြေကို သွားရောက်မယ့် လူစာရင်းမှာ ပါဝင်နိုင်ဖွယ်ရှိနေပေမယ့် မန်စီးတီးနဲ့ပွဲမှာ ခေါင်းထိခဲ့တဲ့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းကိုတော့ ထရိန်နင်မှာ မတွေ့ရဘူးလို့ ဆိုနေကြ။

အာဆင်နယ်အသင်းအနေနဲ့ ဒီဆောင်းရာသီမှာ အငှားမချနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို လာမယ့် နွေရာသီမှာတော့ ရောင်းချဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဆာကာနဲ့ စမစ်ရိုးတို့ကို ဖိအားပေးနိုင်ခြင်းမရှိတဲ့ ခြေစွမ်းနဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကို သင့်တော်တဲ့ ဈေးနှုန်းရရှိရင် လက်လွှတ်သွားဖို့ရှိနေ။

အာဆင်နယ်အသင်းရဲ့ သင့်တော်တဲ့ ခံစစ်ပိုင်း အားဖြည့်မှုတစ်ရပ်အဖြစ် ရှုမြင်ထားခဲ့ ကလပ်ဘရုဂျ်နောက်ခံလူ အိုဒီလို ကော့ဆူးနူးအတွက် အေစီမီလန်နဲ့ ဝုလ်ဗ်စ်အသင်းတွေကို ယှဉ်ပြိုင်သွားရဖွယ်ရှိနေပြီး အိုင်ဗရီကို့စ်သားအတွက်တော့ ယူရို ၁၀ သန်းနဲ့ အထက် ကုန်ကျဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လာမယ့္ရာသီမွာ အသင္းက ထြက္ခြာႏိုင္တဲ့ ဟက္တာ ဘယ္လာရင္ရဲ႕ ေနရာကို အစားထိုးဖို႔ ေနာ့ဝစ္ခ်္စီးတီးရဲ႕ မက္စ္ အာ႐ြန္စ္နဲ႔ ဘ႐ိုက္တန္ရဲ႕ တာရစ္ခ္ လမ့္ပ္ေတတို႔ကို အာဆင္နယ္က ခ်ိတ္ဆက္ေနရာမွာ အသင္းေခါင္းေဆာင္အဖြဲ႕ဝင္ေနရာကို အစားထိုးဖို႔ကိုေတာ့ ကီရန္ တီယာနီကို ေ႐ြးခ်ယ္သြားဖြယ္ရွိေန။

အာဆင္နယ္အသင္းကို ခ႐ိုယန္ကီမိသားစုဆီကေန လႊဲေျပာင္းရယူဖို႔ ႏိုင္ဂ်ီးယားဘီလ်ံနာ အာလီကို ဒန္ဂိုေတ သတ္မွတ္ထားတဲ့ရက္က နီးစပ္လာေနၿပီလို႔ ပရိသတ္ေတြ ယုံၾကည္ေနၾကၿပီး လာမယ့္ရာသီမွာ စတင္ကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာ။

အာတီတာနဲ႔ သူနဲ႔ၾကားမွာ တစ္ေယာက္ဘာလုပ္မယ္ဆိုတာကို တစ္ေယာက္ ခန႔္မွန္းႏိုင္ၾကေပမယ့္ အျပည့္အဝ ထိန္းခ်ဳပ္ဖို႔ေတာ့ မျဖစ္ႏိုင္ဘဲ အာဆင္နယ္နည္းျပဟာ ပါးနပ္သူတစ္ဦးျဖစ္တယ္လို႔ မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက ထုတ္ေဖာ္သြား။

လာမယ့္ရာသီမွာ အသင္းမွာ ဆက္ရွိေနဖို႔ ဘုတ္အဖြဲ႕ရဲ႕ ေထာက္ခံမႈကို ဆက္လက္ရယူႏိုင္မယ္ဆိုရင္ မီခယ္လ္ အာတီတာအေနနဲ႔ ရီးရဲလ္မက္ဒရစ္က ေရာင္းထုတ္မယ့္ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဒါနီ စီဘာေယာ့စ္တို႔ကို ႏွစ္ဦးေပါင္ ေပါင္သန္း ၆၀ နဲ႔ ေခၚယူသြားႏိုင္ဖြယ္ရွိေန။

အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ လာမယ့္ရာသီမွာ ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီအသင္းေတြဆီ ဟက္တာ ဘယ္လာရင္ ေျပာင္းေ႐ႊ႕မယ္ဆိုတဲ့ သတင္းေတြကို ႀကိဳဆိုေနၾကၿပီး စပိန္သားရဲ႕ ေျခစြမ္းကို သေဘာမက်သလို ေရာင္းရေငြကို ေပါင္ ၁၀ သန္းေလာက္ စိုက္ၿပီး အင္တာမီလန္ရဲ႕ အက္ရွ္ရက္ဖ္ ဟာကီမီကို ျပန္လည္ေခၚယူသြားဖို႔ တိုက္တြန္းေနၾက။

ခ်ဲလ္ဆီးအသင္းမွာ အဆုံးသတ္ဂိုးသြင္းမႈေတြ ျပဳလုပ္ဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ တိုက္စစ္မႉး တီမို ဗာနာကို ရီယို ဖာဒီနန္က ရႈတ္ခ်လိုက္ခ်ိန္မွာ ဂ်ိဳးကိုးလ္ကေတာ့ အာဆင္နယ္တိုက္စစ္မႉးေဟာင္း သီယို ဝဲလ္ေကာ့နဲ႔ ႏႈိင္းယွဥ္ေဝဖန္လိုက္ၿပီး ကစားပုံကို ၾကည့္ရတာ စိတ္လႈပ္ရွားဖို႔ ေကာင္းေပမယ့္ ဂိုးနားေရာက္လာရင္ အလဟႆျဖစ္သြားတာပဲလို႔ ဆိုသြားခဲ့။

ဘိုင္ယန္ျမဴးနစ္အသင္းကပါ စိတ္ဝင္စားေနတဲ့ အာဆင္နယ္ပစ္မွတ္ေနာက္ခံလူ မက္စ္ အာ႐ြန္စ္ကို အသင္းအေနနဲ႔ ေရာင္းခ်သြားဖို႔ စဥ္းစားေနတယ္လို႔ ေနာ့ဝစ္ခ်္စီးတီးအသင္းရဲ႕ ပူးတြဲပိုင္ရွင္ ဒယ္လီယာ စမစ္က ေျပာၾကားလိုက္ၿပီး ေပါင္သန္း ၃၀ ကေန ၃၅ သန္းၾကား က်သင့္မယ္လို႔ သတိေပး။

ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ အာဆင္နယ္အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းခဲ့ၿပီျဖစ္ၿပီး ဘင္ဖီကာနဲ႔ ဒုတိယအေက်ာ့ ကစားရမယ့္ ဂရိႏိုင္ငံ ေအသင္ေျမကို သြားေရာက္မယ့္ လူစာရင္းမွာ ပါဝင္ႏိုင္ဖြယ္ရွိေနေပမယ့္ မန္စီးတီးနဲ႔ပြဲမွာ ေခါင္းထိခဲ့တဲ့ ေနာက္ခံလူ ေရာ့ဘ္ ဟိုးလ္ဒင္းကိုေတာ့ ထရိန္နင္မွာ မေတြ႕ရဘူးလို႔ ဆိုေနၾက။

အာဆင္နယ္အသင္းအေနနဲ႔ ဒီေဆာင္းရာသီမွာ အငွားမခ်ႏိုင္ခဲ့တဲ့ ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို လာမယ့္ ေႏြရာသီမွာေတာ့ ေရာင္းခ်ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး ဆာကာနဲ႔ စမစ္႐ိုးတို႔ကို ဖိအားေပးႏိုင္ျခင္းမရွိတဲ့ ေျခစြမ္းနဲ႔ အဂၤလန္ ယူ-၂၁ လက္ေ႐ြးစင္ကို သင့္ေတာ္တဲ့ ေဈးႏႈန္းရရွိရင္ လက္လႊတ္သြားဖို႔ရွိေန။

အာဆင္နယ္အသင္းရဲ႕ သင့္ေတာ္တဲ့ ခံစစ္ပိုင္း အားျဖည့္မႈတစ္ရပ္အျဖစ္ ရႈျမင္ထားခဲ့ ကလပ္ဘ႐ုဂ်္ေနာက္ခံလူ အိုဒီလို ေကာ့ဆူးႏူးအတြက္ ေအစီမီလန္နဲ႔ ဝုလ္ဗ္စ္အသင္းေတြကို ယွဥ္ၿပိဳင္သြားရဖြယ္ရွိေနၿပီး အိုင္ဗရီကို႔စ္သားအတြက္ေတာ့ ယူ႐ို ၁၀ သန္းနဲ႔ အထက္ ကုန္က်ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.