Premier League

24 Feb နေ့လယ်ခင်းနောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်နိုင်ပွဲအတွက် စိတ်ကျေနပ်ဝမ်းမြောက်နေပြီး အလွန်ကောင်းမွန်တဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ ဂျီရူးရဲ့ နေ့စဉ်လေ့ကျင့်ရေးပြုလုပ်နေမှုကို ကြည့်ရှုဖို့ အခွင့်အရေးရှိမယ်ဆိုရင် ဘယ်သူကမှ ပြင်သစ်တိုက်စစ်မှူးရဲ့ အားကစားသမားပီသမှုကို အံ့အားသင့်ကြတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်အတွက် ဝက်စ်ဟမ်းယူနိုက်တက်အသင်းက လာမယ့်နွေရာသီမှာ ပေါင်သန်း ၁၀၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှ လက်ခံမှာဖြစ်တယ်လို့ ဝက်စ်ဟမ်းအသင်းရဲ့ ပူးတွဲဥက္ကဌ ဒေးဗစ် ဆူလီဗန်နဲ့ စကားပြောဆိုခဲ့တဲ့ talkSPORT ရဲ့ ပင်တိုင်တင်ဆက်သူ ဂျင်ဝှိုက်က ပြောကြားခဲ့တာဖြစ်ပြီး ဆူလီဗန်ဟာ ပေါင်သန်း ၁၀၀ ဝန်းကျင်မဟုတ်ရင် စိတ်ဝင်စားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရ။

-ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ ဒုတိယမြောက် အဝါကတ်ပြားကို ရရှိခဲ့ပြီးနောက် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပြီး ဂျော်ဂျင်ညိုကလည်း အဝါကတ်ပြားပြသခံခဲ့ရတာကြောင့် လွဲချော်မှာဖြစ်သလို ဟာကင်း ဇီယက်ရှ်၊ ကိုဗာချစ်တို့ကလည်း တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ အဝါကတ် ၁ ကတ်သာ လိုတော့တယ်လို့ သိရ။

-ချဲလ်ဆီးဝါရင့်တိုက်စစ်မှူး အိုလီဗီယေး ဂျီရူးက အင်္ဂါနေ့ညနေမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၎င်းရဲ့ နောက်ပြန်ကန်သွင်းခဲ့တဲ့ ဂိုးသာ ခွင့်ပြုခြင်းမခံခဲ့ရဘူးဆိုရင် မေဆန် မောင့်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့လိမ့်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး မားကို့စ် အလွန်ဆို ဖြတ်တင်လိုက်တဲ့ဘောလုံးကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့တဲ့ မေဆန် မောင့်ကို ဆူဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန်က အက်သလက်တီကိုမက်ဒရစ်အသင်းကို ချဲလ်ဆီးအသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က တီမို ဗာနာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အထင်ကြီးခဲ့ခြင်းမရှိဘဲ ဂျာမန်တိုက်စစ်မှူး ကစားတာကို ကြည့်ရတာ စိတ်ပျက်စရာဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး လျင်မြန်တဲ့ကစားသမားတွေအနေနဲ့ အရမ်းမြန်မြန်ပြေးရင် အရာအားလုံးက ဝေဝါးကုန်တာကြောင့် တခါတလေမှာ အရှိန်နည်းနည်းနှေးအောင် လုပ်ဖို့လိုတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးဂန္တဝင် ဂျွန်တယ်ရီဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ချဲလ်ဆီးအသင်းက အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသင်းဖော်ဟောင်းဖြစ်တဲ့ ဒီယေဂို ကော်စတာကို ‘ဒီယေဂို ကော်စတာ၊ မင်းကို ငါသတိရတယ် ရောင်းရင်း။ ငါတို့ရဲ့တိုက်ပွဲတွေကို ငါ ပျော်ရွှင်ခဲ့ပေမယ့် ငါတို့ မင်းကို ခေါ်ယူနိုင်ခဲ့တဲ့အချိန်မှာ ဝမ်းမြောက်ကျေနပ်ခဲ့မိတယ်။ ကောင်းမွန်တဲ့ကစားသမား၊ အရမ်းတော်တဲ့ လူတစ်ယောက်’လို့ အင်စတာဂရမ်မှာ ရေးသားခဲ့။

-ချဲလ်ဆီးအသင်းကစားသမားဟောင်း ဂျေဆန် ကန်ဒီဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို ချဲလ်ဆီးအသင်းက အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ်အောင်မြင်မှုလိုမျိုး ချဲလ်ဆီးအသင်း ထပ်မလုပ်နိုင်စရာ ဘာအကြောင်းမရှိတော့ဘူးလို့ ထင်မြင်နေပြီး ချန်ပီယံလိဂ်ရခဲ့တုန်းက လူစာရင်းက မြင်တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးအသင်းမဟုတ်ခဲ့ဘဲ ၂၀၀၈၊ ၂၀၀၉ တုန်းက လူစာရင်းက ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို အနိုင်ယူခဲ့တဲ့ သောမတ်စ် တူဟယ်ရဲ့ ဆရာကျတဲ့ နည်းဗျူဟာနဲ့ ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်ကြောင့် ရင်သပ်ရှုမောဖြစ်ခဲ့ကြပြီး လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့တဲ့ တူဟယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်တုကြီး လုပ်ပေးသင့်တယ်လို့ တွစ်တာမှာ ချီးမွမ်းခန်း ဖွင့်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က အက္သလက္တီကိုမက္ဒရစ္အသင္းကို အနိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္နိုင္ပြဲအတြက္ စိတ္ေက်နပ္ဝမ္းေျမာက္ေနၿပီး အလြန္ေကာင္းမြန္တဲ့ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့တဲ့ ဂ်ီ႐ူးရဲ့ ေန႔စဥ္ေလ့က်င့္ေရးျပဳလုပ္ေနမႈကို ၾကည့္ရႈဖို႔ အခြင့္အေရးရွိမယ္ဆိုရင္ ဘယ္သူကမွ ျပင္သစ္တိုက္စစ္မႉးရဲ့ အားကစားသမားပီသမႈကို အံ့အားသင့္ၾကေတာ့မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းရဲ့ အေျပာင္းအေရႊ႕ပစ္မွတ္ျဖစ္တဲ့ ဒီကလန္ ရိုက္စ္အတြက္ ဝက္စ္ဟမ္းယူနိုက္တက္အသင္းက လာမယ့္ေႏြရာသီမွာ ေပါင္သန္း ၁၀၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းမွ လက္ခံမွာျဖစ္တယ္လို႔ ဝက္စ္ဟမ္းအသင္းရဲ့ ပူးတြဲဥကၠဌ ေဒးဗစ္ ဆူလီဗန္နဲ႔ စကားေျပာဆိုခဲ့တဲ့ talkSPORT ရဲ့ ပင္တိုင္တင္ဆက္သူ ဂ်င္ဝွိုက္က ေျပာၾကားခဲ့တာျဖစ္ၿပီး ဆူလီဗန္ဟာ ေပါင္သန္း ၁၀၀ ဝန္းက်င္မဟုတ္ရင္ စိတ္ဝင္စားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေၾကာင္း သိရ။

-ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ ေမာင့္ဟာ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ ဒုတိယေျမာက္ အဝါကတ္ျပားကို ရရွိခဲ့ၿပီးေနာက္ ဒုတိယအေက်ာ့ပြဲစဥ္ကို လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳကလည္း အဝါကတ္ျပားျပသခံခဲ့ရတာေၾကာင့္ လြဲေခ်ာ္မွာျဖစ္သလို ဟာကင္း ဇီယက္ရွ္၊ ကိုဗာခ်စ္တို႔ကလည္း တစ္ပြဲပယ္ျပစ္ဒဏ္က်ခံရဖို႔ အဝါကတ္ ၁ ကတ္သာ လိုေတာ့တယ္လို႔ သိရ။

-ခ်ဲလ္ဆီးဝါရင့္တိုက္စစ္မႉး အိုလီဗီေယး ဂ်ီ႐ူးက အဂၤါေန႔ညေနမွာ အက္သလက္တီကိုမက္ဒရစ္အသင္းကို အနိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၎ရဲ့ ေနာက္ျပန္ကန္သြင္းခဲ့တဲ့ ဂိုးသာ ခြင့္ျပဳျခင္းမခံခဲ့ရဘူးဆိုရင္ ေမဆန္ ေမာင့္နဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့လိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး မားကို႔စ္ အလြန္ဆို ျဖတ္တင္လိုက္တဲ့ေဘာလုံးကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ေမဆန္ ေမာင့္ကို ဆူဖို႔ အဆင္သင့္ျဖစ္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ရီယို ဖာဒီနန္က အက္သလက္တီကိုမက္ဒရစ္အသင္းကို ခ်ဲလ္ဆီးအသင္းက အနိုင္ရရွိခဲ့တဲ့ပြဲစဥ္က တီမို ဗာနာရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး အထင္ႀကီးခဲ့ျခင္းမရွိဘဲ ဂ်ာမန္တိုက္စစ္မႉး ကစားတာကို ၾကည့္ရတာ စိတ္ပ်က္စရာျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး လ်င္ျမန္တဲ့ကစားသမားေတြအေနနဲ႔ အရမ္းျမန္ျမန္ေျပးရင္ အရာအားလုံးက ေဝဝါးကုန္တာေၾကာင့္ တခါတေလမွာ အရွိန္နည္းနည္းေႏွးေအာင္ လုပ္ဖို႔လိုတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးဂႏၲဝင္ ဂၽြန္တယ္ရီဟာ အက္သလက္တီကိုမက္ဒရစ္အသင္းကို ခ်ဲလ္ဆီးအသင္းက အနိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဒီေယဂို ေကာ္စတာကို ‘ဒီေယဂို ေကာ္စတာ၊ မင္းကို ငါသတိရတယ္ ေရာင္းရင္း။ ငါတို႔ရဲ့တိုက္ပြဲေတြကို ငါ ေပ်ာ္ရႊင္ခဲ့ေပမယ့္ ငါတို႔ မင္းကို ေခၚယူနိုင္ခဲ့တဲ့အခ်ိန္မွာ ဝမ္းေျမာက္ေက်နပ္ခဲ့မိတယ္။ ေကာင္းမြန္တဲ့ကစားသမား၊ အရမ္းေတာ္တဲ့ လူတစ္ေယာက္’လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့။

-ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း ေဂ်ဆန္ ကန္ဒီဟာ အက္သလက္တီကို မက္ဒရစ္အသင္းကို ခ်ဲလ္ဆီးအသင္းက အနိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၁၂ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ေအာင္ျမင္မႈလိုမ်ိဳး ခ်ဲလ္ဆီးအသင္း ထပ္မလုပ္နိုင္စရာ ဘာအေၾကာင္းမရွိေတာ့ဘူးလို႔ ထင္ျမင္ေနၿပီး ခ်န္ပီယံလိဂ္ရခဲ့တုန္းက လူစာရင္းက ျမင္ေတြ႕ဖူးသမၽွထဲမွာ အေကာင္းဆုံးအသင္းမဟုတ္ခဲ့ဘဲ ၂၀၀၈၊ ၂၀၀၉ တုန္းက လူစာရင္းက ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းပရိသတ္ေတြဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အက္သလက္တီကိုမက္ဒရစ္အသင္းကို အနိုင္ယူခဲ့တဲ့ ေသာမတ္စ္ တူဟယ္ရဲ့ ဆရာက်တဲ့ နည္းဗ်ဴဟာနဲ႔ ခ်ဲလ္ဆီးအသင္းရဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ရင္သပ္ရႈေမာျဖစ္ခဲ့ၾကၿပီး လာလီဂါအမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္ကို အနိုင္ယူနိုင္ခဲ့တဲ့ တူဟယ္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ႐ုပ္တုႀကီး လုပ္ေပးသင့္တယ္လို႔ တြစ္တာမွာ ခ်ီးမြမ္းခန္း ဖြင့္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.