Premier League

မကိုက်တော့ဘဲ ပြောင်းညှစ်ခဲ့လို့ ဝေဖန်ခံနေရပြန်တဲ့ ဆွာရက်ဇ်

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရူဒီဂါကို လက်နဲ့ ဖျစ်ညှစ်ထားခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဆွာရက်ဇ်နဲ့ ရူဒီဂါတို့ဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပထမအကျော့ပွဲစဉ်အတွင်းက ဖြစ်စဉ်ပြီးနောက်မှာ အချင်းများခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးနောက်ခံကစားသမားဟာ ဘောလုံးကို ဂိုးလွန်ဘောဖြစ်အောင် ကာကွယ်ခဲ့ချိန်မှာ ဥရုဂွေးတိုက်စစ်မှူးက ပြိုင်ဘက်ကစားသမားရဲ့ တံကောက်ခွက်နေရာလောက်ကို လက်နဲ့ ဖျစ်ညှစ်နေခဲ့တာဖြစ်ပါတယ်။

ဂျာမန်နောက်ခံကစားသမားဟာ ဆွာရက်ဇ်ရဲ့ လုပ်ရပ်ကြောင့် ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးကတော့ ရယ်မောပြီး ရူဒီဂါရဲ့ ရင်ဘတ်ကို ကိုင်ပြီး တွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ကစားသမား ၂ ဦးစလုံးဟာ အချင်းများခဲ့ကြပေမယ့်လည်း ကွင်းလယ်ဒိုင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ဘာမှ မခံခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကတော့ လူမှုကွန်ရက်မှာ ဆွာရက်ဇ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး လွယ်လွယ်နဲ့ ခွင့်မလွှတ်ခဲ့ကြဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

“ဆွာရက်ဇ်က ညစ်တယ်။ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်က တခြားလူတစ်ယောက်ကို ဖျစ်ညှစ်ခဲ့တယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “ဘာကြောင့် ပွဲကြေညာသူတွေက ဆွာရက်ဇ် လုပ်နေတာကို ချီးကျူးနေကြတာလဲ။

ဘောလုံးမရှိတော့တဲ့နောက်မှာ ကစားသမားတွေကို ကန်တဲ့၊ ကစားသမားတွေကို ဖျစ်ညှစ်တဲ့သူ၊ ဘာ ထိတွေ့မှုမှမရှိခဲ့ဘဲ သူ့မျက်နှာကို ကိုင်ထားတဲ့အချိန်မှာ ဆက်တိုက် ရယ်မောပြီး သူ့ကို ချီးကျူးနေကြတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉး လူးဝစၥဆြာရက္ဇ္ဟာ ခ်ဲလ္ဆီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း ႐ူဒီဂါကို လက္နဲ႔ ဖ်စ္ညႇစ္ထားခဲ့တဲ့အတြက္ ပရိသတ္ေတြရဲ့ ျပစ္တင္ေဝဖန္မႈေတြကို ရင္ဆိုင္ေနရပါတယ္။

ဆြာရက္ဇ္နဲ႔ ႐ူဒီဂါတို႔ဟာ အဂၤါေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္း ရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္အတြင္းက ျဖစ္စဥ္ၿပီးေနာက္မွာ အခ်င္းမ်ားခဲ့ၾကတာျဖစ္ၿပီး ခ်ဲလ္ဆီးေနာက္ခံကစားသမားဟာ ေဘာလုံးကို ဂိုးလြန္ေဘာျဖစ္ေအာင္ ကာကြယ္ခဲ့ခ်ိန္မွာ ဥ႐ုေဂြးတိုက္စစ္မႉးက ၿပိဳင္ဘက္ကစားသမားရဲ့ တံေကာက္ခြက္ေနရာေလာက္ကို လက္နဲ႔ ဖ်စ္ညႇစ္ေနခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ေနာက္ခံကစားသမားဟာ ဆြာရက္ဇ္ရဲ့ လုပ္ရပ္ေၾကာင့္ ေဒါသတႀကီး ထိပ္တိုက္ရင္ဆိုင္ခဲ့ၿပီး အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးကေတာ့ ရယ္ေမာၿပီး ႐ူဒီဂါရဲ့ ရင္ဘတ္ကို ကိုင္ၿပီး တြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

ကစားသမား ၂ ဦးစလုံးဟာ အခ်င္းမ်ားခဲ့ၾကေပမယ့္လည္း ကြင္းလယ္ဒိုင္ရဲ့ အျပစ္ဒဏ္ေပးျခင္းကို ဘာမွ မခံခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ လူမႈကြန္ရက္မွာ ဆြာရက္ဇ္ရဲ့ လုပ္ရပ္နဲ႔ပတ္သက္ၿပီး လြယ္လြယ္နဲ႔ ခြင့္မလႊတ္ခဲ့ၾကဘဲ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။

“ဆြာရက္ဇ္က ညစ္တယ္။ စက္ဆုပ္ရြံရွာစရာေကာင္းတဲ့ လူတစ္ေယာက္ပဲ။ အရြယ္ေရာက္ၿပီးသားလူႀကီးတစ္ေယာက္က တျခားလူတစ္ေယာက္ကို ဖ်စ္ညႇစ္ခဲ့တယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း “ဘာေၾကာင့္ ပြဲေၾကညာသူေတြက ဆြာရက္ဇ္ လုပ္ေနတာကို ခ်ီးက်ဴးေနၾကတာလဲ။

ေဘာလုံးမရွိေတာ့တဲ့ေနာက္မွာ ကစားသမားေတြကို ကန္တဲ့၊ ကစားသမားေတြကို ဖ်စ္ညႇစ္တဲ့သူ၊ ဘာ ထိေတြ႕မႈမွမရွိခဲ့ဘဲ သူ႔မ်က္ႏွာကို ကိုင္ထားတဲ့အခ်ိန္မွာ ဆက္တိုက္ ရယ္ေမာၿပီး သူ႔ကို ခ်ီးက်ဴးေနၾကတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.