Premier League

24 Feb နံနက်ခင်းနောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-ဒေါ့မွန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၂၃ နှစ်အရွယ် ဂိုးသမား ဒင်း ဟန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပြီး ဘွန်ဒက်စ်လီဂါအသင်းဟာ ဟူဂို လိုရစ်ရဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်ရှိနေပြီဖြစ်တာကြောင့် ဂိုးသမားသစ်ရှာဖွေနေတဲ့ စပါးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်ရနိုင်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ကာဗာနီရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဖရန့်ဖတ် တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ရဲ့ကမ်းလှမ်းခြင်းကို ခံခဲ့ရတယ်လို့ the Sun ရဲ့ ဖော်ပြချက်အရ သိရပြီး ဖရန့်ဖတ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကနေ လူကာ ဂျိုဗစ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ငွေကြေးရှာဖွေဖို့ လိုအပ်နေတာကြောင့် ဆေးလ်ဗားကို ရောင်းချချင်နေတာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဟွမ် မာတာဟာ ယခုရာသီကုန်မှာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဂျူဗင်တပ်၊ အင်တာမီလန်၊ ရိုးမားအသင်းတို့အားလုံးဟာ ယခုနွေရာသီမှာ စပိန်ဝါရင့်ကွင်းလယ်လူကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ဟာ မာတာရဲ့စာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ရှိတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားရမယ့် လာမယ့်တနင်္ဂနွေနေ့ညနေ ပွဲစဉ်မတိုင်မီ ၎င်းရဲ့အသင်းသားတွေကို အေးအေးဆေးဆေးမနေကြဖို့ သတိပေးပြောကြားခဲ့ပြီး နည်းပြသစ်လက်အောက်မှာ ၈ ပွဲအထိ ရှုံးပွဲမရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ သက်တောင့်သက်သာဖြစ်နေလို့မရသလို ပျင်းရိနေလို့လည်း မရဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်က လူငယ်ကစားသမား အာမက် ဂျယ်လိုဟာ လေ့ကျင့်ရေးမှာ မယုံကြည်နိုင်ဖွယ်ကောင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်က လိုချင်နေတဲ့ ဖိအားကောင်းကောင်းပေးပြီး ဘောလုံးပြန်လည်ရယူနိုင်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့။

-လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဆီဗီလာတိုက်စစ်မှူး ယူဆွတ်ဖ် အန်-နက်စ်ရီရဲ့ စာချုပ်အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ 90min.com က ဖော်ပြခဲ့ပြီး အန်-နက်စ်ရီဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ လီဂါနက်စ်ကနေ ဆီဗီလာကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆီဗီလာအသင်းအတွက် အရေးကြီးတဲ့ကစားသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့သူဖြစ်တယ်လို့ သိရ။

-စူပါအေးဂျင့် မိုင်နို ရွိုင်အိုလာက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ၎င်းရဲ့အငြင်းပွားဖွယ်မှတ်ချက်နဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းမှာ မငြိမ်မသက်ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို ငြင်းပယ်ခဲ့ပြီး ၎င်းရဲ့ ထင်မြင်ယူဆချက်ကိုသာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဘာပြဿနာမှ မဖြစ်စေချင်ဘူးလို့ ပြောကြားခဲ့။

-မိုနာကိုနောက်ခံကစားသမား ဘီနွိုက် ဘာဒီရာရှီလေက ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး မိုနာကိုအသင်းကလည်း နည်းပြ နီကို ကိုဗတ်က ပြင်သစ်နောက်ခံကစားသမားကို ထိန်းသိမ်းထားချင်တာကြောင့် ယူနိုက်တက်ရဲ့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရ။

-အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး လူကာကူဟာ တွစ်တာ အမေးအဖြေကဏ္ဍမှာ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကနေ ၎င်းထွက်ခွာခဲ့ပြီးကတည်းက အင်္ဂလန်တိုက်စစ်မှူးဟာ နောက်ထပ်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီထင်လားလို့ မေးမြန်းခံရတဲ့အချိန်မှာ လူကာကူက ရက်ရှ်ဖို့ဒ်ဟာ အချိန်တိုင်းတိုးတက်လာနေပြီး သူ ကစားတာကို ကြည့်ရတာ နှစ်သက်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ေဒါ့မြန္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အသက္ ၂၃ ႏွစ္အ႐ြယ္ ဂိုးသမား ဒင္း ဟန္ဒါဆန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ထိပ္တန္းအသင္းေတြထဲက တစ္သင္းအျဖစ္ ေပၚထြက္လာခဲ့ေၾကာင္း Sky Sports က ေဖာ္ျပခဲ့ၿပီး ဘြန္ဒက္စ္လီဂါအသင္းဟာ ဟူဂို လိုရစ္ရဲ႕ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ဂိုးသမားသစ္ရွာေဖြေနတဲ့ စပါးအသင္းနဲ႔အၿပိဳင္ ေခၚယူဖို႔ ယွဥ္ၿပိဳင္ေကာင္း ယွဥ္ၿပိဳင္ရႏိုင္တယ္လို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ ကာဗာနီရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဖရန႔္ဖတ္ တိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကို ေခၚယူဖို႔ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္းဒက္စ္ရဲ႕ကမ္းလွမ္းျခင္းကို ခံခဲ့ရတယ္လို႔ the Sun ရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး ဖရန႔္ဖတ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကေန လူကာ ဂ်ိဳဗစ္ကို ျပန္လည္ေခၚယူဖို႔အတြက္ ေငြေၾကးရွာေဖြဖို႔ လိုအပ္ေနတာေၾကာင့္ ေဆးလ္ဗားကို ေရာင္းခ်ခ်င္ေနတာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဟြမ္ မာတာဟာ ယခုရာသီကုန္မွာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ဂ်ဴဗင္တပ္၊ အင္တာမီလန္၊ ႐ိုးမားအသင္းတို႔အားလုံးဟာ ယခုေႏြရာသီမွာ စပိန္ဝါရင့္ကြင္းလယ္လူကို အလြတ္နဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး ယူႏိုက္တက္ဟာ မာတာရဲ႕စာခ်ဳပ္ကို ေနာက္ထပ္ ၁၂ လ သက္တမ္းတိုးခြင့္ရွိတယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားရမယ့္ လာမယ့္တနဂၤေႏြေန႔ညေန ပြဲစဥ္မတိုင္မီ ၎ရဲ႕အသင္းသားေတြကို ေအးေအးေဆးေဆးမေနၾကဖို႔ သတိေပးေျပာၾကားခဲ့ၿပီး နည္းျပသစ္လက္ေအာက္မွာ ၈ ပြဲအထိ ရႈံးပြဲမရွိခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သက္ေတာင့္သက္သာျဖစ္ေနလို႔မရသလို ပ်င္းရိေနလို႔လည္း မရဘူးလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီရယ္ ဂ်ိမ္းစ္က လူငယ္ကစားသမား အာမက္ ဂ်ယ္လိုဟာ ေလ့က်င့္ေရးမွာ မယုံၾကည္ႏိုင္ဖြယ္ေကာင္းခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က လိုခ်င္ေနတဲ့ ဖိအားေကာင္းေကာင္းေပးၿပီး ေဘာလုံးျပန္လည္ရယူႏိုင္တဲ့ အရည္အေသြးရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့။

-လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဟာ ဆီဗီလာတိုက္စစ္မႉး ယူဆြတ္ဖ္ အန္-နက္စ္ရီရဲ႕ စာခ်ဳပ္အေျခအေနကို ေစာင့္ၾကည့္ေနၾကတယ္လို႔ 90min.com က ေဖာ္ျပခဲ့ၿပီး အန္-နက္စ္ရီဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီမွာ လီဂါနက္စ္ကေန ဆီဗီလာကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ဆီဗီလာအသင္းအတြက္ အေရးႀကီးတဲ့ကစားသမားတစ္ဦးအျဖစ္ တိုးတက္လာခဲ့သူျဖစ္တယ္လို႔ သိရ။

-စူပါေအးဂ်င့္ မိုင္ႏို ႐ြိဳင္အိုလာက ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ေပါ့ဂ္ဘာရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ၎ရဲ႕အျငင္းပြားဖြယ္မွတ္ခ်က္နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ မၿငိမ္မသက္ျဖစ္ပြားေအာင္ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ ေျပာၾကားခ်က္ေတြကို ျငင္းပယ္ခဲ့ၿပီး ၎ရဲ႕ ထင္ျမင္ယူဆခ်က္ကိုသာ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ဘာျပႆနာမွ မျဖစ္ေစခ်င္ဘူးလို႔ ေျပာၾကားခဲ့။

-မိုနာကိုေနာက္ခံကစားသမား ဘီႏြိဳက္ ဘာဒီရာရွီေလက ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီကေန စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္ ျငင္းပယ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး မိုနာကိုအသင္းကလည္း နည္းျပ နီကို ကိုဗတ္က ျပင္သစ္ေနာက္ခံကစားသမားကို ထိန္းသိမ္းထားခ်င္တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ယူ႐ို ၂၅ သန္းနဲ႔ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သိရ။

-အင္တာမီလန္ၾကယ္ပြင့္တိုက္စစ္မႉး လူကာကူဟာ တြစ္တာ အေမးအေျဖက႑မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကေန ၎ထြက္ခြာခဲ့ၿပီးကတည္းက အဂၤလန္တိုက္စစ္မႉးဟာ ေနာက္ထပ္တစ္ဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီထင္လားလို႔ ေမးျမန္းခံရတဲ့အခ်ိန္မွာ လူကာကူက ရက္ရွ္ဖို႔ဒ္ဟာ အခ်ိန္တိုင္းတိုးတက္လာေနၿပီး သူ ကစားတာကို ၾကည့္ရတာ ႏွစ္သက္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.