Premier League

လူငယ္တုိက္စစ္မွဴးကို သုံးႏွစ္ခြဲစာခ်ဳပ္ေပးအပ္လုိက္တဲ့ စပါးစ္

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဟာ သူတုိ႔ရဲ႕ လူငယ္တုိက္စစ္မွဴး ထ႐ြဳိင္ ပဲေရာ့ကို စိတ္ဝင္စားေနၾကတဲ့ ဥေရာပအသင္းႀကီးေတြဆီ အလြယ္တကူ လက္မလႊတ္ရေအာင္ သုံးႏွစ္ခြဲ စာခ်ဳပ္ကို ေမြးေန႔လက္ေဆာင္အျဖစ္ ေပးအပ္ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က အသက္ ၁၈ ႏွစ္ ျပည့္ခဲ့တဲ့ ပဲေရာ့ဟာ လူငယ္အသင္းအဆင့္မွာ စပါးစ္အတြက္ ေျခစြမ္းျပေနခဲ့သူလည္းျဖစ္ၿပီး သူ႕ကို ေခၚယူဖို႔ အဂၤလန္က လူငယ္ေတြကို စိတ္ဝင္စားရာ ဂ်ာမနီက ဘုိင္ယန္ျမဴးနစ္၊ ေဒါ့မြန္နဲ႔ အီတလီရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေတြက ႀကဳိးစားေနတာလည္းျဖစ္ပါတယ္။

စပါးစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ အရည္အေသြးရွိ လူငယ္တုိက္စစ္မွဴးကို အလြယ္တကူ လက္မလႊတ္ရေအာင္ ခုလို စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး အသက္ ၁၈ ႏွစ္ျပည့္ၿပီးလို႔ ငယ္ေမြးၿခံေပါက္ကစားသမားစာရင္းမွာလည္း ပါဝင္သြားခဲ့တဲ့ ပဲေရာ့ကို ေအာက္တန္းလိဂ္ေတြရဲ႕ အေျပာင္းအေရႊ႕မပိတ္ခင္ အငွားခ်သြားဖြယ္လည္း ရွိေနပါတယ္။

စက္တင္ဘာလက ကိုလ္ခ်က္စတာနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ စတင္ပြဲထြက္ခြင့္ရရွိထားတဲ့ ပဲေရာ့ဟာ ဒီဇင္ဘာလက ဘန္ေလနဲ႔ပြဲမွာလည္း ပရီးမီးယားလိဂ္ကစားခြင့္ကို ရယူႏိုင္ခဲ့ၿပီး ႏုိင္ငံအဆင့္မွာေတာ့ အုိင္ယာလန္ယူ-၂၁ ကို ကိုယ္စားျပဳထားတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး ထရွိုင် ပဲရော့ကို စိတ်ဝင်စားနေကြတဲ့ ဥရောပအသင်းကြီးတွေဆီ အလွယ်တကူ လက်မလွှတ်ရအောင် သုံးနှစ်ခွဲ စာချုပ်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အသက် ၁၈ နှစ် ပြည့်ခဲ့တဲ့ ပဲရော့ဟာ လူငယ်အသင်းအဆင့်မှာ စပါးစ်အတွက် ခြေစွမ်းပြနေခဲ့သူလည်းဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အင်္ဂလန်က လူငယ်တွေကို စိတ်ဝင်စားရာ ဂျာမနီက ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ အီတလီရဲ့ ဂျူဗင်တပ်စ်အသင်းတွေက ကြိုးစားနေတာလည်းဖြစ်ပါတယ်။

စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ အရည်အသွေးရှိ လူငယ်တိုက်စစ်မှူးကို အလွယ်တကူ လက်မလွှတ်ရအောင် ခုလို စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးလို့ ငယ်မွေးခြံပေါက်ကစားသမားစာရင်းမှာလည်း ပါဝင်သွားခဲ့တဲ့ ပဲရော့ကို အောက်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့မပိတ်ခင် အငှားချသွားဖွယ်လည်း ရှိနေပါတယ်။

စက်တင်ဘာလက ကိုလ်ချက်စတာနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ စတင်ပွဲထွက်ခွင့်ရရှိထားတဲ့ ပဲရော့ဟာ ဒီဇင်ဘာလက ဘန်လေနဲ့ပွဲမှာလည်း ပရီးမီးယားလိဂ်ကစားခွင့်ကို ရယူနိုင်ခဲ့ပြီး နိုင်ငံအဆင့်မှာတော့ အိုင်ယာလန်ယူ-၂၁ ကို ကိုယ်စားပြုထားတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.