Premier League

အဝေးကွင်းမှာ အက်သလက်တီကိုဆီက နိုင်ပွဲရယူပြီး ပုံစံကောင်းကို ပြသခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အက်သလက်တီကိုရဲ့ အိမ်ကွင်းအဖြစ် သတ်မှတ်ကစားရတဲ့ ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့မှာ သူတို့ရဲ့ ကျစ်လျစ်ကောင်းမွန်တဲ့ ကစားပုံကို ပြသပြီး ဟီမီနက်ဇ်ကလွဲလို့ လူစုံခဲ့တဲ့ စပိန်ကလပ်အသင်းကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်


ကွန်တေ၊ ဇီးယက်ရှ်တို့ကို ချန်ထားပြီး ၃-၄-၃ ပုံစံမှာ ဂျီရူးကို အထောင်ထားကစားခဲ့တဲ့ နည်းပြ တူဟယ်လ်ရဲ့ ချဲလ်ဆီးအသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုမိုအသားကျလာခဲ့ပြီး အဓိကအားဖြင့် ခံစစ်သုံးဦးတန်းနဲ့ ကွင်းလယ်က ကစားသမားနှစ်ယောက်ရဲ့ စည်းလုံးမှုမှာ အရင်ထက် ပေးဂိုးတွေကို လျှော့ချလာနိုင်ခဲ့တာကိုလည်း တွေ့နေရပါတယ်။


ဒါပေမယ့် စောစောစီးစီးမှာပဲ ဂိုးသမား မန်ဒီရဲ့ အမှားကနေ ချဲလ်ဆီးတို့ ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ရပြီး တီကိုဘက်က အသုံးမချနိုင်ခဲ့လို့သာ သက်သာခဲ့တာဖြစ်သလို အလွန်ဆိုကတော့ နောက်ကိုပါ ပြန်ဆင်းကစားပြီး ခံစစ်ငါးဦးအသွင်နဲ့ပါ ပိတ်ဆို့ကစားပေးခဲ့တာက ဒီနေ့ပွဲရဲ့ ရလဒ်ကို ထင်သလိုမဖြစ်စေတဲ့ ဗျူဟာလည်းဖြစ်ခဲ့ပါတယ်။


ချဲလ်ဆီးကွင်းလယ်က ခင်းပေးတဲ့ ဘောလုံးတွေကတော့ သိပ်ပြီး အားရစရာ မရှိခဲ့ဘဲ Long Ball နဲ့ Through Ball တွေမှာ ကိုယ့်လူဆီ သိပ်မရောက်တာကတော့ အားနည်းချက်လိုဖြစ်နေခဲ့ပြီး ကွင်းလယ်ကစားသမားတွေနဲ့ တောင်ပံကစားသမားတွေကြား Attacking Move တွေကတော့ တူဟယ်လ် ပြင်ရဦးမယ့် အချက်တွေလည်းဖြစ်သလို ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။


ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ပိုမိုတိုက်စစ်ဆင်လာနိုင်ခဲ့ပြီး တီကိုနောက်တန်းကို ဒုက္ခပေးနေခဲ့သလို ပွဲချိန် ၆၈မိနစ်မှာတော့ ဂျီရူးက ဘိုင်စကယ်ကစ်နဲ့ လှလှပပ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ကနဦးမှာ လူကျွံအဖြစ် သတ်မှတ်ခဲ့ပေမယ့် VAR မှာ အလွန်ဆိုရဲ့ ဖြတ်တင်ဘောကို ထိခဲ့တာက မေဆန်မောင့် မဟုတ်ဘဲ တစ်ဖက်နောက်ခံလူ ဟာမိုဆိုဖြစ်နေခဲ့တာကြောင့် ဂိုးအဖြစ် ပြန်လည်ပြင်ဆင်ပေးခဲ့တာပါ။


ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ အဖိုးတန်အနိုင်ဂိုးကို ထိန်းသိမ်းကစားခဲ့ကြပြီး ကွန်တေနဲ့ ဂျိမ်းစ်တို့လို ကွင်းလယ်နဲ့ တောင်ပံခံစစ်သမား တွေကို ထည့်သွင်းပြီး အနိုင်ရလဒ်နဲ့ ပွဲသိမ်းနိုင်ခဲ့လို့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့် ဒုတိယအကျော့အတွက် အသာစီးရယူသွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အက္သလက္တီကိုရဲ႕ အိမ္ကြင္းအျဖစ္ သတ္မွတ္ကစားရတဲ့ ႐ိုေမးနီးယားႏိုင္ငံ ဘူခါရက္စ္ၿမိဳ႕မွာ သူတို႔ရဲ႕ က်စ္လ်စ္ေကာင္းမြန္တဲ့ ကစားပုံကို ျပသၿပီး ဟီမီနက္ဇ္ကလြဲလို႔ လူစုံခဲ့တဲ့ စပိန္ကလပ္အသင္းကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရယူႏိုင္ခဲ့ပါတယ္


ကြန္ေတ၊ ဇီးယက္ရွ္တို႔ကို ခ်န္ထားၿပီး ၃-၄-၃ ပုံစံမွာ ဂ်ီ႐ူးကို အေထာင္ထားကစားခဲ့တဲ့ နည္းျပ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ တစ္ပြဲထက္တစ္ပြဲ ပိုမိုအသားက်လာခဲ့ၿပီး အဓိကအားျဖင့္ ခံစစ္သုံးဦးတန္းနဲ႔ ကြင္းလယ္က ကစားသမားႏွစ္ေယာက္ရဲ႕ စည္းလုံးမႈမွာ အရင္ထက္ ေပးဂိုးေတြကို ေလွ်ာ့ခ်လာႏိုင္ခဲ့တာကိုလည္း ေတြ႕ေနရပါတယ္။


ဒါေပမယ့္ ေစာေစာစီးစီးမွာပဲ ဂိုးသမား မန္ဒီရဲ႕ အမွားကေန ခ်ဲလ္ဆီးတို႔ ထိတ္လန႔္ဖြယ္ရာျဖစ္ခဲ့ရၿပီး တီကိုဘက္က အသုံးမခ်ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာျဖစ္သလို အလြန္ဆိုကေတာ့ ေနာက္ကိုပါ ျပန္ဆင္းကစားၿပီး ခံစစ္ငါးဦးအသြင္နဲ႔ပါ ပိတ္ဆို႔ကစားေပးခဲ့တာက ဒီေန႔ပြဲရဲ႕ ရလဒ္ကို ထင္သလိုမျဖစ္ေစတဲ့ ဗ်ဴဟာလည္းျဖစ္ခဲ့ပါတယ္။


ခ်ဲလ္ဆီးကြင္းလယ္က ခင္းေပးတဲ့ ေဘာလုံးေတြကေတာ့ သိပ္ၿပီး အားရစရာ မရွိခဲ့ဘဲ Long Ball နဲ႔ Through Ball ေတြမွာ ကိုယ့္လူဆီ သိပ္မေရာက္တာကေတာ့ အားနည္းခ်က္လိုျဖစ္ေနခဲ့ၿပီး ကြင္းလယ္ကစားသမားေတြနဲ႔ ေတာင္ပံကစားသမားေတြၾကား Attacking Move ေတြကေတာ့ တူဟယ္လ္ ျပင္ရဦးမယ့္ အခ်က္ေတြလည္းျဖစ္သလို ပထမပိုင္းကေတာ့ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ပါတယ္။


ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးတို႔ ပိုမိုတိုက္စစ္ဆင္လာႏိုင္ခဲ့ၿပီး တီကိုေနာက္တန္းကို ဒုကၡေပးေနခဲ့သလို ပြဲခ်ိန္ ၆၈မိနစ္မွာေတာ့ ဂ်ီ႐ူးက ဘိုင္စကယ္ကစ္နဲ႔ လွလွပပ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီဂိုးကို ကနဦးမွာ လူကြၽံအျဖစ္ သတ္မွတ္ခဲ့ေပမယ့္ VAR မွာ အလြန္ဆိုရဲ႕ ျဖတ္တင္ေဘာကို ထိခဲ့တာက ေမဆန္ေမာင့္ မဟုတ္ဘဲ တစ္ဖက္ေနာက္ခံလူ ဟာမိုဆိုျဖစ္ေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ ျပန္လည္ျပင္ဆင္ေပးခဲ့တာပါ။


ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ အဖိုးတန္အႏိုင္ဂိုးကို ထိန္းသိမ္းကစားခဲ့ၾကၿပီး ကြန္ေတနဲ႔ ဂ်ိမ္းစ္တို႔လို ကြင္းလယ္နဲ႔ ေတာင္ပံခံစစ္သမား ေတြကို ထည့္သြင္းၿပီး အႏိုင္ရလဒ္နဲ႔ ပြဲသိမ္းႏိုင္ခဲ့လို႔ အိမ္ကြင္း စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားရမယ့္ ဒုတိယအေက်ာ့အတြက္ အသာစီးရယူသြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.